← Chapters

အပိုင်း ၂၂၁

Vol. 15 Ch. 221

အပိုင်း ၂၂၁

Vol. 15 Ch. 221

“ဘယ်လိုတောင် မွှေးလိုက်တဲ့အနံ့လေးလဲ…” သူ့နှုတ်ခမ်းကြား ပွတ်တိုက်မှုမှ တိုးတိုးလေးထွက်လာသည့် စကားလုံးတွေပင်။ သူ့နှုတ်ခမ်းအောက်က နူးညံ့မှုကိုလျက်လိုက်ကာ ‌နျဉ်ယွိယွင်မနေနိုင်ဘဲ အသက်ရှူသံတိုးတိုးထုတ်မိသွားသည်။ သူ့ရဲ့စောစောက လှုပ်ရှားနေတဲ့ နှလုံးသားက ချက်ချင်း ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။

မဖြစ်ဘူး! ခပ်မြန်မြန်ပဲ ‌နျဉ်ယွိယွင်က သူ့အတွေးတွေ လုံးဝမှားယွင်းနေကြောင်း သိလိုက်ရသည်။

ငြိမ်သက်မှုသည် တစ်ခဏလေးသာ တည်တံ့ခဲ့သည်။ နှစ်ယောက်ကြားက အနမ်းတွေ နက်ရှိုင်းလာသည်နှင့်အမျှ ‌နျဉ်ယွိယွင်ရဲ့ နှလုံးသားအောက်ခြေကနေ ပိုပိုပြီး သွေးထိုးလှုံ့ဆော်လာသလို ခံစားလိုက်ရသည်။ တွင်းတူးထားသလိုမျိုး ၎င်းကိုဖြည့်ဖို့ တစ်ခုခုကို သူအမြဲရှာချင်နေခဲ့သည်။ မလုံလောက်သေးဘူး၊ မလုံလောက်သေးဘူး!

‌နျဉ်ယွိယွင် ရုတ်တရက် သူ့အနမ်းကို ပြင်းပြင်းပြပြ တိုးလိုက်သည်။ သူလျှာနဲ့ မော့ချူးရဲ့ နည်းနည်းပိတ်ထားတဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရန် ကြိုးပမ်းလိုက်သည်။

'အပြန်အလှန် ချစ်ခြင်းမေတ္တာ' ဆိုတဲ့စကားလုံးလေးလုံးဟာ အရင်တုန်းကတော့ အဓိပ္ပါယ်မရှိတဲ့ စကားလုံး တွေဖြစ်သည်။ အခုတော့ သူတို့ရင်ထဲမှာ အနက်ရှိုင်းဆုံး ဆန္ဒ‌တွေရှိလာပြီ! သူက သူမကို ပြင်းပြင်းပြပြပွေ့ဖက်ထားချင်ကာ သူမအား သူ့အရိုးနဲ့ သွေးတွေကိုထဲကို တွန်းထည့်လိုက်ချင်သည်။ ဒီနည်းနဲ့ဆို သူမရဲ့ဖြစ်တည်မှုအား သူအချိန်မရွေး ခံစားနိုင်မည်။

မော့ချူး ထိတ်လန့်သွားသည်။

ဘာပဲဖြစ်ဖြစ် သူမက ငယ်သေးသည်။ ‌နျဉ်ယွိယွင်အရင်က ဘယ်လောက်ပဲ မြောက်နေခဲ့ပါစေ သူမအား အမြဲတမ်း ညင်သာစွာ ဆက်ဆံတတ်သည်။ သူအရင်က ဒီလောက်ထိ တိုက်ရိုက်မဆန်ဖူးဘူး။ ဒီအနမ်းတောင်မှ နည်းနည်း ပူလောင်ပြီး ချစ်စိတ်ပြင်းပြလှသည်။ လျင်မြန်ပြင်းထန်တဲ့ တိုက်ခိုက်မှုဟာ မော့ချူးလက်မခံနိုင်တဲ့ အရာဖြစ်သည်... သူမ ‌နျဉ်ယွိယွင်ကို တွန်းထုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ?" ‌နျဉ်ယွိယွင် အနည်းငယ် ကြောင်အသွားသည်။ မော့ချူးရဲ့ နှုတ်ခမ်းထောင့်က ဒဏ်ရာကို မြင်လိုက်ရတဲ့အခါ သူ မတတ်နိုင်ဘဲ ထိတ်လန့်သွားသည်။ သူ ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းကာ မော့ချူးရဲ့ပခုံးကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ သူမရဲ့စုတ်ပြဲနေတဲ့ နှုတ်ခမ်းတွေကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။ သူ့လေသံထဲတွင် နောင်တရကာ၊ စိတ်မကောင်းဖြစ်သည့် အရိပ်အယောက်တွေဖြင့် ပြည့်နှက်သွားသည်။ "ကိုယ် မင်းကို နာအောင် လုပ်မိသွားတာလား?"

