← Chapters

အပိုင်း ၂၂၄

Vol. 15 Ch. 224

အပိုင်း ၂၂၄

Vol. 15 Ch. 224

"ဒါကို မင်းတကယ် စဉ်းစားပြီးပြီလား?" နျဉ်ကျန်းဟိုင်က အနည်းငယ် သက်ပြင်းချလိုက်သည်။ ဒီစကားငါးခွန်းကို သူ့သားကိုပြောရလိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဘာပဲဖြစ်ဖြစ် မိသားစုကြီးတွေမှ ဆင်းသက်လာသည့် သူ့လိုလူတွေဟာ အများအားဖြင့်အသက်အရွယ်တစ်ခုတွင် ရှိနေကြပြီးဖြစ်ကာ သူတို့မိသားစုမှ စီစဉ်ပေးသည့် မျိုးရိုးဗီဇကောင်းမွန်သည့် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ကြလိမ့်မည်ဖြစ်သည်။ ဒီအချိန်မှာ ‌နျဉ်ယွိယွင်က သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။

"အင်း" ‌နျဉ်ယွိယွင် ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးထဲက ဆုံးဖြတ်ချက်တွေက သံသယဖြစ်ဖွယ်မရှိပေ။

သူ့ရှေ့မှာ ထိုင်နေတဲ့ အမျိုးသားကို ကြည့်လိုက်ပြီး ‌နျဉ်ယွိယွင်က ရုတ်တရက် မေးလိုက်သည်။ "အဖေ၊ ဘယ်သူ့ကိုမှ မကြိုက်ဖူးဘူးလား?"

ဒါကိုကြားတော့ နျဉ်ကျန်းဟိုင် မထိန်းနိုင်ဘဲ အနည်းငယ် ကြောင်အသွားသည်။ သူက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ဟင့်အင်း"

အဖွဲ့ချုပ်တွင် အမျိုးသားနှင့် အမျိုးသမီး အချိုးအစား ကွာဟမှုဟာ ကြီးမားသော်လည်း သူတို့ အဆင့်အတွက်မူ ဤပြဿနာအား ပြဿနာဟု မယူဆနိုင်ပေ။

နျဉ်မိသားစုသည် စစ်တပ်တွင်သာ အမြဲရှိနေပြီး နျဉ်ကျန်းဟိုင်သည်လည်း ခြွင်းချက်မရှိပေ။ သို့သော် တိုက်ပွဲတွင် မတော်တဆ ခြေထောက် ဒဏ်ရာရခဲ့သည်ကြောင့် သူသည် စစ်တပ်မှ အငြိမ်းစားယူလိုက်ကာ နိုင်ငံရေးဘက်သို့ ပြောင်းခဲ့သည်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ရင်တော့... ဒါက သူ့ဘဝရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုသာသာပင်။

‌နျဉ်ယွိယွင်၏ အမေဟာ ကြီးကျယ်သည့် မင်းမျိုးမင်းနွယ်မှ သမီးတစ်ယောက်ဖြစ်သည်။ သူမသည် ပညာတတ်ကာ ယဉ်ကျေးသိမ်မွေ့သူဖြစ်သည်။ ထို့ထက် ပိုအရေးကြီးသည်မှာ သူမ၏ မျိုးရိုးဗီဇသည် ရှားပါးသည့် လူတန်းစားတစ်ရပ်ဖြစ်နေသည်။ လက်ထပ်ထိမ်းမြားကာ ပိုမိုကောင်းမွန်သည့် မျိုးဆက်အား မွေးဖွားပေးနိုင်ရန်အတွက် အရင်က တစ်ခါမှ မတွေ့ဖူးကြသည့် သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ကြသည်။

အိမ်ထောင်ကျပြီးနောက်မှာတော့ ဘာမှ မပြောင်းလဲခဲ့ပါချေ။ ဘဝဟာ ဒီအတိုင်းပဲ ရှိနေခဲ့သည်။ သို့သော် ‌နျဉ်ယွိယွင် ဆယ်နှစ်သားအရွယ်တွင် သူ့အမေ ရုတ်တရက် ဖျားနာကာ သေဆုံးသွားခဲ့သည်။ အခု သူပြန်စဉ်းစားကြည့်လိုက်တော့ အနှစ် ၂၀ နီးပါးရှိနေပြီဖြစ်သည်။

‌နျဉ်ယွိယွင် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ အဖွဲ့ချုပ်ရှိ အိမ်ထောင်အများစုကဲ့သို့ပင်၊ သူ့မိဘများသည် သာလွန်သည့် သားစဉ်မြေးဆက်များအား မွေးဖွားနိုင်ရန် အိမ်ထောင်ပြုခဲ့ကြတာဖြစ်သည်။ မွေးဖွားပြီးနောက် သူတို့နှစ်ဦးလုံးက ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ခဲ့ကြပြီး မိသားစုအငွေ့အသက်ဆိုတာလည်း လုံးဝမရှိခဲ့ပါချေ။

