← Chapters

အပိုင်း ၂၀၀

Vol. 14 Ch. 200

အပိုင်း ၂၀၀

Vol. 14 Ch. 200

ခရိုင် ၅ တွင် အထူးရာသီဥတုရှိသည်။ ၎င်းသည် 'မနက်ဘက်တွင် ဂွမ်းအနွေးထည်ဝတ်ကာ နေ့ခင်းတွင်တော့ ပါးလွှာသည့် အဝတ်အစားတွေ ဝတ်ရသည့်' ရာသီဥတုမျိုးဖြစ်သည်။ သို့ပေမယ့်၊ ခရိုင် ၅ ရှိ မြောက်ဘက်ဆုံးပိုင်းတွင် ရေခဲမြို့တော် ဟုနာမည်ကြီးသည့် မြို့ငယ်လေးတစ်မြို့ရှိသည်။ နာမည်အတိုင်း၊ ၎င်းမြို့၏ အထူးတလည် ပထဝီဝင်တည်နေရာကြောင့် တစ်နှစ်ပတ်လုံးအေး‌မြကာ နှင်းတွေရေခဲတွေဖြင့် ဖုံးလွှမ်းနေတတ်သည်။ ဖောက်ထွင်းမြင်ရသည့် ရေခဲနှင့်နှင်းကမ္ဘာလိုပင်။

အဲ့ဒါဟာ သူတို့ ဒုတိယမြောက်ဦးတည်ရမည့်နေရာပင်။

ရေခဲမြို့တော်က ကြည်လင်တဲ့မြစ်နှင့် အရမ်းဝေးသည်။ မော့ချူးနဲ့ ချင်ယွဲ့တို့မှာ အမြန်ဆုံး သယ်ယူပို့ဆောင်ရေးယာဉ်ကို စီးခဲ့သော်လည်း သူတို့အဲ့ဒီကိုရောက်တဲ့အချိန် မှောင်စပြုနေပြီဖြစ်သည်။

နေ့လယ်ပိုင်း ပူပြင်းလှသည့်နေရောင်မှသည် အေးစက်လှသည့် အအေးဓာတ် ပြောင်းသွားသည့်အခါ သူတို့နှစ်ယောက်မှာ မခံနိုင်တော့ပေ။ သူတို့တွေ ဂွမ်းအနွေးထည်တွေအမြန်ဝယ်ကာ ဝတ်လိုက်မှ နွေးလာတော့သည်။

သူမရဲ့ အခြေခံကိုယ်အပူချိန်ညီလာမှ မော့ချူးလည်း သူမအရှေ့မှ အလှတရားကို ရှုစားရတော့သည်။

၂၁ ရာစုတွင် သူမက တောင်ဘက်ပိုင်းမှာနေတာဖြစ်သည်။ သူမတွေ့ဖူးခဲ့တဲ့ နှင်းထုအကြီးဆုံးဟာ အမြှုပ်ဖြစ်နေသည့် နှင်းပုံစံမျိုးသာဖြစ်ကာ သူမ ရှုထုတ်လိုက်သည့် လေပူကြောင့်လက်ထဲမှာတင် အရည်ပျော်သွားတတ်သည်။ အဖွဲ့ချုပ်တွင် ဒီလိုမျိုးနှင်းအများအပြားကျတာကို သူမတကယ်ကြီး တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပါချေ။ သူမ အရမ်းစိတ်လှုပ်ရှားလွန်းလို့ မျက်နှာတွေပါ နီရဲလာသည်။

ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ နှင်းတွေဟာ သူမခြေကျင်းဝတ်ထိရှိကာ နှင်းကို နင်းမိတဲ့အသံတောင်ထွက်လာသည်။ မော့ချူး ကုန်းလိုက်ကာ လက်ထဲတွင်နှင်းဘောလုံးတစ်လုံး လုံးလိုက်သည်။ သူမလက်ထဲတွင် နှင်းဘောလုံးအလေးချိန်ကို ခံစားနေရပြီး သူမရဲ့စိတ်အခြေအနေကလည်း ချက်ချင်းတက်ကြွလာသည်။ ရုတ်တရက်၊ သူမ မျက်လုံးသေးသေးလေးတွေက တောက်ပလာကာ ဝှီးခနဲအသံနဲ့အတူ သူမလက်ထဲကနှင်းဘောလုံးကို ချင်ယွဲ့ကိုယ်ဆီ ပစ်ပေါက်လိုက်သည်!

