← Chapters

အပိုင်း ၁၉၁

Vol. 13 Ch. 191

အပိုင်း ၁၉၁

Vol. 13 Ch. 191

မော့ချူး နဲ့ တခြားသူတွေက reality ရှိုးရဲ့ ဒုတိယအပိုင်းကို ရိုက်ကူးတော့မယ်ဆိုတာ ဝိုင်းဝိုင်း သိလိုက်တာနဲ့ ချက်ချင်းဆိုသလို သူကဇာတ်ကွက်တစ်ခုကို စရိုက်တော့သည်။ သူက မော့ချူး ရင်ခွင်ထဲမှာသာ လှဲနေကာ မော့ယန် ဘယ်လောက် ခက်ခက်ခဲခဲကြိုးစားနေပါစေ သူ့ကိုဆွဲချလို့မရပေ။ မျှော်လင့်ထားတဲ့အတိုင်း၊ သူ့ရဲ့ထူးခြားတဲ့အလေးချိန်ကို ကောင်းကောင်းအသုံးချနေသည်။

"မေ့လိုက်တော့" မော့ချူး ဝိုင်းဝိုင်းရဲ့ခေါင်းကို ပုတ်လိုက်ကာ အဆုံးမှာ သူမ အရှုံးပေးလိုက်ရသည်။ ဒါက နောက်ဆုံးအပိုင်းဖြစ်ကာ အိမ်မွေးတိရိစ္ဆာန်တွေ ခေါ်လာလို့မရဘူးလို့ သူတို့ မပြောထားပါ‌ချေ။ ဒါနဲ့ဘဲ သူမ ဝိုင်းဝိုင်းကို ကင်မရာရှေ့ ခေါ်သွားရုံသာရှိတော့သည်!

ဒီစကားပြောလိုက်တာနဲ့ ဝိုင်းဝိုင်းက ချက်ချင်းပျော်သွားတော့သည်။ သူက သူ့ရဲ့ခေါင်းလေးကိုခပ်မြင့်မြင့်မြှောက်ကာ သု့ဒေါသကို ဖြေဖျောက်ဖို့ မော့ယန်ကို ကြိမ်ဖန်များစွာ ကန်လိုက်သေးသည်။ 'မင်းက ငါ့ကို ဆွဲထုတ်ရဲသေးလား? ဟမ့်!'

တစ်ဖက်မှာတော့၊ မြေခွေးပျံလေးသည် ဆိုဖာပေါ်တွင် ထိုင်ကာ သူတို့ကို သနားစရာပုံစံဖြင့် ငေးစိုက်ကြည့်နေသည်။ ဝိုင်းဝိုင်း သွားရမယ်ဆိုတော့၊ ငါကရော?

မော့ချူး ခေါင်းငုံ့လိုက်တော့ မြေခွေးပျံလေးရဲ့ ဝမ်းနည်းကြေကွဲနေတဲ့ အကြည့်နဲ့ဆုံသွားတော့သည်။ သူမရင်ထဲ မနေနိုင်ဘဲ လှုပ်ခတ်သွားရသည်။ အိုက်ယိုး၊ သူမ ဒါကို ဘယ်လိုလုပ် မေ့သွားရတာလဲ?

အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လောက်ခေါ်သွားတာကရသည်။ သူမသာ နှစ်ကောင်ခေါ်သွားရင် နည်းနည်းရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မည်။ ဒါပေမယ့် ဝိုင်းဝိုင်းကိုပဲခေါ်သွားပြီး မြေခွေးပျံလေးကို မခေါ်သွားပြန်ရင်လည်း မတရားပါချေ။

“မေ့လိုက်တော့” အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးတဲ့နောက် မော့ချူးက ဝိုင်းဝိုင်းကို သူမရင်ခွင်ထဲကနေဆွဲထုတ်လိုက်သည်။ သူမ အကြံပြုလိုက်သည်။ “နင်လည်း အိမ်မှာပဲ နေရင်ရော?"

ဘာ?

မော့ယန်ကို အစွမ်းကုန် ကန်ထုတ်နေတဲ့ ဝိုင်းဝိုင်းမှာ ရုတ်တရက် နေရာမှာဘဲ အေးခဲသွားတော့သည်။ သူ ခေါင်းလှည့်ကာ “အိုး အိုး အိုး" လို့အော်တော့သည်။ စောစောက သူတို့ ပြတ်ပြတ်သားသား သဘောတူထားပြီးပြီလေ၊ အခုကျ ဘာလို့သူ့စကားကိုပြန် ရုတ်သိမ်းချင်နေရတာလဲ?

မော့ချူးအကြည့်နောက်ကို လိုက်ကာ ကြည့်လိုက်တော့ ဝိုင်းဝိုင်းလည်း အဖြစ်အပျက်ကို ချက်ချင်းသဘောပေါက်သွားတော့သည်။ သူက မော့ချူးရင်ခွင်ထဲကနေ ခုန်ဆင်းကာ မြေခွေးပျံလေးဆီ တိုက်ရိုက်သွားလိုက်သည်။

အစကတော့ မော့ချူးက သူတို့ ရန်ဖြစ်လိမ့်မယ်လို့ ထင်ကာသူတို့ကို တားဖို့ ပြင်လိုက်သည်။ အဆုံးမှာတော့၊ ဒီသားရဲလေးနှစ်ကောင်က ညီအစ်ကိုနှစ်ယောက်လို ခေါင်းချင်းဆိုင်ကာ အော်ဟစ်ပြောဆိုနေကြသည်။

