← Chapters

အပိုင်း ၂၁၄

Vol. 15 Ch. 214

အပိုင်း ၂၁၄

Vol. 15 Ch. 214

"ဟုတ်ပါတယ်!" ဒါကိုကြားတော့ လက်ထောက်က အလျင်အမြန် ပြောလိုက်သည်။ သူ့လေသံထဲ စိတ်လှုပ်ရှားမှုအနည်းငယ် ရောယှက်နေ၏။ “အဲ့ဒီအစီအစဉ်ကို 'ဘယ်သူက အသန်မာဆုံးလဲ' လို့ခေါ်ပါတယ်။ အခုဆို အဖွဲ့ချုပ်တစ်ခုလုံးမှာ ရေပန်းစားနေပါတယ်"

"ဟုတ်လား?" ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သည့် လက်ထောက်တောင်မှ အနည်းငယ် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသည့်အခါ အာလန်နည်းနည်းပိုပြီး စူးစမ်းချင်မိသွားသည်။ "တစ်ချက်လောက်ကြည့် ကြည့်ဖို့ ဖွင့်ပေးပါအုံး"

“ဟုတ်ကဲ့ပါ” သခင်လေးအနေဖြင့် ဤအစီအစဉ်ကို ယခင်က မကြည့်ဖူးသည့်အတွက် လက်ထောက်က မအံ့သြပါချေ။ သူက တိတ်တဆိတ်ငုံ့ကာ အစီအစဉ်အား ဖွင့်ရန် ခလုတ်ခုံရှိ အလင်းဖန်သားပြင်အား ဖွင့်လိုက်သည်။

အစီအစဉ်အစကိုကြည့်လိုက်တာနဲ့ အမြဲတမ်းစည်းမဲ့ကမ်းမဲ့နေတတ်တဲ့ အာလန်တစ်ယောက် ရုတ်တရက်ထထိုင်ကာ ရပ်သည့်ခလုတ်ကို နှိပ်လိုက်သည်။ ဖန်သားပြင်ပေါ်တွင် ချိုချိုသာသာ ပြုံးနေသည့်ကောင်မလေးအား သူတည့်တည့်စိုက်ကြည့်လိုက်သည်။ "သူမက...ဘယ်သူလဲ?"

“အိုး ကံကောက်းတဲ့ကြယ်လေးပါ" ဒီလက်ထောက်က မော့ချူးရဲ့ အမာခံဖန်ဖြစ်ကြောင်း သိသာလှသည်။ အဲ့ဒီအချိန် သူ့နှုတ်ခမ်းထောင့်တွေတောင်မှ အသာကော့တက်သွားသည်။ “သူမက အဖွဲ့ချုပ်စစ်တက္ကသိုလ်က ကျောင်းသားသစ်‌ပါ။ သူက ချစ်စရာကောင်းပြီး အကျင့်စရိုက်လည်းကောင်းတယ်။ အခုတော့ သူမက လူအများရဲ့ရင်ထဲက နတ်သမီးလေး ဖြစ်နေပြီ။ ကျွန်တော်တောင်…” အာလန်ရဲ့ အေးစက်စက်အကြည့်နဲ့ ဆုံလိုက်ရတော့ သူ့ရဲ့နောက်ထပ်ပြောမယ့်စကား‌လုံးတွေတောင် ပျောက်ကွယ်သွားရသည်။

"သူ့ရဲ့ နောက်ခံအကြောင်း ငါ့ကိုရှာထား‌‌ပေး " အာလန်က play ခလုတ်ကို နှိပ်လိုက်ကာ နှစ်တစ်ရာအတွင်း တစ်ကြိမ်လေးတောင် သူမကြည့်တတ်တဲ့ အဖွဲ့ချုပ်ရဲ့ ဖျော်ဖြေရေး အစီအစဉ်ကို ဆက်ကြည့်ခဲ့သည်။ “ပြီးတော့ ရလဒ်တွေကို တတ်နိုင်သမျှ မြန်မြန်ပေး"

