← Chapters

အပိုင်း ၂၀၆

Vol. 14 Ch. 206

အပိုင်း ၂၀၆

Vol. 14 Ch. 206

သူ့ရဲ့အိပ်ပျော်နေတုန်းက ကိုယ်ဟန်အနေအထားကြောင့် သူ့ဂုဏ်သိက္ခာ ပျက်စီးသွားသလို ခံစားလိုက်ရပြီး အရင်ကဆို စိတ်အားထက်သန်နေတဲ့ ချင်ယွဲ့မှာ အခုဆို လုံးဝ စိတ်ဓာတ်ကျသွားသည်။ လမ်းတလျှောက်မှာ သူက ဆက်ပြောလာသည်။ “လင်ယဲ့ဟုန်၊ လင်ယဲ့ဟုန် ကတ်သီးကတ်သတ်နိုင်တဲ့လူ။ ငါ့အိပ်နေတဲ့ ပုံစံကိုဘာလို့ လာရိုက်တာလဲ…ဘာလို့လဲ?"

သူ့ဘာသာသူ ရေရွတ်ရင်း မော့ယန်နဲ့ နတ်ဘုရားစုန့်တို့ကိုလည်း ရံဖန်ရံခါ စိုက်ကြည့်တတ်သေးသည်။ သူ့အကြည့်တွေထဲ မနာလိုအားကျမှုတွေအပြည့်ပင်။ သူတို့နှစ်ယောက်လုံးလည်း ယောက်ျားလေးတွေပဲ၊ ‌ဒါတောင် သူတို့ အိပ်ပျော်နေတဲ့ပုံစံတွေက ဘာလို့ ဒီလောက်ကောင်းရတာလဲ?

ဟုတ်တယ်! သူ့ကိုယ်သူ အရူးလုပ်နေတဲ့သူက သူတစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ သက်သေပြဖို့ မနေ့ညက ချင်ယွဲ့တစ်ယောက် မော့ယန်နဲ့ နတ်ဘုရားစုန့်တို့အခန်းထဲကို သူခိုးလိုမျိုး ခိုးဝင်ခဲ့သေးသည်။ အဆုံးမှာ သူမြင်လိုက်ရပြီးတဲ့နောက် ပိုလို့တောင်ငိုချင်သွားရသည်။

သူတို့နှစ်ယောက်က လုံးလုံးလျားလျားကို မတူညီပါချေ။ သူ့ရဲ့ မူလပုံမှန်အိပ်စက်တတ်တဲ့ အနေအထားဟာ သူ့ရဲ့ အရမ်းရုပ်ဆိုးတဲ့ ရုပ်ရည်နဲ့ အဓိပ္ပါယ်တူ ဖြစ်သွားသည်။ နောက်ဆုံးသူတို့သွားရမဲ့နေရာ ရောက်တဲ့အထိပင် ။ မျှော်စင်ဖြူတောင် တောင်မှ ချင်ယွဲ့ရဲ့ စိတ်ဝင်စားမှုကို မနှိုးဆွနိုင်တော့ပေ။

“ဂါး ဂါး-” ဒီတစ်ခါတော့ ဝိုင်းဝိုင်းတစ်ယောက် ရွှင်မြူးနေသည်။ သူ့ရဲ့ မျက်နှာပြည့်ပြည့်လေးပေါ်မှာ အပြုံးတစ်ခုကို အချိန်တိုင်း မြင်နေရသည်။ လမ်းတစ်လျှောက် သူက မော့ချူးရဲ့ရင်ခွင်ထဲမှာ ကျေနပ်အားရစွာဖြင့်ရှိနေသည်။ မော့ချူးမှာ မတူညီတဲ့ ရှုခင်းများစွာကို မြင်တွေ့ခဲ့ရပြီး တော်တော်လေးကို ရှုစားခံစားခဲ့ရသည်။

သေချာပေါက်ကို ဝိုင်းဝိုင်းတစ်ယောက် ချင်ယွဲ့ကို အထင်အမြင်သေးတဲ့ အကြည့်တစ်ချက် ပေးလိုက်သည်။ အစပိုင်းမှာ နည်းနည်းစိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဒီပျင်းစရာကောင်းပြီး ရယ်စရာကောင်းတဲ့လူသားကလွဲရင် တခြားအရာအားလုံး လုံးဝအံ့ဩဖို့ကောင်းသည်။ ဒါပေမယ့် အခုချိန် ဒီလူ ပါးစပ်ပိတ်ထားတဲ့နည်းလမ်းကိုတော့ လက်ခံနိုင်သည်။

ချင်ယွဲ့ရဲ့စိတ်ဓာတ်ကျနေတဲ့ အကြည့်ကိုကြည့်ရင်း၊ မော့ချူးမှာ အစပိုင်းတွင် သူအချိန်အကြာကြီး စိတ်ဓာတ်ကျနေလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့...

သူတို့တွေ မျှော်စင်ဖြူတောင်ထဲ ခြေချလိုက်တာနဲ့ ‌သူတို့ဘေးနားရှိ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်က ရုတ်တရက် အံ့အားသင့်စွာနဲ့ အော်ဟစ်လိုက်သည်။ နောက်တော့ သူမက ချင်ယွဲ့နားမှာ စိတ်လှုပ်ရှားစွာနဲ့ ခုန်လိုက်သည်။ "ရှင်က 'ဘယ်သူက အသန်မာဆုံးလဲ' ဆိုတဲ့ အစီအစဉ်မှာ ပါတဲ့သူဘဲ! ရှင်က ချင်…”

ကောင်မလေး စကားမဆုံးခင် ချင်ယွဲ့ရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။ စိတ်ကြွဆေးတွေ ထိုးသွင်းခံလိုက်သလို သူကချက်ချင်းဆိုသလို စိတ်လှုပ်ရှားမှုတွေ ပြန်ရလာပြီး ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ် အဲ့ဒါ ငါပဲ!"

