← Chapters

အပိုင်း ၂၀၇

Vol. 14 Ch. 207

အပိုင်း ၂၀၇

Vol. 14 Ch. 207

မျှော်စင်ဖြူတောင်ဟာ အဆုံးမရှိ စိမ်းလန်းတဲ့ တောင်တန်းတွေဖြစ်သည်။ တစ်ချက်ကြည့်လိုက်တာနဲ့ မှိုင်းညို့ကာ စိမ်းလန်းနေတတ်သည်။

“အယ်၊ ဒီမှာ အဖြူရောင်မျှော်စင် ဘာလို့ မရှိတာလဲ? အကုန်လုံးက စိမ်းနေတယ်!" မော့ချူး ပတ်ပတ်လည်ကို လှည့်ကြည့်ကာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ဒါကိုပြောပြီးတာနဲ့ သူမဘေးနားက လူတွေက သူမကို အထူးအဆန်း ကြည့်လာကြသည်။ ချင်ယွဲ့တောင် ပါးစပ်နည်းနည်းဟဟာ အံ့သြတဲ့အမူအရာနဲ့ သူမကို ငေးကြည့်နေသည်။

"ဘာဖြစ်လို့လဲ...တစ်ခုခုမှားနေလို့လား?" လူတိုင်းရဲ့ တောက်လောက်နေတဲ့ အကြည့်တွေနဲ့ ကြည့်ခံလိုက်ရတော့ မော့ချူး ကိုးရိုးကားယားနဲ့ပြုံးပြလိုက်သည်။

"ဒီတောင်ကို မျှော်စင်ဖြူတောင်လို့ခေါ်လို့ တောင်ပေါ်မှာ အဖြူရောင်မျှော်စင်ရှိလိမ့်မယ်လို့ မင်းထင်ထားတာလို့တော့မပြောနဲ့နော်" ချင်ယွဲ့ မော့ချူးကို မယုံကြည်နိုင်စွာနဲ့ကြည့်လိုက်သည်။

တခြားဘာဖြစ်နိုင်ဦးမှာလဲ? အဲ့ဒီစကားတွေကို သူမ အကျယ်ကြီး ထုတ်မပြောလိုက်ပေမယ့် မော့ချူးရဲ့ မျက်နှာပေါ်က အမူအရာကတော့ အားလုံးထင်ရှားသိသာလှသည်။

"ဘုရားရေ၊ ငါတော့ အရမ်းပျော်တာပဲ!" ချင်ယွဲ့မှာ ပထမတော့ အံ့အားသင့်သွားပြီး နောက်တော့ရယ်လိုက်သည်။ သူ အော်ရယ်လုနီးနီးပင်။ မော့ချူး တစ်ယောက် ဒီလောက်ချစ်ဖို့ကောင်းတဲ့ဘက်ခြမ်းရှိလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး!

နောက်ကျကျန်ခဲ့တဲ့ မော့ယန်နဲ့ စုန့်ချင်းစုန့်တို့်မှာ ဖြည်းဖြည်းချင်း ရောက်လာကြသည်။ ထုံးစံအတိုင်း မော့ချူးရဲ့ ကြောင်တောင်တောင် စကားကို ကြားတော့ သူတို့လဲ မနေနိုင်ဘဲပြုံးမိကြသည်။

" 'မျှော်စင်ဖြူ' ဆိုတာက လူတစ်ယောက်ရဲ့နာမည်" မော့ယန်မှာ သူ့ညီမရဲ့သာမန်အသိနည်းတာကို အသားကျနေပြီဖြစ်တာကြောင့် သူမကို ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ထူးခြားအရည်အချင်းရှိတဲ့ လူတွေက သိပ်နည်းတာ။ 'မျှော်စင်ဖြူ' က အတော်ဆုံးတွေထဲက တစ်ယောက်ပဲ။ တစ်ချိန်တုန်းကဆို၊ သူက ဒီရေသားရဲ ရဲ့နောက်လာမယ့်လှိုင်းကိုတွန်းလှန်ဖို့ သူ့ကိုယ်ပိုင်ခွန်အားကိုသုံးပြီး ခရိုင် ၅ ကလူတွေကို ဘေးကင်းကင်းနဲ့ ကယ်ထုတ်နိုင်ခဲ့ပြီးတော့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုတစ်ခုလုပ်ခဲ့တာ။ ဒါကြောင့် ဒီစိမ်းလန်းနေတဲ့ တောင်တန်းကို သူ့နာမည်ပေးခဲ့တာ"

မော့ယန်ရဲ့အသံက လေလိုမျိုး ညင်သာလှသည်။ သူ ဖြည်းဖြည်းချင်းပြောလာတဲ့အခါ ဆွဲဆောင်မှုပိုရှိသည်။ ထိုအချိန်က ထောင်ပေါင်းများစွာသော မှော်သားရဲတွေနဲ့ ရင်ဆိုင်ခဲ့ရသူရဲ့ ခံ့ညားတဲ့ပုံစံကို စိတ်ထဲမြင်ယောင်ကြည့်နိုင်သလိုပင်။

"ကောင်းပြီ၊ ဇာတ်လမ်းကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်" ချင်ယွဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး တောက်ပတဲ့ မျက်လုံးတွေနဲ့ ရှေ့ကိုလှမ်းကြည့်လိုက်သည်။ သူတို့ရှေ့တွင် လမ်းခွဲနှစ်ခုရှိသည်၊ တစ်လမ်းက ဘယ်ဘက်ကိုဖြစ်ကာနဲ့ တစ်လမ်းက ညာဘက်ကို ဖြစ်သည်။ "ငါတို့တွေ ဒီမှာဘဲ လမ်းခွဲလိုက်ကြပြီး ဘယ်သူက အထိမ်းအမှတ် ဒင်္ဂါးပြားကို အရင်ရှာတွေ့မလဲဆိုတာ ကြည့်ကြရအောင်"

ကျန်းရှောင်ချီတို့အဖွဲ့နဲ့ ပတ်သက်ပြီး သူတို့က တိုက်ရိုက်လျစ်လျူရှုလိုက်သည်။

“ကောင်းပြီ” နတ်ဘုရားစုန့်က ခေါင်းညိတ်သဘောတူလိုက်သည်။ "မင်းတို့တွေ အရင်ရောက်တာဆိုတော့၊ လမ်းကို အရင်ရွေးသင့်တယ်!"

