← Chapters

အပိုင်း ၂၀၈

Vol. 14 Ch. 208

အပိုင်း ၂၀၈

Vol. 14 Ch. 208

ဒါကိုမြင်တော့ ချင်ယွဲ့ရဲ့မျက်လုံးတွေ မနေနိုင်ဘဲတောက်ပလာသည်။ သူ ပြေးလာတာက မော့ချူးရဲ့ သန့်စင်ကြည်လင်တဲ့ မျက်နှာလေးကို ရိုက်မိကာနီးမှာ သူ မသိစိတ်ကနေ ခွန်အားကို ထိန်းပြီး သူမပခုံးကို ဖက်လိုက်သည်။ “က‌လေး၊ တော်တယ်၊ မင်းက ကံကောင်းတဲ့ကြယ်လေးဆိုတာ ငါသိသားဘဲ!"

သူမလက်ထဲတွင် အထိမ်းအမှတ်ဒင်္ဂါးပြားကို ကိုင်ထားရင်း မော့ချူးရဲ့ နှလုံးခုန်သံမှာ အနည်းငယ် ပိုမြန်လာသည်။ ဒါရိုက်တာလင်၏ ရက်စက်တတ်တဲ့အကျင့်နဲ့ဆို အကြွေစေ့တွေကို သူမတို့တွေ ဘယ်လိုလုပ်လွယ်လွယ်နဲ့ ရှာတွေ့နိုင်မှာလဲ?

ချင်ယွဲ့က အစပိုင်းမှာ အံ့အားသင့်သွားပေမယ့် နောက်တော့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "မင်း သိပ်ပြီး အတွေးလွန်နေတာ မဟုတ်ဘူးလား? ထက်မြက်တဲ့လူတွေ အတွေးလွန်ရင် ဒီလိုဖြစ်တာဘဲ!"

ချင်ယွဲ့က ဒီလိုပြောလိုက်ပြီး သူ့မျက်နှာကို ခပ်မြန်မြန် ရိုက်လိုက်သည်။

"အာဝူး-" ဝိုင်းဝိုင်းတစ်ယောက် မော့ချူးလက်ထဲကနေ လျှောဆင်းသွားတာကို ဘယ်သူမှ မသိလိုက်ပေ။ အခုတော့ သူက အမြီးကို လှုပ်ရမ်းကာ ပြန်လာပြီး သူ့လက်ထဲတွင် မော့ချူး လက်ထဲမှာရှိနေတဲ့ဟာနဲ့တူညီတဲ့ အိတ်အနည်းငယ်ပါလာသည်။

'မြန်မြန်၊ မြန်မြန်လေး! မင်းတို့တွေ ဒါလေးကို ရှာနေကြတာလား? မင်းတို့အတွက် ငါရှာပေးပြီးသွားပြီ!' ဝိုင်းဝိုင်းက အိတ်တွေကို မြေပြင်ပေါ်ချလိုက်ပြီး သူ့မျက်နှာပြည့်ပြည့်လေးကို မော့လိုက်သည်။ သူ့မျက်နှာမှာ ဆုလိုချင်ကြောင်း ပြနေတဲ့ အပြုံးတွေနဲ့ ပြည့်နေသည်။

သို့ပေမယ့် သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ချက်ချင်းဘဲ စိတ်ရှုပ်သွားသည်။

မနေ့က ဒီဟာကို တွေ့လိုက်ရတော့ ချူးလေးက အရမ်းပျော်သွားပြီး ချိုမြိန်တဲ့ အနမ်းလေးတောင် သူ့ကိုပေးလိုက်သေးတယ်လေ။ အခုကျ ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ?

သူ့အရှေ့က ရှုပ်ယှက်ခတ်နေတဲ့ လူနှစ်ယောက်ကို ကြည့်ရင်း ဝိုင်းဝိုင်း လည်ပင်းအသာစောင်းသွားသည်။ သု့ရဲ့ အနီတောက်တောက်မျက်လုံး‌တွေက ဝိုင်းစက်နေသည်။ ဟမ်းး... မျှော်လင့်ထားသလိုပဲ၊ လူတွေကို နားလည်ဖို့ ရှုပ်ထွေးတာပဲ!

မော့ချူး မျက်မှောင်ကြုတ်ကာ အနည်းငယ် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမ အိတ်တချို့ကို တစ်လုံးပြီးတစ်လုံးဖွင့်ကြည့်လိုက်တော့ အထဲမှာ တကယ်ပဲ အထိမ်းအမှတ်ဒင်္ဂါး တစ်ပြားစီရှိနေတာကို တွေ့လိုက်ရသည်။ သေချာကြည့်ကြည့်လိုက်မှ အထိမ်းအမှတ်ဒင်္ဂါးပြားတစ်ခုစီတိုင်းဟာ အနည်းငယ် ကွဲပြားနေတာကို သူမသိလိုက်ရသည်။

“မဖြစ်နိုင်ဘူး!” မြေပြင်ပေါ်က အထိမ်းအမှတ်ဒင်္ဂါးပြားတွေကို ကြည့်ရင်း ချင်ယွဲ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားကာ မနေနိုင်ဘဲ သနားစရာကောင်းအောင်အော်ဟစ်လာသည်။

ဒါရိုက်တာလင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? အထိမ်းအမှတ်ဒင်္ဂါးပြားတွေကို ရှာဖို့ကနောက်ဆုံးတာဝန်မဟုတ်ဘူးလား? အတုတွေ ဘယ်လိုလုပ် အများကြီးရှိနေတာလဲ?

