အပိုင်း ၁၉၄
Vol. 13 Ch. 194
သို့ပေမယ့် ဒီဟာက ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် စက္ကန့်တိုင်းကို သတိထားရမည်ဖြစ်သည်။ မော့ချူးတို့ကို သဲလွန်စကတ်ပေးပြီးတဲ့နောက် မော့ယန်နဲ့ စုန့်ချင်းစုန့်တို့အဖွဲ့က ချက်ချင်း သူတို့ရဲ့နောက်ထပ်တည်နေရာဆီအလျင်အမြန်သွားကြသည်။
ဒါပေမယ့် သူတို့မှာ ပိုက်ဆံမရှိသလို မောင်းနှင်ခြင်းယာဉ်လည်း မရှိပေ။ သူတို့ရဲ့ခြေထောက်တွေကိုဘဲ အားကိုးလို့ မရပေ။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အနေနဲ့ ဒီပရိသတ်တွေအပေါ် အခွင့်ကောင်းယူဖို့ ရှက်နေကြသည်။
ခဏလောက်စဉ်းစားပြီးတဲ့နောက် မော့ယန်က သူ့အိတ်ကပ်ထဲရှိ နာရီဟောင်းတစ်လုံးကို ထုတ်လိုက်သည်။ သူသည် ထိုနာရီကို ဖက်ဒရယ်ဒင်္ဂါးပြား ၈၀၀ဖြင့် ရှေးဟောင်းဆိုင်တစ်ခုမှ ဝယ်ခဲ့တာဖြစ်သည်။ အခုအချိန်မှာတော့ အရေးပေါ်အတွက် သူထုတ်လိုက်ရသည်။ သူက အော်ပြောလိုက်သည်။ “ဒီအိတ်ဆောင်နာရီဟောင်းကို အခုဖက်ဒရယ်ဒင်္ဂါးပြား ၆၀၀ နဲ့ ရောင်းပါမယ်။ လိုချင်တဲ့သူရှိကြလား?"
"လိုချင်တယ်!"
"ငါက ဖက်ဒရယ်ဒင်္ဂါး ပြား ၇၀၀ ပေးမယ်!"
ပရိတ်သတ်တွေမှာ စိတ်အားထက်သန်မှုတွေ တောက်လောင်နေသည်။ သူတို့က လက်တွေကိုဆန့်ထုတ်ကာ အိတ်ဆောင်နာရီကိုကိုင်ထားတဲ့ မော့ယန်ရဲ့နူးညံ့တဲ့လက်ကို ထိချင်နေကြသည်။
အဆုံးမှာ၊ အိတ်ဆောင်နာရီကို ဖက်ဒရယ်ဒင်္ဂါးပြား ၈၀၀ ဖြင့် အောင်မြင်စွာ ရောင်းချနိုင်ခဲ့သည်။ ပိုက်ဆံကြောင့် သူတို့ရဲ့ခရီးက ပိုသက်သာလာသည်။ ခပ်မြန်မြန်ဘဲ သူတို့တွေ ပျောက်သွားကြတော့သည်။
တစ်ဖက်မှာတော့ မော့ချူးနဲ့ချင်ယွဲ့တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သဲလွန်စတစ်ခုမှမလွတ်စေတဲ့ မော့ယန်ပေးခဲ့တဲ့ကတ်ကိုကြည့်လိုက်သည်။
'အဖွဲ့ချုပ်တစ်ခုလုံးတွင် အမာကျောဆုံးပစ္စည်း' = အစိမ်းရောင်သံမဏိကျောက်တုံး
'အဖွဲ့ချုပ်တစ်ခုလုံးတွင် အပျော့ပျောင်းဆုံးပစ္စည်း' = ရေ
ထို့နောက်မှာတော့ မော့ယန်သည် 'အစိမ်းရောင်' နဲ့ 'ရေ' ကို ဝိုင်းထားသည်။
စိမ်းလန်းတဲ့ရေ… အဲ့ဒါက သူတို့အားကြည်လင်တဲ့ရေကို အမှတ်ရသွားစေသည်။
"ငါသိပြီ၊ ငါသိပြီ!" ချင်ယွဲ့က သဲလွန်စကတ်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ပြီး အကျယ်ကြီးပြောလာသည်။ "ခရိုင် ၅ မှာ ထင်ရှားတဲ့ ရှုခင်းတွေ ရှိတယ်မဟုတ်လား — ကြည်လင်..."
"ပါးစပ်ပိတ်ထား!" မော့ချူး ချက်ချင်း ရှေ့ကိုတိုးကာ ချင်ယွဲ့ရဲ့ပါးစပ်ကို ပိတ်ဖို့ သူမလက်ကို သုံးလိုက်သည်။ ဒီမဆင်မခြင်ကောင်ကတော့! ယောင်မန်ဝမ်နဲ့ ကျန်းရှောင်တို့တွေ သူ့အနောက်မှာ နားစွင့်နေပြီးနေနေကြတာကို သူ မမြင်ဘူးလား? သူတကယ်ကို အကျယ်ကြီး အော်ပြောလိုက်တာပဲ!
မော့ချူးရဲ့အကြည့်ကိုမြင်တော့ ချင်ယွဲ့လည်း တုံ့ပြန်လာသည်။ သူ အရမ်းစိတ်လှုပ်ရှားနေတော့ အဲဒါကို မေ့သွားတာ!
