← Chapters

အပိုင်း ၂၂၃

Vol. 15 Ch. 223

အပိုင်း ၂၂၃

Vol. 15 Ch. 223

သူခေါင်းလှည့်လာကာ သူ့သားအားကြည့်ရန် မျက်နှာချင်းဆိုင်လိုက်သည်။ ‌နျဉ်ယွိယွင်ဟာ အဖွဲ့ချုပ်၏ စစ်တပ်သုံးပုံနှစ်ပုံအား တာဝန်ယူထားရသည်။ ဒီသတင်းကို သူမြန်မြန်သိရပါက ပိုကောင်းမည်ပင်။ ဒီကိစ္စကြောင့် ဒီနေရာသို့ သူလာရန် အချိန်ယူခဲ့ရသည်မှာ အတိအကျပင်။

"ဘယ်လို? “ဒါကိုကြားတော့ ‌နျဉ်ယွိယွင်ရဲ့ အမူအရာက ချက်ချင်း လေးနက်သွားသည်။ ခရိုင် ၁၂ မှ တပ်ဟာ သူ့စီမံခန့်ခွဲမှုအောက်တွင်ရှိသည့် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိထားရမည်ပင်။ ၎င်းမှ စစ်အင်အားဟာ အမြဲတမ်း အားကောင်းကာ စစ်သားတွေဟာလည်း လုံးဝ ကျန်းမာလှသည်။ ဒီလိုအဖြစ်မျိုး ရုတ်တရက် ဘယ်လိုလုပ် ဖြစ်သွားနိုင်ရတာလဲ?

ခဏလေးအတွင်းမှာပင် ‌နျဉ်ယွိယွင်ရဲ့အတွေးတွေက အလျင်အမြန် လည်ပတ်နေပြီဖြစ်သည်။ ရောဂါရုတ်တရက် ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် သက်ဆိုင်သည့် ကြိုတင်ကာကွယ်မှု အစီအစဉ်များအား တွေးတောမိကာ သူ မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။ "ဘာလို့ ဒီလောက်ကြီးတဲ့ ကိစ္စကြီးကို စောစောမတင်ပြလာကြတာလဲ"

အခုချိန်တွင် စစ်တပ်က အားနည်းကာ အခြေအနေ မကောင်းပေ။ အချက်အလက်တွေကိုသာ စောစောစီးစီးက တင်ပြခဲ့ပါက အခြေအနေကို အချိန်မီ ထိန်းနိုင်လိမ့်မည်ပင်။

"ဟမ့်!" ဒါကိုကြားတော့ နျဉ်ကျန်းဟိုင် မထိန်းနိုင်ဘဲ သရော်လိုက်သည်။ “ဒီကိစ္စသာ ပြန့်သွားမယ်ဆိုရင် ပတ်သက်ဆက်နွယ်နေမယ့် လူအရေအတွက်က အရမ်းကြီးမားလိမ့်မယ်။ ထုံးစံအတိုင်း၊ လူတော်တော်များများက ဒီသတင်းကို ဖုံးကွယ်ချင်ကြမှာပဲ!”

နောက်ကွယ်မှ တခြားမိသားစု‌တွေ မီးထဲလောင်စာထည့်‌နေသည့် ဖြစ်နိုင်ခြေကို သူတို့ သေချာပေါက် မငြင်းနိုင်ပါချေ။ စစ်တပ်အတွင်း ကူးစက်ပျံ့နှံ့နေသမျှ ‌နျဉ်ယွိယွင်၏ လက်အောက်ငယ်သားတွေက အကြီးမားဆုံး ဆုံးရှုံးမှုကိုခံစားကြရပေလိမ့်မည်ပင်။ ၎င်းဟာ နျဉ်မိသားစုအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သည်။

"ကျွန်တော်နားလည်ပါတယ်" ‌နျဉ်ယွိယွင်လည်း ပါဝင်သည်များအား သဘာဝကျကျ နားလည်သဘောပေါက်ကာ အမြန် ဆုံးဖြတ်ချက် ချလိုက်သည်။ “ဒီက ကိစ္စတွေကို ရှင်းပြီးသွားရင် ရောဂါရဲ့ အခြေအနေကို စုံစမ်းပြီးကိုင်တွယ်ဖြေရှင်းဖို့ ခရိုင် ၁၂ ကို အမြန်သွားလိုက်မယ်”

“အင်း” နျဉ်ကျန်းဟိုင် ခေါင်းညိတ်လိုက်သည်။ သူ့သားရဲ့ အရည်အချင်းကို သူကောင်းကောင်းနားလည်တာမို့ သဘာဝအတိုင်း ဘာမှထပ်မပြောတော့ပေ။

သို့ပေမယ့် အလုပ်ကိစ္စတွေပြောပြီးသွားတော့ နှစ်ယောက်ကြားက အငွေ့အသက်တွေလည်း ချက်ချင်း အေးစက်သွားပြန်သည်။

နျဉ်မိသားစုက သာမာန်စစ်တပ်မိသားစုသာဖြစ်သည်။ သုံးလကနေ ငါးလလောက် မတွေ့ဖြစ်ကြတာများသည်။ အကယ်၍ မမျှော်လင့်ထားတဲ့ အရာတစ်ခုသာ ထပ်ဖြစ်ခဲ့ပါက အိမ်ကို တစ်နှစ်၊ နှစ်နှစ်လောက်ကြာအောင် မပြန်နိုင်တာက အံ့သြစရာတော့ မဟုတ်ပါချေ။ ဒါ့အပြင်သူတို့နှစ်ယောက်စလုံးဟာ အေးစက်ပြီး မာကျောသည့် စရိုက်များ ရှိကြကာ သဘာဝအတိုင်း သူတို့ရဲ့ဆက်ဆံရေးက နွေးထွေးသည်ဟု မပြောနိုင်ပေ။

