← Chapters

အပိုင်း ၂၁၈

Vol. 15 Ch. 218

အပိုင်း ၂၁၈

Vol. 15 Ch. 218

အဖွဲ့ချုပ်ရဲ့မာရှယ်‌နျဉ်ယွိယွင်ဟာ ကံကောင်းတဲ့ကြယ်လေးမော့ချူးကို အရူးအမူးစွဲလန်းနေတယ်!

ဒီသတင်းကို စတားနက်မှာ တင်လိုက်တာနဲ့ မြေပြန့်မှာ ဗုံးတစ်လုံးကျလာသလိုပင်။ ဘမ်းခနဲမပေါက်ကွဲမီ တစ်ခဏလောက် တိတ်ဆိတ်သွားသည်။

[ငါ... ငါကြားတာ မမှားဘူး ဟုတ်တယ်မလား? မာရှယ်နျဉ်မှာ တကယ်ပဲ သူကြိုက်တဲ့လူရှိနေတယ်တဲ့!]

အဖွဲ့ချုပ်တွင် ‌နျဉ်ယွိယွင်၏ ကျော်ကြားမှုဟာ အလွန်မြင့်မားပြီး အမျိုးသမီးအများအပြားက သူ့ကို 'နိုင်ငံရဲ့အကောင်းဆုံးခင်ပွန်း' အဖြစ်ပင် မဲပေးခဲ့ကြသည်။ သူဟာ အရမ်းသိုသိုသိပ်သိပ်နိုင်ကာ လျှို့ဝှက်ဆန်းကြယ်လှသည်။ သူသည် မည်သည့်အရှုပ်တော်ပုံတွင်မျှ မပါဝင်ဖူးသော်လည်း၊ ဤကဲ့သို့ ပေါက်ကွဲစေလိမ့်မည်ဟု မမျှော်လင့်ထားပါချေ။

[ဒါ...ဒါက သပ်သပ်စန်းတင်နေတာများလား?]လူတော်တော်များများက လုံးဝမယုံကြကာ ဒီသတင်းကိုကြားတော့ ရယ်မောလိုက်ကြတယ်။ မော့ချူးဟာ ချစ်စရာကောင်းပြီး အကျင့်စာရိတ္တကောင်းမွန်သော်လည်း ‌နျဉ်ယွိယွင်နှင့်တော့ မည်သို့မျှ မပတ်သက်နိုင်ပေ။ သူက မာရှယ်နျဉ်ရဲ့ကျော်ကြားမှုကိုမှီပြီး ထိပ်ကိုတက်ချင်တာများလား?

[ဘာစန်းတင်တာလဲ? ကံကောင်းတဲ့ကြယ်လေးက ဒီလိုမျိုးလုပ်မယ်လို့ နင်တို့ထင်နေတာလား?] မော့ချူးရဲ့ ဖန်အစစ်အမှန်တွေက ဒါကိုကြားတဲ့အခါ ဒေါသထွက်ကြတော့သည်။ [ဒါက သူတို့ရဲ့အချစ်စစ်ဖြစ်နိုင်တယ်!]

ဆွေးနွေးမှု အမျိုးမျိုးတွေဟာ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားတော့သည်။

ထို့နောက် လူတိုင်း၏ အာရုံကို ထပ်မံဖမ်းစားသွားသည့် ဗီဒီယိုတစ်ခု ပေါ်လာသည်။

ဗီဒီယိုက နည်းနည်းလှုပ်ခါနေသည်။ ၎င်းကို လျှို့ဝှက်ရိုက်ကူးထားသည်မှာ သိသာလှသော်လည်း ဗီဒီယို၏ အရည်အသွေးမှာ အတော်လေး ရှင်းလင်းနေဆဲဖြစ်ကာ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းပြသပေးနိုင်သေးသည်။

နောက်ခံသည် လေ့ကျင့်ရေးကွင်းတစ်ခုလိုဖြစ်ကာ ဗီဒီယိုအလယ်တွင် ခံ့ညားလှသည့်ရောင်ဝါရှိတဲ့ စစ်ဝတ်စုံဝတ်ထားသည့် လူချောလေးတစ်ဦးရှိနေသည်။

သူ့ဘေးနားတွင်တော့ လေ့ကျင့်သင်ကြားနေတဲ့ ကျောင်းသားတွေက မေးခွန်းတွေစမေးလာတဲ့အခါ အရင်ကအမူအရာမရှိတဲ့ အဲ့ဒီလူရဲ့မျက်လုံးတွေက နူးညံ့လာကာ သူ့မျက်နှာပေါ်တွင် လေးနက်မှုနဲ့ မျှော်မှန်းထားမှုတွေ ချက်ချင်းခုန်ထွက်လာတာကို တွေ့လိုက်ရသည်။ "ငါက ချူးလေးရဲ့ စောင့်ရှောက်သူဖြစ်ဖို့ ကြိုးစားနေတာ"

စခရင်သည် အနည်းငယ်ရွေ့သွားကာ အဲ့ဒီလူကြည့်တဲ့နောက်ဆီလိုက်သွား အံ့အားသင့်စရာကောင်းစွာဖြင့် သူကြည့်နေသည့်သူမှာ မော့ချူးဖြစ်နေသည်!

