← Chapters

အပိုင်း ၁၉၅

Vol. 13 Ch. 195

အပိုင်း ၁၉၅

Vol. 13 Ch. 195

"အာဝူးး-" ဝိုင်းဝိုင်း မော့ချူးရင်ခွင်ထဲ ပြန်ရောက်လာတော့ သူ့ရဲ့ပုံစံက ချက်ချင်း ပြောင်းလဲသွားသည်။ ထောင်နေတဲ့ သူ့အမွှေးတွေက ပြန်ကျသွားကာ အရည်လဲ့နေတဲ့မျက်လုံးတွေနဲ့ မော့ချူးကိုကြည့်လိုက်သည်။ ဒီလူက ငါ့ကို အနိုင်ကျင့်နေတယ်!

ဒီလို သနားစရာကောင်းတဲ့ ပုံစံကြောင့် မိန်းကလေးတော်တော်များများ သူ့ကိုသနားသွားရသည်။

"အိုက်ယား၊ ကံကောင်းတဲ့ကြယ်လေးရဲ့ ရင်ခွင်ထဲက အိမ်မွေးတိရိစ္ဆာန်လေးက တကယ်ချစ်ဖို့ကောင်းတာဘဲ!"

"အားလုံးထက် ပိုချစ်ဖို့ကောင်းတယ်!"

"လာပါဦး၊ ငါ့ကိုလည်း ပေးဖက်ပါလား?"

ချင်ယွဲ့မှာ ငိုချင်ပေမယ့် မျက်ရည်မထွက်လာပေ။ ဒီခေတ်ကြီးမှာ အိမ်မွေးတိရိစ္ဆာန်ရဲ့ ရုပ်ရည်က သူ့ထက်တောင် ပိုကောင်းနေတာလား?

သို့သော် မကြာခင်မှာဘဲ သူပြန်ပြီး အူမြူးသွားသည်။ ဝိုင်းဝိုင်းရဲ့ ချစ်စရာကောင်းမှုကြောင့်လား ဒါမှမဟုတ် ချင်ယွဲ့ရဲ့ ပုံစံကပဲ သနားစရာကောင်းတယ်လို့ ခံစားမိတာကြောင့်လား မသိပေ။ ပထမဆုံးမိန်းကလေးတစ်ယောက်က ရှေ့ကိုလှမ်းလာပြီး ဖက်ဒရယ်ဒင်္ဂါး ပြား ၁၀၀ ကို 'ဘူး' ထဲထည့်လိုက်သည်။ ပထမဆုံးကောင်မလေးကို ပမာပြုကာ ကျန်သူတွေလည်း ဝိုင်းအုံလာကြသည်။ ၁၀ မိနစ်အတွင်းမှာဘဲ သူတို့သည် မော့ယန်နဲ့ စုန့်ချင်းစုန့်တို့ရဲ့ ပမာဏထက် နှစ်ဆနီးပါး ရှိသည့်ဖက်ဒရယ်ဒင်္ဂါးပြားပေါင်း ၁၅၀၀ နီးပါးကို ရရှိလိုက်သည်။

"မဆိုးဘူး မဆိုးဘူး!" ချင်ယွဲ့က ကလေးတစ်ယောက်လို ပြုံးပျော်နေသည်။ သူက အကြွေစေ့တွေကို တစ်စေ့ပြီးတစ်စေ့ ယူကာ ဘောင်းဘီအိတ်ထဲ သေသေသပ်သပ်ထည့်လိုက်သည်။ နောက်တော့ အောက်က သူ့အင်္ကျီကိုယူလိုက်ပြီး နှစ်ကြိမ်လောက်ခါကာ ပြန်ဝတ်လိုက်သည်။

"ငါတို့ ချမ်းသာပြီ သွားကြစို့!" ချင်ယွဲ့က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ချင်ယွဲ့၊ မော့ချူးနဲ့ သူရဲကောင်းလေးဝိုင်းဝိုင်း တို့မှာ 'ကြည်လင်တဲ့မြစ်'ဆီ ကားဖြင့်သွားလိုက်ကြသည်။

မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ယောင်မန်ဝမ်နဲ့ ကျန်းရှောင်ချီတို့မှာ ဆွံ့အစွာဖြင့် တိတ်ဆိတ်ကျန်ခဲ့တော့သည်။

ဆန့်ကျင်ဘက် သက်ရောက်မှုက မော့ချူးဘက်ကအနေအထားဖြစ်သည်။

ချင်ယွဲ့ကားထဲဝင်လိုက်တာနဲ့ သူ့ရဲ့ပင်ကိုယ်လေအိုးအရည်အချင်းက ချက်ချင်းတောက်လောင်လာသည်။ "ဟင်း၊ ခုနတုန်းက အဲ့ဒါကိုငါဘာလို့ မစဉ်းစားမိခဲ့တာလဲ? ဒါကရိုးရှင်းတဲ့ ပဟေဠိတစ်ခုဆိုတာ သိသာနေတာကို။ ဒါပေမယ့် စစ်တက္ကသိုလ် mecha ဌာနရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ ငါက အဲဒါကို လွဲသွားတယ်။ တကယ် ရှက်စရာကောင်းလိုက်တာ!”

