← Chapters

အပိုင်း ၂၁၇

Vol. 15 Ch. 217

အပိုင်း ၂၁၇

Vol. 15 Ch. 217

"ကျွန်မ တောင်းပန်ပါတယ်" အာလန်ကို အံ့အားသင့်သွားစေတာက မော့ချူးဟာ သူ့ကို အမှန်တကယ် ငြင်းပယ်ခဲ့သည်။ "တောင်းပန်ပါတယ် လောလောဆယ်တော့ ကျွန်မ သူငယ်ချင်းဖွဲ့ဖို့ စိတ်ကူးမရှိပါဘူး"

အာလန်ဟာ ဒီနှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးတစ်ယောက်ကို အရမ်းစိတ်ဝင်စားမိခဲ့တာဖြစ်သည်။ သူဟာ စိတ်လှုပ်တရှားနဲ့ စစ်တက္ကသိုလ်ကိုတောင် အပြေးသွားခဲ့တာဖြစ်သည်။ သူ့ရဲ့ စိတ်လှုပ်ရှားပြီး သွေးပူတဲ့ အသွင်အပြင်က သူ့ကို တက္ကသိုလ်မှထွက်လာတဲ့ လူငယ်လေးလို ဖြစ်သွားစေသည်။

သို့သော်လည်း မော့ချူးက သူ့ကို အေးတိအေးစက်နဲ့ငြင်းဆိုခဲ့သည်။ သူမက သူ့ကို ဘာမှပြန်ပြောဖို့တောင် ဆန္ဒမရှိပေ။ အာလန်ရဲ့မျက်နှာက မနေနိုင်ဘဲ မည်းမှောင်သွားကာ သူ့လေသံက သတိပေးတဲ့အဪိပ်အယောင်တွေကို သယ်ဆောင်လာသည်။ “ဒါကို မင်းနောက်တစ်ကြိမ် ပြန်စဉ်းစားရင် ပိုကောင်းလိမ့်မယ်။ တကယ်တမ်းပြောရရင် မိန်းကလေးတွေက စိတ်ပြောင်းတတ်တယ်ဆိုတာ ပုံမှန်ပါပဲ"

ဒီစကားတွေ ထွက်လာတာနဲ့ မော့ယန်မပြောနဲ့ ချင်ယွဲ့တောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီလူ တစ်ခုခုဖြစ်နေတာလား? သူ့ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားကို ဘေးကနေ သူ့ဘာသာသူ ပြောနေသေးတယ်။ သူက ချောလို့ တွန်းလှန်နိုင်စွမ်း မရှိလောက်ဘူးလို့ သူတကယ်ထင်နေတာလား?

"အိုး ဟုတ်သားပဲ စကားအကြာကြီးပြောပြီးသွားတာတောင် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ဖို့ မေ့နေတယ်" အာလန်ရဲ့ နှုတ်ခမ်းထောင့်တွေ နည်းနည်း ကွေးညွတ်သွားသည်။ သူ ဘယ်သူဖြစ်ကြောင်း ထုတ်ဖော်လိုက်မယ်ဆိုပါက မော့ချူး စိတ်ပြောင်းသွားလိမ့်မယ်ဆိုတာ သေချာသည်။ "ကိုယ်က မိုက်ကယ် အာလန်ပါ"

"မိုက်ကယ်?" ဘေးနားက ချောင်းဟုန်မိန်က အမြန်တုံ့ပြန်လာသည်။ သူမရဲ့ အံ့သြနေတဲ့ အသံက နည်းနည်း စူးစူးဝါးဝါးဖြစ်သွားသည်။ "ရှင်က မိုက်ကယ်မိသားစုကလား?"

"မှန်တယ်" အာလန်က ဂရုမစိုက်စွာ ခေါင်းညိတ်ပြလိုက်သည်။

ချင်ယွဲ့ဟာ သူ့မိသားစုနဲ့ နေတာရှားသော်လည်း ဒီလိုဆက်သွယ်မှုတွေဆီကနေ လွှမ်းမိုးခံနေရဆဲဖြစ်သည်။ ခဏလောက် စဉ်းစားလိုက်ပြီး သူ မျက်မှောင်အသာကြုတ်သွားသည်။ "ခင်ဗျားက မိုက်ကယ်မိသားစုရဲ့ အကြီးဆုံးသခင်လေး အာလန်လား?"