အဲ့ဒီအချိန် ချင်ယွဲ့ရဲ့ အရင်က သွက်လက်မှု‌တွေမှာချက်ချင်း ပျောက်ကွယ်သွားတော့သည်။ အချိန်အတော်ကြာအောင် သူတုံ့ဆိုင်းနေပေမယ့် ဆုံးဖြတ်ချက်မချနိုင်သေးပေ။

အဆုံးမှာ သူမော့ချူးရဲ့ထင်မြင်ချက်ကို မေးလိုက်သည်။ "ချူးလေး လာ၊ မင်းရဲ့အမြင်လေးပေးပါအုံး။ ငါတို့ဘယ်လမ်းကို သွားသင့်လဲ?"

ဒီကောင်မလေးက ကံကောင်းစေတဲ့ကြယ်လေးဖြစ်သည်။ သူပြောတာကို နားထောင်ရင် အမှားမရှိလောက်ဘူး!

မော့ချူးကတော့ တော်တော်လေး ပေါ့ပေါ့ပါးပါးဖြစ်နေသည်။ သူမက ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်သည်။ "ဒီလမ်းသွားရအောင်!"

“ကောင်းပြီ!” ချင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်နဲ့ သားရဲတစ်ကောင်က ညာဘက်လမ်းခွဲဆီ လျှောက်သွားလိုက်သည်။ မော့ယန်တို့ အဖွဲ့လည်း ဘယ်ဘက်လမ်းခွဲဆီ သဘာဝအလျောက် သွားလိုက်ကြသည်။

သူတို့နောက်က လိုက်လာတဲ့ ကင်မရာမင်းတွေက မတတ်နိုင်ဘဲ စိုးရိမ်သွားကြသည်။ နတ်ဘုရားစုန့်ရဲ့အဖွဲ့ဟာ အားကောင်းပေမယ့် ချင်ယွဲ့တို့အဖွဲ့မှာတော့

မော့ချူးလိုမျိုး ကံကောင်းစေတဲ့ကြယ်လေးရှိသည်။ အထိမ်းအမှတ်ဒင်္ဂါးပြားတွေကို ဘယ်အသင်းက အရင်ရမလဲဆိုတာ သူတို့မသိပေ။ ရင်ဖိုစရာဘဲ!

အဖွဲ့နှစ်ဖွဲ့ ကွဲသွားကြသည်။

ချင်ယွဲ့ လမ်းလျှောက်လာရင်း ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေပေမယ့် ဘာမှမတွေ့ပေ။

အချိန်တွေသာ တရွေ့ရွေ့ ကုန်သွားသည်။ နေကလည်း တဖြည်းဖြည်း မြင့်လာကာ ပူပြင်းလှတဲ့နေရောင်ခြည်က သူတို့ရဲ့ ခန္ဓာကိုယ်ဆီ ရိုက်ခတ်လာတဲ့အတွက် အရမ်းပူပြင်းလှသည်။

ဒီတော့မှဘဲ သူတို့တွေ လုံလုံလောက်လောက် မစဉ်းစားမိခဲ့ဘူးဆိုတာ သဘောပေါက်သွားကြသည်။

ပရိုဂရမ်အဖွဲ့က သူတို့ကို သဲလွန်စကတ်တွေ ဝမ်းသာအားရနဲ့ ပေးခဲ့ပြီး အထိမ်းအမှတ်ဒင်္ဂါးပြားဟာ မျှော်စင်ဖြူတောင်ပေါ်မှာ ရှိနေကြောင်းလည်း ဖော်ပြထားသည်။ သို့ပေမယ့် အထိမ်းအမှတ်ဒင်္ဂါးပြားရဲ့ပုံသဏ္ဍာန်ကို ဘယ်သူမှ မသိကြပေ။ သူတို့မှာ မျက်ကန်း‌တွေလိုပင်။

"ဟေ့ ဒီမှာ!" မော့ချူး ရုတ်တရက် အော်ပြောလိုက်သည်။ သူမငုံ့လိုက်ပြီး သူမခြေထောက်နားက မြက်ပင်တွေကို တွန်းဖယ်လိုက်တော့ ရင်းနှီးနေတဲ့ အိတ်တစ်လုံးက ပြုတ်ကျလာသည်။

အိတ်ကိုဖွင့်လိုက်တော့ အထဲမှာ အကြွေစေ့ပုံစံရှိတဲ့ ကိရိယာအသေးလေးတစ်ခု ရှိနေသည်။ ကိရိယာရဲ့ မျက်နှာပြင်ကို လက်ရာမြောက်စွာ ထွင်းထုထားသည်။ အလယ်တွင် အနီရောင်တောက်တောက်ကျောက်တစ်လုံးရှိနေကာ နေရောင်အောက်တွင် ရွှန်းလက်တောက်ပနေသည်။

All Chapters