← Chapters

အပိုင်း ၂၀၂

Vol. 14 Ch. 202

အပိုင်း ၂၀၂

Vol. 14 Ch. 202

ည ၈ နာရီမှာ သူတို့ နှစ်ယောက် အချိန်ကိုက်လမ်းပေါ် ထွက်ခဲ့ကြသည်။

မြို့ငယ်လေးရဲ့ အလယ်ဗဟိုနေရာကို ရောက်တဲ့အခါ သူတို့မနေနိုင်ဘဲ အံ့အားသင့်သွားမိသည်။

အို ဘုရားရေ၊ ဒါက တကယ်.... အရမ်းလှတာပဲ!

ပတ်ပတ်လည်တွင် နှင်းတွေပြည့်နေသည်။ ကြီးမားတဲ့ အကွက်တွေကို ဆဋ္ဌဂံပုံစံဖြင့်ပင် ရှင်းရှင်းလင်းလင်း မြင်ရသည်။ လမ်းကို ငုံ့ကြည့်လိုက်တော့ နံဘေးတွင် ရေခဲပန်းပုရုပ် အစုံအလင်ကို တည်ထားကြသည်။ အားလုံးက အသက်ပါကာ ဖောက်ထွင်းမြင်နေရပြီး ကြည်လင်လှကာ ဒဏ္ဍာရီလာနယ်မြေတစ်ခုလိုပင်။

"အရမ်းလှတာပဲ!" မော့ချူးမှာ ရေခဲပန်းပုရုပ်တွေဆီကနေ လုံးဝကို ဖမ်းစားခံလိုက်ရသည်။ သူမရှေ့ရှိ ရေခဲပန်းပုရုပ်ဟာ လေပြင်းမုန်တိုင်းသားရဲ ဖြစ်သည်။ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကို မပြောနဲ့ဦး သူ့ရဲ့တောင်ပံတွေက ပုံစံကွက်တွေကိုတောင် ရှင်းလင်းစွာ ထွင်းထုထားသည်။ သူ့ရဲ့လျင်မြန်ပြီး တောင့်တင်းလှသည့် ကိုယ်ဟန်အနေအထားဟာ သူ့ရဲ့အတောင်ပံတွေနှင့်အတူ အဝေးကိုပျံသွားတော့မယောင်ပင်။

ညက မှောင်နေပေမယ့် ဘေးက မီးတွေကတော့ ရောင်စုံလှသည်။ အလင်းရောင်တွေက ရေခဲရုပ်ထုကို ထိသည့်အခါ၊ ပိုလို့တောင် အသက်ဝင်လှပလာသည်။

"အာဝူး အာဝူး-" ဝိုင်းဝိုင်း သေချာကြည့်ကာ နှုတ်ခမ်းစူလိုက်သည်။ သူက မလိုလားသလို အော်လိုက်သည်။ လေပြင်းမုန်တိုင်းသားရဲတောင် ရေခဲရုပ်ထုရှိတယ်။ ဒီသခင်လေးရဲ့ရုပ်တုကရော ဘယ်မလဲ?

"ကောင်းပြီ၊ ကြည့်နေတာကို ရပ်လိုက်တော့!" မော့ချူးရဲ့ အကြည့်တွေထဲ စူးစမ်းလိုစိတ်ဖြင့် ပြည့်နှက်နေသည်။ သူမ လှမ်းထိဖို့လုပ်တဲ့အချိန် ချင်ယွဲ့ဆီက‌နေ အတင်းဆွဲခေါ်သွားခံလိုက်ရသည်။ သူက လေသံကြမ်းကြမ်းနဲ့ပြောလိုက်သည်။ “ကလေးမ၊ ငါတို့ အခုအချိန်ကနေ ဖိအားပေးခံနေရတယ်။ မစ်ရှင်ကို အရင်ပြီးအောင်လုပ်ရအောင်”

ချင်ယွဲ့ရဲ့ လက်အားက အတော်လေး ပြင်းသည်။ မော့ချူးက သေးသေးသွယ်သွယ်လေးဖြစ်သည်။ သူမမှာ သူ့ဆီကနေ လုံးဝဆွဲခေါ်သွားခံလိုက်ရသည်။ သူမ မနေနိုင်ဘဲ ချင်ယွဲ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။ သူ Single ဖြစ်နေတာ မဆန်းတော့ဘူး။ သူက တကယ်ကိုအနုပညာလက်ရာ မခံစားတတ်ဘူးဘဲ!

