← Chapters

အပိုင်း ၂၂၅

Vol. 15 Ch. 225

အပိုင်း ၂၂၅

Vol. 15 Ch. 225

ခရိုင် ၁၂ ရှိ ဖျားနာကို နှောင့်နှေးနေလို့မရပါချေ။ သူတို့ ကိစ္စတွေကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းကာ ချက်ခြင်း ထွက်သွားရမည်!

တစ်ဘက်တွင်မူ မော့ချူးလည်း အေးအေးမနေနိုင်ပါချေ။

‌နျဉ်ယွိယွင်၏ အထောက်အထား အစစ်အမှန်ပေါ်ထွက်လာပြီးနောက်မှာ ကျောင်းရှိကျောင်းသားအများစုက သူမအား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လာကြသည်။

ဟုတ်တယ်! ဒီကောင်မလေး မော့ချူးက ခရိုင် ၁၂ မှ နုံအအတောသူဖြစ်မှန်း သိသာလှသည်။ သူမတွင် မည်သည့်အာဏာရော သြဇာပါ မရှိပါချေ။ အများဆုံးအနေဖြင့် သူမက စစ်တက္ကသိုလ်တွင် အမြစ်မရှိသည့် ဘဲစားသည့်ရေမျှော်ပင်သာသာ သာဖြစ်သည်။

သို့သော် သူမ၏ အရည်အချင်းတွေက ကောင်းမွန်ကာ ကံလည်းကောင်းလှသည်။ သူမ ကျောင်းကိုဝင်ဝင်ချင်းမှာဘဲ အဆင့်မြင့်ချန်ပိုင်က သူမအား သူ့တပည့်အဖြစ် လက်ခံခဲ့သည်။ အဲဒီနောက်မှာတော့ သူမဟာ reality show မှာ ပါဖို့တောင် အရွေးချယ်ခံခဲ့ရသည်။ အချိန်တို တစ်လနှစ်လလေးအတွင်းမှာ သူမသည်အဖွဲ့ချုပ်တွင်ကျော်ကြားလာသည်။ သူမ၏ လမ်းဟာ သာယာဖြောင့်ဖြူးနေသည်။

ဒါတင်မကဘဲ သူမက အမျိုးသမီးတွေနဲ့ ဘယ်တုန်းကမှ မရင်းနှီးဖူးတဲ့ မာရှယ်နျဉ်ကဆီတောင် သဘောကျခံခဲ့ရသည်။ သူဟာ သူမရဲ့ စောင့်ရှောက်သူ ဖြစ်လာဖို့တောင် ဆန္ဒရှိခဲ့သည်။ တွေးကြည့်လိုက်တော့ သူ့ဘဝက အရမ်းကိုထူးခြားပြောင်မြောက်တာပဲ!

ဒါကြောင့် လူတိုင်းက မော့ချူးကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ သို့ပေမဲ့ ဒီမိန်းကလေးဟာ လူပုံအလယ်တွင် ထင်ထင်ပေါ်ပေါ် နေတတ်သူ မဟုတ်‌ပေ။ သူမဟာ ဓါတ်ခွဲခန်းထဲမှာဘဲ အခွင့်အရေးယူကာ ပုန်းအောင်းနေပြီး ဆရာချန်ပိုင်နှင့် မှော်အပင်များကို လေ့လာကာ အချိန်ကုန်ဆုံးသည်။ သူမကတော့ အရမ်းကိုအေးဆေးလှသည်။

သေချာပေါက်ကို၊ မော့ချူးက ကံကောင်းတယ်လို့ လူတိုင်းထင်ကြတာ မဟုတ်ပါချေ။ အနည်းဆုံးတော့ ချောင်းဟုန်မိန်ဟာ သူတို့ထဲက တစ်ယောက် မဟုတ်ပါချေ။

ဘာကံလဲ? ဒါကို သူမ မယုံဘူး! ပြောရမယ်ဆိုရင် ဒီကောင်မလေး မော့ချူးမှာ အကြံအစည် ရှိတယ်ဆိုတာ ရှင်းနေတာပဲ။ ဘာလို့များ သူ့အပေါ်ကိုပဲ ကောင်းတဲ့အရာတွေ အများကြီး ကျနေရတာလဲ?

အဲ့ဒီအချိန်ကို ပြန်စဥ်းစားကြည့်ရင်း မော့ချူးအား သူမလှောင်ပြောင်လိုက်သည်။ နောက်ဆုံးမှာတော့ ‌နျဉ်ယွိယွင်က ဒုက္ခရောက်နေတဲ့ ကောင်မလေးကို ကယ်တင်ဖို့ ထွက်လာသည်။ သူမအား ရိုးတွင်းခြင်ဆီထိတိုင်အောင် မုန်းသည်! အရင်က မထင်မရှားနည်းပြက တကယ်တော့ အဖွဲ့ချုပ်ရဲ့မာရှယ်‌နျဉ်ယွိယွင်လို့ ဘယ်သူထင်မှာလဲ!

