အပိုင်း ၂၁၆
Vol. 15 Ch. 216
ဒါကိုကြားတော့ ချောင်းဟုန်မိန်ရဲ့မျက်နှာက မတတ်နိုင်ဘဲ ပြောင်းလဲသွား တော့သည်။ အမှန်ဘဲ။ ဝန်မခံချင်ဘူးဆိုရင်တောင် ဒီအချက်ကို ငြင်းလို့မရပေ။
သူမဟာ ငယ်စဉ်ကပင် ချောင်းမိသားစုတွင် အရမ်းအောင်မြင်ခဲ့သည်။ မိန်းကလေးများက အဖွဲ့ချုပ်တွင် ရှားပါးရတနာများဖြစ်သည်။ ထို့အပြင်၊ သူမသည် စွမ်းအားများကျင့်ကြံရာတွင် အလွန်ထူးချွန်သူဖြစ်သည်။ သူမ တခြားသူတွေဆီက ချီးမွမ်းခံရသည်ကိုလည်း သဘောကျသည်။ သို့ပေမယ့် အဲ့ဒါက အဖွဲ့ချုပ်စစ်တက္ကသိုလ်တွင် သူမထက် သာလွန်သူ အမြဲရှိနေကြောင်း သူမ သဘောမပေါက်ခင်အထိဖြစ်သည်။
မော့ချူးဟာ ယခုအချိန်တွင်တော့ သူမလောက် မတော်သေးပေမယ့် အချိန်ကြာလာသည်နှင့်အမျှ မော့ချူးတွင် မမျှော်လင့်ထားတာ ဘာမှမဖြစ်လာသေးသရွေ့ သူမရဲ့အောင်မြင်မှုတွေက သူမထက်သာလွန်နေသည်မှာ သိသာလှသည်။
ဒါကို ချောင်းဟုန်မိန် ရင်ထဲတွင် အချိန်အတော်ကြာ သိနေခဲ့ပေမယ့် ချင်ယွဲ့ ပွင့်ပွင့်လင်းလင်း ပြောလာတဲ့နောက်တွင် သူမ ခံစားချက်မကောင်းတော့ပေ။ သူမ မော့ချူးကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ကာ ရက်စက်ကြမ်းတမ်းသည့်လေသံဖြင့် ပြောလိုက်သည်။ "ငါတို့တွေ လူကြီးဘဝကို ချောချောမွေ့မွေ့နဲ့ ကြီးပြင်းလာလိမ့်မယ်မှန်း ဘယ်သူသိမှာလဲ။ စောစောစီးစီး ကောက်ချက်ချဖို့ဆိုတာ အရမ်းမြန်သေးတယ်မဟုတ်လား?"
"အဲဒါ ဘာကိုဆိုလိုတာလဲ?" မော့ယန်ရဲ့ အကြည့်တွေ မည်းမှောင်သွားသည်။ ချောင်းဟုန်မိန်ရဲ့ နည်းနည်းကျိန်ဆဲသလိုပုံစံကြောင့် သူ့လေသံဟာပိုလို့တောင်ပြတ်သားလာသည်။
“ငါ အများကြီး မပြောလိုက်ပါဘူး။ နင်တို့...”
ချောင်းဟုန်မိန် စကားမဆုံးခင်မှာဘဲ ယောက်ျားလေးတစ်ယောက်အသံက ရုတ်တရက် ထွက်လာသည်။ "မင်းတို့တွေ တော်တော်လေး တက်တက်ကြွကြွစကားပြောနေကြတာဘဲ!"
အဲ့ဒီအသံကိုကြားတော့ သူတို့ထဲက တချို့က ခေါင်းလှည့်လာကြသည်။ ချင်ယွဲ့နဲ့ မော့ယန်တို့ ဘာပြောရမှန်းမသိဖြစ်သွားသည်။ တစ်ဖက်မှာတော့ မော့ချူး နည်းနည်း အံ့သြသွားသည်။ ဒီလူက လေလံပွဲတုန်းက သူမဘေးမှာ ထိုင်ခဲ့တဲ့သူ မဟုတ်ဘူးလား?
"မော့ချူး၊ မင်း ကိုယ့်ကို မှတ်မိသေးလား?" အာလန်က ရှေ့ကို လျှောက်လာသည်။ ညှို့ယူဖမ်းစားနိုင်သည့်အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ သူ့ရဲ့အပြာရင့်ရောင် မျက်လုံးအစုံက မော့ချူးတစ်ကိုယ်လုံးကို ဖမ်းယူချင်နေသလိုမျိုး တန်းတန်းစိုက်ကြည့်လိုက်သည်။
မော့ယန် မျက်မှောင်ကြုတ်လိုက်ကာ သူ့ညီမကို ကာကွယ်ဖို့ ရှေ့ကို လှမ်းလိုက်သည်။ သူလည်း ယောက်ျားသားမို့ အာလန်ရဲ့ မျက်လုံးတွေထဲက တပ်မက်သည့် အကြည့်ကို သဘာဝအလျောက် မြင်လိုက်ရသည်။ သူ့ရင်ထဲ မတတ်နိုင်ဘဲ တုန်လှုပ်သွားသည်။
သူ့မှာ နျဉ်ယွိယွင်ကိုတောင် မမောင်းထုတ်နိုင်သေးတာ ဒါကို ဘာလို့ နောက်တစ်ယောက်ပေါ်လာရတာလဲ? ချူးလေးကို သူအနီးကပ် စောင့်ကြည့်ရတော့မယ့်ပုံပင်။ မဟုတ်လို့ရှိရင်တော့ သူမ ဒီဝံပုလွေတွေဆီကနေ သွေးဆောင်ခံလိုက်ရမှာ၊ ဟုတ်တယ်မလား?