"အမ်... သဲလွန်စကတ်က ဒီမှာရှိလိမ့်မယ်!" ချင်ယွဲ့မှာ မော့ချူးရဲ့အကြည့်တွေထဲက အထင်အမြင်သေးမှုကို လုံးဝသတိမထားမိပေ။ အဲ့ဒီအချိန်မှာ၊ ချင်ယွဲ့တစ်ယောက်ကတော့ နေရာတိုင်းမှာ သဲလွန်စတွေရှာဖို့ ဘယ်ကြည့်ညာကြည့်လုပ်ရင်း အလုပ်များနေသည်။

လမ်းက သိပ်မရှည်ပေမယ့် လမ်းဘေးနှစ်ဖက်တွင်တော့ ရေခဲပန်းပုရုပ်များစွာရှိသည်။ ညဘက်တွင် တောက်ပနေတဲ့ မီးရောင်တွေကိုပါ ထပ်ပေါင်းထည့်လိုက်တော့ ချင်ယွဲ့တစ်ယောက် ခဏလောက် လိုက်ကြည့်ပြီးတာနဲ့ မူးဝေလာသည်။ သူက မော့ချူကို သူ့ဘေးနားကို လှမ်းဆွဲလိုက်ပြီး "မင်း တစ်ခုခုရှာတွေ့လား?"

“မတွေ့ဘူး” မော့ချူး ခေါင်းခါပြလိုက်သည်။ သူမကပြောရင်းနဲ့ စိတ်ဓာတ်ကျနေတဲ့ပုံပင်။ "ဒီသဲလွန်စကတ်ကို ဘယ်မှာဝှက်ထားနိုင်လောက်မယ် ရှင်ထင်လဲ?"

"ဟမ့်" ချင်ယွဲ့က အေးစက်စက်နဲ့ နှာမှုတ်လိုက်သည်။ သူ့စိတ်ထဲမှာ လင်ယဲ့ဟုန်အ‌ပေါ် နာကြည်းမှူအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ဒီလို မိုက်မဲတဲ့ အကြံအစည်ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ ဒီလူရဲ့ ဦးနှောက်က ဘယ်လိုအလုပ်လုပ်နေလဲဆိုတာ မသိဘူး။ “ဖွက်ထားလို့ရတဲ့ နေရာတွေ အများကြီးရှိတယ်။ ပြီးတော့၊ ရေခဲပြင်ကြီးက ဒီလောက်ကျယ်တာ"

သူတို့နှစ်ယောက် ဆွေးနွေးနေကြသည်။ အဆုံးမှာ သူတို့တွေ နတ်ဘုရားစုန့်နဲ့ ဝင်တိုးသည်။ မတတ်နိုင်ဘဲ သူတို့တွေ အံ့ဩသွားကြသည်။ "မင်းတို့တွေ ခပ်မြန်မြန် မှီလာကြတာလား?"

မော့ယန် ရယ်လိုက်သည်။ "ဒါတွေအားလုံးက ငါ့ idol ရဲ့ အရည်အချင်းတွေကြောင့်ပဲ"

တကယ်ပင်။ သူတို့နှစ်ယောက်မှာ အစောကမေးခွန်းကို ခန့်မှန်းရဖို့ ဦးနှောက်ခြောက်ခဲ့ရသည်။ သူတို့မှာ ပိုက်ဆံအတွက် စိတ်ပူခဲ့ကြပေမယ့်၊ ချင်းဟူကနေ ထွက်လာပြီးတဲ့နောက် စုန့်ချင်းစုန့်ရဲ့ အမာခံပရိသတ်တစ်ယောက်နဲ့ စုံမိကြသည်။ ဘာတစ်ခွန်းမှမပြောဘဲ ရေခဲမြို့တော်ကို ပို့ပေးလိုက်သည်။ ဒါတင်မကသေးဘဲ တည်းခိုခန်းတွေကိုလည်း စိတ်ပါလက်ပါ စီစဉ်ပေးခဲ့ကြသည်။ သူတို့မှာ အမြင့်ဆုံးအထိ အရေးပေးခံခဲ့ရသည်!

