← Chapters

အပိုင်း ၂၂၀

Vol. 15 Ch. 220

အပိုင်း ၂၂၀

Vol. 15 Ch. 220

"ဟမ်? ချူးလေးက ဘယ်တုန်းက မင်းညီမဖြစ်သွားတာလဲ? ငါ ဘာလို့ မသိလိုက်တာလဲ?" မော့ယန်လှမ်းလာတဲ့အချိန် ဒီစကားကိုကြားလိုက်ရသည်။ သူ့မျက်နှာက မတတ်နိုင်ဘဲ မည်းမှောင်သွားသည်။ တကယ်ကောင်းတယ်! တစ်ယောက်ယောက်က ချူးလေးကို သူ့ဆီကနေလုယူချင်နေရုံတင်မကဘူး သူ့ရဲ့အစ်ကိုကြီးရာထူးကိုတောင် လုယူချင်နေတဲ့သူတွေ ရှိသေးတယ်!

“ဟေး!” ချင်ယွဲ့က အရေထူစွာဖြင့် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ “ကောင်းပြီ မင်းနဲ့ငါက ညီအစ်ကိုတွေပဲလေ။ မော့ချူးက မင်းရဲ့ညီမဆိုတော့ သဘာဝအတိုင်း သူက ငါ့ညီမပဲပေါ့။ ဟုတ်တယ်မလား?"

ဒီအဓိပ္ပါယ်ဟာ အမှန်တကယ်ကို နည်းနည်းလှည့်စားနေပုံရှိကာ ချင်ယွဲ့တစ်ယောက် သူ့ရဲ့လျင်မြန်တဲ့ဉာဏ်ကြောင့် မနေနိုင်ဘဲ သူ့ကိုယ်သူ ချီးကျူးလိုက်သည်။ ပြောတာကောင်းတယ်!

သို့ပေမယ့် ဒီစကားလုံးတွေက သူ့ကိုယ်သူ လှည့်စားဖို့သုံးနိုင်ပေမယ့် မော့ယန်ကို ဖြတ်သွားချင်ရင်တော့ သူ့တွင် စကားလုံးတချို့ရှားနေပါသေးသည်။ "ချင်ယွဲ့၊ ငါနဲ့အတူအပြင်ထွက်လာခဲ့၊ စကားကောင်းကောင်းပြောရအောင်!"

ချင်ယွဲ့ ဘယ်လောက်ပဲ တုံးအနေပါစေ လူတွေရဲ့အမူအရာတွေကို ဘယ်လိုဖတ်ရမလဲဆိုတာ သိသည်။ အခု မော့ယန်ရဲ့မျက်လုံးတွေ မည်းမှောင်နေတာကိုမြင်တော့ သူဘယ်လိုလုပ် နာနာခံခံနဲ့ ထွက်လာနိုင်ရမှာလဲ? သူ့မျက်လုံးတွေ ဝိုင်းသွားပြီး ချက်ချင်း ထရပ်လိုက်သည်။ သူ လျှပ်တပြက်အရှိန်နဲ့ ပြေးထွက်သွားခဲ့သည်။ “ငါ့မှာ လုပ်စရာရှိသေးတယ်။ အမ်... ငါအရင်သွား‌တော့မယ်။ မင်းတို့တွေ ဖြည်းဖြည်းချင်း စကားပြောကြနော်!"

မော့ယန် သူ့ကို ဘယ်လို လွှတ်ပေးနိုင်မှာလဲ? သူခြေလှမ်းနည်းနည်းလှမ်းလိုက်ကာ ချက်ချင်း သူ့နောက်ကို လိုက်သွားသည်။ ဒီကလေး! သူ့ကို မမြင်ဘူးထင်နေတာလား? သူ့ဆီကနေ ထွက်ပြေးနိုင်မယ်လို့ ထင်နေလား?

