အပိုင်း ၂၂၆
Vol. 16 Ch. 226
ဓာတ်ခွဲခန်းထဲက 'Green Hope' က မကြာခင် ကြီးထွားလာလိမ့်မယ်လို့ တွေးကြည့်လိုက်တဲ့အခါ ချန်ပိုင်အရမ်းစိတ်လှုပ်ရှားသွားသည်။
“စိတ်မပူပါနဲ့ ဆရာ" မော့ချူး ပြောလိုက်သည်။ "ဒီတာဝန်ကိုပြီးမြောက်အောင်လုပ်ပါ့မယ်လို့ ကျွန်မ ကတိပေးတယ်!"
တိုက်ဆိုင်စွာပင်၊ ဤပန်းပင်၏ တည်နေရာက သူမရဲ့မွေးရပ်မြေဟု ယူဆနိုင်သည့် ခရိုင် ၁၂ တွင်ဖြစ်သည်။
"ကောင်းပြီ ဒါဆို မင်း အောင်ပွဲနဲ့ပြန်လာတာကို ငါ စောင့်နေမယ်" ချိန်ပိုင် လက်ကိုထုတ်ကာ မော့ချူးခေါင်းကို ပုတ်လိုက်ပြီး သူ့မျက်နှာပေါ်က အပြုံးမှာလည် ဖုံးဖိလို့တောင်မရပေ။
သူဟာ မှော်အပင်များအား သုတေသန လုပ်ရသည်ကို အမြဲတမ်းစွဲလမ်းနေခဲ့တာကြောင့် သဘာဝအလျောက် အိမ်ထောင်မပြုသလို ကလေးလည်း မယူခဲ့ပေ။ မူလကတော့ ဒီတစ်သက် သူကလေး မရနိုင်လောက်တော့ဘူးလို့ ထင်ခဲ့ပေမယ့် နာခံမှုရှိပြီး ဥာဏ်ထက်သည့် မော့ချူးလိုမျိုး တပည့်လေးတစ်ဦးကို တွေ့ရလိမ့်မည်ဟု သူမမျှော်လင့်ထားပါချေ။ သူမက အရမ်းစဉ်းစားဆင်ခြင်ဉာဏ်ရှိသည်! အချိန်ကြာလာသည်နှင့်အမျှ သူသည် မော့ချူးကို သူ့သမီးအရင်းလို ဆက်ဆံလာသည်။
“ကိစ္စမရှိပါဘူး” မော့ချူးက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ဒီကိစ္စက မြန်မြန်ပြီးလေ ပိုကောင်းလေဆိုတာ သူမလည်း သိသည်။ စစ်တက္ကသိုလ်တွင် ခွင့်လျှောက်ထားပြီးနောက် ထိုနေ့မွန်းလွဲပိုင်းတွင် သူမထွက်ခွာမည်။
ကျွတ်စ် ကျွတ်စ်! ဒီသတင်းကိုကြားတော့ ချောင်းဟုန်မိန်၏ မျက်လုံးတွေ တောက်ပသွားကာ နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကွေးတက်သွားသည်။ သူထွက်သွားပြီးတာနဲ့... ပြန်လာဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး!
"ဝိုင်းဝိုင်း၊ ဒီတခေါက် အာကာသ ပင်လယ်ဓားပြတွေနဲ့ ထပ်တိုးလိမ့်မယ်လို့ ထင်လား?" မော့ချူးသည် ခရိုင် ၁၂ သို့ပျံသန်းနေသည့် ကြယ်စင်စု သင်္ဘောပေါ်တွင် ထိုင်နေခဲ့သည်။ သူမ နျဉ်ယွိယွင်နှင့် ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို သတိရသွားမိသည်။ ထိုအချိန်တုန်းက သူမသည် နျဉ်ယွိယွင်အား အိမ်တွင်းရေး ကျွမ်းကျင်သူတစ်ဦးဟု ထင်ကာ သူ့ကို 'ဦးလေး' ဟုပင် ခေါ်ခဲ့သေးသည်။ အဲ့ဒီအချိန်တုန်းက သူ ဘယ်လိုခံစားခဲ့ရမလဲဆိုတာ သူမမသိပါချေ။ ဒါကို တွေးမိတဲ့အခါ မော့ချူးရဲ့ နှုတ်ခမ်းထောင့်တွေက ခပ်ဖျော့ဖျော့ ကွေးတက်သွားသည်။
"အာဝူး အာဝူး-" အရမ်းအကြာကြီး အိပ်နေခဲ့တာကြောင့် ဖြစ်မည် အခုအချိန်မှာ ဝိုင်းဝိုင်းတစ်ယောက် အရမ်းတွေအားပြည့်နေသည်။ သူက မော့ချူးရဲ့ ခြေထောက်တွေပေါ်တွင် တစ်ချိန်လုံး ခုန်ပေါက်နေသည်။
အရမ်းကောင်းတယ်! ဒီတစ်ခါတော့ မော့ချူးနဲ့ အတူတူ သွားရပြီ။ နောက်က လိုက်လာမယ့်သူတွေလည်း မရှိဘူး။ ဒီဟာထက် ပိုကောင်းတာ ဘာမှမရှိတာ့ဘူး!
မော့ယန်က သူမ သွားမှာကို အစပိုင်းတွင် စိုးရိမ်နေခဲ့သည်။ ဒါပေမယ့် သူ့မှာ စစ်တက္ကသိုလ်တွင် mecha လေ့ကျင့်ရေးကို ဆက်လုပ်ရန် လိုသေးသည်။ ဒါ့အပြင် ဒီတစ်ခေါက်က အန္တရာယ်သိပ်မရှိတာကြောင့် မော့ချူးကိုယ်တိုင် သွားရန် စီစဉ်ထားသည်။ အဆုံးမှာ မော့ယန်လည်း ချူးလေးကို မတားနိုင်တော့တဲ့အတွက် သူမနဲ့ဝိုင်းဝိုင်း ထွက်သွားတာကိုသာ ကြည့်နေနိုင်တော့သည်။
သူမတို့ ခရီးက အတော်လေး ချောချောမွေ့မွေ့ရှိကာ မကြာခင်တွင် ခရိုင် ၁၂ သို့ ရောက်သွားခဲ့သည်။
.....