လက်ထောက် အနည်းငယ် အံ့အားသင့်သွားသည်။ အကြောင်းတစ်ခုခုကြောင့်၊ အကြီးဆုံးသခင်လေး ခေါ်လာခဲ့ဖူးသည့် အမျိုးသမီးအကြောင်း သူရုတ်တရက် တွေးမိသွားသည်။ သူ့ရင်ထဲ အနည်းငယ် ထိတ်လန့်သွားသည်။ ကံကောင်းတဲ့ကြယ်လေးအပေါ်မှာ မကောင်းတဲ့ လွှမ်းမိုးမှုမျိုး ဖြစ်အောင် သူ မတော်တဆလုပ်လိုက်မိတာလား...

"မြန်မြန်သွား!" ပရိုဂရမ်ထဲမှ ရွှင်မြူးနေသည့် ကောင်မလေးကို မြင်လိုက်ရတော့ အာလန်ရဲ့ နှုတ်ခမ်းထောင့်တွေ မထိန်းနိုင်ဘဲ အနည်းငယ် ကွေးတက်သွားသည်။ သူ့ဘေးနားတွင် ကြောင်တက်တက်ဖြစ်နေသည့် လက်ထောက်ရှိတာတောင် သူ ထိန်းမထားနိုင်တော့ပေ။ သူ ခပ်တိုးတိုးလေး ရယ်လိုက်သည်။

"အိုး...ဟုတ်ကဲ့!" လက်ထောက် အမြန်သတိပြန်ဝင်လာပေမယ့် သူ့ရင်ထဲမှာတော့ မျက်ရည်တွေ စီးကျနေပြီဖြစ်သည်။ 'သွားပြီ၊ သွားပြီ! သခင်လေးရဲ့ စိတ်လှုပ်ရှားနေတဲ့အမူအရာကို ကြည့်ရရင် သူ မော့ချူးကိုသဘောကျနေပြီဆိုတာ သိသာတယ်။'

အဲ့ဒါကိုသည်းမခံနိုင်သော်လည်း၊ လက်ထောက်မှာ မော့ချူးရဲ့ အချက်အလက်တွေကို အချိန်တိုတိုအတွင်း အရှိန်ဖြင့် လွှဲပြောင်းပေးလိုက်ရဆဲပင်။

“သူ ငယ်ငယ်တုန်းက မတော်တဆမှုတစ်ခုကြောင့် အလုံပိတ်အခန်းထဲမှာ ၁၅ နှစ်လောက် နေခဲ့ရတယ်” သူ့လက်ထဲက အချက်အလက်တွေကို ကြည့်ရင်း အာလန် အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။ “ဒါပေမဲ့ သူ့အရည်အချင်းက အံ့ဩစရာပဲ။ တစ်နှစ်၊ နှစ်နှစ်လောက်အချိန်တိုလေးအတွင်းမှာ သူမရဲ့ဒြပ်စွမ်းအင်က အဆင့် ၆ အထိတောင် တက်သွားတယ်" အနောက်ကို လှန်ကြည့်လိုက်ပြီးသည့်နောက် အာလန်ရဲ့မျက်ခုံးတွေ အနည်းငယ် ပြေလျော့သွားသည်။

မျက်လုံးမှိတ်ထားရင်း ရုတ်တရက် အာလန် ထရပ်လိုက်ကာ မျက်လုံးဖွင့်လိုက်သည်။ သူ့ရဲ့ ကြယ်ရောင်တောက်နေတဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး ဘေးနားက လက်ထောက်ကိုပြောလိုက်သည်။ “လာ၊ ငါ့နောက်ကနေ အဖွဲ့ချုပ် စစ်တက္ကသိုလ်ကို လိုက်ခဲ့”