“အဆင်ပြေပါတယ်” မော့ချူး သူ့ကို အမြန်တားလိုက်သည်။ မဟုတ်ရင် ဒီလူက တစ်နေ့လုံး စကားပြောနေတော့မှာ "ကြည့်လေ၊ ကျွန်မလည်း အဲဒါကို မစဉ်းစားမိဘူးမဟုတ်လား?"

"ဒါက မတူဘူးလေ ဟုတ်တယ်မလား?" ချင်ယွဲ့က မော့ချူးရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း နားမလည်ဘဲ သူမကို နှစ်သိမ့်ပေးဖို့တောင် ကြိုးစားလိုက်သည်။ “မင်းက mecha ကို မဟုတ်ဘဲ အပင်စိုက်တာကို လေ့လာနေတာလေ။ ဒါကို မင်းမသိတာ သာမာန်ဘဲမို့ စိတ်မကောင်းမဖြစ်နဲ့"

မော့ချူးမှာ ဆွံ့အသွားရသည်။ တကယ်တော့... ငါလည်း လုံးဝစိတ်မကောင်း မဖြစ်နေပါဘူး!

"အာဝူးးး-" ဝိုင်းဝိုင်းက နှစ်ကြိမ်လောက်အားသွန်ခွန်စိုက် အော်လိုက်ပြီး သူ့မျက်နှာငယ်လေးက ညွတ်ကျသွားသည်။ ချင်ယွဲ့အပေါ် သူ့ရဲ့အထင်အမြင်သေးမှုကိုလည်း ဖုံးကွယ်ထားခြင်းမရှိပေ။ 'ဒီလူ စကားပြောတာ ရပ်လို့ရမလား? တကယ်ဆူညံနေတာပဲ။ ငါ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်လေးနေချင်လို့!'

"ဖွီ!" သူတို့ဘေးနားက ခရီးသည်တွေကလည်း ဆူညံပွက်လောရိုက်နေတဲ့ မြင်ကွင်းကို သတိပြုမိပြီး မနေနိုင်ဘဲ ရယ်မိလိုက်ကြသည်။

သူတို့အကြည့်တွေ မော့ချူးဆီ ရောက်လာတဲ့အခါ သူတို့က သူမကို သေချာအကဲခတ်နေကြပြီး နောက်တော့ သူတို့မျက်လုံးတွေက ချက်ချင်း တောက်ပလာကြသည်။

"အိုက်ယိုး ဒါက ကံကောင်းတဲ့ကြယ်လေး မဟုတ်ဘူးလား? သူ ဘာလို့ဒီမှာရှိနေတာလဲ?" သူတို့က သူမတို့ဘေးနားရှိ ဝန်ထမ်းတွေကို ကြည့်လိုက်ပြီး နားလည်စွာနဲ့ ခေါင်းညိတ်လိုက်ကြသည်။ "သူတို့က အစီအစဉ်ရဲ့ နောက်အပိုင်းကို ရိုက်ကူးနေကြတာဘဲ ဟုတ်တယ်မလား?"

"အိုက်ယိုး!" တခြားသူတွေရဲ့ ရိုးသားတဲ့ အပြုံးတွေနဲ့ရင်ဆိုင်ရတော့ မော့ချူးလည်း သဘာဝအတိုင်း သူတို့ကို ရိုးရိုးသားသား ဆက်ဆံပေးသည်။ သူမရဲ့ မျက်လုံးထောင့်တွေက အသာကွေးတက်သွားကာ ချိုသာစွာ ပြုံးပြလိုက်တာက လူအများရဲ့ ရင်ကို နွေးထွေးသွားစေသည်။ “ဟုတ်ပါတယ်၊ အခု အစီအစဉ် ရိုက်ကူးနေတာပါ။ ဒါပေမယ့် အားလုံးကိုလျှို့ဝှက်ထားပေးဖို့ ဒုက္ခပေးရတော့မယ်"

မဟုတ်လို့ရှိရင် ဒီကိစ္စသာ ထွက်ပေါ်လာပါက သူမနဲ့ ချင်ယွဲ့တို့ ထွက်သွားလို့ရတော့မှာ မဟုတ်ပေ။

“အိုး!” ဒါကိုကြားတော့ သူမဘေးနားက ခရီးသည်က ချက်ချင်း အသံလျှော့ကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ငါတို့ ဘယ်သူ့ကိုမှ မပြောပြပါဘူး။ ဒါပေမယ့် ငါ့သားက မင်းကို အရမ်းသဘောကျတာ။ အမ်... လက်မှတ်လေးထိုးပေးလို့ရမလား?"

" လက်မှတ်? ဘာအတွက်လဲ?" ဘေးနားမှာနားထောင်နေတဲ့ ချင်ယွဲ့က နားမလည်စွာဖြင့် ဖြတ်ပြောလာသည်။

ဒီတော့မှ အဖွဲ့ချုပ်ရှိဖျော်ဖြေရေးလောကတွင် ပရိတ်သတ်နှင့် အနုပညာရှင်ကြား အပြန်အလှန်အကျိုးပြုသည့် လှုပ်ရှားမှုတစ်ခုဖြစ်သည့် လက်မှတ်ထိုးပေးသည့်ကိစ္စတွေ မရှိကြောင်း မော့ချူး သဘောပေါက်သွားသည်။

All Chapters