အပိုင်း ၁၉၈
Vol. 14 Ch. 198
ဒီအချိန်မှာ နေကကောင်းကင်တည့်တည့် တက်လာပြီဖြစ်သည်။ တဖြည်းဖြည်းနဲ့ ကြည်လင်တဲ့မြစ်ပေါ်တွင် သက်တံတံတားကို ဖြည်းဖြည်းချင်း စိုက်ထူလာသည်။ အဲ့ဒါက အရောင်အသွေးစုံကာ ကြည်လင်နေသည့်အနီရောင်နှင့် အစိမ်းရောင်မြစ်ပေါ်တွင် ထင်ဟပ်နေသည်။ ဒါက ဒဏ္ဍာရီလာနတ်သမီး တိုင်းပြည်လိုပင်။
သူတို့တွေ စိတ်ဝင်တစား ကြည့်နေကြတုန်းမှာ မော့ချူး ရုတ်တရက် ခုန်တက်လာသည်။ "တွေ့ပြီ၊ ဟိုမှာ!"
သူမလက်နောက်ကို လိုက်ကြည့်လိုက်တော့ သူတို့ရှာနေတဲ့ သဲလွန်စကတ်သုံးခုက သက်တံတံတားအလယ်မှာ တန်းလန်းကျနေတာကိုတွေ့လိုက်ရသည်။
အဲ့ဒီသဲလွန်စကတ်သုံးခုကို ဘရိုကိတ်အိတ်အသေးသုံးလုံးတွင် အသီးသီးထည့်ထားသည်။ သို့သော် ဘရိုကိတ်အိတ်များကို မည်သည့်ပစ္စည်းဖြင့် လုပ်ထားလဲဆိုတာကို သူမ မသိပေ။ အဲ့ဒါတွေက အမှန်တကယ်ကို ဖောက်ထွင်းမြင်နေရသည်။ စောစောက သူမတို့တွေ ရှာမတွေ့ခဲ့တာ မအံ့သြတော့ဘူး။ အဲ့ဒါတွေက သက်တံတံတား ပေါ်လာပြီး အလင်းယိုင်ကာမှ ပိုးအိတ်သုံးလုံး ပုံစံအစစ်အမှန်ကို ပေါ်ထွက်လာစေသည်။
"မြန်မြန်!" ချင်ယွဲ့ အော်လိုက်သည်။ သူတို့လေးယောက် ကြည်လင်တဲ့ မြစ်ကမ်းနားကို ပြေးသွားလိုက်ကြသည်။ မဟုတ်ရင်တော့ သက်တံ့တံတား ပျောက်သွားရင် နောက်တစ်ရက် ထပ်စောင့်နေရလိမ့်မည်။
လင်ယဲ့ဟုန်ရဲ့ အတွေးတွေကတော့ အရမ်းပါးနပ်သည်။ ပိုးအိတ်သုံးလုံးကို ဖောက်ထွင်းမြင်ရသည့် ကြိုးတွေဖြင့်အလယ်တွင် ချိတ်ဆွဲထားကာ ကြည်လင်တဲ့မြစ်ထိပ်တွင် ပေါလောပေါ်နေစေသည်။
သူတို့တွေကြိုးတလျှောက် တက်သွားရမှာလား?
ပါးလွှာတဲ့ကြိုးဟာ လူတစ်ယောက်ရဲ့အလေးချိန်ကို ခံနိုင်ပါ့မလားဆိုတာကိုမပြောနဲ့ဦး အဓိကအချက်ကတော့ ဘယ်သူ့မှာများ ဒီလိုမျိုး သွက်လက်ပေါ့ပါးတဲ့ပုံစံမျိုးရှိလို့လဲ? သူတို့တွေက ကျွမ်းဘားကစားကြတဲ့သူတွေမှမဟုတ်ဘဲ! သူတို့သာ သတိမထားမိရင် မြစ်ထဲကိုကျသွားလိမ့်မယ်!
သူတို့နောက်က ကင်မရာမင်းတွေကတော့ တခစ်ခစ်ရယ်နေကြသည်။ No-man's Land မှာလည်း အရင်က ကြုံဖူးခဲ့တာဘဲ။ ဒါရိုက်တာလင်က ဉာဏ်နီဉာဏ်နက်များပြီး ထူးဆန်းလို့ နာမည်ကြီးတယ်လေ! သူက ခင်ဗျားတို့ကို သဲလွန်စကတ်တွေ ဘယ်လိုလုပ်လွယ်လွယ်နဲ့ပေးမှာလဲ?
အဲ့ဒါနဲ့၊ သူတို့ရင်ထဲမှာ တော်တော်လေး စိုးရိမ်ပူပန်နေရရင်း ကူကယ်ရာမဲ့စွာနဲ့ ကြည့်နေရုံသာ ရှိတော့သည်။ အမှန်ပဲ! သူတို့မှာ သဲလွန်စကတ်ကို အများကြီး ကြိုးစားအားထုတ်ပြီး ရှာခဲ့ရပေမယ့် အခုတော့ ဘာမှမတတ်နိုင်ဘဲ ကူကယ်ရာမဲ့စွာနဲ့ စောင့်ကြည့်ရုံဘဲ တတ်နိုင်တော့သည်။ ဒီခံစားချက်က အရမ်းစိတ်ပျက်ဖို့ကောင်းတယ်!
