← Chapters

အပိုင်း ၂၀၉

Vol. 14 Ch. 209

အပိုင်း ၂၀၉

Vol. 14 Ch. 209

"ရှိတယ်၊ ရှိတယ်!" ချင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ မော့ချူး ဒီဟာကို ဘာလို့ ရုတ်တရက် လိုချင်လဲဆိုတာ သူမသိပေမယ့် အိတ်ကပ်ထဲက သဲလွန်စကတ်ကို ထုတ်လိုက်သည်။ "ဒီမှာ!"

မော့ချူး သဲလွန်စကတ်ကိုယူကာ သေသေချာချာကြည့်လိုက်သည်။

"ဘာကြည့်နေတာလဲ?" ချင်ယွဲ့လည်း စိတ်ဝင်တစား ခေါင်းငုံ့ကာ ကြည့်လိုက်သည်။

"ကျွန်မစဉ်းစားနေတာ၊ သဲလွန်စတွေ ဒီထဲမှာများရှိမလားလို့" အရင်က သဲလွန်စတွေက သူတို့ကို အကောင်းဆုံး ခန့်မှန်းရအောင်လုပ်သည်။ ဒီတခေါက်ကျ သူတို့သွားရမယ့်နေရာကို ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ ညွှန်ပြနိုင်ရတာလဲ? ဒါက ဒါရိုက်တာလင်ရဲ့စတိုင်နဲ့ လုံးဝမတူဘူး!

"ဟုတ်တယ်!" မော့ချူး ရဲ့ရှင်းပြချက်ကိုကြားတော့ ချင်ယွဲ့လဲ တစ်ခုခုမှားနေမှန်း ခံစားမိသွားသည်။ သို့ပေမယ့် ဒီသဲလွန်စကတ်ကို ထပ်ခါထပ်ခါ ကြည့်ပြီးတာတောင်မှ ထူးထူးခြားခြား ဘာမှကိုမတွေ့ရပါချေ။ "ဒါပေမဲ့ ဒီသဲလွန်စကတ်မှာ ဘာပြဿနာမှ မရှိဘူး"

မော့ချူး မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။ ရုတ်တရက် သူမလက်ကို မြှောက်လိုက်ပြီး နေရောင်ထဲတွင် သဲလွန်စကတ်ကို ထောင်လိုက်သည်။ သူ့မျက်လုံးတွေ နည်းနည်းတောက်ပလာကာ 'အယ်' ဆိုပြီး အသံထွက်လာသည်။

ဒီအသံကို ချင်ယွဲ့ ကြားတဲ့အခါ အခုလေးတင် ပစ်လှဲလိုက်တဲ့ ချင်ယွဲ့ကိုယ်က ခပ်မတ်မတ်ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ၊ ဘာတွေ့လိုက်လို့လဲ?"

အစပိုင်းမှာ မော့ချူးရဲ့ လုပ်ရပ်ကို မြင်တော့ အထူးသဲလွန်စတစ်ခု ရှိနေတယ်လို့ ချင်ယွဲ့ထင်ခဲ့မိသည်။ သို့ပေမယ့် သဲလွန်စကတ်ကို နေရောင်ထဲမှာ ထောင်ကြည့်လိုက်ပေမယ့် ဘာအထူးအဆန်းမှမရှိပေ။ အိုက်ယား! ဒီကောင်မလေး ဘာလို့ ဒီလောက်ထိ အံ့ဩသွားတာလဲ?

သို့ပေမယ့် မော့ချူး ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူမလက်ထဲက သဲလွန်စကတ်ကို ဆုတ်ဖြဲလိုက်သည်။

"အိုက်ယား မင်းဘာလုပ်တာလဲ?" ပထမတော့ ချင်ယွဲ့ မျက်မှောင်ကြုတ်သွားပေမယ့် မော့ချူးက သဲလွန်စကတ်ထဲကနေ မှတ်စုလေးတစ်ရွက် ထုတ်လိုက်တာကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးတွေတောက်ပလာသည်။ "ယို့၊ ကလေးမ မင်းက အံ့သြစရာပဲ!"

မှတ်စုစာရွက်လေးကို ဖြန့်လိုက်တဲ့အခါ အထဲတွင် စာလုံးသုံးလုံးနဲ့ ဂဏန်းတွေကိုသာ ရေးထားသည် — 'မျှော်စင်ဖြူတောင်၊ 25, 68'

အိုး? ဒါကဘာကြီးလဲ?

မော့ချူးရဲ့ အမူအရာမှာ မတတ်နိုင်ဘဲ တုံ့ဆိုင်းသွားသည်။ ပျော်ရွှင်နေတာတွေက ချက်ခြင်းဘဲ ငြိမ်းသွားတော့သည်။ ဒီဂဏန်းနှစ်လုံးက အတိအကျဘာကို ဆိုလိုချင်တာလဲ?

......

အနားမှာရှိတဲ့ ချင်ယွဲ့က စာရွက်ကိုယူလိုက်သည်။ သူ့မျက်လုံးတွေက ရုတ်တရက်တောက်ပလာကာ မော့ချူးရဲ့လက်ကိုဆွဲပြီး အောက်ကိုပြေးဆင်းလိုက်သည်။ "ငါသိပြီ။ လာ၊ ငါ့နောက် မြန်မြန်လိုက်ခဲ့!"