အာလန်က တခြားဘာမှ မပြောပေမယ့် သူ့နှုတ်ခမ်းပေါ်က ယုံကြည်မှုရှိတဲ့အပြုံးက သူ့အထောက်အထားကို ညွှန်ပြနေသည်။

သူ မော့ချူးဘက်ကို အသာလှည့်ကြည့်လိုက်တဲ့အခါ သူမ မျက်ခုံးပင့်သွားတာကို သူတကယ် မြင်လိုက်ရသည်။ သူမရဲ့ အကြည့်တွေထဲ မနေနိုင်ဘဲ အံ့ဩမှု‌တွေထွက်ပေါ်လာတော့ ချက်ခြင်း သူ့ရင်ထဲမှာ တည်ငြိမ်သွားသည်။ ဒီကောင်မလေး မော့ချူး သေချာပေါက်စိတ်ပြောင်းသွားမှာလို့ သူ ပြောသားပဲ။

အာလန်ရဲ့မျက်လုံးထဲတွင် စိတ်ကျေနပ်တဲ့အရိပ်အယောင်တွေ ပေါ်လာသည်။ သို့သော် မော့ချူးပါးစပ် နည်းနည်းဟလိုက်တဲ့အခါ သူ့မျက်လုံးထဲက စိတ်ကြီးဝင်မှုတွေ ချက်ချင်း လွင့်စင်သွားသည်။

“တောင်းပန်ပါတယ်၊ အခုလေးတင် ကျွန်မ လုံးဝရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလို့ထင်တယ်။ ကျွန်မ ရှင်နဲ့ သူငယ်ချင်း မဖြစ်ချင်ဘူး။ နောင်မှာလည်း ရှင် ကျွန်မကို မနှောင့်ယှက်လောက်ဘူးလို့ ကျွန်မမျှော်လင့်ပါတယ်"

မော့ချူး တကယ် အရမ်းအံ့အားသင့်သွားခဲ့သည်။ ဝေ ရဲ့သွေးအေးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစ်ကိုကြီးနဲ့ ဆုံလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ဒါ့ပြင် သူက အခုချိန်မှာ သူမနဲ့တကယ်ကြီး သူငယ်ချင်းဖြစ်ချင်နေတာလား? ဒါက လုံးဝကို မဖြစ်နိုင်ပေ!

မော့ချူးရဲ့ အေးစက်စက် စကားလုံးတွေက အာလန်ရဲ့ တောက်လောင်နေတဲ့ နှလုံးသားကို ရေခဲရေအေးတစ်ဇလုံ လောင်းချလိုက်သလိုပင်။ စိတ်တိုသလို ခံစားလိုက်ရကာ အာလန်ရဲ့မျက်လုံးတွေ မတတ်နိုင်ဘဲ ကျဉ်းမြောင်းသွားပြီး သူ့လေသံထဲတွင် ဖိနှိပ်ချုပ်ချယ်လိုမှုတွေ ထွက်ပေါ်လာသည်။ "ခုနက ဘာပြောလိုက်တာ? မင်းက ဆန္ဒမရှိဘူးပေါ့?"

“တကယ်နှမြောစရာပဲ" အာလန်ဟာ ရုတ်တရက် ငြိမ်သက်နေတဲ့ မျက်နှာပြင်ကို ဖြိုခွဲလိုက်ပြီး သူ့အကြည့်တွေက သွေးဆာနေသော မှော်သားရဲတစ်ကောင်လို ပြင်းထန်လာသည်။ “ ဟင့်အင်း ဆိုတဲ့အဖြေကို ငါလက်မခံဘူး! မင်း ဆန္ဒမရှိဘူးဆိုရင်တောင် ဆန္ဒရှိရမယ်!"

