← Chapters

အပိုင်း ၂၁၉

Vol. 15 Ch. 219

အပိုင်း ၂၁၉

Vol. 15 Ch. 219

စတားနက်ပေါ်တွင် ဆူညံသံများဖြင့် စည်ကားနေသလို အင်တာနက်ပေါ်တွင်လည်း ဂနာမငြိမ်ဖြစ်နေသည်။

အဲ့ဒီအခိုက်အတန့်မှာ မော့ယန်တစ်ယောက် ‌နျဉ်ယွိယွင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူ့လေသံက အနည်းငယ် အေးစက်သွားသည်။ "ပြော ခင်ဗျား ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား?"

သူ့အနေဖြင့် တခြားသူတွေအကြောင်းကို မသိပေမယ့် ‌နျဉ်ယွိယွင်ရဲ့ အဆင့်အတန်း၊ အထောက်အထားတွေနှင့်ဆို ဒီကိစ္စကို ဖုံးရန်မှာ သူ့အတွက် လွယ်လွယ်ကူကူဘဲဖြစ်သည်။ သို့သော်လည်း အခုဖော်ထုတ်ခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပိုပို‌ပြီးဆွေးနွေးလာသည့် အရိပ်အယောင်တွေ ရှိလာသည်။ ဒီကိစ္စဟာ ‌နျဉ်ယွိယွင် လက်ထဲမှာမရှိဘူးဆိုတာ သူ လုံးဝယုံမည်မဟုတ်ပေ။

‌နျဉ်ယွိယွင်ဟာ ဖွင့်ပြောစရာမလိုသလို တိတ်တဆိတ်သဘောတူသည့်ပုံစံဖြင့် ခပ်ပါးပါးပြုံးလိုက်သည်။

ချူးလေးဟာ သူမရဲ့ ကိုယ်ပိုင်ထက်မြက်မှုနဲ့ ချစ်စရာကောင်းမှုကို ဖြည်းဖြည်းချင်း ထုတ်ဖော်ပြသ‌လာတာကိုကြည့်ရင်း ပျာယာခတ်တယ် ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်တုန်းကမှ နားမလည်ခဲ့တဲ့ ‌နျဉ်ယွိယွင်က မတတ်နိုင်ဘဲ နည်းနည်းစိုးရိမ်မိသွားသည်။ သူဟာ ဒီကိစ္စကို အခွင့်ကောင်းယူကာ တခြားသူ‌တွေ မော့ချူးအား ပစ်မှတ်ထားမခံရ‌စေရန် သူ့ရဲ့အာဏာကို အရင်ကြေညာထားဖို့ လိုသည်။

"ခင်ဗျား!" ‌နျဉ်ယွိယွင်ရဲ့ မျက်လုံးထဲက အပြုံးကို မြင်လိုက်ရတော့ မော့ယန် ဒေါသအရမ်းထွက်သွားကာ အံကြိတ်လိုက်မိသည်။ သူ့ရဲ့ မျက်နှာချောချောကို ချက်ချင်းဘဲ ထိုးပစ်လိုက်ချင်သည်။ သူအံကြိတ်ကာ သရော်လိုက်သည်။ “အတွေ့အကြုံရှိတဲ့ မာရှယ်နျဉ်က မျှော်လင့်ထားတဲ့အတိုင်း အထင်ကြီးစရာပဲ!"

မကြာသေးမီကပင် မော့ယန်ဟာ ဒီမာရှယ်ကို အရမ်းလေးစားခဲ့သည်။ သူ့ရင်ထဲတွင် သူက ပြီးပြည့်စုံသည့် အံ့ဖွယ်တစ်ပါးဖြစ်သည်။

သူဟာ အလွန်ထက်မြက်၊ ရဲရင့်သူကာ ပြတ်သားတဲ့သူဖြစ်သည်။ ‌နျဉ်ယွိယွင်မှာ ဒီလိုအရည်အချင်းသုံးမျိုးလုံးရှိတာကို မပြောနဲ့ဦး ဒီလိုအရည်အချင်း သုံးမျိုးထဲက တစ်ခုရှိဖို့ဆိုတာက လူတစ်ယောက်အတွက် အရမ်းရှားပါးလှသည်။ သူ့ရဲ့အောင်မြင်မှုတွေနဲ့ စွမ်းဆောင်မှုတွေက လူတိုင်းသူ့ကို လေးစားမိဖို့ လုံလောက်သည်။

သို့ပေမယ့်... ဒီလူက ချူးလေးကို အမိဖမ်းချင်လာတဲ့အခါမှာတော့ သူ့အပေါ် မော့ယန်ရဲ့လေးစားမှုတွေဟာ သဲလွန်စမရှိ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူ့ကို ဉာဏ်ကြီးရှင်အဖြစ် အထင်ကြီးမိခဲ့ရာကနေ အမြီးကြီးကြီးနဲ့ အရှက်မဲ့တဲ့ ဝံပုလွေအဖြစ် ချက်ချင်းကျဆင်းသွားတော့သည်။

“မော့ယန်" ‌နျဉ်ယွိယွင်ရဲ့အမူအရာမှာ နည်းနည်းပြောင်းလဲသွားပြီး သူ့အကြည့်က လေးနက်သွားသည်။ "တကယ်တော့ ငါက အကောင်းဆုံးရွေးချယ်မှုဆိုတာ မင်းစိတ်ထဲမှာ သိနေပါတယ်"