မြေခွေးပျံလေးကို ဝိုင်းဝိုင်းက ဘာအကျိုးအမြတ်တွေနဲ့ ကတိပေးခဲ့လဲ သူမ မသိပါချေ။ သို့သော် သူတို့ကတော့ ရလဒ်အတွက် ပျော်ရွှင်နေတဲ့ပုံပင်။ မြေခွေးပျံလေးက ဇာမချဲ့နေဘဲ မော့ယန်၊ မော့ချူးနဲ့ ဝိုင်းဝိုင်းတို့ကို လိုက်တောင်ပို့လိုက်သေးသည်။

လမ်းတစ်လျှောက်မှာ မော့ချူးတစ်ယောက် အရမ်းသိချင်သည်။ သူမမှာ အသေးလေးကို ပါးစပ်ဟလာအောင်လုပ်ပေမယ့် မထင်မှတ်ထားစွာနဲ့ ဝိုင်းဝိုင်းက ခေါင်းမာကာ တစ်ခွန်းမှ မပြောပေ။

.....

"လုပ်စမ်းပါ၊ ဝိုင်းဝိုင်က မြေခွေးပျံ‌လေးကို ခြိမ်းခြောက်ပြီး လာဘ်ထိုးခဲ့တာဖြစ်မယ်!" အစက မော့ချူးဘေးမှာ ထိုင်နေတဲ့ မော့ယန်က အရှေ့ကို အတင်းတွန်းပို့လိုက်သည်။ ဒီအချိန် သူကဝိုင်းဝိုင်းကို ချဉ်စူးစူးအကြည့်တစ်ချက် ပေးလိုက်သည်။ ဒီလူဆိုးလေးက အဲဒီလိုညစ်ပတ်တဲ့ အမူအကျင့်လေးတွေကြောင့်မို့လို့ စွမ်းဆောင်နိုင်ခဲ့တာ မဟုတ်ဘူးလား?

"အာဝူး အာဝူး-" ဒီစကားကိုကြားတော့ ဝိုင်းဝိုင်းက ချက်ချင်း ဒေါသထွက်သွားတော့သည်။ ငါ့ကို အကောင်းဘက် တွေးပေးလို့ရမလား? ငါက အဲ့ဒီလိုသားရဲမျိုးမဟုတ်ဘူး!

“ကောင်းပြီ" မော့ချူး ကူကယ်ရာမဲ့စွာနဲ့ မျက်ခုံးတွေကို ပွတ်လိုက်သည်။ သူမတို့ ဦးတည်ရာကို မရောက်သေးပေမယ့် ဒီလူနဲ့ သားရဲကတော့ အချင်းချင်း ရန်ဖြစ်နေကြပြီ။ နောင်ကျရင်လည်း သူတို့တွေ အဆင်ပြေကြမယ့်ပုံမပေါ်ချေ။

သူမတို့ သွားမယ့်နေရာသို့ ရောက်လာသည်။ မော့ချူးနဲ့ တခြားသူတွေလည်း သူတို့ရဲ့မောင်းနှင်ခြင်းစက်ကနေ ထွက်လာလိုက်သည်။

မောင်းနှင်ခြင်းစက်ကနေ ထွက်လာတဲ့ အခိုက်အတန့်မှာ သူတို့‌တွေ အံ့ဩသွားကြသည်။ ဒီတစ်ကြိမ်မှာတော့ သူတို့ဟာ No-man's Land မှာ မဟုတ်တော့ပေ။ ဆန့်ကျင်ဘက်အနေနဲ့ ဒီလှုပ်ရှားမှုအတွက် နေရာကို ခရိုင် ၅ ရဲ့အလယ်ဗဟိုမှာ စီစဉ်ထားသည်။

" ကံကောင်းတဲ့ကြယ်လေး! ကြည့်ဦး! အဲ့ဒါ ကံကောင်းတဲ့ကြယ်လေးပဲ!" လမ်းသွားလမ်းလာတွေရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပလာပြီး အံ့သြစွာဖြင့်အော်ဟစ်လိုက်ကြသည်။ မော့ယန်နဲ့ တခြားသူတွေကိုပါမြင်တဲ့အခါ သူတို့အကြည့်တွေက စူးရှတောက်ပလာပြန်သည်။ သူတို့ရဲ့အော်သံတွေက နားစည်တွေကိုတောင် ကွဲထွက်လုမတတ်ပင်။ “ မော့ယန်၊ ငါ့ရဲ့မင်းသားလေး၊ ဒီကိုကြည့်ပါဦး အားးး!"

ကံကောင်းထောက်မစွာနဲ့ အဖွဲ့က သူတို့ပတ်ပတ်လည်တွင် ကြိုးတွေနဲ့ ခြားကာ စီစဉ်ထားသည်။ ဒီလိုမှမဟုတ်ရင် ဒီလိုစိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေက အစကတည်းက အပြေးအလွှားရောက်လာကြမှာ!

အချိန်တိုလေးအတွင်း ကျန်တဲ့လူတွေလည်း ရောက်လာကြသည်။

နောက်တော့ ပရိသတ်တွေက ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ စုရုံးလာကြပြီး ပါးစပ်ကနေထွက်လာတဲ့ အာမေဋိတ်သံတွေကလည်း ပိုမိုကျယ်လောင်လာသည်။ တစ်ယောက်ပြီးတစ်ယောက်နဲ့ ဒါက ရိုးရိုးရှင်းရှင်းကို ရင်သပ်ရှုမောစရာပင်။

All Chapters