← Chapters

အပိုင်း ၂၀၅

Vol. 14 Ch. 205

အပိုင်း ၂၀၅

Vol. 14 Ch. 205

အဆုံးမှာ၊ဒီလိုပြီးပြည့်စုံတဲ့ပုံတူကြောင့်၊ သူတို့တွေ ရေခဲပန်းပုရုပ်ကို အောင်မြင်စွာနဲ့လဲလှယ်နိုင်ခဲ့ပြီး သဲလွန်စကတ်ကို ပါရှိခဲ့သည်။

သဲလွန်စကတ်ထဲတွင် ရေးထားသည်မှာ - 'ကျေးဇူးပြုပြီး မျှော်စင်ဖြူတောင်ကိုသွားပြီး အထိမ်းအမှတ်ဒင်္ဂါးပြားတွေကို ရှာပါ'

"ဟင်းး၊ နောက်ဆုံးတော့ အထိမ်းအမှတ်ဒင်္ဂါးပြားတွေ ရတော့မယ်!" ဒါက နောက်ဆုံးနေရာ ဖြစ်လိမ့်မည်။ သူ့လက်တွေကို ပွတ်ရင်း ချင်ယွဲ့ရဲ့မျက်နှာမှာ စိတ်သက်သာရာရသွားပေမယ့် နောင်တရတဲ့အရိပ်အယောင်လည်း ရှိနေသည်။

စိတ်လှုပ်ရှားစရာတွေကို အခွင့်ကောင်းယူရင်း သူတို့အုပ်စုက ရိုးရိုးရှင်းရှင်းဖြင့် အချိန်ကောင်းတွေ ရခဲ့သည်။ သူတို့ တည်းခိုရာနေရာကို ပြန်မရောက်ခင်မှာ ညသန်းခေါင်လောက်ဖြစ်နေပြီဖြစ်သည်။

တစ်နေကုန် လည်ပတ်ခဲ့တာကြောင့် မောပန်းနေကြပြီဖြစ်သည်။ သဲလွန်စကတ်ကို ရှာတွေ့ပြီးပြီမို့ သူတို့တွေ အရမ်းစိတ်အေးလက်အေး ဖြစ်နေသည်။ မော့ချူး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နောက်နေ့မနက်မှ သူမမျက်လုံးတွေ အိပ်ချင်မူးတူးနဲ့ ပွင့်လာသည်။

"ဟဲလို နိုးပြီလား?" ရုတ်တရက် သူမ နားနားကမှာ ရင်းနှီးတဲ့ အမျိုးသမီးအသံတစ်ခု ထွက်လာသည်။ မော့ချူး တစ်ယောက် သိသိသာသာကို အိပ်ချင်မူးတူးဖြစ်နေကာ သူမခေါင်းစောင်းကြည့်လိုက်သည်။ ဒီလိုကြောင်တောင်တောင်အကြည့်ကို ကင်မရာထဲမှာ ရိုက်မိသွားသည်။

ဒီတစ်ခေါက်မှာတော့ ရိုက်ကူး‌ရေးအဖွဲ့သားတွေက သူတို့ကို လျှပ်တပျက် တိုက်ခိုက်ခဲ့ကြောင်း သိသာလှသည်။

ဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဝိုင်းဝိုင်းမှာ အသံတွေကိုကြားတော့ သူ့မျက်လုံးတွေကို ချက်ချင်းဖွင့်လိုက်သည်။ သို့ပေမယ့် သူ့ဘေးနားမှ ရင်းနှီးတဲ့အငွေ့အသက်ကို ခံစားလိုက်ရပြီး အသံတိုးတိုးဖြင့် နှစ်ကြိမ်လောက် အော်လိုက်သည်။ နောက်တော့ တစ်ဖက်လှည့်ကာ ပြန်အိပ်ပျော်သွားပြန်သည်။

ဝိုင်းဝိုင်းရဲ့ ချစ်စဖွယ်ကောင်းတဲ့ပုံစံကို မှတ်တမ်းတင်ပြီးတဲ့နောက် ကင်မရာက မော့ချူးဘက်ကို ပြန်ရောက်လာသည်။ ဒီအခိုက်အတန့်မှာ သူမ အမှန်တကယ်ကိုမိတ်ကပ်မလိမ်းထားရပါချေ။ အမှန်တကယ်ကို လူငယ်လေးတွေရဲ့ အသားအရည်က ပိုကောင်းသည်။ သူမရဲ့ အသားအရည်က ကျောက်စိမ်းလိုမျိုး ဖြူဝင်းနေသည်။ ဝက်ခြံတစ်ဖုလေးတောင် မရှိပေ။ သူမရဲ့ နှုတ်ခမ်းကတော့ နီရဲရဲလေးဖြစ်နေသည်။ သူမရဲ့နှုတ်ခမ်းတွေက နီထွေးထွေးဖြစ်နေကာ သွားတွေက ဖြူဖွေးနေသည်။ သူမရဲ့ဆံပင်က အိပ်ရာကနေထလာတော့ နည်းနည်း ရှုပ်ပွနေပေမယ့် အဲ့ဒါက သူမကို နည်းနည်း ချစ်စရာကောင်းစေသည်။

မော့ယန်ရဲ့ညီမကတော့ မျှော်လင့်ထားတဲ့အတိုင်း။ နှစ်ယောက်လုံးက အချောလေးတွေဘဲ!