ချင်ယွဲ့ဘက်မှာတော့ သူက စိတ်အနှောင့်အယှက်ဖြစ်နေသေးသည်! ဒီရေခဲမြို့တော်က သေးလည်းမသေးလွန်းသလို ကြီးလည်းမကြီးဘဲ အရမ်းကိုးရိုးကားယားနိုင်သည်။ သို့ပေမယ့် ဒီမှာ သုံးလေးငါးရက် နေကာ သဲလွန်စတွေ ရှာရဦးမှာက ပုံမှန်ပင်။ အချိန်တစ်ပတ်လောက် ဖြုန်းရတာက သိပ်မများလွန်း....ရုတ်တရက်၊ သူသတိလက်လွတ်ဖြစ်သွားကာ သူ့မျက်နှာပေါ်တွင် စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ နှင်းပွင့်လေးတွေ သူ့မျက်စိရှေ့ တဖြည််းဖြည်း ဖြတ်ဆင်းလာတာ တွေ့လိုက်ရသည်!

တစ်ခဏလောက် ကြောင်အနေပြီးတဲ့နောက်၊ နောက်ဆုံးတော့ ချင်ယွဲ့တုံ့ပြန်လာသည်။ ဒီကောင်မလေး မော့ချူးဆီကနေ သူချုံခိုတိုက်ခံလိုက်ရတာပဲ! အဓိက ကတော့ သူ့ရဲ့ချောမောကြည့်ကောင်းတဲ့ မျက်နှာကို ထိအောင်ပစ်လိုက်တာ! ချင်ယွဲ့က သရော်သလို ရယ်လိုက်သည်။ သူငုံ့လိုက်ကာ နှင်းဘောလုံးနှစ်လုံးကို အမြန်လုံးလိုက်ပြီး မော့ချူးဆီ တိုက်ရိုက်ပစ်ထည့်လိုက်သည်။

သို့ပေမယ့်၊ မော့ချူးက သတိအပြည့်ကပ်ထားသည်။ သူမ အသာခုန်လိုက်ကာ ချင်ယွဲ့ရဲ့ နှင်းဘောလုံးနှစ်လုံးကို အောင်အောင်မြင်မြင်နဲ့ ရှောင်လိုက်နိုင်သည်။

သူမရဲ့မျက်နှာပေါ်က အပြုံးက နက်ရှိုင်းလာကာ သူမမျက်လုံးတွေက တောက်လောင်လာသည်။ သူမရဲ့တစ်ကိုယ်လုံးက နှင်းနတ်သူငယ်လိုမျိုး ပေါ့ပါးဖျတ်လတ်နေသည်။ သူမရဲ့ဂွမ်းအနွေးထည်အနီနဲ့အတူ သူမက ဒီရေခဲတိုင်းပြည်ထဲတွင် ရိုးရိုးရှင်းရှင်းကို မျက်စိဖမ်းစားလှသည်။

ချင်ယွဲ့ ဒါကိုမြင်တော့နည်းနည်း ကြောင်အသွားသည်။ ရုတ်တရက်၊ ဖတ် ခနဲအသံနဲ့အတူ နောက်ထပ် လက်သီးအရွယ်နှင်းဘောလုံးက သူ့ခေါင်းကိုလာထိကာ သူ့ခေါင်းကိုပါ စောင်းသွားစေသည်!

ဘယ်သူလဲ?