တစ်ခဏလောက် အခန်းထဲတွင် မော့ချူးနဲ့‌ နျဉ်ယွိယွင်တို့ပဲ ကျန်ခဲ့တော့သည်။

အခုလေးတင် ဖြစ်ပျက်သွားခဲ့တာတွေကြောင့် မော့ချူး နှလုံးဟာ နည်းနည်း ခုန်နေသေးသည်။ သူမ မတတ်နိုင်ဘဲ မျက်နှာအနည်းငယ်လှည့်လိုက်ကာ သူ့ကိုတိုက်ရိုက်မကြည့်ရဲပေ။

ရိုးရိုးသားသားပြောရလျှင် မော့ချူးအနေဖြင့် နည်းနည်း မိန်းမောနေသေးသည်။ သူမ ရှေ့က ဒီလူက အဖွဲ့ချုပ်ရဲ့ တစ်ဦးတည်းသော မာရှယ်တဲ့လား? သူအရင်တုန်းက သူမကို အဲ့ဒီလိုမျိုးလိုက်ခဲ့သေးတယ်လား?

"ဘာဖြစလို့လဲ? မင်းစိုးရိမ်နေတာလား ဒါမှမဟုတ် ရှက်နေတာလား?" သူ့အတွက် ဒီလိုအခွင့်အရေးမျိုး ရဖို့ဆိုတာ မလွယ်တာမို့ သဘာဝအတိုင်း သူလက်လွှတ်မှာ မဟုတ်ပေ။ သူက ခြေတံရှည်ကြီးဖြင့် မော့ချူးဘက် နည်းနည်းရွှေ့လိုက်သည်။ သူ့လေသံက စနောက်နေသလိုဖြစ်နေပေမယ့် သူ့မျက်လုံးတွေကတော့ သူမကို စိုက်ကြည့်ကာ တောက်ပနေသည်။

ဒီအသက်ဝင်တဲ့ မျက်နှာလေးကို သူနောက်ဆုံးမြင်ခဲ့ရတာ ဘယ်လောက်ကြာပြီလဲ? တစ်ပတ်တောင်မပြည့်လောက်သေးပေမယ့် သူကတော့ အချိန်အတော်ကြာသွားသလို ခံစားရသည်။ သူ့အရိုးတွေထဲမှာ နစ်မြုပ်နေတဲ့ တောင့်တမှုဟာ တခဏချင်း ပေါက်ကွဲသွားတဲ့ပုံပင်။ သူ သူမအားဖိချကာ ကောင်းကောင်း အလိုလိုက်နိုင်ပါစေလို့ ဆန္ဒပြုမိသည်။

"ဘာ မဟုတ်တာတွေ ပြောနေတာလဲ?!" ဒီစကားတွေဟာ နောက်ဆုံးတော့ မော့ချူးကို သူ့ဘက်လှည့်ကာ စူးစူးရဲရဲ စိုက်ကြည့်ခဲ့သည်။ သို့သော်လည်း သူမသည်‌ နျဉ်ယွိယွင်၏ ချစ်ခင်ကြင်နာသည့် အကြည့်နှင့် ဆုံလိုက်ရသည်။ ၎င်းဟာ နက်နဲသည့်ရေကန်နှင့် တူ၏။ မျက်နှာပြင်တွင် ငြိမ်သက်နေသော်လည်း အမှောင်ထဲတွင်တော့ ရေစီးကြောင်းများဟာ တဟုန်ထိုးလိမ့်တက်နေသည်။

"ကိုယ့်ကို သတိရနေလား?" ‌နျဉ်ယွိယွင် သူ့ရင်ထဲက ပေါက်ထွက်တော့မယ့် တွန်းအားတွေကို မျိုသိပ်လိုက်သည်။ သူ့အသံက နည်းနည်းဩရှနေကာ သူရဲ့ခပ်နက်နက်အသံထဲတွင် ဆွဲဆောင်နေသည့် အရိပ်အယောင်တွေ ထွက်ပေါ်နေသည်။

"ဘာကိုလဲ?" မော့ချူးမှာ ခုနက သူပြောခဲ့တဲ့စကားတွေကြားဖို့ကို ‌နျဉ်ယွိယွင်ရဲ့မျက်နှာကိုကြည့်ရင်း အလုပ်များ‌နေခဲ့သည်။

ဒါကိုမြင်လိုက်ရတော့ ‌နျဉ်ယွိယွင် မထိန်းနိုင်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ပထမဆုံးအကြိမ်အနေနဲ့ သူ့မျက်နှာနဲ့ပတ်သတ်ပြီး သူနည်းနည်းစိတ်ပူမိသွားတာပင်။ သူ့ရဲ့ချောမောတဲ့ မျက်နှာလေးကို သူမသဘောကျလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး!