“အိုး ဟုတ်သားဘဲ" မိနစ် ၂၀ ပြည့်ပြီးတဲ့နောက် နျဉ်ကျန်းဟိုင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ကာ နောက်ထပ်အကြောင်းအရာတစ်ခုအား ပြောလာသည်။ “ငါ ဒီကိုမလာခင် မင်းရဲ့အဘိုးက မင်းကို တစ်ခုခုပြောခိုင်းလိုက်တယ်။ ကိုယ့်ခံစားချက်နဲ့ ပတ်သက်လာရင် အတင်းအဖျင်းတွေ မထွက်လာမိအောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းသင့်တယ်တဲ့"

နျဉ်ကျန်းဟိုင်လည်း လူအိုကြီး၏ ဆိုလိုရင်းကိုသိသည်။ ဘာပဲဖြစ်ဖြစ် သူဟာ အခုနိုင်ငံရေးဘက်ထဲ ဝင်ထားပြီးပြီဖြစ်သည်။ ဒီလိုသတင်းမျိုးက စတားနက်တွင် ဒီလောက်ထိ ထိတ်လန့်သွားစေရန်မပြောနှင့် သူ့အနေဖြင့် အချက်အလက် အမျိုးမျိုးကို အာရုံစိုက်ထားရန်လိုသည်။

သို့သော် ရိုးရိုးသားသား ပြောရလျှင် နျဉ်ကျန်းဟိုင် ကိုယ်တိုင်လည်း ဒါကို သိပ်မယုံပေ။ သူ ‌နျဉ်ယွိယွင်နဲ့ အချိန်တိုလေးသာ ကုန်ဆုံးခဲ့ရသော်လည်း သူ့သားရဲ့အကျင့်စရိုက် တချို့အား သူနားလည်သေးသည်။ ၁၆ နှစ် ၁၇နှစ်အရွယ် ကလေးမလေးတစ်ယောက်နဲ့ ရုတ်တရက်ကြီး ဘယ်လိုလုပ် အတူရှိနေမှာတဲ့လဲ?

သို့ပေမယ့် အဆုံးမှာတော့ ဒါက အကြီးတစ်ယောက်ရဲ့ စကားတွေဖြစ်သည်။

သို့သော် ဒီတစ်ကြိမ်တွင်တော့ ‌နျဉ်ယွိယွင် တုံ့ပြန်မှုဟာ မမျှော်လင့်ထားစရာပင်။

"အင်တာနက်ပေါ်က သတင်းတွေက အမှန်ပဲ" နျဉ်ကျန်းဟိုင်ရဲ့အကြည့်အား ရင်ဆိုင်ကာ ‌နျဉ်ယွိယွင်ရဲ့ အမူအရာမှာ မပြောင်းလဲသလို သူ့လေသံဟာလည်း တည်ငြိမ်ကာ ခိုင်မာလှသည်။ မော့ချူးအကြောင်း ပြောလာတာကြောင့်ဖြစ်မည် ပုံမှန်အားဖြင့် အေးစက်ပြီး မာကျောတဲ့ သူ့အကြည့်တွေဟာ အနည်းငယ် ပျော့ပျောင်းသွားသည်။ "ကျွန်တော် မော့ချူးကို တကယ်သဘောကျသလို သူ့ရဲ့ စောင့်ရှောက်သူ ဖြစ်ဖို့လဲ ဆန္ဒရှိတယ်"

ဒါကိုကြားတော့ နျဉ်ကျန်းဟိုင်ရဲ့ ဖြောင့်တန်းနေတဲ့ မျက်ခုံးတွေဟာ မနေနိုင်ဘဲ အနည်းငယ် တွန့်ကွေးသွားသည်။ သူ့ရဲ့ ထက်ရှတဲ့မျက်လုံးတွေနဲ့ သူရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ‌နျဉ်ယွိယွင်အားဂရုတစိုက် စိုက်ကြည့်လိုက်သည်။ သေချာကြည့်မိတဲ့အခါ သူ မတတ်နိုင်ဘဲ တုန်လှုပ်သွားမိသည်။

အရင်တုန်းကတော့ ဒီကလေးက သူ့ရဲ့ ၀တ်စားဆင်ယင်မှုကို သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ သူ့ဆီတွင် ပေါ့ပေါ့ပါးပါး ၀တ်စုံ တစ်စုံ နှစ်စုံလောက်သာ ရှိသည်။ ထို့အပြင် သူ့တွင် လဲဝတ်ရန် စစ်ယူနီဖောင်း အနည်းငယ်သာရှိသည်။

ယခုတွင်တော့ သူဟာ ကျစ်လျစ်သည့် နက်ပြာရောင် suit ကို ၀တ်ထားသည်။ သူ့မျက်ခုံးတွေက တောက်ပနေကာ မျက်လုံးတွေလည်း တောက်ပနေသည်။ သူဟာ တကယ့်ကို ချောမောနေကာ ကြည်ကြည်လင်လင်ရှိလှပြီး သူ့အကြည့်တွေတောင် နူးညံ့လာသည်။ သူက ယခင်က အေးစက်စက်၊ တင်းမာသည့် ‌နျဉ်ယွိယွင်နှင့် လုံးဝမတူပါချေ! သူ့ရဲ့ပုံစံကိုကြည့်ပါဦး သူ တကယ် ရည်းစားရနေတာလား?

All Chapters