ချင်ယွဲ့နဲ့ မော့ချူးတို့နှစ်ယောက်လုံး တစ်ခဏလောက်ကြောင်သွားမိသည်။ သူတို့လှည့်ကြည့်လိုက်တော့ တကယ်ကြီး စနောက်နေတဲ့ ဝိုင်းဝိုင်းကို တွေ့လိုက်ရသည်။

သူမ တစ်မူထူးတဲ့ ရာသီဥတုအခြေအနေကို မြင်လိုက်ရတဲ့အချိန် ဝိုင်းဝိုင်းတစ်ယောက် မော့ချူး ရင်ခွင်ထဲကနေ ချက်ချင်းခုန်ချလိုက်သည်။ သူ့ရဲ့အမွှေးထူထူတွေကြောင့် သူက အအေးဓာတ်ကို လုံးဝမကြောက်သလို နှင်းထဲမှာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ အကြိမ်အနည်းငယ်လောက် လူးလှိမ့်လိုက်သေးသည်။

ချင်ယွဲ့ မော့ချူးကို ပြန်လက်တုံ့ပြန်လိုက်တာကို သူမြင်တော့ သူ့လက်လေးနဲ့ နှင်းဘောလုံး အကြီးကြီးလုပ်လိုက်သည်။ ချင်ယွဲ့ရဲ့ မပြင်ဆင်ထားတဲ့အခြေအနေကိုအခွင့်ကောင်းယူကာ သူ့နှင်းဘောလုံးနဲ့ မညှာမတာပစ်ထည့်လိုက်သည်။

ဒီလိုနဲ့၊ လူနှစ်ယောက်နဲ့ သားရဲတစ်ကောင်မှာ လုံးဝကိုတိုက်ပွဲဝင်ကြတော့သည်။ နှင်းဘောလုံးတချို့မှာ နှင်းတွေနှင့် မြေပြင်ပေါ် အချိန်နဲ့အမျှ ပျံတက်လာကြကာ နာကျင်တဲ့အော်သံတချို့နဲ့အတူ ဟက်ဟက်ပက်ပက် ရယ်သံ‌တွေကပါ လိုက်ပါလာကြသည်။ လွှင့်ပျံနေကြတဲ့နှင်းလုံးတွေက ပိုပြီးခပ်ဝေးဝေးကို လွှင့်ပျံနေကြသည်...

သူတို့အနောက်မှာ ရိုက်ကူးနေကြတဲ့ ဝန်ထမ်းတွေအားလုံး သူတို့ကိုအားကျ‌နေကြသည်! သို့သော်လည်း သူတို့အလုပ်တွေကိုပစ်ပြီး သူတို့နဲ့အတူ လိုက်ကစားလို့မရပါချေ။ သူတို့မှာ မရပ်မနား တွတ်ထိုးပြောရုံသာတတ်နိုင်သည်။ "ဒါက ပြိုင်ပွဲနော်၊ ပြိုင်ပွဲ.... သူတို့ဘာလို့ကစားနေကြတာလဲ? ဘာကစားစရာရှိလို့လဲ?....ဒါပေမယ့် ငါတို့ကိုလည်း ခေါ်လို့ရမလား?!"

မော့ချူးနဲ့ ကျန်သူတွေမှာ ဝန်ထမ်းတွေဘာတွေးနေကြလဲမသိပါချေ။ သူတို့တွေ ချွေးတစ်ပုံတစ်ခေါင်းထွက်လာမှဘဲ နှင်းဘောလုံးတိုက်ပွဲကို ဖျက်သိမ်းလိုက်သည်။

သူတို့ရပ်လိုက်တဲ့အချိန် နည်းနည်းအေးလာသည်။ သူတို့နှစ်ယောက် ဂွမ်းအနွေးထည်တွေကို အမြန်ဝတ်လိုက်ကာ ‌ခေါင်းစွပ် စွပ်လိုက်ကြသည်။ သူတို့တွေက အပြည့်အဝကို ဝတ်ထားကြသည်။ သူတို့တွေကို မှတ်မိဖို့မပြောနဲ့ သူတို့ပုံစံနဲ့ ယောက်ျားလား မိန်းမလားဆိုတာကိုတောင် မပြောနိုင်ပေ။

All Chapters