← Chapters

အပိုင်း ၂၁၀

Vol. 14 Ch. 210

အပိုင်း ၂၁၀

Vol. 14 Ch. 210

မော့ချူး နှမ်းစေ့ကို ရှာမတွေ့တာ နှမြောစရာပင်။ မဟုတ်ရင် အခုချက်ထားတဲ့အထဲ နှမ်းစေ့တွေကိုဖြူးထည့်လိုက်ရင် အနံ့ ပိုမွှေးလိမ့်မည်ပင်။

ဘယ်လိုပဲဆိုဆို ထွက်နေတဲ့မွှေးရနံ့ကတော့ ဝိုင်းဝိုင်းနဲ့ ကျန်သူတွေကို သရေကျစေသည်။

မော့ချူး ဝက်နံရိုးချိုချဉ်ကို စားပွဲပေါ်ယူလာတာနဲ့ သူတို့တွေလည်း စားပွဲမှာ နာနာနခံခံနဲ့ ထိုင်လိုက်ကြကာ အစားအသောက်ကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။

"မြန်မြန်စားကြ!" ဒါကိုမြင်တော့ မော့ချူး မပြုံးနိုင်ဘဲ မနေနိုင်တော့ပေ။ သူမက ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးရဲ့ ပန်းကန်ထဲကို ဝက်နံရိုးအများစု ထည့်ပေးလိုက်သည်။ ကျန်တာက သူမနဲ့ မော့ယန်တို့အတွက် ဖြစ်သည်။

သီးသန့်ဖယ်ထားတယ်ဆိုတာက ဘာကိုဆိုလိုလဲဆိုတာ ဒီအသေးလေးနှစ်ယောက်က မသိပေ။ သူတို့ လက်တွေကိုချက်ချင်းသုံး‌တော့သည်။ သူတို့က ပူမှာကို ဂရုမစိုက်ဘဲ တစ်ခုဆွဲစားလိုက်သည်။

"အာဝူးး-" တကယ် အရသာရှိတယ်! ဝိုင်းဝိုင်းက ပန်းကန်ထဲရှိ အရိုးတွေကို စိတ်ကျေနပ်စွာ ကိုက်လိုက်သည်။ သူ့မျက်နှာပေါ်က နှင်းဖြူလိုအမွှေးတွေဟာ နီညိုရောင် အရည်တွေဖြင့် ပေကျံနေသည်။ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်နေသေးကာ အဲ့ဒါကိုမသိသေးပေ။

မြေခွေးပျံလေးကတော့ အစားအသောက်ထဲမှာဘဲ ခေါင်းနှစ်ထားကာ စကားတောင် မပြောပေ။

စားသောက်ပြီးနောက် မော့ချူး ခဏအနားယူလိုက်ပြီး အလုပ်စဖို့ အဆင်သင့်ဖြစ်နေသည်။ သူမ ကိုယ်ပိုင်ခလုတ်ခုံကို ဖွင့်လိုက်ပြီး 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ရဲ့အရှေ့မျက်နှာစာကို အရင်ဆုံးရှာလိုက်သည်။

ယခင် အင်တာနက်အသုံးပြုသူ 'နာကျင်မှုမရှိတဲ့ဘဝ' က လုံးဝပြန်လည်ကောင်းမွန်လာသည်။ မော့ချူးလဲ သူမရဲ့ ဆေးဖက်ဝင်ဟင်းလျာ စမ်းသပ်မှုကို ဆက်လုပ်ရန် တခြားလူနာတစ်ယောက်ကို ရွေးချယ်ဖို့ပြင်ဆင်လိုက်သည်။

သို့သော်၊ မော့ချူး 'စိတ်ဝိညာဉ်အစားအသောက်နှင့် ဆေးဖက်ဝင်ဟင်းလျာ' ကဏ္ဍရဲ့လျှောက်လွှာလုပ်ဆောင်ချက်ကို ဖွင့်ပြီးတဲ့နောက် တစ်မိနစ်အတွင်းမှာဘဲ တကယ်ကြီး လျှောက်လွှာအရေအတွက် တစ်ရာကျော်ရောက်လာသည်။ ဒီနှုန်းကြောင့် မော့ချူး နည်းနည်းအံ့သြသွားမိသည်။

သူမ ဒီကဏ္ဍကို ဖွင့်တုန်းက ဘယ်သူမှ အစမ်းသပ်ခံပစ္စည်းမဖြစ်ချင်ခဲ့ကြဘူးဆိုတာ သိခဲ့ရသည်။ ဒီတစ်ခါကျ ဘယ်လိုလုပ် အရမ်းစိတ်အားထက်သန်နေကြတာလဲ?

ထိပ်တန်းဆေးလုံးနဲ့ ယှဉ်နိုင်တဲ့ စိတ်ဝိညာဉ်အစားအစာကို မိတ်ဆက်ပေးပြီးခဲ့ပြီး၊ အဖွဲ့ချုပ်ရဲ့ ပြင်းထန်လှတဲ့ ရောဂါတွေကို ကုသဖို့အတွက် နောက်ဆုံးပေါ် ဆေးဖက်ဝင်ဟင်းလျာကို သူမကသာအသုံးပြုခဲ့ကြောင်းကို မော့ချူးက ဘယ်လိုလုပ်သိမှာတဲ့လဲ? 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ဆိုတဲ့ စကားလုံးတွေကို အံ့ဖွယ်သင်္ကေတတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။

သူတို့ရဲ့ ဖျားနာမှုကို ပျောက်ကင်းအောင် ကုပေးဖို့ မပြောနဲ့၊ သူတို့ရဲ့ အသွေးအသားတွေကို ဖြတ်ပစ်ရမယ်ဆိုရင်တောင် လိုက်လုပ်မယ့် အမာခံပရိသတ်တွေလည်း ရှိလိမ့်မည်!