သို့သော် အနာဂတ်တွင် မော့ချူးအနား၌ သူဘယ်လိုမျိုးရပ်တည်နိုင်ပါ့မလဲလို့ တွေးမိတဲ့အခါ ‌နျဉ်ယွိယွင်ရဲ့နှလုံးသားမှာ အရှိန်မထိန်းနိုင်ဘဲ အရှိန်ပြင်းလာသည်။ သူဆက်မေးလိုက်သည်။ “မင်း ကိုယ့်ကို သတိရနေလား?"

ဒီတစ်ကြိမ်တွင်တော့ မော့ချူး ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ သူမမျက်နှာက မတတ်နိုင်ဘဲ အနည်းငယ် နီလာသည်။ သူ့မျက်နှာကို ကြည့်လိုက်ရင်း သူမ ခေါင်းအသာငုံ့လိုက်သည်။ ယခင်က သူမသည် ရှိုးရိုက်ကူးရေးလုပ်၊ သဲလွန်စရှာကာ၊ ငွေတွေရှာနေခဲ့ရသည်။ သူမမှာ အလုပ်အရမ်းများလွန်းလို့ ‌နျဉ်ယွိယွင်ကိုသတိရဖို့အချိန် ဘယ်လိုလုပ်ရှိမှာလဲ?

"မင်း ကိုယ့်ကို သတိမရဘူးလား?" မော့ချူးရဲ့လှုပ်ရှားမှုကြောင့် ‌နျဉ်ယွိယွင် အဲ့ဒါကို ဘယ်လိုလုပ် မမြင်ရမှာတဲ့လဲ? သူ့အသံက နည်းနည်း နစ်မြုပ်သွားပေမယ့် သူ့လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။ "အင်း ကိုယ်ကတော့ မင်းကို အရမ်းသတိရတာ။ ကိုယ် တကယ်...မင်းကို အရမ်းသတိရနေတာ!"

နူးညံ့သိမ်မွေ့တဲ့ အချစ်စကားလုံးတွေက အဲ့ဒီလိုမျိုး လွင့်ပျံ့လာသည်။ အမြဲတမ်း အေးစက်မာကျောနေတတ်တဲ့‌နျဉ်ယွိယွင်မှာ အခုတော့ နူးညံ့သိမ်မွေ့တဲ့ အမူအရာတွေရှိနေသည်။ သို့သော် သူ့မျက်လုံးတွေထဲတွင် အရိုင်းဆန်သည့် အရိပ်အယောင်တွေ ရှိနေသည်။ သူသည် မော့ချူးရဲ့နှဖူးထက်မှငုံ့ကြည့်လာကာ သူမရဲ့နူးညံ့တဲ့ မျက်ခုံးမျက်လုံးတွေကနေ နည်းနည်းမြင့်တဲ့နှာတံ နောက်ဆုံးတွင်တော့ နူးညံ့တဲ့နှုတ်ခမ်းလေးတွေကို စိုက်ကြည့်လိုက်သည်။

သူ့အကြည့်တွေ ပိုပိုပြီး ပူနွေးလာကာလေထုက ချက်ချင်း ပြောင်းသွားတော့သည်။

“ရှင် ဘာလုပ်နေတာလဲ…” မော့ချူး မသိစိတ်ကနေ နောက်ပြန်ဆုတ်လိုက်သည်။ သူမ လှုပ်တောင် မလှုပ်ရသေးပေ! ‌နျဉ်ယွိယွင်သည် သူမအား ဆိုဖာပေါ် မညာမတာ ဖိလိုက်ပြီး သူ့နှုတ်ခမ်းတွေက သူမနှုတ်ခမ်းတွေဆီ တိုက်ရိုက်ကျရောက်လာသည်!

All Chapters