“ချူးလေးက ပိုပိုပြီး ထူးချွန်လာတယ်။ အဲ့ဒါက သူမ ယောက်ျားလေးတွေ အများအပြားရဲ့ လေးစားမှုနဲ့လိုချင်တပ်မက်မှုကို ဆွဲဆောင်နိုင်လိမ့်မယ်ဆိုတာ မလွဲဧကန်ပဲ၊ ငါကသာ အကောင်းဆုံးသော ဒိုင်းကာပဲ"

"ငါ ချူးလေးရဲ့ စောင့်ရှောက်သူဖြစ်ချင်ကြောင်း အရင်ကတည်းက ပြောထားပြီးသားပဲ" ‌နျဉ်ယွိယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ " ချူးလေး ကြီးလာလို့ ငါ့ကိုလက်ခံဖို့ ဆန္ဒရှိရင် သဘာဝအလျောက် အားလုံးပျော်ရွှင်ရမှာပဲ။ သူမ ဆန္ဒမရှိဘူးဆိုရင်တော့ ငါ မဆိုင်းမတွလက်လွှတ်ပေးမယ်"

"မင်း ဘယ်လိုပဲကြည့်ကြည့်၊ ချူးလေးက အားနည်းချက်ရှိမှာ မဟုတ်ဘူး"

......

‌နျဉ်ယွိယွင်ဟာ ကျွမ်းကျင်တဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်ကြောင်း ပြောရပေမည်။ စာကြောင်းတိုလေးအနည်းငယ်ဖြင့်ပင် သူဟာ အဓိကအချက်တွေကို ချက်ခြင်းဖိချလိုက်ကာ အားသာချက် အားနည်းချက်တွေကို ဖော်ပြပြီးသွားပြီဖြစ်သည်။

မော့ယန်ရဲ့ အမူအရာမှာ အနည်းငယ် နစ်မွန်းသွားသည်။

‌နျဉ်ယွိယွင်ရဲ့ စကားတွေဟာ အကြောင်းပြချက်မရှိတာတော့ မဟုတ်ပေ။ လက်ရှိ ချူးလေးက တခြားသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်နေပြီဖြစ်သည်။ အနာဂတ်တွင် သူမသာ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ဖြစ်နေကြောင်း သိလာကြပါက သူမ ငြိမ်းချမ်းစွာ အနားယူနိုင်တော့မည်မဟုတ်ပေ။

တကယ်လို့... မော့ယန် ခေါင်းအသာစောင်းကာ သူ့ဘေးနားရှိ ‌နျဉ်ယွိယွင်ကို ကြည့်လိုက်သည်။ ဒီပုဂ္ဂိုလ်ရဲ့ အကြံပြုချက်ကိုလည်း ထည့်သွင်းစဉ်းစားလို့ရသေးသည်။

‌နျဉ်ယွိယွင်က ဘယ်လိုလူမို့လို့လဲ? ထုံးစံအတိုင်း၊ သူလည်း မော့ယန်ရဲ့ ပြောင်းလဲသွားတဲ့ သဘောထားကို မြင်လိုက်ရသည်။ သူ့ရင်ထဲမှာ မတတ်နိုင်ဘဲ ဝမ်းသာအားရဖြစ်သွားကာ သူ့နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားသည် ။

တစ်ဖက်တွင်မူ

ချင်ယွဲ့က မော့ချူးရဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူမကို ဂရုတစိုက် အကဲခတ်နေသလို ခေါင်းကိုမော့ထားသည်။ ရံဖန်ရံခါ၊ သူက ကျွတ်စ် ပါသပ်လိုက်သေးသည်။

သူ သူမကိုကြည့်နေတဲ့အခါ မော့ချူးမှာ ဆံပင်တွေထောင်လာသလို ခံစားလိုက်ရသည်။ သူမ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ခပ်တိုးတိုးမေးလိုက်သည်။ “ရှင် ဘာလုပ်နေတာလဲ?"

"မင်းကို ကြည့်နေတာလေ!" ချင်ယွဲ့က ပွင့်ပွင့်လင်းလင်း ဖြေလာသည်။ သူ့မျက်လုံးတွေက သူမကို စိုက်ကြည့်နေတုန်းပင်။

မော့ချူး နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ကာ နောက်ကိုယိမ်းလိုက်သည်။ "ဘာလို့ ကျွန်မကို ကြည့်နေတာလဲ"

"သေချာပေါက်၊ မင်း ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာ ငါကြည့်နေတာ" ချင်ယွဲ့က လေးနက်တဲ့ မျက်နှာနဲ့ မော့ချူးရဲ့ခေါင်းကို တည့်တည့် ထားလိုက်သည်။ "မဟုတ်လို့ရှိရင် မာရှယ်နျဉ်ကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ?"

"ကျွတ်စ် ကျွတ်စ်၊ တစ်နေ့မှာ ငါ့ရဲ့ယောက်ဖက ‌နျဉ်ယွိယွင်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး!" ချင်ယွဲ့ ခေါင်းကို အသာမော့လိုက်ကာ သူ့မျက်လုံးတွေက တောက်ပနေသည်။

"ယောက်...ယောက်ဖ?" မော့ချူးရဲ့နှုတ်ခမ်းတွေ နည်းနည်းတွန့်မဲ့သွားသည်။

"ဟုတ်တယ်လေ!" ချင်ယွဲ့ ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး မော့ချူးပခုံးကို သူ့လက်ဖဝါးကြီးဖြင့်ပုတ်လိုက်သည်။ "မင်းက ငါ့ညီမဆိုတော့ ‌နျဉ်ယွိယွင်က သဘာဝအတိုင်း ငါ့ယောက်ဖပေါ့ မဟုတ်ဘူးလား?"

All Chapters