← Chapters

အပိုင်း ၁၉၉

Vol. 14 Ch. 199

အပိုင်း ၁၉၉

Vol. 14 Ch. 199

သေစမ်း၊ ဒီမေးခွန်းမှာ တစ်ခုခုမှားမနေဘူးလား! နေရောင်ခြည်နဲ့ ထိရင် တစ်စုံတစ်ခုက ဘယ်လိုနည်းနဲ့ ပိုပြီးစိုစွတ်လာမှာလဲ? ဒါက ယုတ္တိမရှိဘူး! မော့ချူးရဲ့ ဦးနှောက်မှာ တွေးနေရတာကြောင့် ပေါက်ကွဲလုမတတ်ဖြစ်နေပေမယ့် သူမ အခုထိ အဖြေရှာမတွေ့သေးပါချေ။ ချင်ယွဲ့မှာလည်း လဲကျလုနီးပါးပင်။ 'ဒါတွေက ဘယ်လိုမေးခွန်းတွေလဲ' လို့ သူမေးကြည့်သည်။ နည်းနည်းလောက် ပိုပြီးသာမာန်ကျလို့မရဘူးလား?

ဒီအချိန်မှာ ချင်ယွဲ့ဘာတွေးနေလဲဆိုတာ လင်ယဲ့ဟုန်သာသိရင် သူ့ကိုလှောင်ပြောင်နေမှာ သေချာပေါက်ပင်။ လုပ်စမ်းပ့! ပထမဆုံး ရိုးရှင်းတဲ့ ပဟေဠိကိုတောင် မင်းမဖြေရှင်းနိုင်သလို အခုလိုခက်ခဲတဲ့ ပဟေဠိကိုလည်း မဖြေရှင်းနိုင်ဘူး။ ဒါနဲ့တောင် ငါ့ကို အပြစ်လာတင်နေတာလား?

တစ်ဖက်တွင်မူ မော့ချူးမှာ ဒီမေးခွန်းနဲ့ နည်းနည်းရင်းနှီး နေသလို ခံစားလိုက်ရသည်။ ခဏလောက်တွေးပြီးတဲ့နောက်မှာတော့ သူမ မနေနိုင်တော့ဘဲ လှုံ့ဆော်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဒါက အရိုးရှင်းဆုံး ဉာဏ်စမ်းမဟုတ်ဘူးလား? မော့ချူး ဘောပင်ကို ကောက်ကိုင်လိုက်ပြီး သဲလွန်စကတ်အောက်တွင် 'ရေခဲ' ဆိုတဲ့စကားလုံးကို အမြန်ရေးလိုက်သည်။

ချင်ယွဲ့လည်း ချက်ချင်း သဘောပေါက်သွားသည်။ "အိုး ဒါပဲပေါ့!"

ဒါကအမှန်ပဲ။ နေနဲ့ထိတွေ့ရင် ရေခဲတွေက ပိုစိုစွတ်လာမယ် မဟုတ်လား?

"မဆိုးဘူး ကလေးမ၊ မင်းမှာ တောက်ပတဲ့ အနာဂတ်ရှိတယ်!" ချင်ယွဲ့က မျက်နှာတွင် စိတ်လှုပ်ရှားမှုအပြည့်နဲ့ မော့ချူး ခေါင်းကို ပွတ်လိုက်သည်။ “သွားရအောင်၊ ငါတို့နောက်သွားရမယ့်နေရာကို သိပြီ"

တစ်ဖက်တွင်မူ မော့ယန်နဲ့ နတ်ဘုရားစုန့်တို့မှာ ဦးနှောက်ခြောက်နေကြသည်။ အစက ‌မော့ချူး သူတို့ကိုသတိပေးချင်‌ခဲ့ပေမယ့် သူမ ခြေလှမ်းမလှမ်းရသေးခင်မှာဘဲ ချင်ယွဲ့က သူမကိုအတင်းဆွဲခေါ်သွားသည်။

လမ်းမှာ သူက သူမကိုလက်ချာပေးဖို့လည်း မမေ့ပေ “ကလေးမ၊ မင်းစိတ်ပျော့လို့မရဘူး။ ငါတို့ကအခု ပြိုင်ပွဲမှာပြိုင်နေကြတာ၊ ပြိုင်ပွဲဟ! ငါတို့ရဲ့ စောစောကအကူအညီအတွက် တစ်ယောက်နဲ့တစ်ယောက် ပြန်ဆပ်ပြီးသွားပြီ‌လေ။ အခု ငါတို့ရဲ့ ရည်မှန်းချက်က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ဖို့ပဲ!"