မော့ချူးက ဘာမှ မပြောဘဲ ခေါင်းကို နည်းနည်းငုံ့ထားလိုက်သည်။ သို့ပေမယ့် အဲ့ဒီလုပ်ရပ်ကြောင့် ‌နျဉ်ယွိယွင်ရဲ့ ကိုယ်အောက်ပိုင်းမှာ မတ်မတ်ထောင်နေတာကို သူမတွေ့လိုက်ရသည်။

သူမက မသိနားမလည်တဲ့ မိန်းကလေးတစ်ယောက်မဟုတ်ပေ။ သူမ အရင်က ရည်းစားတစ်ခါမှ မထားဖူးပေမဲ့ ၂၁ ရာစု၏ ပေါက်ကွဲထွက်နေတဲ့ အင်တာနက် အချက်အလက်တွေကြောင့် သိသင့်တဲ့ ဇီဝကမ္မဆိုင်ရာ ဗဟုသုတ အများစုကို သိထားသည်။ ‌နျဉ်ယွိယွင်ရဲ့ လက်ရှိပုံစံဟာ ဘာကိုဆိုလိုသလဲဆိုတာကိုလည်း သူမသိသည်မှာ ထုံးစံပင်။ သူမ မျက်နှာငယ်လေးက ချက်ချင်း နီမြန်းလာသည်။

"တောင်းပန်ပါတယ် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လိုက်ဘူး" ဒီအချိန် ‌နျဉ်ယွိယွင်မှာ မော့ချူးရဲ့ထူးဆန်းတဲ့ အပြုအမူကို သတိမထားမိလိုက်ပေ။ သူ့ရင်ထဲတွင် စိတ်ပျက်အားငယ်မှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သေစမ်း! သူအမြဲဂုဏ်ယူခဲ့ရတဲ့ ချုပ်တည်းနိုင်စွမ်းတွေက ဘယ်ကိုရောက်သွားတာလဲ? သူ မော့ချူးကို ထိလိုက်တာနဲ့ ဘယ်လိုလုပ်ပျောက်သွားနိုင်ရတာလဲ?

"နာလို့လား?" ‌နျဉ်ယွိယွင်ရဲ့လက်ချောင်းက ဒဏ်ရာကို ထိသွားသည်။ မော့ချူး မသိစိတ်ကနေ နာကျင်မှုကြောင့် နောက်တွန့်သွားသည်။ ဒီလိုသနားစရာကောင်းတဲ့ပုံစံက‌ နျဉ်ယွိယွင်ကို ပိုလို့တောင် အပြစ်ရှိသလို ခံစားရစေသည်။ "ခဏစောင့်၊ ဆေးရှိလားလို့ ကိုယ်သွားမေးကြည့်လိုက်အုံးမယ်"

“မလိုဘူး” မော့ချူး ‌နျဉ်ယွိယွင်ကို နောက်ပြန်ဆွဲလိုက်သည်။ အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် သူမ အထစ်ထစ် အငေါ့ငေါ့ပြောလိုက်သည်။ "အမ်... ရှင်အဆင်မပြေဖြစ်နေလား?"

"ဟမ်?" အမြဲတမ်း ဉာဏ်ထက်လှတဲ့ ‌နျဉ်ယွိယွင်မှာ ပထမဆုံးအကြိမ်အနေနဲ့ အနည်းငယ် နားမလည်ဖြစ်သွားသည်။ အမ်...ချူးလေးက ဒဏ်ရာရထားတဲ့သူမဟုတ်ဘူးလား?