အနောက်မှ ရိုက်ကူးရေး အဖွဲ့သားတွေလည်း ပစ္စည်းကိရိယာတွေကို အလျင်အမြန်ယူကာ လိုက်ကြသည်။ သူတို့လည်း လုံးဝနားမလည်ဖြစ်နေကြသည်။ ဒီစာရွက်ထဲက အဓိပ္ပါယ်က ဘာများလဲ?!

…

“ဟူး–” အိမ်ပြန်ရောက်တဲ့အခါ မော့ချူးမနေနိုင်ဘဲ သက်ပြင်းခပ်တိုတို ချလိုက်မိသည်။ ရက်အတော်ကြာ ပင်ပန်းပြီးတဲ့နောက်မှာတော့ ဒီအစီအစဉ် ရိုက်ကူးရေးဟာ ပြီးဆုံးသွားခဲ့သည်။

ဝိုင်းဝိုင်းကတော့ စိတ်အားထက်သန်နေသည်။ အပြင်မှာ ရိုက်ကူးရေးလုပ်ခဲ့ရတဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သူ သိပ်မစားခဲ့ရပေ။ ဒီအချိန်မှာတော့ သူက မော့ချူးကို အစွမ်းကုန် နှောင့်ယှက်ကာ စူးစူးဝါးဝါး အော်ဟစ်နေသည်။ 'အရသာရှိတဲ့အစားအသောက်တွေ၊ အရသာရှိတဲ့ အစားအသောက်တွေ စားချင်တယ်!'

မော့ချူးလည်း တော်တော်ဗိုက်ဆာနေသည်။ ဝိုင်းဝိုင်းရဲ့ တိုက်တွန်းမှုအောက်မှာ သူမလည်း မီးဖိုချောင်ထဲဝင်လိုက်သည်။

သူမသည် ဂိတ်ပေါက်မှ ဝက်နံရိုးကြီးတစ်တုံးကို ထုတ်လိုက်ပြီး ငါးစင်တီမီတာ အတုံးလေးတွေဖြစ်အောင် လှီးလိုက်သည်။ ထို့နောက် သန့်စင်အောင်ဆေးကြောကာ အိုးထဲကိုထည့်၊ ရေအနည်းငယ်ထည့်ကာပြုတ်လိုက်သည်။

ဆူလာတဲ့အခါ ဇွန်းတစ်ချောင်းကိုသုံးပြီး အမြုပ်တွေကိုခပ်ထုတ်လိုက်သည်။ နောက်တော့ ‌အစောပိုင်းက ပြင်ဆင်ထားတဲ့ ပင်လယ်ရေမှော် အပိုင်းကြီးတစ်ခုကို ထည့်လိုက်သည်။ ဆားအနည်းငယ်ထည့်ကာ မိနစ် ၄၀ လောက်မီးအေးအေးဖြင့် တည်ထားလိုက်သည်

နံရိုးတွေအပြည့်အဝကျက်သွားတော့ သူမဟင်းရည်ကိုပြင်ဆင်ရန် နံရိုးတွေကို ဆယ်ထုတ်လိုက်သည်။ သူမက နံရိုးတွေကို အိုးတစ်ခုထဲထည့်လိုက်ကာ ကော်မှုန့်နည်းနည်းဖြူးလိုက်သည်။ နံရိုးတွေမှာ အမှုန့်တွေခပ်ပါးပါးကပ်နေစေရန် သမအောင်မွှေလိုက်သည်။

ထို့နောက် အိုးကိုအပူပေးကာ ပဲပိစပ်ဆီထည့်လိုက်သည်။ ဆီပူလာတော့ နံရိုးတွေကိုထည့်ကာ မီးအနေတော်ဖြင့် အရောင်ပြောင်းသည်အထိကြော်လိုက်သည်။ ထို့နောက် အဆီထိန်းရန် နံရိုးတွေကို ခပ်ထုတ်လိုက်သည်။

နောက်တော့ အိုးထဲက ဆီပိုတွေကို လောင်းထုတ်လိုက်ကာ အိုးထဲတွင် ဆီအနည်းငယ်သာ ချန်ထားလိုက်သည်။ ပြီးတော့ သကြားကို တော်သင့်ရုံလောက် ထည့်လိုက်သည်။ သကြားတွေ အရည်ပျော်လာပြီး တဖြည်းဖြည်း အရောင်ပြောင်းကာ ပွက်ပွက်ဆူလာတော့ နံရိုးချက်ခဲ့တဲ့ ဟင်းရည်ထဲထည့်လိုက်သည်။ နောက်တော့ နံရိုးကြော်ကို ထည့်လိုက်ကာ တစ်ခဏလောက် ဆူအောင်တည်ထားလိုက်သည်။

နောက်ဆုံးမှာ ဆား၊ သကြားနဲ့ ငရုတ်ကောင်းမှုန့်တို့ကို နည်းနည်းစီ ထည့်လိုက်သည်။ ဟင်းရည်က ပျစ်ပြီးခြောက်လုနီးပါးဖြစ်တဲ့အထိ မီးအေးအေးဖြင့် တည်ထားလိုက်သည်။ နောက်တော့ အီတာလျံရှာလကာရည်တစ်မျိုးကို တစ်ဇွန်းထည့်လိုက်သည်။ ပြီးတော့မှ သူမ ဟင်းရည်ကို မီးပြင်းပြင်းဖြင့် ပျစ်‌အောင် မွှေပြီးနောက် မီးသတ်လိုက်သည်။

All Chapters