← Chapters

အပိုင်း ၁၉၆

Vol. 14 Ch. 196

အပိုင်း ၁၉၆

Vol. 14 Ch. 196

“ငါ၊ ငါ…” အသက်နှစ်ဆယ်ကျော်လောက်ရှိမည့် နုပျိုပြီး ချောမောလှပတဲ့ ကောင်မလေးက ဖျစ်ညှစ်ပြောလိုက်သည်။ “ငါက အမှတ်တရအဖြစ် သိမ်းထားချင်လို့ပါ။ ဘယ်လိုထင်လဲဟင်?"

အကယ်၍ သူမတွင် သားတစ်ယောက်ရှိသည်ဟု မပြောခဲ့ပါက မော့ချူးမှာ သူမအား အမေတစ်ယောက်ဖြစ်လိမ့်မယ်လို့ ထင်မိမှာမဟုတ်ပေ။

"ပြဿနာမရှိပါဘူး" မော့ချူးက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ "ဘယ်နားမှာလက်မှတ်ထိုးစေချင်လဲ?"

"ဒီမှာ လက်မှတ်ထိုးပေးပါ... ဒီမှာပါ!" ရှင်းရှင်းလင်းလင်းကို သူမသည် မော့ချူးက အလွယ်တကူ သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။ သူမသည် သန့်ရှင်းသပ်ရပ်သည့် မှတ်စုစာအုပ်ကို အမြန်လှန်လိုက်ကာ ဘောပင်မကမ်းပေးလာခင် တစ်ခဏလောက် အံ့ဩမင်သက်နေမိသည်။ “မင်းကို ဒုက္ခပေးမိပြီ၊ ကျေးဇူးတင်ပါတယ်”

အဖွဲ့ချုပ်တွင် အသုံးများသော အက္ခရာ နှစ်မျိုးရှိသည်။ တစ်မျိုးက တရုတ်လို ရေးတာဖြစ်ပြီး နောက်တစ်ခုက အင်္ဂလိပ်လို ရေးကြတာဖြစ်သည်။ မော့ချူးရဲ့ လက်ရေးက သိပ်မဆိုးလှပေ။ ဘာပဲဖြစ်ဖြစ်၊ သူမသည်၂၁ ရာစုတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာဖြစ်သည်။ သို့သော် မော့ယန်၏ အမြင်တွင်တော့ ဤသပ်ရပ်လှပလှသည့် တရုတ်စာလုံးတွေက ဂရင်းမာစတာအဆင့်ရှိ လက်ရာတစ်ခုဖြစ်သည်။

အမှန်ဘဲ၊ စဉ်းစားကြည့်လေ။ ချူးလေးက အလုံပိတ် အခန်းထဲမှာ ၁၅ နှစ် ပြည့်အောင် အိပ်နေခဲ့ရတာဖြစ်သည်။ သူမနိုးလာတဲ့အခါတွင် နှစ်နှစ်လောက်သာ လေ့ကျင့်ခဲ့ရသည်။ ဒါက သူမရဲ့ အရည်အချင်းကို ပြသဖို့ လုံလောက်သည်။

“ရပါတယ်" မော့ချူးက သူမရဲ့နာမည်ကို စုတ်ချက်အနည်းငယ်ဖြင့် ရေးပေးလိုက်သည်။ သူမပြုံးလိုက်ပြီး စာအုပ်ကို သူမဘေးနားရှိ ခရီးသည်ကို ပေးလိုက်သည်။ "ဒီမှာ ရှင့်အတွက်ပါ!"

"အိုက်ယိုး၊ အရမ်းကောင်းတာပဲ!" ကောင်မလေးက စာအုပ်ကို ရတနာတစ်ခုလိုမျိုး လွယ်အိတ်ထဲ ချက်ချင်းထည့်လိုက်သည်။

ခရီးက အရှည်ကြီးကျန် သေးတာမို့ မော့ချူးက သူမနဲ့ ခဏလောက်စကားပြောဖို့ ဆုံးဖြတ်လိုက်သည်။ "ရှင့်သား အသက်က ဘယ်လောက်ရှိပြီလဲ?"

"သူက ငယ်သေးတယ်!" ကောင်မလေးက လေးနက်တဲ့ကိစ္စတစ်ခုလိုမျိုး ခေါင်းယမ်းလိုက်သည် "သူ အသက်က ၂၀ ပဲ ရှိသေးတာ!"

မော့ချူး ကိုယ်က လှုပ်ခတ်သွားသည်။ အဓိကကတော့ ကျွန်မက ရှင့်ကို အသက် ၂၀ လောက်ပဲ ရှိသေးတာလို့ ထင်ထားတာလေ! ဒီလိုမျိုးငယ်ရွယ်နုပျိုအောင် ဘယ်လိုထိန်းသိမ်းထားတာလဲ!

"အမ်... ရှင့်အသက်က ၄၀ ကျော်လောက်လားဟင်?" မော့ချူးက သူမအသက်အရွယ်ကို နှစ်ဆထည့်ကာမေးလိုက်သည်။

“အို! မင်းကစကားဘယ်လိုပြောရမလဲဆိုတာ တကယ်သိတာဘဲ!" ဘယ်မိန်းကလေးက ငယ်လို့ဆိုပြီး ချီးမွမ်းတာကိုမကြိုက်မှာတဲ့လဲ။ "ငါ့သားက အသက် ၂၀ ရှိနေပြီကို ငါ့အသက်က ဘယ်လိုလုပ် ၄၀ ဘဲရှိဦးမှာလဲ?" နောက်တော့ သူမက ခေါင်းအသာငုံ့ကာ မော့ချူး နားထဲတိုးတိုးလေးပြောလာသည်။ "တကယ်တော့ ငါက ဒီနှစ်ဆို ၆၈ နှစ်ရှိပြီ!"