သို့ပေမယ့် မော့ချူး အကြည့်နောက်ကိုလိုက်ပြီး သူ့အောက်ပိုင်းကို ကြည့်လိုက်ရာ ‌နျဉ်ယွိယွင် နောက်ဆုံးတော့ နားလည်သွားသည်။ ဆိုတော့ ဒီကလေးမလေးက သူ့အတွက် ဘယ်လိုတွေးပေးရမလဲဆိုတာ သိတယ်ပေါ့! ဒါကိုတွေးမိပြီး ‌နျဉ်ယွိယွင်ရဲ့ နှုတ်ခမ်းထောင့်တွေက မထိန်းနိုင်ဘဲ‌ အပြုံးအဖြစ် ကွေးတက်သွားသည်။ သူ့လေသံက နည်းနည်း ပြေလျော့သွားသည်။ "ကိုယ်သည်းခံနိုင်ပါတယ်!"

ဒီကလေးမလေး မော့ချူးက ငယ်သေး၏။ သူအချိန်အကြာကြီး ခံနိုင်ရည်ရှိဖို့ လိုသေးတယ်လို့ တွက်လိုက်မိသည်။

“ကောင်းပါပြီ” မော့ချူးရဲ့ မျက်နှာပေါ်က အပူဟာ မသက်သာသေးပေ။ ပူလွန်းနေသဖြင့် ‌နျဉ်ယွိယွင်ရဲ့လက်တွေကိုတောင် ယားယံလာစေသည်။ အသားမာတွေနဲ့ သူ့လက်ကြီးတွေက ချောမွေ့နူးညံ့တဲ့ မျက်နှာလေးကို ထိတွေ့လိုက်သည်။

"မင်းရော? နှုတ်ခမ်းတွေ နာနေသေးလား?" ‌နျဉ်ယွိယွင် ကိုယ်ကို အသာကိုင်းလိုက်တော့ သူ့ရဲ့ထွက်သက်ပြင်းပြင်းက သူမရဲ့ နားရွက်ပေါ်ကို ကျလာပုံရကာ မော့ချူးရဲ့ နားပန်ကိုတောင် နီရဲလာစေသည်။ သူမ အမြန်နောက်ဆုတ်လိုက်သည်။ “အဲ့….အဲ့ဒါက အဆင်ပြေပါတယ်။ ခဏနေကျရင် အဆင်ပြေသွားမှာပါ"

‌နျဉ်ယွိယွင်သာ တကယ်ကြီးဆေးသွားတောင်းလို့ တခြားလူတွေက သူ့ကို ဘာအတွက်ကြောင့်လဲလို့ မေးခဲ့ရင် သူမ အသက်ဆက်ရှင်ဖို့တောင် အရမ်းရှက်သွားမိလိမ့်မယ်! ဘာပဲဖြစ်ဖြစ် ဒဏ်ရာက ကြီးကြီးမားမားမှမဟုတ်ဘူး။ မကြာခင် သူ့အလိုလို ပျောက်သွားမှာ!

“ကောင်းပြီ” ‌နျဉ်ယွိယွင် တိုးတိုးလေး ပြန်ဖြေလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ နောက်မှ ကျုံးဝမ်ဆီမှာ ဆေးသွားတောင်းရမယ်လို့ တွေးလိုက်သည်။

သူတို့နှစ်ယောက် ချစ်ကြည်နူးနေချိန် တံခါးက ရုတ်တရက်ပွင့်လာပြီး မော့ယန်ဝင်လာသည်။ ‌နျဉ်ယွိယွင်ကို မြင်လိုက်ရတော့ သူ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ဒီလူ ဘာလို့ ဒီမှာရှိနေသေးတာလဲ?

ခဏလောက် စဉ်းစားပြီးတဲ့နောက် နောက်ဆုံးတော့ မော့ယန် တုံ့ပြန်လာသည်။ ဟက်! ဘယ်လိုတောင် တော်လိုက်သလဲ! ဒီတော့ ခုနတုန်းက သူ ချင်ယွဲ့ကို သွားလိုက်နေတုန်းမှာ ‌နျဉ်ယွိယွင်က သူ့ညီမကို သွေးဆောင်ဖို့ အခွင့်အရေးယူခဲ့တာလား?

သူ့အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့မိတာကို တွေးလိုက်မိတဲ့အခါ မော့ယန်ရဲ့ ရင်ထဲမှာ စိတ်ပျက်မှုတွေနှင့် ပြည့်သွားသည်။ သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး သူ့လေသံထဲ စိတ်မရှည်တဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။ "ဘာလို့မထွက်ကြသေးတာလဲ? မြန်မြန်လုပ်၊ အချိန်မဖြုန်းနဲ့!"