စစ်တက္ကသိုလ်ကို သွားမလို့လား? ဘာဖြစ်လို့ အဲဒီကိုသွားမှာလဲ? လက်ထောက်မှာ အစပိုင်းတွင် နည်းနည်း နားမလည်ဖြစ်နေပေမယ့် သတိပြန်ဝင်လာတဲ့အခါ သူ့ရင်ထဲ နောင်တလှိုင်းလုံးတွေဖြင့် ပြည့်နှက်သွားသည်။ ရုတ်တရက်ကြီး စစ်တက္ကသိုလ်မှာ သူ လုပ်စရာ တခြားဘာရှိဦးမှာလဲ? ကံကောင်းတဲ့ကြယ်လေးကို သွားရှာဖို့ဘဲမဟုတ်ဘူးလား?

“အဲဒါက…” လက်ထောက်က ခက်ခက်ခဲခဲ တံတွေးမျိုချကာ သူ့ကိုတားဖို့ ကြိုးစားလိုက်သည်။ “သခင်‌လေး၊ ဒုတိယသခင်လေးရဲ့ ကိစ္စကိုရော ဘယ်လို…”

"ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်!" အာလန် နှုတ်ခမ်းတွေကွေးကာပြုံးလိုက်‌ပေမယ့် သူ့မျက်နှာက အနည်းငယ် အေးစက်နေတဲ့ပုံပင်။ "ဒါက 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' အပေါ်မူတည်နေရုံပဲလေ။ ပြီးတော့ အဲ့ဒါက သိပ်မလိုသေးဘူး!"

“အိုး…” လက်ထောက်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်ပြီး ခေါင်းငိုက်စိုက်ချကာ စိတ်ပျက်လက်ပျက်ဖြင့် အာလန်ဘေးကနေ လိုက်သွားလိုက်သည်။

စစ်တက္ကသိုလ် လေ့ကျင့်ရေးခန်း၌

သူတို့တွေနောက်ဆုံးတွေ့ခဲ့တာ အချိန်တစ်ခုပဲ ရှိသေးသည်။ မော့ယန်ရဲ့ mecha နည်းပညာတွေဟာ ယခင်ကထက် များစွာတိုးတက်လာပြီဖြစ်သည်။ ဘေးနားက ချင်ယွဲ့တောင် နည်းနည်း အံ့သြသွားသည်။ ဒီကောင်လေးရဲ့တိုးတက်မှုနှုန်းက အတော်လေးမြန်တာပဲ!

“ကောင်းပြီ၊ သွားကြရအောင်" တစ်မနက်လုံး လေ့ကျင့်မှုအပြီးတွင် သူတို့နှစ်ယောက်လုံး လုံးဝသက်တောင့်သက်သာရှိသွားသည်ဟု ယူဆနိုင်သည်။ သို့သော် သူတို့ဘေးတွင် ထိုင်နေသည့် မော့ချူးမှာ နည်းနည် ကူကယ်ရာမဲ့ ဖြစ်နေသည်။ သူမရဲ့အစ်ကိုကြီးကို mecha ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ရမှန်း သိသာနေတာကို သူမကျတော့ လမ်းလျှောက်ပြီး လှည့်လိုက်ရုံနဲ့တင် ဘာလို့ပြုတ်ပြုတ်ကျသွားရတာလဲ? ဒါက လုံးဝယုတ္တိမရှိဘူး!

"အိုက်ယား" မာနပြင်းပြင်းထန်ထန် ထိခိုက်သွားရတဲ့ မော့ချူးမှာ သူတို့နောက်ကနေ တိတ်တဆိတ် လိုက်သွားလိုက်သည်။ ဒါကိုမြင်တော့ ချင်ယွဲ့က သူမကို မနှစ်သိမ့်ပေးရုံတင်မက တက်တက်ကြွကြွနဲ့တောင် ပြောလိုက်သေးသည်။ "နောက်ဆုံးတော့ ငါ့မှာ မင်းကိုယှဥ်နိုင်တာတစ်ခုရှိပြီ!"

All Chapters