ဒါကိုတွေးမိပြီး ကင်မရာအဖွဲ့သားတွေမှာ မော့ယန်နဲ့ နတ်ဘုရားစုန့်တို့ အခန်းထဲ ခိုးဝင်ခဲ့တဲ့အချိန်ကို မနေနိုင်ဘဲ ပြန်အမှတ်ရမိသွားသည်။ မျှော်လင့်ထားတဲ့အတိုင်း သူတို့က မင်းသားလေးတွေပဲ! အိပ်နေတဲ့ပုံစံကတောင် ချောမောနေသည်။ ဘာအစက်အပြောက်မှမရှိတဲ့ ၃၆၀ ဒီဂရီအနေအထားလိုပင်။ စိတ်နေစိတ်ထား အမျိုးမျိုးရှိကြပေမယ့် ချောမောမှုကတော့ အနှိုင်းမဲ့ပင်။ ဒါပေမယ့် နှမြောစရာဘဲ.… သူတို့နှစ်ယောက်လုံး ဘာလို့အဝတ်အစားဝတ်ပြီး အိပ်နေကြတာလဲ?

သူတို့မျှော်လင့်ထားခဲ့တဲ့ abs နဲ့ လက်မောင်းကြွက်သားတွေကို ဖုံးထားတယ်… ရွှတ် ရွှတ် ရွှတ်! ကင်မရာမင်းတွေမှာ နှမြောစိတ်နဲ့ ကျွတ်စ်သပ်လိုက်ကြသည်။ သေချာပေါက်ကို၊ ဒါက သူတို့ရဲ့ အရူးအမူးဖြစ်နေတဲ့စိတ်အခြေအနေကို စိတ်မကျေနပ်စေပါချေ။ အဲ့ဒီအစား၊ ဒီလိုသာဆိုရင် ရှိုးရဲ့highlightက ကြီးကြီးမားမားကို လျော့ကျသွားလိမ့်မည်... ဟုတ်တယ်၊ အမှန်ဘဲ၊ ဒါကအဓိကဘဲ!

မော့ချူးကို လျှပ်တပျက် တိုက်ခိုက်ပြီးတဲ့နောက် သူတို့တွေ ချင်ယွဲ့ရဲ့အခန်းဆီ အမြန်သွားကြသည်။

.....

အမ်… သူ့အိပ်နေတဲ့ပုံစံက ကြမ်းပြင်ပေါ်မှာ ခြေကားယားလက်ကားယားနဲ့။ သူတော့သွားပြီ! သူ့ရဲ့ညဝတ်အင်္ကျီနဲ့ ဆံပင်တွေက ရှုပ်ပွနေတယ်။ သူတော့သွားပြီ! သူ့ရဲ့စောင်တစ်ဝက်က ကြမ်းပြင်ပေါ်ကျနေတယ်။ သူကတော့ သတိမထားမိဘဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည်။ ဒါက ကျရှုံးမှု ကြီးကြီးမားမားဘဲ!

တကယ်တော့ ချင်ယွဲ့ရဲ့ အိပ်စက်တဲ့ပုံစံက သာမန်လူတစ်ယောက်နဲ့ အတူတူဖြစ်သည်။ အဓိကကတော့ စောစောကသုံးယောက်နဲ့ လုံးဝကို ကွာခြားနေတာကြောင့်ဖြစ်သည်။ အကျိုးသက်ရောက်မှုက ချက်ချင်းကိုသိသာထင်ရှားလှသည်။

သို့ပေမယ့် ချင်ယွဲ့ရဲ့ နိုးကြားမှုဟာ အရမ်းပြင်းထန်သည်။ သူတို့တွင် အခန်းထဲရောက်တာ စက္ကန့် 30 လောက်တောင်မရှိသေးပေ သူက ချက်ချင်းမျက်လုံးပွင့်လာပြီး ခုခံတဲ့အနေအထားလုပ်လိုက်တာက ကင်မရာမင်းကို ထိတ်လန့်သွားစေသည်။