ဒါပေမယ့် မကြာခင်မှာဘဲ စုန့်ချင်းစုန့်ဆီတွင် အဖြေတစ်ခုပေါ်လာသည်။ သူ့နှုတ်ခမ်းထောင့် အသာတွန့်ကွေးသွားကာ သူ့ရဲ့မျက်နှာချောချောလေးက တောက်ပလာသည်။ သူ့ရဲ့စူပါပါဝါကို အနည်းငယ်သုံးကာ ကြိုးကိုဖြတ်လိုက်သည်။ နောက်တော့ သူဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြိုးတစ်ချောင်းကို အစွမ်းကုန် ဆွဲချလိုက်သည်။
အမြင့်နှင့် ဆွဲငင်အား ကွာခြားမှုကြောင့် အလယ်တွင် ချိတ်ထားသည့် ပိုးအိတ်သုံးလုံးဟာ သူတို့ဘက်က ကြိုးဆီလျှောကျလာပြီး မကြာခင်မှာဘဲ သူတို့လက်ထဲ နာနာခံခံနဲ့ရောက်လာတော့သည်။
“မျှော်လင့်ထားတဲ့အတိုင်း နတ်ဘုရားစုန့်က အထင်ကြီးစရာပဲ!" လက်ထဲတွင် ပိုးအိတ်တွေကို ကိုင်ထားရင်း မော့ချူး မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
.....
"ဘယ်နားမှာလဲ?" စုန့်ချင်းစုန့်က အသာပြုံးကာပြောလိုက်ပြီး မော့ချူးကို ညင်သာတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဒါတွေအားလုံးက မင်းကို ကျေးဇူးတင်ရမှာ။ မဟုတ်လို့ရှိရင် ဒီပိုးအိတ်တွေကို ဘယ်မှာရှာတွေ့မှာတဲ့လဲ"
ဒါကအမှန်ပင်။ အတွေ့အကြုံမရှိတဲ့ မော့ချူးကလွဲလျှင် အခြားသူတွေက ကြည်လင်တဲ့မြစ်ကမ်းတွင် ရှာဖွေရန် အလုပ်များနေကြပြီး သူတို့အပေါ်က သက်တံတံတားကို သတိမထားမိခဲ့ကြပေ။
"လာ၊ တစ်ယောက်တစ်ခုစီ!" ချင်ယွဲ့က အိတ်တစ်လုံးကို မော့ယန်ဆီ ပေးလိုက်ပြီး ကျန်တစ်ခုကို သူ့ရင်ဘက်ထဲမှာ သိမ်းထားလိုက်သည်။
မြေကြီးပေါ်မှာ တစ်ခုတည်းကျန်နေတဲ့ တတိယအိတ်ကတော့ ဝန်ထမ်းဆီကနေ အလျင်အမြန်ကောက်ယူခံလိုက်ရကာ ကြည်လင်တဲ့မြစ်အလယ်တွင် ချိတ်ဆွဲခံလိုက်ရသည်။
ဒီအချိန်တွင် သက်တံ့တံတားက ပျောက်ကွယ်သွားကာ တစ်ဖက်တစ်ချက်စီတွင် အုပ်မိုးထားသည့် အရိပ်တစ်ခုသာ ကျန်ရှိတော့သည်။ ကြိုးနဲ့ပိုးအိတ်တွေလည်း ထပ်ပြီးပျောက်ကွယ်သွားကာ သူတို့ လုံးဝမမြင်ရတော့ပေ။
ဒါကိုကြည့်ခြင်းအားဖြင့် ကျန်းရှောင်ချီနဲ့ တခြားသူတွေ ဒုတိယသဲလွန်စကို ရှာချင်ပါက နောက်တစ်ရက်စောင့်ရလိမ့်မည်ပင်။ လင်ယဲ့ဟုန်က နေရာထိုင်ခင်းတွေပါတယ်လို့ပြောခဲ့တာ အံ့သြစရာမဟုတ်တော့ပေ။ ဒီစည်းချက်က စက္ကန့်တိုင်းကို ထည့်တွက်ရမှာပဲ!
ဒါကိုတွေးမိရင်း မော့ချူးရင်ထဲမှာ မထိန်းနိုင်ဘဲ တင်းကြပ်သွားတော့သည်။ သူမ ချင်ယွဲ့ကို အမြန်ပုတ်လိုက်ပြီး ပြောလိုက်သည်။ "ပိုးအိတ်ကို ထုတ်ပြီး ကြည့်ကြည့်ပါဦး"
“ကောင်းပြီ” ချင်ယွဲ့လည်း ပြန်ဖြေလိုက်ပြီး သူ့အိတ်ကပ်ထဲက ပိုးအိတ်ကို သေချာထုတ်လိုက်သည်။ သူ သဲလွန်စကတ်ကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။ “နေပိုထိရင်ဘာက ပိုစိုစွတ်လာမလဲ လို့ပြောထားတယ်"