← Chapters

အပိုင်း ၂၂၂

Vol. 15 Ch. 222

အပိုင်း ၂၂၂

Vol. 15 Ch. 222

တံခါးအပြင်ဘက်မှနေ ‌နျဉ်ယွိယွင် လှမ်းဝင်လာသည်။ ထုံးစံအတိုင်း ကျောလင်ရဲ့ရွှင်မြူးသွားတဲ့အမူအရာကို သူ လျစ်လျူမရှုလိုက်ပေ။ သူ့နှုတ်‌ခမ်းထောင့်တွေ မတတ်နိုင်ဘဲ အနည်းငယ် ကွေးတက်သွားသည်။

သို့သော် ပြတင်းပေါက်နားတွင် ရပ်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားဆီ အကြည့်ကို ရောက်သွားသည့်အခါ ‌နျဉ်ယွိယွင်၏ မျက်နှာပေါ်ရှိ အနည်းငယ်သော ပြောင်းလဲမှုတွေမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။ ဂရုမစိုက်သည့်အမူအရာဖြင့် သူခပ်တိုးတိုးမေးလိုက်သည်။ “အဖေ၊ ဘာလို့ ဒီကိုရောက်လာတာလဲ?"

ဒါကိုကြားတော့ နျဉ်ကျန်းဟိုင်က ခေါင်းအသာ လှည့်လိုက်သည်။ သူ့မျက်နှာဟာ ချွန်ထက်သည့်အနားသတ်တွေဖြင့် အေးစက်မာတင်းနေကာ သူ၏စစ်တပ်အရိပ်အငွေ့တွေကို သံသယမရှိစွာ ထုတ်ဖော်ထားသည်။ "မင်း အခုမှ ပြန်လာတယ်"

“ဟုတ်တယ်” ‌နျဉ်ယွိယွင်က ခြောက်ကပ်ကပ်ဖြင့် ပြန်ဖြေလိုက်သည်။

ဒီလိုပြောပြီးသွားတော့ သူတို့နှစ်ယောက်ကြား ဘာမှထပ်မပြောကြတော့ပေ။ နေရာက ချက်ချင်း တိတ်ဆိတ်သွားသည်။

ဘေးကနေကြည့်နေတဲ့ ကျောလင်မှာ သူတို့အတွက် စိုးရိမ်နေသည်။ သူတို့နှစ်ယောက်က သားအဖဖြစ်မှန်း သိသာနေပေမယ့် ဆုံလိုက်တိုင်း လက်အောက်ငယ်သားနဲ့တွေ့တဲ့ အထက်အရာရှိတွေလိုသာ ပြုမူကြသည်။ ဒါကို အပြင်လူတွေမြင်ရတာတော့ အဆင်မပြေပါချေ။

“အမ်…” ကျုံးဝမ် မနေနိုင်ဘဲ ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ ချောင်းဆိုးလိုက်ပြီး နျဉ်ကျန်းဟိုင်၏ ညာဖက်ခြေထောက်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ‌နျဉ်ယွိယွင်အား ခေါင်းမော့ကြည့်လိုက်ကာ "ဘော့စ်၊ ဦးလေးနျဉ် ဒီမှာ နာရီပေါင်းများစွာ စောင့်နေတာ။ ကြည့်ပါအုံး…”

‌နျဉ်ယွိယွင် ချက်ချင်းသဘောပေါက်သွားကာ မျက်မှောင်ကြုတ်သွားသည်။

ယခင်က တိုက်ပွဲတစ်ခုတွင် သူ့ဖခင်ဖြစ်သူက ခြေထောက် ဒဏ်ရာရခဲ့သည်။ အဲဒီအချိန်တုန်းက သူ့ဒဏ်ရာဟာ ပြင်းထန်ခဲ့သည်။ ထို့အပြင် သူသည် စစ်မြေပြင်တွင်ဘဲ အချိန်အကြာကြီး ကြန့်ကြာခဲ့ရသည်။ ဂရုတစိုက် ကုသမှုခံယူပြီးသည့် နောက်ပိုင်းမှာတောင် အရင်ကလို ပြန်ကောင်းမလာတော့ပေ။ အခု သူအဲဒီမှာဘဲ အကြာကြီး ရပ်နေခဲ့တဲ့အတွက် သူ့ခြေထောက်လည်း တော်တော် အဆင်မပြေဖြစ်နေလိမ့်မည်။ သို့ပေမယ့် သူ့မျက်နှာပေါ်တွင်တော့ ဒါကိုလုံးဝကို မပြပါချေ။ "အဖေ ပြောစရာရှိရင် ကျွန်တော့်ရုံးခန်းကို သွားရအောင်"

ဒါကိုကြားတော့ နျဉ်ကျန်းဟိုင်က မငြင်းပါချေ။ သူ ‌နျဉ်ယွိယွင်ရဲ့ ရုံးခန်းဆီ လျှောက်သွားခဲ့သည်။

သူတို့နှစ်ယောက် ပျောက်သွားမှ ကျောလင် စိတ်သက်သာရာရသွားသည်။ "ဟင်းး ငါအရမ်းပင်ပန်းနေပြီ!"

