← Chapters

အပိုင်း ၂၀၄

Vol. 14 Ch. 204

အပိုင်း ၂၀၄

Vol. 14 Ch. 204

အဲ့ဒီလိုပြောပြီးသွားတော့ ကလေးမလေးက ချင်ယွဲ့ကို သူ့စကားမတည်မှာစိုးကာ စိုးရိမ်တကြီး ကြည့်လိုက်သည်။

“ကောင်းပြီ!” အဲ့ဒါကိုကြားတော့ ချင်ယွဲ့ရဲ့မျက်လုံးတွေ တောက်ပလာသည်။ သူက ချက်ချင်း ကုန်းကာ ကလေးမလေးကို စုန့်ချင်းစုန့် ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ "လာ၊ ဖန်လေးကို တစ်ချက်ဖက်ပေးလိုက်!"

ကလေးမလေးမှာ သူမရဲ့ idol နဲ့ အရမ်းနီးကပ်နေတော့ အံ့ဩတကြီး အော်ဟစ်လိုက်သည်။ သူမရဲ့ နူးညံ့တဲ့လက်လေးတွေက နတ်ဘုရားစုန့်ရဲ့ ကော်လာကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူမရဲ့ မျက်လုံးတွေပ တောက်ပနေပြီး အရမ်းချစ်စရာကောင်းသည်။

“ဒါက…” စုန့်ချင်းစုန့်မှာ များသောအားဖြင့် ကျောက်စိမ်းလိုမျိုး နူးညံ့ပေမယ့် ကလေးမလေးကို ချီလိုက်ရတဲ့အခါ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ သူတုန်လှုပ်သွားလို့ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

တစ်ဖက်က မော့ယန်မှာ မနေနိုင်တော့ပေ။ သူက စုန့်ချင်းစုန့်ရဲ့ ရင်ခွင်ထဲက ကလေးမလေးကို ဆွဲထုတ်လိုက်ပြီး သူ့အမူအရာကတော့ ရေလို ညင်သာလှသည်။ သူက ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကလေးမလေးကို ချီလိုက်ကာ သူ့ရဲ့လက်ကောက်ဝတ်ကို သုံးပြီး သူမကို အပေါ်မြောက်လိုက် အောက်ချလိုက်လုပ်ကာ စနောက်လိုက်သည်။

ကလေးမလေးလည်း ပျော်သွားသည်။ သူမက ခေါင်းလောင်းသံလေးလိုမျိုး ရယ်မောလိုက်သည်။

“ဟေး” ချင်ယွဲ့ နည်းနည်း အံ့သြသွားသည်။ "မင်း ကလေးတွေကို ချော့တာ ကျွမ်းမှန်း ငါ မသိခဲ့ဘူး!"

မော့ယန်က ခပ်ဖျော့ဖျော့ ပြုံးကာရှင်းမပြတော့ပေ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ချူးလေး နိုးလာမှာကိုမျှော်လင့်ရင်း ကလေးမလေးကို ချော့ဖို့ ဒီလိုနည်းလမ်းပေါင်းများစွာကို သင်ယူခဲ့သည်။ ချူးလေးက ၁၅ နှစ်ကြာအောင် လှဲနေခဲ့လိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပါချေ။

သူ့အရည်အချင်းတွေကို အသုံးမချနိုင်ခဲ့ပေမယ့် ဒီနေ့မှာတော့ အဆင်ပြေသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

ကလေးမလေးနဲ့ လုံလောက်အောင် ကစားပြီးတဲ့နောက်မှာ မော့ယန် သူ့ကို အောက်ချပေးလိုက်သည်။ ကလေးမလေးရဲ့ လမ်းညွှန်မှုနောက်လိုက်ကာ သူတို့အုပ်စုသည် ရေခဲပန်းပုလုပ်တဲ့နေရာဆီ သွားကြသည်။ ဒီအချိန်မှာ ကိုယ့်ဘာသာကိုယ် စိတ်အားထက်သန်စွာနဲ့ လုပ်ကိုင်နေကြတဲ့ ခရီးသွားဧည့်သည် အများအပြားလည်း ရှိနေကာ အခကြေးငွေဖြင့် သူတို့ကို လမ်းညွှန်သင်ပြပေးသည့် ကျွမ်းကျင်ရေခဲပန်းပုထုဆရာ တစ်ယောက်စ နှစ်ယောက်စလည်းရှိနေသည်။

သူတို့လေးယောက်အနေဖြင့် အရင်က ရေခဲပန်းပုတွေနဲ့ မထိတွေ့ဖူးပေမယ့် အားလုံးက အတော်လေးကို ဉာဏ်ကောင်းကြသည်။ ဘေးနားမှာ ခဏလောက် ငြိမ်ငြိမ်သက်သက်နဲ့ နားထောင်ပြီးတဲ့နောက်မှာ သူတို့တွေပလက်ဖောင်းတစ်ခုပေါ်မှာ ထိုင်လိုက်ကာ သူတို့ရဲ့ ကိုယ်ပိုင်ရေခဲပန်းပုတွေကို စပြီးထုလုပ်ကြတော့သည်။