ရှင်းရှင်းလင်းလင်း ရှင်းပြပြီးတဲ့နောက်၊ ဒါပ ရိုးရိုးရှင်းရှင်းရိုက်ကူးနေတာဖြစ်သည်။ ချင်ယွဲ့မှာ ရူးကြောင်ကြောင် ရယ်လိုက်ပြီး မကြမ်းပြင်ပေါ်ကစောင်ကိုယူလိုက်ကာ ချက်ချင်း ခေါင်းကနေခြုံရင်း ဆက်အိပ်လိုက်သည်။ ဒါကိုမြင်တော့ ကင်မရာမင်းမှာ ကူကယ်ရာမဲ့စွာသာ ပြုံးနိုင်တော့ကာ နောက်ပြန်ဆုတ်သွားသည်။ ဒီလူ… တကယ် ရည်မှန်းချက်ကြီးတာပဲ! ဒီလိုမျိုး အိပ်ပျော်နေနိုင်သေးတယ်!

သို့ပေမယ့် ချင်ယွဲ့ နောက်ထပ်နိုးလာပြီး မော့ချူးတို့နဲ့အတူ စုမိတဲ့အခါ တအီအီအော်မိတော့သည်။ "ဘာပြောလိုက်တာ! ဒီမနက် သူတို့ လျှို့ဝှက်ကူးထားတဲ့ အိပ်နေတဲ့ပုံစံက အစီအစဉ်တည်းဖြတ်တဲ့အထဲမှာပါတယ်လား?"

ပြီးသွားပြီ! သူ့အိပ်နေတဲ့ပုံစံက သိပ်ကောင်းတဲ့ပုံမပေါ်ဘူး။ အဲ့ဒီအပိုင်းကို တကယ်သာထုတ်လွှင့်ခဲ့ရင် သူတကယ်အရှက်ကွဲပြီ!

“မဟုတ်ဘူး” မော့ချူး ခေါင်းခါလိုက်သည်။ ချင်ယွဲ့ သက်ပြင်းတစ်ချက်ချပြီးတဲ့နောက်မှာ သူမက ဒုတိယစကားတစ်ခွန်းကို ဖြည်းဖြည်းချင်း ပြောလာသည်။ "ဒီလိုဟာက အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သေချာပေါက်ပါမှာ!"

ပေါက်ကွဲစေတတ်တဲ့ အကြောင်းအရာတွေ ရှိရင် ပရိုဂရမ်အဖွဲ့က အဲ့ဒါကို လုံးဝလက်လွတ်ခံမှာမဟုတ်ကြောင်း ထင်ရှားလှသည်။

ချင်ယွဲ့ရဲ့မျက်နှာမှာ ချက်ချင်း ဖြူဖပ်ဖြူရော်ဖြစ်သွားကာ သူ့ဘာသာသူ တတွတ်တွတ်ရွတ်လိုက်သည်။ "သွားပြီ၊ ပြီးသွားပြီ၊ ငါ့ရဲ့ဂုဏ်သတင်းတွေ လုံးဝကို ပျက်စီးသွားပြီ!"

“အင်းး" မော့ချူး သူ့မျက်နှာကို ရိုးရိုးသားသားကြည့်ကာပြောလိုက်သည်။ “ရှင် အရမ်းအတွေးလွန်နေ…”

"ဟုတ်တယ်ဟုတ်? ဒါက သေးသေးမွှားမွှား ကိစ္စလေးလို့ မင်းလည်း ထင်တယ်မလား? ဟုတ်တယ်၊ ချို့ယွင်းချက်တစ်ခုက အလှအပကို ဖုံးကွယ်မထားနိုင်ဘူး၊ ဟုတ်တယ်မလား?” မော့ချူး စကားဆုံးအောင် မပြောရသေးခင် ချင်ယွဲ့က သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်သည်။ သူ့ပိုတွေးကြည့်လေ၊ အဓိပ္ပါယ်ပိုရှိလာလေလေပင်။ သူ့ဘာသာသူ ခေါင်းညိတ်လိုက်သည်။

မော့ချူးရဲ့ နှုတ်ခမ်းတွေ နည်းနည်း ကွေးညွတ်သွားကာ သူမရဲ့ မျက်လုံးတွေထဲ မရိုးဖြောင့်တဲ့ အရိပ်အယောင်တွေကို ဖုံးကွယ်လိုက်ကာ ပြောလိုက်သည်။ "ဒီအစီအစဉ် စကတည်းက ရှင့်ရဲ့ ဂုဏ်သတင်းက ပျက်စီးနေပြီးသားပဲလေ!"

ဒါကိုကြားတော့ ချင်ယွဲ့ရဲ့ မျက်နှာက လုံးဝကို မည်းမှောင်သွားတော့သည်။ မင်း အရမ်းရက်စက်တာပဲ၊ ဟုတ်တယ်မလား? ငါတို့ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်သေးရဲ့လား?

All Chapters