'ကြည်လင်တဲ့မြစ်' သည် ခရိုင် ၅ တွင် အရမ်းကျော်ကြားသည့် ရှုခင်းသာနေရာဖြစ်သည်။
ရှည်လျားသောမြစ်သည် အောက်ခြေထိကြည်လင်ပြတ်သားစွာ မြင်နေရသည်။ အထူးခြားဆုံးမှာ မွန်းတည့်ချိန်တိုင်း မြစ်တွင် သက်တံအရိပ်တွေ ရောင်ပြန်ဟပ်တတ်သည်။ သက်တံ့တံတားကြီးက မြစ်ထဲတွင် ပေါ်နေသည်မှာ လှပလှသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
သို့သော် မော့ချူးနဲ့ ချင်ယွဲ့မှာလည်း နတ်ဘုရားစုန့်နဲ့ မော့ယန်တို့လိုမျိုး တူညီတဲ့အခက်အခဲကို သဘာဝအလျောက် ကြုံတွေ့ခဲ့ရသည်။ အဲဒါက သူတို့မှာလည်းပိုက်ဆံမရှိပေ! သွားလာရေးစရိတ်ကိုမပြောနဲ့ဦး 'ကြည်လင်တဲ့မြစ်' ထဲဝင်ဖို့ ဝင်ခွင့်လက်မှတ်ဖိုးလည်း ပေးရန် လိုသေးသည်။
ဒီရှုထောင့်ကနေဆိုလျှင်၊ ချင်ယွဲ့မှာ မော့ယန်ထက် ပိုပြီးအရေထူသည်။ သူက ချက်ချင်း မော့ချူးရင်ခွင်ထဲမှာရှိတဲ့ ဝိုင်းဝိုင်းကို မြင်လိုက်ရသည်။
သူမော့ချူးကို အကြည့်တစ်ချက်ပေးလိုက်သည်။ သို့သော် သူတို့နှစ်ယောက်လုံးမှာ telepathy နည်းနဲ့ဆက်သွယ်နိုင်တဲ့အဆင့် မရောက်သေးကြောင်း သိသာလှသည်။ မော့ချူးမှာ ချင်ယွဲ့ရဲ့ တဖျပ်ဖျပ်ခတ်နေတဲ့ မျက်လုံးတွေကို ကြည့်ပြီး သူဘာကိုဆိုလိုချင်လဲဆိုတာ နားမလည်ပါချေ။
ချင်ယွဲ့ ကူကယ်ရာမဲ့စွာနဲ့ ခေါင်းမော့ကာသက်ပြင်းချလိုက်သည်။ “ဝိုင်းဝိုင်းရှိနေတာဆိုတော့ ဘာမှလုပ်လို့မရဘူးမလား? သူ့ကိုလှည့်ပတ်ပြီး ချစ်ဖို့ကောင်းအောင် လုပ်ခိုင်းရင်ရော?"
သူ့စကားက ရှင်းရှင်းလေးပင်။ သူက ဝိုင်းဝိုင်းကို ပိုက်ဆံအတွက် ဖျော်ဖြေခိုင်းဖို့ ကြိုးစားနေတာမဟုတ်ဘူးလား? သူမ လှည့်ပတ်ကြည့်လိုက်ပြီး သူမရင်ခွင်ထဲက ကျေနပ်နေတဲ့အမူအရာနဲ့ ဝိုင်းဝိုင်းကိုကြည့်လိုက်သည်။ မော့ချူးလည်း မတတ်နိုင်ဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ကောင်းပြီလေ၊ ဒါကအကြံကောင်းဘဲ!
ဒါနဲ့ဘဲ ချင်ယွဲ့သည် သူ့အကုတ်အင်္ကျီကို ချွတ်ကာ ဝိုင်းဝိုင်းရှေ့ မချခင် ပိုက်ဆံဘူးပုံစံဖြစ်အောင် ခေါက်လိုက်သည်။
“အာဝူး–” မော့ချူးဆီကနေ ခေါင်းကိုအရိုက်ခံလိုက်ရတဲ့ ဝိုင်းဝိုင်းမှာ မြေပြင်တွင်ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ သူဘာလုပ်ရမှာလဲ?
"ငါတို့ ပိုက်ဆံရနိုင်မလား မရဘူးလား မင်းအပေါ်မှာမူတည်သွားပြီ" ချင်ယွဲ့က လေးလေးနက်နက်မျက်နှာနဲ့အတူ သူ့ကိုပြောလိုက်သည်။ "ဒီကြီးလေးတဲ့တာဝန်ကို မင်းဆီ အပ်လိုက်ပြီ"
ဒါက ဝိုင်းဝိုင်းရဲ့ ဒေါသကို အောင်အောင်မြင်မြင်နဲ့ထွက်ပေါ်လာစေသည်။ သူက ချက်ချင်း ချင်ယွဲ့ရဲ့ပေါင်ပေါ်ကို ခုန်တက်လိုက်ကာ ပါးစပ်ဟလိုက်တော့ သူ့ရဲ့ချွန်ထက်တဲ့သွားတွေက နေရောင်အောက်တွင် တောက်ပလာသည်။
"မလုပ်နဲ့!" မော့ချူးလည်း အရမ်းထိတ်လန့်သွားကာ ရှေ့ကိုပြေးသွားလိုက်ပြီး ဝိုင်းဝိုင်းကို ဆွဲဖက်လိုက်သည်။ သူသာကိုက်လိုက်ရင် သေချာပေါက်သွေးထွက်မှာ!