သူလည်း ဒီလိုမျိုးပဲနေကာ ပုံမှန်အတိုင်း အိမ်ထောင်ပြုမည်ဟု တစ်ချိန်က တွေးခဲ့ဖူးသည်။ သို့သော် မော့ချူးကို သူ တွေ့လိုက်သည့်အခါ သူ့ဘဝတွင် ပထမဆုံးသော ထိုခံစားချက်ကို ခံစားလိုက်ရသည်။ ‌နျဉ်ယွိယွင်သည် သူ ထိုမိန်းကလေးအား လိုချင်ကြောင်း ချက်ချင်းသိလိုက်သည်။

"ကျွန်တော် သူ့ကိုတကယ်သဘောကျတယ်" ‌နျဉ်ယွိယွင် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး သူရဲ့လှပသည့်နှုတ်ခမ်းဟာလည်း အနည်းငယ် ကွေးတက်သွားကာ မျက်လုံးတွေ တောက်ပလာသည်။ "အနာဂတ်မှာ ချူးလေးကလွဲပြီး ကျွန်တော့်ဘေးမှာ ဘယ်သူမှ မရှိနိုင်တော့ဘူးဆိုတာ သေချာတယ်!"

နျဉ်ကျန်းဟိုင် မျက်ခုံးပင့်လိုက်သည်။ သူ့သား ဒီလောက်ထိ စိတ်ပိုင်းဖြတ်ထားမယ်လို့ သူ မမျှော်လင့်ထားတာကြောင့် သူ့လေသံက နည်းနည်း သတိထားလာသည်။ "ဒါဆို မင်းအဘိုးကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ မင်းစဉ်းစားထားရမယ်!"

သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို သူယုံကြည်နေဆဲဖြစ်သည်။ ‌နျဉ်ယွိယွင်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူအရမ်းကြီးဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက် မရှိပါချေ။ ဘာပဲဖြစ်ဖြစ် ဒါက သူ့ရဲ့ကိုယ်ပိုင်ဘဝဖြစ်သည်။

သို့ပေမဲ့... အိမ်က လူအိုကြီးကတော့ ဒီလိုမျိုးတွေးလိမ့်မယ်လို့ မထင်ပေ! အရင်တုန်းက သူနဲ့ ‌နျဉ်ယွိယွင်ရဲ့အမေမှာ သူတို့ရဲ့ကိစ္စတွေနဲ့သာ အလုပ်ရှုပ်နေခဲ့ကြသည်။ ‌နျဉ်ယွိယွင်ဟာ အဖိုးအဖွားတွေ လက်ထဲမှာ ကြီးပြင်းလာခဲ့ရတာဖြစ်သည်။ သူ့အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး သူတို့ ဒီတိုင်းရပ်ကြည့်နေမှာမဟုတ်မှန်း သူတွက်မိသည်။

"ကျွန်တော်သိပါတယ်" ‌နျဉ်ယွိယွင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သဘာဝအတိုင်း သူ့လူအိုကြီးရဲ့ ဒေါသကို သူလည်းသိသည်။ သို့ပေမဲ့ သူဆုံးဖြတ်ချက် ချလိုက်ပြီးပြီဆိုကတည်းက မော့ချူးကို နည်းနည်းလေးတောင် ခံစားခွင့်မပေးနိုင်ပါချေ။ ဒီတစ်ခါတော့ သူ့အဖေကိုပဲ အရင်အသိပေးထားတာဖြစ်သည်။

“ကောင်းပြီ၊ ဒီကိစ္စတွေက အနည်းနဲ့အများ ပြေလည်သွားမှာပါ" လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း နျဉ်ကျန်းဟိုင်နဲ့ ‌နျဉ်ယွိယွင်တို့မှာ ဒီလိုမျိုး စကားကောင်းကောင်းပြောဖြစ်တာရှားသည်။ စကားအနည်းငယ်ပြောပြီးနောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ခြောက်ခြောက်ကပ်ကပ် ကြည့်လိုက်ကြသည်။ ဒီတစ်ခါတော့ မော့ချူးလို့ ခေါ်တဲ့ ကလေးမလေးရဲ့ ကျေးဇူးကြောင့် သူတို့ တစ်ခဏလောက် စကားစမြည်ပြောဖြစ်ခဲ့ကြသည်။

တစ်ခဏလောက်တော့ မော့ချူးအပေါ် သူ့အဖေမှာအမြင်ကောင်းတွေ ရှိသွားသည်။ "ငါသွားတော့မယ်။ အိုး ဟုတ်သားဘဲ၊ ကိစ္စတွေကို သတိထားပြီးကိုင်တွယ်ဖြေရှင်း။ ကိုယ်တိုင်လဲ အဲ့ဒီထဲ မပါစေနဲ့"

“ဟုတ်ကဲ့ နားလည်ပါတယ်” ‌နျဉ်ယွိယွင် ခေါင်းညိတ်လိုက်သည်။

နျဉ်ကျန်းဟိုင်၏ နောက်ဆုံးစကားဟာ ယခင်ကလို ခြောက်ကပ်နေသော်လည်း ဂရုစိုက်ပေးကြောင်း

ယူဆနိုင်သည်။

နျဉ်ကျန်းဟိုင် ထွက်သွားတာကို ကြည့်ပြီးနောက် ‌နျဉ်ယွိယွင်လည်း ကျုံးဝမ်၊ ကျောလင်တို့နှင့်အတူ ခဏလောက်စကားပြောရန် စဉ်းစားကာ ထွက်လာလိုက်သည်။

All Chapters