ဟမ်... မော့ယန်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ မျက်နှာပြောင်ပြောင်နဲ့ပြောတုန်းကကျ ဘာလို့ဒီလိုမပြောတာလဲ?

"အဟွတ် အဟွတ်!" မော့ချူးနဲ့ ဝိုင်းဝိုင်းတို့ရဲ့ ဝေဖန်နေတဲ့အကြည့်တွေကို မြင်လိုက်ရတော့ ချင်ယွဲ့ဘယ်လောက်ဘဲ အရေထူပါစေ မတတ်နိုင်ဘဲ မျက်နှာနီသွားမိသည်။ သူ အကြိမ်အနည်းငယ်လောက် ချောင်းဆိုးလိုက်ပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

“ငါတို့မှာ ဖက်ဒရယ်ဒင်္ဂါးပြား ၁၀၀ ပဲ ကျန်တော့တယ်။ ယာဉ်စီးခတွေပေးပြီး၊ အစားအသောက်နဲ့ ရေဝယ်ပြီးလို့ရှိရင် မလောက်တော့ဘူး။ ငါတို့ အခု ဘာလုပ်သင့်လဲ?"

ချင်ယွဲ့ ပြောနေရင်းနဲ့ မော့ချူး ရင်ခွင်ထဲက ဝိုင်းဝိုင်းကိုကြည့်လိုက်သည်။ သူဒီလိုဘဲ ထပ်လုပ်ဖို့ တွေးနေတယ်ဆိုတာသိသာလှသည်။

သို့သော် ဒီတစ်ကြိမ်တွင်တော့ ဝိုင်းဝိုင်းတစ်ယောက် သူ့ဖောက်တဲ့လမ်းအတိုင်း လျှောက်ပေးမယ်တဲ့လား?

.....

ဒီသခင်လေးကို လမ်းတွေပေါ်မှာ တကယ် ဖျော်ဖြေခိုင်းရဲတယ်လား? သူ အသက်မရှင်ချင်တော့ဘူး ထင်တယ်?

ဒါကို ဝိုင်းဝိုင်း တွေးမိလိုက်တဲ့အခါ သူ့အမွှေးတွေထောင်လာသည်။ သူ့မျက်လုံးတွေက ချင်ယွဲ့ကို အပြင်းအထန် စိုက်ကြည့်နေသည်။ သူပါးစပ်ဟလိုက်တဲ့အခါ သူ့ရဲ့ချွန်ထက်တဲ့သွားတွေက လူတွေကို တုန်လှုပ်သွားစေသည်။

"ကောင်းပြီ… ငါ…” မော့ချူး ဘာမှမပြောရသေးခင် ချင်ယွဲ့က အရင် နောက်ဆုတ်သွားသည်။ "ငါနောက်ထပ်တစ်နည်း စဉ်းစားလိုက်ဦးမယ်"

ပြောရရင် ချင်ယွဲ့ရဲ့ ဦးနှောက်က တော်တော်လေး သွက်သည်။ မော့ချူး သူမရဲ့ဖန်တစ်ယောက်အတွက် လက်မှတ်ထိုးပေးခဲ့တဲ့ကိစ္စကို သူရုတ်တရက် သတိရသွားသည်။ သူ့မျက်လုံးတွေ မနေနိုင်ဘဲတောက်ပလာကာ သူချက်ချင်းဘဲ အော်ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ လက်မှတ်ကို လိုချင်တဲ့ သူရှိလား? လက်မှတ်တစ်စောင်ကို ဖက်ဒရယ်ဒင်္ဂါးပြား ၁၀၀ ပါ၊ အုပ်စုပုံတစ်ရိုက်မယ်ဆိုရင်တော့ ဖက်ဒရယ်ဒင်္ဂါးပြား ၃၀၀ပါ!”

အိုက်ယား၊ ဒီခြင်္သေ့ပါးစပ်ကတော့ အကျယ်ကြီးဟနေတာပဲ!

သို့ပေမယ့်၊ ချင်ယွဲ့ဆီပြေးလာပြီး အနားကပ်လာတဲ့ ဖန်အနည်းငယ်ရှိသေးသည်။

ချင်ယွဲ့ မော့ချူးကို မျက်ခုံးပင့်ပြလိုက်သည်။ မြင်လား? ဒီအစ်ကိုမှာလည်း ဖန်တွေရှိတယ်!

