အပိုင်း ၂၀၁
Vol. 14 Ch. 201
"အူး-" ဒါက အရမ်းပျော်စရာကောင်းတယ်၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်! ဝိုင်းဝိုင်းက စိတ်လှုပ်ရှားစွာဖြင့် ပြေးလာကာ သူ့အမြှီးကို လှုပ်ရမ်းနေရင်း မော့ချူးနောက်ကို လိုက်သွားသည်။ ဒါကကြည့်ရတာ အရမ်းချစ်စရာကောင်းသည်!
ဒီအချိန်မှာ ချင်ယွဲ့တစ်ယောက် လုံးဝကိုပင်ပန်းနေသည်။ သူ့လို ယောက်ျားလေးတစ်ယောက်က နှင်းဘောလုံးတိုက်ပွဲမှာ မော့ချူးလို ကလေးမကို မရှုံးပေမယ့် အဓိကကတော့ ဝိုင်းဝိုင်းရှိနေတာပင်! ဒီကောင်လေးက တကယ်အညှာအတာ မဲ့လှသည်။ အကြိမ်တိုင်း သူပစ်လိုက်တဲ့ နှင်းဘောလုံးဟာ သူ့ကိုလာလာထိသည်။ တကယ်ကို သူတို့ပျော်ပျော်ကစားနိုင်ပါ့တော့မလား?
နှစ်ယောက်သား လမ်းတစ်လျှောက် လျှောက်လာကြကာ မကြာခင်မှာဘဲ ရေခဲမြို့တော်ရှိ ကြီးကျယ်သည့်ဟိုတယ်ဆီ ရောက်လာကြသည်။ အပြင်အဆင်က အရမ်းစိတ်ဝင်စားဖို့ကောင်းသည်။ အရင်ဆုံး၊ ချင်ယွဲ့မှာဟိတ်ဟန်ထုတ်ကာ လျှောက်လာပေမယ့် အဆုံးမှာတော့ နှစ်မိနစ်လောက်တောင်မရှိပေ။ စိတ်ဓာတ်ကျစွာနဲ့ ထွက်လာတော့သည်။ ရွေးချယ်စရာမရှိပါချေ၊ ဒီနေရာကအရမ်းဈေးကြီးလွန်းသည်။ သူတို့တွေ ဒီနေရာမှာနေဖို့ မတတ်နိုင်ဘူး!
သူ့အိတ်ကပ်ထဲက ပိုက်ဆံကိုကြည့်ရင်း ချင်ယွဲ့မနေနိုင်ဘဲ နှုတ်ခမ်းစူမိတော့သည်။ အရင်ကတော့၊ သူ့ကိုယ်သူ သူဌေးကြီးလို့ထင်ခဲ့မိပေမယ့် အခုတော့ ဒီပိုက်ဆံပမာဏနည်းနည်းလေးက သူနဲ့ မော့ချူးတို့ တည်းခိုဖို့အတွက်တောင် မလောက်ပါချေ!
ရေခဲနဲ့ နှင်းတွေအလယ်မှာရပ်ရင်း နှစ်ယောက်သား တစ်ယောက်ကို ကြည့်လိုက်ကြကာ ကူကယ်ရာမဲ့စွာနဲ့ သူတို့လက်တွေကို ဖြန့်လိုက်ကြသည်။ သူတို့ဘာလုပ်သင့်လဲ? သူတို့ဒီည လမ်းပေါ်မှာတော့ မအိပ်နိုင်ဘူးလေ!
ဒီအချိန်အတန့်မှာ၊ ကြင်နာတတ်တဲ့ လူတစ်ယောက်က ဖြတ်လာပြီး သူတို့အတွက် လမ်းပြပေးလာသည်။ "မင်းတို့တွေ ပိုက်ဆံမလောက်ရင် အဲ့ဒီအနောက်ဘက်ကိုသွား။ အဲ့ဒီမှာ ဟိုတယ်အသေးလေးတွေရှိတယ်၊ ဈေးနှုန်းလည်းသင့်တယ်"
မော့ချူးနဲ့ ချင်ယွဲ့တို့ အဲ့ဒီလူကိုအမြန် ကျေးဇူးတင်လိုက်ကာ သူပြတဲ့လမ်းကြားဘက်ကို သွားလိုက်သည်။ သူတို့ မီတာ နှစ်ရာသုံးရာလောက် လျှောက်လိုက်ရကာ ဟိုတယ်အသေးလေးတစ်လုံးကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်က သန့်ရှင်းသည်သာမက အဓိကကတော့ ဈေးတော်တာပင်! သူတို့ပိုက်ဆံရဲ့ သုံးပုံကို သုံးလိုက်ပြီးတဲ့နောက် အခန်းနှစ်ခန်းမှာ နေလို့ရသွားတော့သည်။ ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်အချိုးမှာ အရမ်းမြင့်သည်!