"ဒါပေါ့" မော့ချူးက တည်ငြိမ်တဲ့အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ "ရှင်ဘာ... ?"
အာလန်မှာ မော့ချူး စိတ်မဝင်စားဖြစ်နေတာကို သတိမထားမိဘဲ လိုရင်းကိုသွားလိုက်သည်။ "မင်းကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်မိလို့ မင်းနဲ့သူငယ်ချင်းဖြစ်ချင်လို့"
မော့ယန်ရဲ့ မျက်လုံးတွေဟာ မီးတောက်နေပြီဖြစ်သည်။ ဒီကောင်က အရှက်ကိုမရှိဘူး! သူ့ရဲ့အစ်ကိုတစ်ယောက်လုံးဘေးမှာ ရပ်နေတာကို မမြင်ဘူးလား? သူတကယ်ကြီး အဲ့လိုဟာမျိုးကို ပေါ့ပေါ့ပါးပါးပြောလိုက်တာပဲ။
မော့ချူး၏ သိမ်မွေ့လှပသည့် မျက်နှာကို ကြည့်ရင်း အာလန်မှာ ယုံကြည်မှုတွေပြည့်နေသည်။ သူ့ရဲ့ အပြောအဆို၊ ကြွယ်ဝမှုနှင့် ပါဝါတွေဟာ မိန်းကလေးတိုင်း သူ့ကို မတူကွဲပြားစွာ ဆက်ဆံဖို့ လုံလောက်သည်ဟု သူ အရမ်းယုံကြည်မှုရှိသည်။ မိန်းကလေးတွေနဲ့ ပတ်သက်လာလျှင် သူရှုံးနိမ့်တယ်ဆိုတာမရှိခဲ့ပေ။
သူ့ဘေးနားက ချောင်းဟုန်မိန်ကတော့ လုံးဝကို နောက်ခံအဖြစ် သဘောထားခံနေရသည်။ သူမ ဒေါသအရမ်းထွက်ရလွန်းလို့ သည်းမခံနိုင်တော့ပေ!
ဒီလူတွေအားလုံး မျက်စိကန်းနေတာလား? ဒီရှုံ့တွနေတဲ့ ကလေးမလေး မော့ချူးက ဘာကောင်းလို့လဲ? သူက သူ့အပေါ်ကိုခုန်တက်လာမယ့် အရည်အသွေးမြင့်တဲ့ ယောကျ်ားတွေကို တစ်ကယ်ကြီး တစ်ယောက်ပြီးတစ်ယောက်ဆွဲဆောင်နေတာဘဲ!
"ရှင် အခုထိမသိသေးဘူးမဟုတ်လား?" ချောင်းဟုန်မိန်ဟာ တခြားသူတွေအတွက် လိုလိုလားလားအကျိုးဆောင်ပေးတတ်သည့် မိန်းမ မဟုတ်ပေ။ သူမရဲ့ နှုတ်ခမ်းထောင့်တွေက အသာကွေးသွားကာ သဘောထားကွဲလွဲစေသည့် စကားများထွက်လာသည်။
“ဒီကောင်မလေး မော့ချူးက တော်တော် ချစ်စရာကောင်းတာ။ အရင်က စစ်ရေးလေ့ကျင့်မှုမှာ နည်းပြဆရာကတောင် သူ့ကို သဘောကျနေတာ။ အခုတော့ ရှင်တစ်ယောက် ထပ်ပေါ်လာပြီ!"
ဒါကိုကြားတော့ အာ့လန်ရဲ့အကြည့်တွေက အေးစက်သွားကာ ချောင်းဟုန်မိန်ကို လှည့်ကြည့်လာသည်။
ချောင်းဟုန်မိန်လည်း တစ်ဖက်လူရဲ့ အကြည့်ကို သဘာဝအလျောက် ဖမ်းမိလိုက်သည်။ သူမက လှလှပပပြုံးလိုက်တာကြောင့် သူမရဲ့မျက်နှာက ပိုလို့တောင် ညှို့ဓာတ်တွေထွက်လာသည်။ သူမရဲ့ လက်မောင်းကို အသာလေး လှုပ်ရှားလိုက်တာကြောင့် သူမရဲ့ ပြီးပြည့်စုံတဲ့အသွင်အပြင်က ထွက်ပေါ်လာသည်။
"မော့ချူးက အရမ်းချစ်စရာကောင်းတယ်ဆိုတာက ငါ့မှာအမြင်ကောင်းရှိတယ်ဆိုတာကို သက်သေပြနေတာဘဲ" အာလန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ သူ့အကြည့်တွေကို ချောင်းဟုန်မိန်ရဲ့ဝေးရာဆီ ဖယ်လိုက်သည်။
တခြားအချိန်ဆိုရင်တော့ ဒီအမျိုးသမီးက မဆိုးဘူးလို့ သူထင်ကောင်းထင်မိလိမ့်မည်။ သူမရဲ့မျက်နှာက နူးညံ့လှကာ သူမရဲ့ပုံစံကလည်း မိုက်လှသည်။ သို့သော် သူမအနားက မော့ချူးနဲ့ ယှဥ်ကြည့်လိုက်ပါက အနည်းငယ်နိမ့်သွားသည်။