သို့ပေမယ့် ဒီဖန်တွေ ပါးစပ်ဟလာတဲ့အခါ ချင်ယွဲ့ရဲ့ ဂုဏ်ယူဝင့်ကြွားနေတဲ့ မျက်နှာမှာ ချက်ချင်း အေးခဲသွားတော့သည်။ "ကံကောင်းတဲ့ကြယ်လေးနဲ့ ဓာတ်ပုံရိုက်ရင်ရော ဘယ်လောက်ကျမလဲ မေးလို့ရမလား?"

ဒီအစ်ကိုကလည်း idol တစ်ယောက်ပါပဲလို့၊ ဒီအစ်ကိုက မော့ချူးရဲ့မန်နေဂျာမဟုတ်ဘူး!

အနည်းငယ် ကြမ်းတမ်းတဲ့ သူ့မျက်နှာကို ထိကြည့်လိုက်ပြီး မော့ချူးရဲ့ဖြူဖွေးကြည်လင်တဲ့ပုံစံကို ကြည့်လိုက်ကာ ချင်ယွဲ့ ငိုချင်လာပေမယ့် မျက်ရည်တွေ ထွက်မလာပါချေ။ အဆုံးမှာတော့ သူအံကြိတ်ထားရုံသာတတ်နိုင်တော့သည်။

"ကံကောင်းတဲ့ကြယ်လေးနဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ စျေးနှုန်းက နှစ်ဆတိုးလာပါမယ်!" မင်းတို့အားလုံးကို ငါမထီမဲ့မြင်ပြုကြတယ်။ ဒီတစ်ခါတော့ ငါ ပိုက်ဆံအများကြီးရှာပစ်မယ်!

ချင်ယွဲ့ရဲ့ အတွေးတွေလည်း တစ်ဖန်ပြန်ကျသွားသည်။ ဒီဖန်တွေကတော့ ဈေးကြီးတယ်လို့ မခံစားရဘဲ အရမ်းစိတ်လှုပ်ရှားနေကြတဲ့ပုံပင်။ သူတို့က ချက်ချင်း သဘောတူလိုက်ကြသည်။ "ကောင်းပြီ ကိစ္စမရှိပါဘူး!"

နောက်တော့ မော့ချူးဆီ ပြေးသွားကြတော့သည်။ သူမ သတိပြန်မဝင်လာခင်မှာဘဲ ဓာတ်ပုံရိုက်သံတွေကို ကြားလိုက်ရသည်။ အဖွဲ့လိုက် ဓာတ်ပုံတချို့ ရိုက်ပြီးသွားပြီဖြစ်သည်။ ဒီဟာကြောင့် တချို့ဓာတ်ပုံထဲတွင် မော့ချူးတစ်ယောက် နည်းနည်း အံ့အားသင့်နေပုံက သူမကို ပိုလို့ပင် ချစ်စရာကောင်းသွားစေသည်။

စိတ်ထိခိုက်နေခဲ့တဲ့ ချင်ယွဲ့မှာ ငွေရေးကြေးရေးမန်နေဂျာတစ်ယောက်အဖြစ် သဘာဝကျကျနဲ့ ငွေအားလုံးကို သိမ်းဆည်းလိုက်တော့သည်။

သူတို့လက်ထဲက အဖွဲ့လိုက်ဓာတ်ပုံကိုမြင်တဲ့အခါ တခြားဖန်တွေလည်း အားကျမနာလို ဖြစ်သွားကြသည်။တစ်ယောက်ပြီးတစ်ယောက် ပြေးတက်လာကြပြီး ကံကောင်းတဲ့ကြယ်လေးနဲ့ ဓာတ်ပုံရိုက်ချင်တယ်လို့ အော်ဟစ်လာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာဘဲ လူအုပ်ကြီးက တိုးလာသည်။

ချင်ယွဲ့လည်း အခြေအနေမကောင်းတော့တာကိုမြင်တော့ မော့ချူးကို ချက်ချင်းဆွဲထုတ်ကာ ပြေးထွက်လာလိုက်သည်။

အိုက်ယား... ဖန်တွေ အရမ်းစိတ်အားထက်သန်လွန်းတာလည်း မကောင်းဘူးဘဲ! သူတို့သာ ဂရုမစိုက်မိရင် ဝိုင်းပြီး အမဲဖြတ်ခံရလိမ့်မှာ! ချင်ယွဲ့တစ်ယောက် သူ နာမည်မကြီးတာကို ဝမ်းသာမိတာ ဒါပထမဆုံးအကြိမ်ပင်။ သူ မတတ်နိုင်ဘဲ ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချမိလိုက်သည်။

All Chapters