သူတို့အုပ်စုဟာ လေ့ကျင့်ရေးခန်း အပြင်ဘက်တွင် လူတွေအများကြီးနဲ့အတူ ရှိနေသည်။ သူတို့အားလုံးဟာ ချောမောလှပတဲ့ အမျိုးသားတွေ အမျိုးသမီးတွေဖြစ်သည်။ ဒီဇာတ်လမ်းကိုပါ ထည့်ပေါင်းလိုက်တော့၊ ဘေးက လူတော်တော်များများကို ကြည့်ချင်လာအောင် ဆွဲဆောင်နေကာ၊ ခလုတ်ခုံဖြင့် မှတ်တမ်းတင်နေကြတဲ့ စပ်စုကြတဲ့သူတွေလည်းပါသည်။ အိုက်ယိုး၊ ဒါက တကယ် အံ့သြစရာဘဲ!

"အဲ့ဒီလိုလား?" အဲ့ဒီအချိန်မှာ အမျိုးသားတစ်ယောက်ရဲ့ အသံက ရုတ်တရက် ကြားဖြတ်ဝင်လာသည်။ သူ့လေသံက ခပ်နိမ့်နိမ့်ဖြင့် ခြိမ်းခြောက်တဲ့ အရိပ်အယောင်တွေကို သယ်ဆောင်လာသည်။ "ဒါဆို ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း ငါ့ကို အရင်ကြိုမေးသင့်တယ်"

ရောက်လာတဲ့လူကို ကြည့်လိုက်တော့ မော့ချူးရဲ့မျက်လုံးတွေ မနေနိုင်ဘဲ ဝင်းလက်သွားသည်။ ‌နျဉ်ယွိယွင်! ဒီလူ ဘာလို့ ရုတ်တရက် ရောက်လာတာလဲ?

"မင်းက...?" မိသားစုကြီးတွေထဲ နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့တဲ့ အာလန်ရဲ့ မျက်လုံးတွေဟာ အနီရောင် ရောင်ခြည်တွေလိုမျိုး တိကျလှသည်။ သူ့ရှေ့က ဒီလူဟာ ပြောင်မြောက်လှတဲ့ အသွင်အပြင်ရှိရုံတင်မက သူ့အငွေ့အသက်တွေကလည်း တည်ငြိမ်ကာ သိပ်သည်းလှသည်ကြောင့် သူက သာမန်လူမဟုတ်တာတော့ သေချာသည်။

‌နျဉ်ယွိယွင် ဘာမှပြန်မပြောရသေးခင် ချောင်းဟုန်မိန်က အရင် ရယ်လိုက်သည်။ သူမက ပြောလိုက်သည်။ "ဒါက မော့ချူးကို အရင်က လိုက်ခဲ့တဲ့ နည်းပြလေ!"

မိုက်ကယ်မိသားစုရဲ့ သခင်လေးနှင့် ယှဉ်လျှင် ‌နျဉ်ယွိယွင်၏ အထောက်အထားတွေကတော့ ပိုနိမ့်လိမ့်မည်။

အာလန်ရဲ့ မျက်လုံးတွေကတော့ စူးစိုက်ကြည့်နေသည်။ နည်းပြ? မဟုတ်ဘူး... ဒီလို အရောင်အဝါရှိတဲ့ လူတစ်ယောက်က ဘယ်လိုနည်းနဲ့ ရိုးရှင်းတဲ့ နည်းပြတစ်ယောက်ဖြစ်နိုင်ပါ့မလဲ?

"ဟယ်လို၊ ငါက ‌နျဉ်ယွိယွင်ပါ" မော့ချူးဘေးနားကိုလျှောက်သွားရင်း ‌နျဉ်ယွိယွင်က အာလန်ကို ခေါင်းအသာညိတ်ပြလိုက်သည်။ သူ့လုပ်ရပ်တွေက အမြဲတမ်း ပြေပြစ်ကာ မြင့်မြတ်လှသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျင့်ဝတ်သိက္ခာပိုင်းတွင် လေ့ကျင့်ခံထားရတယ်ဆိုတာ ထင်ရှားလှသည်။ သို့သော် သူ့အသံထဲတွင်မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တွေရှိနေသည်။