"အိုက်ယား၊ ဒီကောင်မလေးက တကယ်ချစ်စရာလေးဘဲ!" သူတို့နှစ်ယောက် ဟိုတယ်ထဲဝင်လာကာ အနွေးထည်တွေနဲ့ မက်စ်တွေကို ချွတ်လိုက်တော့ သူတို့ရဲ့ပုံစံအမှန်က ပေါ်လာသည်။ ဟိုတယ်ရဲ့ သူဌေးမက မော့ချူးကိုကြည့်ကာ အပြုံးဖြင့်ချီးကျူးလိုက်သည်။ "သူက ကံကောင်းတဲ့ကြယ်လေးနဲ့ တကယ်တူတာဘဲ"
"တကယ်လား?" မော့ချူး ပြန်မပြောရသေးခင် ချင်ယွဲ့က အပြုံးနဲ့ ဖြတ်ပြောလိုက်သည်။ "ဒါက ကျွန်တော့်ညီမလေ၊ သူက ကျွန်တော်နဲ့တူတယ်မဟုတ်လား?"
"အင်း...." သူဌေးမက ရိုးသားတဲ့သူဖြစ်လိမ့်မယ်။ သူ့စိတ်ကိုဆန့်ကျင်ပြီးတော့ သူပြောမှာတော့ မဟုတ်လောက်ဘူးမလား? တစ်ယောက် အကောင်ကြီးကြီးနှင့် သန်သန်မာမာရှိကာ တစ်ယောက်ကတော့ ချစ်သရာကောင်းပြီး နူးညံ့လှသည်။ ကွာခြားချက်က တကယ်ကြီးတယ် ဟုတ်ရဲ့လား?
သူဌေးမက ရိုးရိုးရှင်းရှင်းကို အကြောင်းအရာပြောလိုက်သည်။ "အင်း... မင်းတို့တွေ ဒီကိုလာလည်ကြတာမဟုတ်လား? မင်းတို့တွေ ငါတို့မြို့က ဒီလို ဆယ်စုနှစ်မှတစ်ခါ ကျင်းပတဲ့ ရေခဲပန်းပုပွဲတော်နဲ့ လာဆုံတာ ကံကောင်းတာဘဲ!"
"ရေခဲပန်းပုပွဲတော်?" မော့ချူးမျက်လုံးတွေ တောက်ပသွားသည်။ "ဒါဆို ဘယ်အချိန်စမှာလဲ? ပုံမှန်ဆို ဘယ်လောက်ထိကြာလဲဟင်?"
ပြောရလျှင်၊ သူဌေးမက အရမ်းဂုဏ်ယူနေသည်။ သူမရဲ့မျက်လုံးတွေက အသာတောက်ပလာကာ ပြောလာသည်။ "ငါတို့ရဲ့ ရေခဲပန်းပုပွဲတော်က လှလွန်းလို့ နာမည်ကြီးတယ်လေ! ဒီတော့ ဒီနေ့ည ရှစ်နာရီလောက်စလိမ့်မယ် ပြီးတော့ တစ်ပတ်လောက်ကြာလိမ့်မယ်!"
ဒါကိုကြားတော့ မော့ချူးနဲ့ ချင်ယွဲ့မှာ မနေနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားကြသည်။ ဒါကအခွင့်အရေးပဲ!
ညနေခင် ခြောက်နာရီလောက်သာ ရှိသေးသည်။ နှစ်ယောက်သား တစ်ခဏလောက် ဆွေးနွေးလိုက်ကြကာ အားပြန်ဖြည့်ရင်း ခဏလောက်အနားယူဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့နိုးလာတဲ့အခါ ဒီညရဲ့စစ်မြေပြင်ဆီ အပြေးအလွှားသွားကြမည်။
တစ်နေ့လုံး သူတို့ ပြေးလိုက် ခုန်လိုက် ကားစီးလိုက် နှင်းဘောလုံးတွေနဲ့ တိုက်ခိုက်ကြ လုပ်ခဲ့ကြသည်။ သူတို့ရဲ့အားတွေလည်း ကုန်ခမ်းလုနီးနီးပင်။ ဒါကြောင့်၊ သူတို့ဝယ်လာတဲ့ အစားအသောက်တွေကို ခွဲကာ သူတို့အခန်းဆီ အပြေးသွားကြတော့သည်။
မော့ချူးမှာ အရမ်းပင်ပန်းလွန်းလို့ အိပ်ယာပေါ်လှဲချပစ်လိုက်သည်။ သို့ပေမယ့်၊ ဝိုင်းဝိုင်းကတော့ လုံးဝအားပြည့်နေသေးသည်! သူက ကုတင်ပေါ်တွင် နာနာခံခံထိုင်နေကာ သူ့ရဲ့ အနီတောက်တောက်မျက်လုံးတွေက ညဘက်တွင် တောက်ပနေတဲ့ ပတ္တမြားတွေလိုပင်။
မော့ချူး သူ့ကိုဖက်လိုက်ပြီး သူ့ခေါင်းလေးကို ညင်ညင်သာသာ ပုတ်လိုက်သည်။ "နင်ဘာလို့ အခုထိ မအိပ်သေးတာလဲ? ညကျရင် နင်လုပ်ရမှာတွေ အများကြီးရှိသေးတယ်!"
"အာဝူး-" ဝိုင်းဝိုင်းက စိတ်လှုပ်ရှားနေဆဲပင်။ သို့သော်၊ မော့ချူးရဲ့ စင်းနေတဲ့မျက်လုံးတွေကို သူမြင်တော့ ထပ်ပြီး နာနာခံခံဖြစ်လာသည်။ သူက မျက်လုံးတွေကိုမှိတ်ကာ သူမနဲ့အတူ အိပ်ဖို့လုပ်လိုက်သည်။