ဟမ်... မော့ချူးရဲ့အကြည့်တွေ အေးခဲသွားတော့သည်! သူမ မှတ်ဉာဏ်ထဲက ဆံပင်ဖြူဖြူ အဘွားအိုနဲ့ သူမရှေ့က လှပတဲ့ ကောင်မလေးနဲ့ကို ယှဉ်မြင်ကြည့်လို့မရပါချေ။

နောက်ဆုံးတော့ သူမတို့ရထားက ဘူတာရုံကို ရောက်လာသည်။

သူမတို့သွားဖို့လုပ်လိုက်တဲ့အချိန် မော့ချူးဘေးမှာထိုင်နေတဲ့ ကောင်မလေးက သူမကို အစွမ်းကုန်ဆွဲထားသည်။ သူမက အပူချိန်ထိန်း ကိရိယာအသေးလေးကို မော့ချူးဆီ ထိုးထည့်ပေးလိုက်သည်။ “ယူလိုက်။ နေထွက်လာရင် ပူလာလိမ့်မယ်!"

မော့ချူးလည်း မငြင်းနိုင်ဘဲ အဆုံးမှာလက်ခံလိုက်ရသည်။

ဒီအပိုင်းတွဲကို အင်တာနက်မှာ ထုတ်လွှင့်ပြီးတဲ့နောက်မှာတော့ 'Idolရဲ့လက်မှတ်ကိုတောင်းခြင်း' ဟာ ပရိသတ်တွေအားလုံးရဲ့ အသည်းစွဲလှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းက အဖွဲ့ချုပ်တစ်ခုလုံးကို တခဏအတွင်း တောမီးလိုမျိုးပျံ့နှံ့သွားတော့သည်၊ သို့သော် ဒါက အနာဂတ်တွင်သာဖြစ်သည်။

သူတို့ရှေ့ကနေ မော့ချူးနဲ့ ချင်ယွဲ့တို့လည်း ကြည်လင်တဲ့မြစ် ရှုခင်းသာအ၀င်ဝကို ရောက်လာကြသည်။ ခပ်မြန်မြန်ဘဲ သူတို့တွေ နတ်ဘုရားစုန့်တို့အဖွဲ့နဲ့ သွားဆုံကြသည်။

"အယ်? ကောတို့ထွက်သွားတာ ကြာပြီ မဟုတ်ဘူးလား? ဘာလို့ဒီမှာရှိနေသေးတာလဲ?" ချင်ယွဲ့က ချက်ချင်းပြေးကာ သတင်းသွားမေးသည်။

“ဝင်ကြေးအတွက် ပိုက်ဆံမလောက်လို့” နတ်ဘုရားစုန့်က ဒီစကားလုံးငါးလုံးကို ရှုံ့မဲ့တဲ့အမူအရာနဲ့ ဖျစ်ညှစ်ပြောလာသည်။ ပိုက်ဆံမရှိတဲ့ ခံစားချက်ကို သူမြည်းစမ်းခဲ့ရတာက ကြာခဲ့ပြီဖြစ်သည်။ ဟီးရိုးတစ်ယောက်အတွက် ပိုက်ဆံတစ်ဆင့်လေးနဲ့အနိုင်ပိုင်းခံရတာကတကယ် ခက်သည်။

"ဝင်ကြေးက ဘယ်လောက်လဲ" ချင်ယွဲ့ နောက်ပြန်လှည့်ကာ ကြည့်လိုက်သည်။ သူ မနေနိုင်ဘဲ တုန်လှုပ်သွားရသည်။ “လူတစ်ဦးကို ဖက်ဒရယ်ဒင်္ဂါး ပြား၅၀၀တဲ့။ အရမ်းစျေးကြီးတာပဲ! သူတို့က ငါတို့ဆီကနေ လုယက်ဖို့ ကြိုးစားနေတာလား?"

ပြောရရင် သူတို့ လေးယောက်က ပိုက်ဆံပြတ်လတ်နေတာတော့ မဟုတ်ပေ။ အရင်တုန်းကဆို ဖက်ဒရယ်ဒင်္ဂါး ပြား ၅၀၀ လောက်ကို သူတို့ဘယ်တုန်းက စိတ်ထဲထားဖူးလို့လဲ? အခုတော့ ရှိုးကြောင့် သူတို့မှာတကယ်ကြီးတစ်ပြားတစ်ချပ်အတွက်နဲ့ ဈေးဆစ်နေရပြီ!

ခပ်ဆိုးဆိုး စာတန်းထိုးအဖွဲ့နဲ့ ထုတ်လုပ်ရေးနောက်ပိုင်းအဖွဲ့တွေက ဒီမြင်ကွင်းမှာ သူတို့ရဲ့နောက်ခံကို နက်မှောင်နေတဲ့ မီးခိုးရောင်နဲ့ ဖိုတိုရှော့ လုပ်ပေးလိုက်သေးသည်။ သူတို့ရဲ့ ညှိုးငယ်တဲ့ မျက်နှာတွေနဲ့ တွဲလိုက်တော့ ဒါက တကယ်ရယ်ချင်စရာပင်!

All Chapters