ဒီအချိန်မှာ စခရင်က ရုတ်တရက် ရပ်သွားပေမယ့် အဲ့ဒါရဲ့နောက်ကွယ်မှ အဓိပ္ပါယ်မှာ ဒီထက်ပိုပြီး မသိသာနေစရာမရှိတော့ပေ။

ဒီနည်းပြက ‌နျဉ်ယွိယွင်များလား? အိုဘုရားရေ! ဒီလိုတွေးမိလိုက်တာနဲ့ အင်တာနက်သုံးစွဲသူတွေ ချက်ခြင်းဘဲရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။

[ဝိုး၊ ဒါက မာရှယ်နျဉ်လား? အရမ်းချောတယ်၊ အရမ်းချောတယ်!]

[ကျေးဇူးပြုပြီး ငါ့ရဲ့ အရူးအမူးစွဲလန်းနေတဲ့ မျက်လုံးတွေကို ကြည့်စမ်းပါအုံး!]

[သူက လုံးဝ ငါ့typeပဲ!]

သို့သော်၊ '‌စောင့်ရှောက်သူ' ဆိုတဲ့ စကားလုံးကို ပြင်းပြင်းထန်ထန် သတိပြုမိတဲ့သူတွေလည်း ရှိကာ နောက်ထပ် စိတ်လှုပ်ရှားဖွယ်ရာ လှိုင်းလုံးတွေကို ဖြစ်ပေါ်လာစေသည်။

[သေစမ်း! မာရှယ်နျဉ်ရဲ့ အခြေအနေ‌နဲ့ဆို သူက စောင့်ရှောက်သူဖြစ်ဖို့ ဆန္ဒရှိနေသေးတာပဲ။ ဒါကဟာသလား?]

[စောင့်ရှောက်သူ၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲဒါက တစ်သက်လုံး ချည်နှောင်ခံရတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဒီလိုတာဝန်ကို ဘယ်သူက ကျေကျေနပ်နပ်ကြီး ယူချင်မှာလဲ?]

အမျိုးသားတွေ သဘောမကျတာနှင့် ယှဉ်ပါက အမျိုးသမီးအများစုဟာတော့ အရမ်းရိုမန်တစ်ဆန်သည်ဟု ယူဆကြသည်။

'စောင့်ရှောက်သူ' ဆိုတဲ့ စကားလုံးဟာ အကြွင်းမဲ့ ချစ်ခြင်းနှင့် လုံခြုံမှုကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုသည်။

[ကံကောင်းတဲ့ကြယ်လေးက အရမ်းကံကောင်းတာဘဲ။ ဝူး အရမ်းအားကျတယ်!]

[အရှင်နျဉ်ရေ၊ ဘယ်လိုလုပ် ဒီလောက်ထိ ကောင်းနိုင်ရတာလဲ? အနာဂတ်မှာ ငါလက်တွဲဖော် ရှာတဲ့အခါကျရင် ငါ့ရဲ့ချဉ်းကပ်မယ့်ပုံစံကို လုံးဝပြောင်းပေးလိုက်တာဘဲ!]

[ငါလဲ သ‌ဘောတူတယ်!]

မော့ချူးရဲ့ အချက်အလက်တွေကို စတင်စုံစမ်းစစ်ဆေးကြတဲ့ စပ်စုကြတဲ့သူတွေလည်းရှိသည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကြားက အဆင့်အတန်းကွာဟမှုဟာ အရမ်းကြီးသည်။ တစ်ယောက်က အရွယ်မရောက်သေးတဲ့ ဒုတိယအဆင့် အမျိုးသမီးကြယ်ပွင့်ဖြစ်ကာ နောက်တစ်ယောက်မှာတော့ နိုင်ငံ့ခေါင်းဆောင်ဖြစ်သည်။ သူတို့နှစ်ယောက်ကို ဘယ်သူမှ တစ်ယောက်နဲ့တစ်ယောက် ပေါင်းစပ်ကြည့်လို့မရပါချေ။ ဒါတောင် ဒီလိုဖြစ်လာတယ်။ ဘယ်သူကများ မစပ်စုချင်ဘဲနေမှာလဲ?

နောက်ဆုံးတွင်တော့၊ အချက်အလက်တွေကို တူးဖော်လိုက်တဲ့အခါ လူအများစု တုန်လှုပ်သွားကြတော့သည်။

မော့ချူးဟာ အနောက်ဘက် ခရိုင် ၁၂ တွင် နေထိုင်ခဲ့သော်လည်း သူမရဲ့ အရည်အချင်းက အံ့အားသင့်စရာပင်။ သူမဟာ ကျင့်ကြံဆင့် အဆင့် ၆ ကို တက်လှမ်းနေပြီဖြစ်သည်။ ဒါ့အပြင် ကျင့်ကြံရေးတွင်လည်း အရမ်းထူးချွန်တဲ့သူဖြစ်သည်။ သူမ ကျောင်းဝင်ခွင့်ရသည်နှင့်တစ်ပြိုင်နက် သူမအား အဆင့်မြင့်ချန်ပိုင်မှ တပည့်အဖြစ်ခေါ်ယူခဲ့သည်။ ဒီမိန်းကလေးဟာလည်း ဖြုံစရာလူတစ်ယောက်ဖြစ်ကြောင်း အကြောင်းအရာမျိုးစုံက ပြသနေသည်။

All Chapters