"အဲဒီလောက်တောင် ကောင်းတာလား?" ဒီစကားတွေကိုကြားလိုက်ရတော့ ချင်ယွဲ့ရင်ထဲ နားမလည်နိုင်တဲ့ ဝမ်းနည်းမှုတစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ သူ့မှာ အဖွဲ့လိုက်ဓာတ်ပုံအတွက် လက်မှတ်တစ်စောင်တောင် မရောင်းလိုက်ရသေးဘဲ နတ်ဘုရားစုန့်ရဲ့ ပရိတ်သတ်တွေက သူ့ကို လုံးလုံးလျားလျား ပစ်ပေါက်လိုက်ကြသည်။ လူသားတွေကြားမှာ ဒီလောက်ကြီးမားတဲ့ကွာခြားချက်မျိုး ဘယ်လိုတောင်ရှိနေတာလဲ?

အဲ့ဒီအချိန် ဝိုင်းဝိုင်းတစ်‌ယောက် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ သူက မော့ချူးရဲ့အဝတ်အစားတွေကို သူ့ရဲ့ခြေသည်းသေးသေးလေးတွေနဲ့ ကုတ်ခြစ်နေပြီး ကျန်တစ်ဖက်က တောက်ပသောမျက်လုံးတွေနဲ့ သူမကို ဆွဲခေါ်နေသည်။

“အသေးလေး၊ ပြဿနာမရှာနဲ့နော်!" ချင်ယွဲ့ရဲ့ မျက်နှာပေါ်မှာ ခါးသီးတဲ့အမူအရာရှိနေသည်။ သူကုန်းကာ ဝိုင်းဝိုင်းကိုချီမလို့ လုပ်လိုက်တဲ့အချိန် ဝိုင်းဝိုင်းက ခပ်သွက်သွက် ရှောင်လိုက်သည်။

ဝိုင်းဝိုင် သူ့မျက်နှာလေးကို မော့ကာ ချင်ယွဲ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ ဘယ်လောက် မုန်းစရာကောင်းလိုက်တဲ့ လူသားလဲ! ဘယ်သူက ခွင့်မတောင်းဘဲ ငါ့ကိုထိခိုင်းလို့လဲ?

မော့ချူးမှာ ဝိုင်းဝိုင်းနဲ့ စိတ်ချင်းဆက်သွယ်နိုင်စွမ်းရှိကာ သူမက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဘာတွေ့လိုက်လို့လဲ?"

ချူးလေးက ဉာဏ်အကောင်းဆုံးဘဲ! ဝိုင်းဝိုင်းရဲ့ မျက်လုံးတွေ တောက်ပလာပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

မော့ချူး ဝိုင်းဝိုင်းရဲ့နောက်ကို ချက်ချင်းလိုက်သွားလိုက်သည်။ ချင်ယွဲ့က သူမကို တားချင်သည်။ ဒီကလေးမလေးက ငယ်သေးတာကို ဘယ်လိုလုပ် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ရဲ့စကားနားထောင်ရတာလဲ? သို့သော် မော့ယန်နဲ့ နတ်ဘုရားစုန့်တို့ပါ လိုက်သွားကြောင်း မြင်လိုက်ရတော့ သူ့စကားလုံးတွေကို တိတ်တဆိတ် မျိုချလိုက်သည်။ မကြာခင်မှာဘဲ ချင်ယွဲ့တစ်ယောက် ဒီဆုံးဖြတ်ချက်ကို ချလိုက်မိတဲ့အတွက် ဝမ်းသာသွားမိသည်။

All Chapters