ဒါ... ဒါက အရမ်းချဲ့ကားလွန်းတယ်။ အခုချိန်အထိ ချောင်းဟုန်မိန်က နည်းနည်းမိန်းမောနေသေးသည်။

ချောင်းမိသားစုရှိ သူမ၏ အဆင့်အတန်းက မနိမ့်ကျသော်လည်း သူမဟာ ‌နျဉ်ယွိယွင်လိုလူတွေနှင့် မတူညီတဲ့အဆင့်မှာ ရှိနေတယ်ဆိုတာတော့ သိသာလှသည်။ မဟုတ်လို့ရှိရင် အခုချိန်ထိ သူ့ပုံစံဘယ်လိုရှိလဲဆိုတာ သူမ မသိဘဲ နေမှာ မဟုတ်ပေ။

သို့ပေမဲ့... မော့ချူး၊ ဒီကောင်မလေးကတော့ ဟိုးကတည်းကသိထားလိမ့်မည်ပင်။ မဟုတ်လို့ရှိရင် သူကတမင်သပ်သပ်ကြွးဝါပြီး မာရှယ်နျဉ်က သူ့ကိုဘာလို့သူများနဲ့ကွဲထွက်ပြီး မြင်မှာတဲ့လဲ? ဒါတောင် ဒီကောင်မလေးက အပြစ်ကင်းသလို ဟန်ဆောင်နေတုန်းပဲ။ သူက တစ်ကယ့်ကို မျက်နှာနှစ်ဖက်နဲ့ လူပဲ!

ဟမ့်! အရှက်မရှိလိုက်တာ! ချောင်းဟုန်မိန် မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။ သူမ မယုံဘူး! မော့ချူးကို ဒီလိုမျိုး ဆက်ဖြစ်ခွင့်ပေးဖို့ သူမ ငြင်းပယ်သည်! သူမ ဘယ်လောက်ထိ အင်အားကြီးလဲဆိုတာ မော့ချူးအားပြရမည်!

သို့ပေမယ့် ချောင်းဟုန်မိန်မှာ ဒီအခွင့်အရေးက သိပ်မကြာခင်မှာဘဲ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပါချေ။

အဆင့်မြင့်ချန်ပိုင်၏ ဓာတ်ခွဲခန်းရှိ ကိစ္စတွေကို လျှို့ဝှက်ထားသော်လည်း ရံဖန်ရံခါတွင် အချက်အလက် တစ်စွန်းတစ်စ တစ်ခု၊ နှစ်ခုလောက် ပေါက်ကြားလာတတ်သည်။ သူတို့တွေဟာ 'ပန်းပင်' ဟုခေါ်သည့် မှော်အပင်တစ်ပင် လိုအပ်နေကြောင်း မကြာသေးခင်မှ ချောင်းဟုန်မိန် ကြားသိခဲ့ရသည်။

ဒီမှော်အပင်ဟာ ရှားပါးရုံသာမက စိုက်ပျိုးရန်နှင့် နေရာရွှေ့စိုက်ပျိုးရန်မှာလည်း အရမ်းခက်ခဲသည်။ အဖွဲ့ချုပ်တစ်ခုလုံးတွင် ခုနစ်ပင် ရှစ်ပင်လောက်သာ ရှိသည်ကြောင့် ချန်ပိုင်နှင့် သူ့တပည့်တွေမှာ အရမ်းစိုးရိမ်နေကြသည်။

တိုက်ဆိုင်လိုက်တာ! ချောင်းဟုန်မိန်ရဲ့ နှုတ်ခမ်းထောင့်တွေ အပေါ်သို့ တွန့်ကွေးသွားသည်။ တိုက်တိုက်ဆိုင်ဆိုင် ပန်းပင်ရဲ့ တည်နေရာကို သူမ သိထားကာ ဒီနေရာကလည်း အရမ်းသင့်တော်သည်...

သူမရဲ့အကြည့်တွေ နည်းနည်းပြောင်းသွားကာ ဒီအချက်အလက်တွေကို တခြားသူတွေမှတဆင့် မော့ချူးဆီရောက်သွားနိုင်မည့် နည်းလမ်းကို စဉ်းစားလိုက်သည်။

တစ်ဖက်တွင်၊ သူတို့နှစ်ယောက်မှာ ပန်းပင်ရဲ့တည်နေရာကိုတွေ့ပြီဖြစ်ကြောင်းကြားလိုက်ရတဲ့အခါ ချက်ချင်း ဝမ်းသာသွားကြသည်။

"အဲဒါ အရမ်းကောင်းတယ်!" ချန်ပိုင်မှာ ဝမ်းသာလွန်းလို့ မျက်နှာတွေနီရဲလာသည်။ မော့ချူးဆီက အကူအညီကိုရပြီးကတည်းက သူတို့ရဲ့စမ်းသပ်မှုဟာ ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ အခုချိန်တွင် စမ်းသပ်မှုဟာ အရေးကြီးဆုံးအဆင့်ကို ရောက်နေပြီဖြစ်သည်။ ယခုတွင်၊ သူတို့အနေဖြင့် ပန်းပင်အား အောင်မြင်စွာ ပြန်ယူလာရန်နှင့်၊ ၎င်းမှ ထိရောက်သည့် အစိတ်အပိုင်းများအား ထုတ်ယူကာ စမ်းသပ်မှုတွင် ထည့်သွင်းရန်သာ လိုတော့သည်။ အဲဒါကို အောင်မြင်တယ်လို့ ယူဆလို့ရပေလိမ့်မည်။

"ချူးလေး၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းကိုဒုက္ခပေးရတော့မယ်" ချန်ပိုင် အားနာစွာဖြင့် ပြုံးလိုက်သည်။

ယခင်က ပန်းပင်အား နေရာပြောင်းစိုက်ပျိုးပါက အသက်မရှင်မည်စိုးကာ ဓာတ်ခွဲခန်းထဲတွင် မစိုက်ပျိုးမိခဲ့ပေ။ ယခုတော့ ပြဿနာက လုံးဝပြေလည်သွားပြီဖြစ်သည်။ ပန်းပင်၏ တည်နေရာကို ရှာတွေ့ခဲ့ရုံသာမက မှော်အပင်များနှင့် မော့ချူး၏ အထူးတလည် ရင်းနှီးနေမှုက အပင်ကို ဘေးကင်းကင်းနှင့် ပြန်ယူလာနိုင်စေလိမ့်မည်ဖြစ်သည်။

All Chapters