ဒီနေ့ချူးလေးနဲ့ တွေ့ပြီး သူရဲ့ကနဦးပန်းတိုင်ကို အကောင်အထည် ဖော်ပြီးတဲ့နောက်၊ အချိန်ကျလာတဲ့အခါ ဘယ်လိုထွက်သွားရမလဲဆိုတာ ‌နျဉ်ယွိယွင်လည်းသိသည်။ သူက မော့ချူးကို ပြုံးပြကာ လှည့်ထွက်သွားသည်။

သူတို့ထွက်လာပြီး သိပ်မကြာခင်မှာပဲ ခလုတ်ခုံကနေ အသံထွက်လာသည်။

‌နျဉ်ယွိယွင် ဖွင့်ကြည့်လိုက်ကာ သူ့လေသံက အနည်းငယ် ပေါ့ပါးနေသည်။ "ကျောလင် ဘာကိစ္စရှိလို့လဲ?"

“အမ်…” ကျောလင် နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီး သူ့ဘေးမှာ ရပ်နေတဲ့ သက်လတ်ပိုင်း အမျိုးသားကိုလှည့်ကြည့်လိုက်သည်။ သူ့ရင်ထဲမှာ မနေနိုင်ဘဲ တုန်လှုပ်သွားသည်။ “အမ်း၊ ဘော့စ်ရဲ့အဖေရောက်နေတယ်! အခု ရုံးခန်းမှာ။ ဘော့စ် ဘာလို့မြန်မြန် မပြန်လာတာလဲ?"

'အိုက်ယိုး! ဘော့စ်ရဲ့အဖေက ရုတ်တရက်ကြီး ဘာလို့ ဒီကိုရောက်လာတာလဲ? အဲဒါက သူ့ကို အကြီးအကျယ်လန့်သွားစေတယ်'

ဒါကိုကြားတော့ ‌နျဉ်ယွိယွင်ရဲ့ ခြေလှမ်းတွေ နည်းနည်းရပ်သွားသည်။ သူ့လေသံလည်း နည်းနည်းတိုးသွားသည်။ "နားလည်ပြီ။ ခဏနေရင် ငါရောက်မယ်"

မာရှယ်ရုံးခန်းထဲတွင် လေထုက ထူးထူးခြားခြား အုံ့မှိုင်းနေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ အေးစက်တဲ့အမူအရာဖြင့် ရပ်နေသည်။ သူရဲ့ ညာဘက်ခြေထောက်က အနည်းငယ် ဆာနေတာကလွဲလျှင် သူ့၏ စိတ်နေစိတ်ထားမှာ ‌နျဉ်ယွိယွင်နှင့် အတူတူပင်ဖြစ်သည်။ သို့သော် သေချာမကြည့်ပါက သတိပြုမိမည်မဟုတ်ပေ။

"ဦးလေးနျဉ် ထိုင်ပြီးစောင့်ချင်လားဟင်?" ကျောလင် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အား မျက်နှာချိုသွေးစွာ ကြည့်လိုက်သည်။ ဦးလေးနျဉ်က ဘယ်လိုလုပ် အကြာကြီးရပ်နိုင်မှာလဲ? သို့ပေမယ့် သူက အရမ်းခေါင်းမာကာ အဲ့ဒီနေရာမှာဘဲ ရပ်နေသည်။

ပြီးတော့ ဘော့စ်ရဲ့ အဖေက ရပ်နေမှတော့ အငယ်တွေလည်း ဘယ်လိုလုပ် ထိုင်ရဲတော့မှာလဲ? နာရီအနည်းငယ်ကြာနေပြီဖြစ်ပေမယ့်၊ သူတို့မှာ အဲ့ဒီလို ရပ်နေကြရသည်။ ရင်ကွဲစရာပဲ! ဘော့စ် ဘယ်တော့မှပြန်လာမှာလဲ? ကျွန်တော်တို့ကို အမြန်လာကယ်ပါအုံး!

‌နျဉ်ယွိယွင်တစ်ယောက် သူ့အတွေးတွေကို ကြားလိုက်သည်ကြောင့်ဖြစ်မည်၊ ရုံးခန်းတံခါးက ရုတ်တရက်ပွင့်လာကာ အရပ်ရှည်ရှည်နှင့် တောင့်တင်းသည့် ပုံရိပ်ကဝင်လာသည်။

ဟူးး! နောက်ဆုံးတော့ ကျောလင်တစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဘော့စ်၊ နောက်ဆုံးတော့ ပြန်လာပြီပဲ!

All Chapters