← Chapters

အပိုင်း ၁၉၂

Vol. 13 Ch. 192

အပိုင်း ၁၉၂

Vol. 13 Ch. 192

"ရှူး–” စုန့်ချင်းစုန့် မျက်မှောင်နည်းနည်းကြုတ်သွားသည်။ သူက လက်ညှိုးကို မြှောက်ကာ ပါးစပ်ကိုပြလိုက်သည်။ ရပ်တဲ့ခလုတ်ကို နှိပ်လိုက်သလိုမျိုး အသံတွေအားလုံး ချက်ခြင်းရပ်သွားတော့သည်။

ဝိုး! နတ်ဘုရားစုန့်ရဲ့ အရည်အချင်းက လုံးဝအံ့ဩစရာဘဲ!

မော့ချူး တိတ်တဆိတ် ချီးကျူးလိုက်ပြီး ဘေးကို တစ်ချက်ကြည့်လိုက်သည်။ ယခင်အပိုင်းမှ လူ နှစ်ယောက်သုံးယောက်လောက် ထုတ်လိုက်တာကြောင့် အခုတော့ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးသာ ကျန်တော့သည်။

"နတ်ဘုရားစုန့် ရောက်လာပြီပဲ" တစ်ယောက်နဲ့တစ်ယောက် အချိန်တိုလေးဘဲ သိခဲ့ကြပေမယ့် မော့ယန်နဲ့ နတ်ဘုရားစုန့်ကြားက ခင်မင်ရင်းနှီးမှုဟာတော့ ခုန်ပျံကျော်လွှားသွားတဲ့ပုံပင်။

မော့ယန် စုန့်ချင်းစုန့်ကိုမြင်တာနဲ့ ချက်ချင်း သူ့ဆီသွားလိုက်သည်။ "စကားမစပ်၊ ခင်ဗျားဒဏ်ရာကနေ သက်သာသွားပြီလား?"

"သက်သာသွားပါပြီ" သူတို့ နှစ်ယောက်ကို မြင်လိုက်ရတော့ စုန့်ချင်းစုန့်ရဲ့ အမူအရာက ပိုနူးညံ့လာသည်။ သူ့ရဲ့အသွင်အပြင်က ကျောက်စိမ်းနှင့်တူသည်။ " ကုသရေးကိရိယာထဲမှာ ခဏလောက်နေလိုက်တယ်လေ၊ အဲဒါက သိပ် မပြင်းထန်ပါဘူး"

"ဟေး နတ်ဘုရားစုန့်၊ ဒီတစ်ခေါက်ရော ဘယ်လိုဂိမ်းမျိုး ဖြစ်မယ်လို့ ထင်လဲ?" သူမဘေးနားက လူအုပ်ကိုကြည့်ရင်း မော့ချူးသည် သူ သူမကို စိတ်ဝင်စားစရာတချို့တလေလောက် ပြောပြပေးနိုင်မယ်လို့ မျှော်လင့်ကာ မနေနိုင်ဘဲ စုန့်ချင်းစုန့်ကိုကြည့်လိုက်သည်။

စုန့်ချင်းစုန့်အနေနဲ့လည်း မော့ချူးဆိုလိုတဲ့ အဓိပ္ပါယ်ကို ဘယ်လိုလုပ် နားမလည်ဘဲနေမှာတဲ့လဲ? ဒါရိုက်တာလင်က သူတို့အတွက် ဘာတွေပြင်ဆင်ထားလဲဆိုတာ မသိပေမယ့် သူ့မှာ မရေရာတဲ့အထင်အမြင်တွေတော့ ရှိနေဆဲပင်။ သူ့နှုတ်ခမ်းတွေက မတတ်နိုင်ဘဲနည်းနည်း ကော့တက်သွားသည်။ “ဒီတစ်ခေါက်က No-man's Land နဲ့ လုံးဝမတူဘူး။ ဒါပေမယ့် ဒါက ပြိုင်ဆိုင်ရတဲ့ အစီအစဉ်တစ်ခုမို့လို့ ရတနာတွေလိုပစ္စည်းတွေကို ရှာဖွေရမှာတော့ မလွဲမသွေဘဲ”

"ဟေး ကလေး!" သူတို့စကားပြောနေကြတုန်း ချင်ယွဲ့ကရောက်လာကာ မော့ယန်ပုခုံးကိုရိုက်လိုက်သည်။ “idolနဲ့ ရှိနေရတော့ မင်းရဲ့ညီအကိုကိုတောင် မေ့နေပြီပေါ့။ မင်းရဲ့သူငယ်ချင်းကို တကယ် မေ့သွားပြီလား!"

စုန့်ချင်းစုန့်နဲ့ တွေ့တော့ သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။ “စုန့်ကော၊ မင်္ဂလာပါ။ ကျွန်တော်က ချင်ယွဲ့ပါ၊ ကောရဲ့ ဖန်လေ"

ဟေး! မော့ချူး မျက်ခုံးပင့်တက်သွားသည်။ ဒီလူကမျက်နှာအရေ အရမ်းထူတာပဲ! သူက စုန့်ချင်းစုန့်ကို 'ကော' လို့ ချက်ချင်းခေါ်ရဲတယ်!