ကောင်မလေးရဲ့ အပြုံးက ပိုလို့‌တောင်ချိုမြိန်လာသည် "ဒါဆို ရှင် နတ်ဘုရားစုန့်နဲ့ မော့ယန်တို့ကိုလဲ သိတယ်မလား?"

“ဟုတ်တယ်…” ချင်ယွဲ့ရဲ့ အပြုံးမှာ ခဏလောက် အေးခဲသွားပြီး သူ့မျက်နှာက နည်းနည်း သနားစရာကောင်းသွားသည်။ သူ အနောက်ကို လက်ညိုးထိုးပြလိုက်သည်။ "သူတို့တွေက ငါတို့အနောက်မှာ!"

"ဟုတ်လား?" ဒါကိုကြားတော့ ကောင်မလေးရဲ့ မျက်လုံးတွေက ပိုပြီးတောက်ပလာကာ အနောက်ဘက်ကို အပြေးအလွှား သွားတော့သည်။ သို့သော် ချင်ယွဲ့ရဲ့ အမူအရာကို မြင်လိုက်ရတဲ့အခါတွင် သူမ နည်းနည်းဝမ်းနည်းသွားတဲ့ပုံပင်။ သူမက သူ့ကို ချိုချိုသာသာ ပြုံးပြလိုက်ပြီး လက်သီးတင်းတင်းဆုပ်ပြလိုက်ကာ "အိုး ဟုတ်သားပဲ၊ ကျွန်မ ရှင့်ကိုလဲ အရမ်းကြိုက်ပါတယ်။ ကံကောင်းပါစေ!"

ဒီလိုရိုးရှင်းတဲ့ စကားလေးကြောင့် ချင်ယွဲ့မှာ သူ့ရဲ့ဒဏ်ရာရနေတဲ့နှလုံးသားလေး သက်သာရာရသွားကြောင်း ချက်ချင်းခံစားလိုက်ရသည်။ နောက်တော့ ခါးကိုခပ်မတ်မတ်ထားကာ အရင်ကထက် ပိုတက်ကြွတဲ့ လူငယ်လေးဘဝကို ပြန်ရောက်လာတော့သည်။

ဒါကိုမြင်တော့ မော့ချူး မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး တောက်လျှောက် သူမတွေးထားတဲ့ နှစ်သိမ့်စကားတွေကို ပြန်မျိုချလိုက်တော့သည်။

"အိုက်ယား၊ ချူးလေး မြန်မြန်လုပ်လေ!" ချင်ယွဲ့မှာ အားအင်တွေပြန်ရလာကာ ယှဉ်ပြိုင်မှုအပေါ် အာရုံစူးစိုက်မှုအားလုံးကို ပြန်လည်ထည့်သွင်းလိုက်သည်။ မော့ချူး နှစ်လှမ်း၊ သုံးလှမ်းလောက် အနောက်မှာကျန်ခဲ့တာကိုမြင်ရင် သူ‌ကတောင် သူမကို မထီမဲ့မင်ပြုကာ လက်ယမ်းပြသည်။ "မဟုတ်ရင် ငါတို့ကို လိုက်မီသွားလိမ့်မယ်!"

ကောင်းတယ်! ခုနတုန်းကကျ သူပဲ သေလုမျောပါး ဖြစ်နေတာ။ ကောင်မလေးဆီက နှစ်သိမ့်စကားအပြောခံလိုက်ရတော့ ချင်ယွဲ့တစ်ယောက် ချက်ချင်းတက်ကြွလာတော့တာဘဲ။

“အာဝူးးး–” ဝိုင်းဝိုင်းက အချိန်ကိုက် အကြိမ်‌နည်းနည်းလောက် အော်ဟစ်လိုက်ပြီး သူ့လက်ဖဝါးလေးတွေနဲ့ နားရွက်‌တွေကိုအုပ်လိုက်သည်။ ဒီစိတ်ညစ်စရာကောင်းတဲ့လူက ဘာလို့ ထပ်ပြီး စိတ်လှုပ်ရှားနေပြန်တာလဲ?

ချင်ယွဲ့မှာ ဝိုင်းဝိုင်း သဘောမကျဖြစ်နေတာကို လုံးဝသတိမထားမိပေ။ သူက မော့ချူးရဲ့ရင်ခွင်ထဲကို ငုံ့ကြည့်ကာ ခေါင်းခါလိုက်သည်။ “ကြည့်ပါဦး၊ မင်းရဲ့အိမ်မွေးတိရစ္ဆာန်က အရမ်းပျင်းတာပဲ။ မင်း သူ့ကို‌ပြေးခိုင်းရမယ် မဟုတ်လို့ရှိရင် သူပိုပိုဝလာမှာ!"

ဒီအခိုက်အတန့်မှာ ဝိုင်းဝိုင်းတစ်ယောက် သူ့နားရွက်ကို အုပ်ထားတာ မော့ချူးဝမ်းသာမိသည်။ မဟုတ်လို့ သူသာ ဒီစကားကြားသွားရင်တော့ ရန်ပွဲဖြစ်မှာဘဲ!

သို့ပေမယ့် ချင်ယွဲ့ရဲ့ စိတ်လှုပ်ရှားမှုဟာ အဖွဲ့တစ်ခုလုံးရဲ့ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးသည်။ သူတို့ရဲ့ခြေလှမ်းတွေဆို အရင်ကထက်တောင် ပိုမြန်လာသည်။

All Chapters