[အရမ်းကောင်းတယ်! 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' က နောက်ဆုံးတော့ လျှောက်လွှာတင်ရမယ့်ချန်နယ်ကို ဖွင့်လိုက်ပြီ။ ဒီတစ်‌ခါတော့ ငါရွေးခံထိမလား သိချင်မိတယ်]

[ဘုရားရေ၊ ငါ့ရောဂါ ပျောက်သွားနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရနေတယ်!]

...

မော့ချူး လျှောက်လွှာတိုင်းကို ဂရုတစိုက် ဖတ်နေရင်း သူမအကြည့်တွေ စူးရှသွားသည်! ဒါက...

ရုတ်တရက်၊ လူကြိုက်များနေပြီဖြစ်တဲ့ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' အောက်ရှိ မှတ်ချက်တွေမှာ ဖိုရမ်ပေါ်တွင် ထပ်ပြီးပေါက်ကွဲသွားပြန်သည်!

[သေစမ်း၊ ငါ သွေးလေချောက်ခြားနေတာလား? အပလီကေးရှင်းချန်နယ်မှာ 'စုန့်ချင်းစုန့်' ဆိုတဲ့ စကားလုံးကို ငါတကယ်ကြီးတွေ့ခဲ့တယ်!]

[အမှန်ဘဲ၊ ငါလဲတွေ့လိုက်တယ်!]

[ဘုရားရေ! အဲ့ဒါ တကယ် ငါတို့ရဲ့နတ်ဘုရားစုန့်လား?]

[ဝိုး! ငါအရမ်းစိတ်လှုပ်ရှားမိတယ်! နတ်ဘုရားစုန့် မျိုးရိုးဗီဇပြိုကျတဲ့ရောဂါ ပြန်ကောင်းလာနိုင်မယ့်နေ့ကို ငါမျှော်‌နေပြီ!]

[ငါ့ရဲ့ idol၊ နိုးထလာမယ့်နေ့ကို စောင့်နေမယ်!]

စုန့်ချင်းစုန့်တစ်ယောက် ကောင်းကင်ဘုံရဲ့ ဂုဏ်ယူဖွယ်ရာသားတော်အဖြစ် ရှိနေချိန်တုန်းက စုန့်မိသားစုဟာ သူ့ရဲ့နာမည်ကျော်ကြားမှုကို အသုံးချရန်အတွက် စတားနက်တွင် နာမည်ထည့်ခိုင်းသည့်အခါ သူ့ရဲ့နာမည်ရင်းကိုသာ အသုံးပြုခဲ့သည်။ နတ်ဘုရားစုန့်ကိုသိတဲ့သူတွေအတွက် ဒီအကြောင်းက အရမ်းရှင်းလင်းသွားသည်။

“သခင်လေး၊ စိတ်မပူပါနဲ့” စုန့်ချင်းစုန့်ရဲ့ အနည်းငယ်တုန်ရီနေသည့် လက်တွေကိုကြည့်ရင်း ဦးလေးဝမ့် မနေနိုင်ဘဲ သူ့ကိုအသာလေး နှစ်သိမ့်လိုက်သည်။ "ဒီတစ်ခါ လျှောက်လွှာတင်တာ မအောင်မြင်ရင်တောင် နောက်တစ်ကြိမ်ရှိအုံးမှာဘဲ။ အလျင်စလို မလုပ်ကြရအောင်။ ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့!”

“ဦးလေးဝမ့်…” ခလုတ်ခုံပေါ်တွက် ပေါ်လာနေသည့် မှတ်ချက်တွေကို ကြည့်ရင်း စုန့်ချင်းစုန့်ရဲ့ အမူအရာမှာ ရုတ်တရက် အနည်းငယ် မှုန်မှိုင်းလာသည်။ "ကျွန်တော့်ရောဂါကို ကုနိုင်မယ်လို့ ဦးလေးတကယ်ထင်လား?"

သူသည် အတိတ်တွင် အကြိမ်ပေါင်း မရေမတွက်နိုင်သည့် မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားခဲ့သော်လည်း အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရသည်။ အခုတော့ သူစိတ်ကုန်ခါနီးပြီဖြစ်သည်။ သို့သော်၊ အတိတ်ကလို စွမ်းအားရှင်တစ်ဦးဖြစ်လိုတဲ့ဆန္ဒက နောက်ဆုံးတော့ သူ့ကိုနောက်တစ်ကြိမ်ကြိုးစားရန် သတ္တိစုမိစေသည်!

ဒါက...နောက်ဆုံးအကြိမ်ပဲ!

"ဒါပေါ့!" ဦးလေးဝမ့်က ခေါင်းညိတ်ပြပြီး သူ့မျက်လုံးတွေက အနည်းငယ်နီလာသည်။ “ဒီ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်က အံ့သြစရာ‌တွေ ဘယ်လောက်တောင်ဖန်တီးခဲ့လဲဆိုတာ ကြည့်ပါဦး။ သခင်လေးရဲ့ရောဂါကို သေချာပေါက် ကုပေးနိုင်လိမ့်မယ်လို့ ဦးလေးယုံကြည်တယ်”

All Chapters