အင်း... မော့ယန်လည်း ကူကယ်ရာမဲ့ဖြစ်နေသည်။ သူလည်း ညီမနဲ့ အတွေးတူတူပင်။

"အားလုံးဘဲ ဒီတစ်လောဘယ်လိုနေကြလဲ?" အားလုံးရောက်လာကြတော့ လင်ယဲ့ဟုန်က တစ်ဖက်ကနေ လျှောက်ထွက်လာသည်။ သူ၏ အမှတ်အသားဖြစ်သည့် ရှည်လျားတဲ့ ဆံပင်တွေက သူ့ပခုံးထက်တွင်ဝဲကျနေကာ သူ့ရဲ့အပြုံးကတော့ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေ အပြည့်ပင်။

"ထားလိုက်ပါတော့။ အချိန်က အဓိကဖြစ်နေတော့ ငါလည်း အရေးမပါတာတွေ ထပ်မပြောတော့ဘူး" လင်ယဲ့ဟုန်က အခုလေးတင် လူတိုင်းပြောနေကြတဲ့ဟာနဲ့ပတ်သတ်တဲ့ အဖြေကို လျစ်လျူရှုလိုက်သည်။ သူကတော့ ထုံးစံအတိုင်း သူ့ရဲ့သရဲလိုပုံစံကို ထိန်းသိမ်းထားသည်။ “ဒီကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တိုက်ရိုက်ပြောပါတော့မယ်"

“ဒီတစ်ခေါက် မစ်ရှင်အတွက်၊ မင်းတို့တွေအနေနဲ့ မဲနှိုက်ပြီး နှစ်ယောက်တစ်ဖွဲ့ ဖွဲ့ရမယ်။ ပြီးရင်တော့ ငါတို့ပေးထားတဲ့ အရိပ်အမြွက်တွေ နောက်ကိုလိုက်ပြီး သဲလွန်စကို ကိုယ့်ဘာသာကိုယ်ရှာရမယ်။ နေရာတစ်ခုမှာငါတို့ထည့်ထားတဲ့ အထိမ်းအမှတ်ဒင်္ဂါးပြားတွေကို ပထမဆုံးရှာတွေ့တဲ့အသင်းက အနိုင်ရမယ်"

“ဒီအတောတွင်းမှာ မင်းတို့တွေကို ပိုက်ဆံရော၊အကူအညီရော ဘာမှမပေးပါဘူး။ အစားအသောက် အနေအထိုင်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဘာသာဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ ကျေးဇူးပြုပြီး မဲလာနှိုက်ကြပါ”

အဲ့ဒီလိုပြောပြီးတာနဲ့ လင်ယဲ့ဟုန်က ပိုက်တွေကို ယူလာခဲ့သည်။ လူတိုင်းပိုက်တစ်ယောက်တစ်ချောင်းစီနှိုက်လိုက်ကြသည်။ အောက်ခြေမှာ အရောင်တူရတဲ့သူတွေက အဖွဲ့တစ်ဖွဲ့ပင်။

“အိုး! အိုး! အရမ်းကောင်းတယ်!" ချင်ယွဲ့က ချက်ချင်းခုန်ပေါက်ကာ မော့ချူးကို ဖက်လိုက်သည်။ သူ့မျက်နှာမှာတော့ အံ့သြမှုတွေအပြည့်ပင်။ “ငါတို့တစ်ဖွဲ့တည်းကျတယ်၊ နောက်ကျရင် ကင်မရာရိုက်ချက်တွေ အများကြီးရတော့မှာ သေချာပေါက်ပဲ!"

ဟမ်း.... မော့ချူး ကူကယ်ရာမဲ့သွားသည်။ အခုချိန်မှာ ဘယ်လိုအနိုင်ယူရမလဲဆိုတာကိုဘဲ သူစဉ်းစားနေသင့်တာမဟုတ်ဘူးလား? ချင်ယွဲ့က ဘာလို့ ကင်မရာရိုက်ချက်တွေကိုဘဲ စွဲလန်းနေသေးတာလဲ?

"မင်းဘာလုပ်တာလဲ?" မော့ယန်က ချက်ချင်း ရှေ့ကိုလှမ်းလာကာ ချင်ယွဲ့ကို ခပ်ပြင်းပြင်းဆွဲလိုက်သည်။ သူ့မျက်နှာကလည်း နည်းနည်းမည်းမှောင်နေသည်။ ဘာလဲ? ငါ့ညီမကို အခွင့်ရေးယူနေတာလား?

“ကောင်းပါပြီ…” ချင်ယွဲ့က သူ့လက်ကို အမြန်လွှတ်လိုက်ပြီး အသံတိုးတိုးနဲ့ ရှင်းပြလိုက်သည်။ “ငါ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ၊ ဟာဟား!”

"မော့ချူး ဒါကို ဘယ်လိုထင်လဲ? ငါတို့ရဲ့ ခွန်အားနဲ့ဆို ချန်ပီယံဖြစ်ဖို့က ပြဿနာမဟုတ်ဘူးလို့ ငါခံစားရတယ်" စိတ်လှုပ်ရှားတတ်တဲ့အချိန်ဆို စကားတွေပြောတတ်တဲ့ ချင်ယွဲ့က ချက်ချင်းဆိုသလိုဘဲ လေအိုးအဖြစ်ပြောင်းသွားကာ စကားတွေ ဆက်တိုက်ပြောတော့သည်။

ဒီလိုမျိုးနဲ့ ချန်ပီယံဖြစ်ချင်သေးတာလား? သူ့ညီမနဲ့ ကျပန်းအဖွဲ့ကျသွားတဲ့ ချင်ယွဲ့ကိုကြည့်ရင်း မော့ယန်မတတ်နိုင်ဘဲ ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ တစ်ယောက်က ခံစားချက်ကင်းမဲ့ပြီး နောက်တစ်ယောက်ကတော့ IQ ကင်းမဲ့နေတဲ့ပုံဘဲ။ ညီအစ်ကိုတစ်ယောက်အနေနဲ့ သူတို့ရဲ့နောက်လာမယ့်လုပ်ဆောင်မှုတွေအတွက် သူ ဘာလို့ အရမ်းစိုးရိမ်နေမိတာပါလိမ့်?

All Chapters