ဦးလေးနျဉ်က နိုင်ငံရေးဘက်ကို ပြောင်းသွားပေမယ့် သူ့ရဲ့စစ်တပ် အရှိန်အဝါကတော့ လျော့မသွားပါချေ။ ခုနတုန်းက သူ အဲ့ဒီနေရာမှာ ငြိမ်ငြိမ်လေး ရပ်နေတာကတောင် မမြင်နိုင်တဲ့ ဖိနှိပ်နေတဲ့ခံစားချက်တွေကို သူနဲ့အတူသယ်လာသေးသည်။ ကျုံးဝမ်နဲ့ တခြားသူတွေ သတိထားမိကာ အသက်တောင် ကျယ်ကျယ်မရှူရဲပေ။ အရင်တုန်းက သူတို့ဘော့စ် လက်အောက်မှာ လေ့ကျင့်နေရသလိုပင်။

"ဟေ့ ဦးလေးနျဉ်က ဘော့စ်ကို ဘာကိစ္စကြောင့်လာရှာတယ်လို့ မင်းထင်လဲ?" နည်းနည်းစိတ်ငြိမ်သွားတာနဲ့ ကျောလင်ရဲ့ အတင်းအဖျင်းပြောချင်တဲ့ အကျင့်က ချက်ချင်း ပေါ်လာသည်။ သူက ကျုံးဝမ်ရဲ့ ပခုံးကိုခပ်ဖြည်းဖြည်း တိုက်လိုက်သေးသည်။

"ဘာဖြစ်နိုင်အုံးမှာလဲ?" ကျုံးဝမ်က ခေါင်းအသာအယာယမ်းကာ သူ့ထိုင်ခုံဆီသို့ ပြန်လှည့်သွားသည်။ "ဦးလေးနျဉ်က ဘော့စ်ကို ဘယ်အချိန်တွေမှာ လာရှာတတ်လို့လဲ? အမြဲတမ်းအလုပ်ကိစ္စကြောင့်ပဲ မဟုတ်ဘူးလား?"

'ဟင်းး၊ အမှန်ပဲ! ' ကျောလင် ခေါင်းညိမ့်ပြလိုက်သည်။ မော့ချူးရဲ့ကိစ္စကိုသိပြီး ဦးလေးနျဉ် အပြေးရောက်လာတာလို့ သူထင်ခဲ့တာဖြစ်သည်။ အခု ကြည့်ရတာတော့ မဖြစ်နိုင်လောက်တဲ့ပုံပင်။

ကျုံးဝမ် မှန်းတာက မှန်သည်။

အဲ့ဒီအခိုက်အတန့်တွင် မာရှယ်ရုံးခန်း၌ သားအဖနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသော်လည်း ခပ်မတ်မတ်ဖြင့် သူတို့ရဲ့အမူအရာမှာ လေးနက်နေသည်။

"ငါအခုလေးတင် သတင်းရခဲ့တယ်" နျဉ်ကျန်းဟိုင်ရဲ့ အကြည့်ဟာ နည်းနည်းစူးရှနေသည်။ မတွေ့တာ နှစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ သူ့သားနဲ့ မျက်နှာချင်းဆိုင်ပြီး ကြည်နူးစရာကိစ္စတွေကို မပြောနိုင်ကာ အဓိကအကြောင်းအရာဆီကိုသာ တန်းတန်းသွားလိုက်သည်။

“ခရိုင် ၁၂ က လက်အောက်ခံတပ်တခုလုံး ရုတ်တရက် ရောဂါကူးစက်ခံရတယ်လို့ ပြောတယ်။ အခြေအနေကတော့ မကောင်းဘူး။ ဒေသတွင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ ကူကယ်ရာမဲ့ဖြစ်နေပြီ။ ပိုအရေးကြီးတာက ဒီအချိန်မှာ ရောဂါက ကူးစက်တာ အရမ်းမြင့်နေတယ်"

ပြောနေရင်းဖြင့် နျဉ်ကျန်းဟိုင်ရဲ့အမူအရာမှာ မတတ်နိုင်ဘဲ မည်းမှောင်သွားသည်။ သူရခဲ့တဲ့ သတင်းအချက်အလက်တွေအရ ပထမလအတွင်းမှာ စစ်သားတစ်ယောက် ရုတ်တရက် ဖျားနာခဲ့သည့်ပုံပင်။

နောက်ဆုံးတွင်တော့ မကုသရသေးခင်မှာဘဲ သေဆုံးသွားခဲ့သည်။ လဝက်အတွင်း တခြားစစ်သားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဆုံးသွားကြကာ ယခုအခါ တပ်တခုလုံး ဖျားနာနေကြသည်။

အဖွဲ့ချုပ်၏ စစ်အင်အားကို တိုင်း၊ ဒေသကြီးအလိုက် ခွဲဝေထားသော်လည်း ဒေသတစ်ခုနှင့် တစ်ခုကြား ဆက်သွယ်မှုတော့ ရှိသည်။ သတိမထားမိပါက ဤရောဂါဟာ တခြားဒေသများသို့ ကူးစက်သွားနိုင်သည်။ အဲဒီအချိန်ရောက်လာပါက အခြေအနေက အန္တရာယ်များလာလိမ့်မည်ပင်။

All Chapters