မော့ချူးမှာ အနားယူဖို့ အချိန်မရှိပေ။ ပန်းပင်ကို ရှာဖို့ ဆရာ ချန်ပိုင်ပေးခဲ့တဲ့ မြေပုံနောက်လိုက်ကာ သူမတိုက်ရိုက်သွားလိုက်သည်။
တခြားမှော်အပင်တွေနဲ့ မတူတာက၊ ဒီပန်းပင်က အရမ်းလှပသည်။ သူ့ရဲ့ မြစိမ်းရောင် အရွက်တွေပေါ်တွင် ရောင်စုံပန်းပွင့်မျိုးစုံ ပွင့်နေကာ အရမ်းလှသည်။ ဒီလိုထူးခြားတဲ့ အသွင်အပြင်ဟာ အရမ်းမျက်စိဖမ်းစားနိုင်တာကြောင့် မော့ချူး အမြန်ရှာတွေ့သွားသည်။ သူမ အပင်ကို နေရာပြောင်းစိုက်မလို့ လုပ်တုန်း စစ်သားတစ်စုက ရုတ်တရက် ပေါ်လာခဲ့သည်။ သူတို့မျက်နှာတွေက မရယ်မပြုံးခပ်တည်တည်နှင့် သူမအား အကဲဖြတ် စူးစမ်းနေသည်။ "မင်း ဒီကို ဘယ်လိုရောက်လာတာလဲ ငါတို့ကိုပြော?"
"ဟင်?" သူတို့ ဘာကို ဆိုလိုတာလဲ? မော့ချူး အံ့အားသင့်သွားကာ အမှန်အတိုင်း ပြောပြလိုက်သည်။ "ကျွန်မ....အဲဒီကနေ လျှောက်ဝင်လာတာ"
ဒါကိုကြားတော့ ခေါင်းဆောင်စစ်သားက မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားသည်။ သူ့နောက်က လူတွေကို လက်ဝှေ့ယမ်းပြလိုက်ကာ တခြားစစ်သားတစ်ယောက်ကအမြန်ရှေ့ကို ပြေးသွားသည်။ ခဏအကြာ သူပြန်ရောက်လာပြီး သူ့နား နားကပ်ကာ ဘာပြောလိုက်မှန်း ဘယ်သူမှ မသိပေမယ့် ခေါင်းဆောင်စစ်သားမှာ မျက်မှောင်ကြုတ်နေရာကနေ ချက်ချင်း ပြေလျော့သွားကာ တောင်းပန်တဲ့အမူအရာ ပေါ်လာသည်။ "တောင်းပန်ပါတယ် ငါတို့အခု မင်းကို သွားခွင့်မပြုနိုင်ဘူး"
"ဘာဖြစ်လို့လဲ?" မော့ချူး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"မင်း ခရိုင် ၁၂ ကို အခုမှရောက်လာတာ မဟုတ်လား?"မော့ချူးရဲ့ အဖြေကို မစောင့်ဘဲ ခေါင်းဆောင်စစ်သားရဲ့ မျက်နှာပေါ်တွင် ခါးသီးတဲ့ အပြုံးတစ်ခု ပေါ်လာသည်။ “အခု ခရိုင် ၁၂ တစ်ခုလုံးမှာ ပျံ့နေတဲ့ ရောဂါတစ်ခု ရှိတယ်။ ကူးစက်နိုင်တဲ့ ဧရိယာထဲကို ဝင်လာတာနဲ့ အပြင်ကို အဝင်အထွက် လုပ်လို့ မရတော့ဘူး"
“ဒီနေရာကို မနေ့ကပဲ ကူးစက်နယ်မြေအဖြစ် ပိတ်ထားတာ။ အဆုံးမှာ၊ အကြောင်းကြားစာကို ရေးဖို့ ငါတို့မှာအချိန်မရှိလိုက်ဘူး။ အခု မင်းရောက်လာတော့ ပြန်ထွက်လို့မရတော့မှာစိုးတယ်..."
စစ်သားတချို့ကလည်း အားနာသလို ခံစားလိုက်ရသည်။ အစပိုင်းမှာတော့ သူမ ထွက်ပြေးဖို့ ပြင်ဆင်နေတယ်လို့ သူတို့ထင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ သူတို့ရဲ့ ပေါ့ဆမှုကြောင့် အပြစ်ကင်းတဲ့ ကောင်မလေးတစ်ယောက်ပါ ရုတ်တရက် ရောပါလာရသည်။
ဒီကပ်ရောဂါက အင်အားအပြည့်နဲ့ ရောက်လာတာဖြစ်သည်။ အချိန်တိုလေး တစ်လ၊ နှစ်လအတွင်းမှာ လူတွေ ထက်ဝက်ကျော်လောက် သေဆုံးခဲ့ကြသည်။ ဒီကလေးမလေးက ကံဆိုးတာပဲ။ သူမ ဘာလို့ဒီကိုလာခဲ့တာလဲ?
မော့ချူး မျက်တောင်ခတ်လိုက်မိသည်။ သူမက မှော်အပင်ကို ပြောင်းစိုက်နေရုံလေး မဟုတ်ဘူးလား? ဘယ်လို ကပ်ရောဂါဆိုးထဲ ရောက်သွားတာလဲ?