"‌နျဉ်ယွိယွင်?" အာလန် သူ့စိတ်ထဲမှနေ ဒီနာမည်နဲ့ပတ်သက်တဲ့ အချက်အလက်ကို ရှာဖွေရင်း အသံတိုးတိုးဖြင့် ထပ်ခါတလဲလဲ ဆိုလိုက်သည်။ ရုတ်တရက် သူ့အကြည့်တွေက သူ့ရှေ့က ဒီလူနဲ့ မဖြစ်နိုင်တဲ့ အထောက်အထားတစ်ခုကို တဖြည်းဖြည်း ပေါင်းစပ်လိုက်တဲ့အခါ သူ့အကြည့်တွေက စူးစိုက်သွားသည်။ သူ့အသံထဲ ရှားရှားပါးပါး အံ့အားသင့်တဲ့အရိပ်အယောင်တွေ ထွက်လာသည်။ "အဖွဲ့ချုပ်က မာရှယ်နျဉ်ယွိယွင်လား?"

ဒီစကားတွေက တကယ်ကိုကြီး မြေကြီးကိုအစိတ်စိတ်မြွှာမြွှာဖြစ်သွားစေသည်။

‌နျဉ်ယွိယွင်ကို ဂရုတစိုက် အကဲခတ်နေတဲ့ ဘေးကချောင်းဟုန်မိန်တောင် အသက်ရှူမဝတော့ပေ။ သူမအသံက အနည်းငယ်တုန်ယင်နေ၏။ "ရှင်....ရှင်နောက်နေတာ ဖြစ်ရမယ်! သူက ဘယ်လိုလုပ် အဖွဲ့ချုပ်ရဲ့မာရှယ်ဖြစ်နိုင်မှာလဲ?"

‌နျဉ်ယွိယွင် ဆိုတဲ့စကားလုံးတွေဟာ လူတွေက ယဇ်ပလ္လင်ပေါ် တဖြည်းဖြည်း တွန်းပို့ခဲ့ကြတာဖြစ်သည်။ သူ ခွန်အားနဲ့ ဉာဏ်ပညာရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုတစ်ခုဖြစ်သည်။ ယခင်က တခြားဂြိုလ်တွေနဲ့ သူ့ရဲ့တိုက်ပွဲတွေတွင်၊ သူရှုံးခဲ့တယ်ဆိုတာထက် အနိုင်ယူတန်ပြန်တိုက်ခိုက်မှုများစွာဖြင့် အောင်နိုင်ခဲ့တာက ပိုများသည်။ သူ့ရဲ့ စွမ်းရည်ဟာ ကျင့်ကြံမှုပဲဖြစ်ဖြစ် မက်ချာထိန်းချုပ်မှုပဲဖြစ်ဖြစ်၊ သူဟာ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

ဒီလိုလူက ဒီမှာဘယ်လိုလုပ် ပေါ်လာတာလဲ?

ချောင်းဟုန်မိန် မပြောနဲ့ မော့ယန်နဲ့ ချင်ယွဲ့တို့နှုတ်ခမ်းတွေတောင် မတတ်နိုင်ဘဲ နည်းနည်းတုန်ရီသွားကြသည်။ ဒါ ဒါက ဆန်းကြယ်လွန်းတယ်။ ‌နျဉ်ယွိယွင်က အဖွဲ့ချုပ်ရဲ့ တစ်ဦးတည်းသော မာရှယ်တဲ့!

သေစမ်း! ဒီလူက သူတို့ဘေးမှာ အကြာကြီးပုန်းခိုနေတာကို၊ ဒါတောင်မှ သူတို့ သူ့ကို ရှာမတွေ့ခဲ့ဘူး!

ခရက်!

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

သူတို့ဘေးနားက လူတစ်ယောက်က သူ့ခလုတ်ခုံကိုကိုင်ကာ ဗီဒီယိုရိုက်နေသည်။ သို့သော် သူ့ရဲ့ထိတ်လန့်မှုကြောင့် သူ့အကြည့်တွေက မှင်တက်နေသည်။ သူ့လက်က ပြင်းပြင်းထန်ထန် လှုပ်ခါသွားကာ ခလုတ်ခုံလည်း တည့်တည့်ကြီး ပြုတ်ကျသွားတော့သည်။

All Chapters