မျှော်လင့်ထားတဲ့အတိုင်းပဲ! မော့ချူး သဘောပေါက်သွားတဲ့အကြည့်ကို ပြလာသည်။ ဒီလိုစီစဉ်မှုကမှ ဒါရိုက်တာလင်ရဲ့ ပုံစံနဲ့ တော်တော်လေး လိုက်ဖက်တာ။

......

သို့သော်…

ဒီအထိမ်းအမှတ်ဒင်္ဂါးပြားအနည်းငယ်ကို သိမ်းဆည်းလိုက်ပြီးနောက် မော့ချူး ထရပ်လိုက်သည်။ သူတို့တွေ မီတာ ရာဂဏန်းလောက်သာ လျှောက်ခဲ့ရပြီး အထိမ်းအမှတ်ဒင်္ဂါးများစွာကို ရှာတွေ့ခဲ့ကြသည်။ ဒါဆို မျှော်စင်ဖြူတောင်မှာ နောက်ထပ်ဘယ်လောက်တောင် ဖွက်ထားလောက်မလဲ?

ချင်ယွဲ့လည်း သိသိသာသာကို ဒီလိုတွေးမိသည်။ မော့ချူးရဲ့ မျက်လုံးတွေကို သူကြည့်လိုက်ကာ စိတ်အားထက်သန်သည့် အရိပ်အယောင်တွေ ဖော်ပြလိုက်သည်။ သူတို့ခန့်မှန်းချက်အရဆို မျှော်စင်ဖြူတောင်တွင် အထိမ်းအမှတ်ဒင်္ဂါးပြား အနည်းဆုံး ရာနှင့်ချီရှိလောက်မည်။ အဲ့ဒါတွေအားလုံးကို ရှာတွေ့နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို ဘေးဖယ်ထားလိုက်ဦး အဓိကက အဲဒီဒင်္ဂါးပြားတွေထဲမှာ ဘယ်ဟာကအစစ်လဲ?

"ငါတို့ ဘာလုပ်သင့်လဲ?" ဒီအခိုက်အတန့်မှာ ချင်ယွဲ့တစ်ယောက် တကယ်ကို ဘာလုပ်ရမှန်းမသိဖြစ်သွားရသည်။ သူရိုးရိုးရှင်းရှင်းဘဲ မြေပြင်ပေါ်ထိုင်ချလိုက်ကာ မသိစိတ်ကနေ သူ့လက်ချောင်း‌တွေနဲ့ မြေကြီးကိုလိုက်ဆွနေလိုက်သည်။

မော့ချူလည်း မျက်မှောင်ကြုတ်သွားသည်။ သူမတို့တွေအဆုံးထိ ရောက်နေပြီ။ လင်ယဲ့ဟုန်က ရုတ်တရက် ဒီလို လှုပ်ရှားလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? သူတကယ်ပဲ သူမတို့ကို သေအောင်ကစားနေတော့မှာလား?

သူတို့ နှစ်ယောက်နောက်က လိုက်လာတဲ့ ကင်မရာမင်းတွေလည်း မတတ်နိုင်ဘဲ သူတို့ကိုသနားကာ မျက်ရည်ကျမိသည်။ ဟင်း! သူတို့တွေ ဒါရိုက်တာလင်ရဲ့ လက်ထဲရောက်နေမှတော့ ခုခံဖို့ နည်းလမ်းမရှိဘူး။ သူတို့ စိတ်ထဲ ကျေနပ်ရောင့်ရဲဖို့ ပျော်နိုင်သမျှ ပျော်သင့်သည်။ မင်းတို့ရဲ့ ဦးနှောက်တွေက ဒါရိုက်တာလင်နဲ့ ယှဉ်နိုင်တယ်လို့ တွေးတောင်မတွေးကြနဲ့။ ဒါက တစ်ဖက်သတ် နှိပ်စက်မှုပဲ!

“အာဝူး–” ဝိုင်းဝိုင်းက နေရာမှာဘဲ အကြိမ်အနည်းငယ်လောက် ခုန်ပေါက်လိုက်သည်။ ငါတို့ ဒီမှာနေမှာလား? ကောင်းတယ်၊ ငါလည်း ပင်ပန်းနေပြီ။

နောက်တော့ ဝိုင်းဝိုင်းက စိတ်လှုပ်ရှားစွာနဲ့ သူ့ကိုယ်သူ မော့ချူး ရင်ခွင်ထဲပစ်ဝင်လိုက်ကာ အလိုအလျောက် သက်သောင့်သက်သာရှိမယ့်ပုံစံကို ရှာလိုက်သည်။ သူကပါးစပ်ပိတ်၊ မျက်လုံးမှိတ်ကာ အိပ်လိုက်သည်။

“ဟင်း" ချင်ယွဲ့ သက်ပြင်း တိုးတိုးလေးချလိုက်ကာ ခါးသီးနေတဲ့မျက်နှာထားလုပ်လိုက်သည်။ “အိမ်မွေးတိရစ္ဆာန်တောင်မှ ငါ့ထက်ကောင်းသေးတယ်။ ငါတော့ ဒီလိုမျိုးမနေနိုင်ဘူး!"

မော့ချူး သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။ ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး သူမလက်ကို ချင်ယွဲ့ဆီဖြန့်လိုက်သည်။ “အရင်က သဲလွန်စကတ် ရှင့်မှာရှိသေးတယ် မဟုတ်လား?"

All Chapters