သူတို့နောက်က ကင်မရာမင်းတွေက တိတ်တဆိတ် ရယ်မောနေကြသည်။ ဒီရေခဲပန်းပုရုပ်ဟာ ကြည့်တော့သာလွယ်ပေမယ့် ထုလုပ်ဖို့ကတော့ အရမ်းခက်ခဲသည်။ သူတို့တွေ ယခင်က စမ်းကြည့်ခဲ့ဖူးပေမယ့် အများကြီးအားစိုက်ထုတ်ပြီးတဲ့နောက် သူတို့တွေ ပုံစံတူရေခဲပန်းပုရုပ်လေးခုကို ဖန်တီးနိုင်ခဲ့ပေမယ့် လူတိုင်းဆီကနေ လှောင်ပြောင်ခံခဲ့ရသည်။

သို့ပေမယ့်၊ သူတို့လက်ထဲက အပိုရေခဲအစအနတွေဟာ တစ်ခုပြီးတစ်ခု ကျနေပြီး ရလဒ်ကတော့ လူတိုင်းကို တုန်လှုပ်သွားစေတော့သည်။

မော့ယန်၊ မော့ချူးနဲ့ စုန့်ချင်းစုန့်တို့ကို မပြောနဲ့ဦး ကြမ်းတမ်းပြီး မသေမသပ်လုပ်တတ်တဲ့ပုံပေါ်တဲ့ချင်ယွဲ့ရဲ့ ရေခဲပန်းပုတောင်မှ အကြမ်းထည်ဆန်သည်။ သို့ပေမယ့် ရုပ်တုကို အချောသတ်ရမယ့်အပိုင်းကိုရောက်တော့ တခြားအရာတွေထက် နည်းနည်းနိမ့်နေသေးသည်။ အများဆုံး ပုံစံက ဆင်တူပေမယ့် တကယ့်ပိုကောင်းတဲ့ပုံစံနဲ့တော့ ကွာသေးသည်။

"အာဝူး-" အဲ့ဒီအချိန်မှာ ဝိုင်းဝိုင်းကတော့ အရမ်းစိတ်လှုပ်ရှားနေသည်။ သူက မော့ချူးရဲ့ ရေခဲရုပ်ထုနားတစ်ဝိုက်မှာ ဆက်တိုက်လှည့်ပတ်နေသည်။ အဲ့ဒါက ငါ! အဟုတ်ဘဲ!

.....

မော့ချူး ဝိုင်းဝိုင်းပုံကို ထင်ထင်ရှားရှားနဲ့ အသက်ဝင်အောင် ထွင်းထုနေတာက အရမ်းကျွမ်းကျင်လှသည်။ အထူးသဖြင့် ဒီ *Tsundere လေးရဲ့ အကြည့်တွေဖြစ်သည်။ အဲ့ဒါက သူ့ရဲ့ မူလပုံစံနဲ့ အတိအကျကို တူသည်။ ဝိုင်းဝိုင်းတစ်ယောက် အရမ်းပျော်နေပြီး ဒီရေခဲရုပ်တုကို သူ့အိတ်ကပ်ထဲ ချက်ချင်းထည့်ဖို့ မစောင့်နိုင်တော့ပေ။

[*Tsundere (ツンデヒ) - အစပိုင်းမှာ ကြမ်းကြမ်းတမ်းတမ်းပုံစံရှိပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ နွေးထွေးလာပြီး ဖော်ရွေတတ်တဲ့ character]

မော့ချူးနဲ့ ချင်ယွဲ့တို့ရဲ့ပန်းပုတွေဟာ မော့ယန်ရဲ့ပန်းပုရုပ်နဲ့ယှဉ်ပါက လက်ရာအသေးစားလို့ ဆိုရမည်။ အခုထိ ပုံစံအားလုံးနီးပါးမပေါ်သေးပေမယ့်၊ မော့ချူးရဲ့ တကယ့်လက်ရှိပုံစံနဲ့ ၁:၁ အတိုင်း ထုလုပ်နေမှန်း လူတိုင်း အကြမ်းဖျင်းပြောနိုင်သည်။

ဘုရားရေ၊ ဒါက ပရော်ဖက်ရှင်နယ်အဆင့်ပဲ! သူ့ဘေးက ရေခဲပန်းပုဆရာတောင်မှ မော့ယန်ကို လေးစားမှုအပြည့်နဲ့ ကြည့်နေသည်။ မဆိုးဘူး၊ ဒီလူငယ်လေးက တော်တော် အရည်အချင်းရှိတာပဲ!

မယုံတဲ့ပုံစံပြခဲ့တဲ့ သူ့အနောက်က ဝန်ထမ်းမှာလည်း ဒီအချိန် သူ့ခေါင်းကိုနှင်းထုထဲ မြှုပ်ပစ်ချင်သွားသည်။ ကွာခြားချက်က အရမ်းကြီးတယ်! စစ်တက္ကသိုလ်ကနေ ရေခဲပန်းပုထုလုပ်တဲ့ အရာလိုမျိုး ရိုးရာအတတ်ပညာတွေပါအပါအဝင် ဘက်စုံပြုစုပျိုးထောင်ဖို့ တကယ် ပြင်ဆင်နေတာများလား?

မော့ယန် ထုလုပ်ပြီးတဲ့အချိန်က သုံးနာရီနီးပါးကြာသွားပေမယ့် ရလဒ်ကတော့ တော်တော်လေး တုန်လှုပ်ချင်စရာပင်။ မော့ချူး မျက်နှာအသေးစိတ်တိုင်းဟာ သူ့ရင်ထဲ ရေးထွင်းထားပုံရကာ သူ့အ‌နေဖြင့် စဉ်းစားဖို့တောင်မလိုပေ။ သူက အားစိုက်ထုတ်စရာတောင်မလိုဘဲ ထုလုပ်ခဲ့သည်။

All Chapters