အပိုင်း ၂၂၇
Vol. 16 Ch. 227
"ငါတို့နဲ့ လိုက်ခဲ့" မော့ချူးအပေါ် နည်းနည်းအားနာသလို ခံစားလိုက်ရတာကြောင့် ဖြစ်မည်၊ အဲ့ဒီစစ်သားက သူမအား စစ်တပ်နောက်ဘက်ရှိ အခန်းငယ်တစ်ခုဆီ တိုက်ရိုက်ခေါ်သွားကာ ပြောလိုက်သည်။ “ဒီမှာက ပိုလုံခြုံတယ်။ ခဏနေကျရင် တစ်ယောက်ယောက်က မင်းအတွက် အစားအသောက်တွေ ယူလာပေးလိမ့်မယ်"
သူ့ရှေ့က သေးသေးသွယ်သွယ် ကောင်မလေးကို ကြည့်ရင်း အဲ့ဒီစစ်သားရဲ့မျက်နှာပေါ်တွင် မနေနိုင်ဘဲ စိုးရိမ်မှုတွေ ဖြတ်ပြေးသွားသည်။ ဒီတလောတွင် ရောဂါဖြစ်ပွားမှုတွေကြောင့် ခရိုင် ၁၂ က ပရမ်းပတာဖြစ်နေပြီဖြစ်သည်။ သတ်ဖြတ်တာတွေ၊ ဒဏ်ရာရတာတွေ၊ လုယက်နေတာတွေကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။
ကံဆိုးစွာဖြင့်၊ စစ်သားတွေလည်း အများကြီးမကျန်တော့ပေ။ အခြေခံအစီအစဥ်အတိုင်း ထိန်းသိမ်းရုံကလွဲလျှင် သူတို့အနေဖြင့် အခြားမည်သည့်အရာကိုမှ လုပ်နိုင်တာမရှိတော့ချေ။
ဒီစစ်သားတွေက တခြားသူတွေလို ကံကောင်းတဲ့ကြယ်လေးနဲ့ နာမည်ကြီးတွေအကြောင်း မသိကြပါချေ။ ဘာပဲဖြစ်ဖြစ် သူတို့က ကပ်ရောဂါရဲ့အရိပ်အောက်တွင် လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကတည်းက ပုန်းအောင်းနေခဲ့ရတာဖြစ်သည်။ သူတို့မှာ reality show ကိုကြည့်ဖို့ ဘယ်လိုလုပ် အချိန်ရမှာတဲ့လဲ? မော့ချူးကို သူတို့မသိကြဘူးဆိုတာ နားလည်ပေးနိုင်သည်။ သို့ပေမယ့် သူမရဲ့ နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ အသွင်အပြင်က နေရာတိုင်းမှာ နာမည်ကြီးသည်။
"ဟုတ်ပြီ မင်းမှာ လုပ်စရာမရှိရင် အပြင်ထွက်ပြီး လျှောက်မသွားနဲ့" ခဏလောက် စဉ်းစားပြီးနောက် စစ်သားက မော့ချူးကို သတိပေးလာသည်။ “အခု အပြင်မှာ မလုံခြုံတော့ဘူး!”
"ကျေးဇူးတင်ပါတယ်၊ ကျွန်မ နားလည်ပါတယ်" မော့ချူးက ခေါင်းညိတ်လိုက်သည်။ အဲ့ဒီစစ်သားက စကားအနည်းငယ်သာ ပြောခဲ့ပေမယ့် လမ်းတစ်လျှောက် သူတို့နောက်ကို လိုက်လာခဲ့ပြီးတဲ့နောက်မှာ မော့ချူးတွင် ယုံကြည်မှုနည်းနည်း ရှိလာသည်။ ခရိုင် ၁၂ က လုံးဝ ပရမ်းပတာ ဖြစ်နေတဲ့ပုံပင်။
အပြန်လမ်းမှာ သူတို့ဘေးနားတွင် လူသေအလောင်းတွေ အများကြီးရှိနေသညိ။ လမ်းတလျှောက်ရှိ လူအများစုမှာ အသက်ဝိညာဉ်ဆုံးရှုံးကာ ထုံကျင်နေသည့် ခန္ဓာကိုယ်တစ်ခုသာ ကျန်တော့သလိုမျိုး ဖြစ်နေကြသည်။
"နင် ဘာလို့ ဒီကိုရောက်လာတာလဲ?" မော့ချူး အခန်းထဲမှာ အချိန်အတော်ကြာနေခဲ့ရပြီး နောက်ဆုံးတွင် သူမ မတတ်နိုင်တော့ဘဲ ထွက်လာလိုက်သည်။ သူမ လမ်းပတ်လျှောက်ကြည့်မလို့ပြင်နေတုန်းမှာ မိတ်ဆွေဟောင်းတစ်ယောက်နှင့် သွားတိုးသည်။
"ရှင်က... ဟူချင်း?" ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက် မော့ချူး သူမအား မှတ်မိသွားသည်။ မော့ယန်သည် ခရိုင် ၁၂ ၏ အဖွဲ့တစ်ဖွဲ့တွင် ပါခဲ့ပြီး ထိုမိန်းကလေးမှာ အဖွဲ့ခေါင်းဆောင်၏ သမီးဖြစ်သည့်ပုံပင်။
တကယ်တော့ မော့ချူးကို အပြစ်တင်လို့ မရပါချေ။ တကယ်တော့ သူမမှာ ဟူချင်းနဲ့သိပ်ပြီး လေးလေးနက်နက် မသိခဲ့ရချေ။ အရင်တုန်းက သူမနဲ့ အကြိမ်အနည်းငယ်သာ တွေ့ဖူးခဲ့ပြီး သူမရဲ့ လက်ရှိပုံစံဟာ အရင်ကနဲ့ အတော်လေးကို ကွာခြားလွန်းလှသည်။
၁၂ ခရိုင်၏ ကူးစက်ရောဂါဟာ အကြီးအကျယ် ဖရိုဖရဲပျက်စီးလာစေကာ၊ အစားအစာနှင့် ဆေးဝါးပြတ်လပ်မှုကလည်း ပြင်းထန်ခဲ့သည်။ အထူးစွမ်းရည် အသုံးပြုသူ ဟူချင်းပင်လျှင် မျက်နှာဟာ ဖြူဖတ်ဖြူရော်ဖြင့် ပိန်လှီနေသည်။ အရင်ကလို လှပပြီး တက်ကြွမနေပေ!
နှိုင်းစာကြည့်ပါက မော့ချူးကတောင် အနည်းငယ်ပိုပြီး ဆွဲဆောင်မှုရှိနေသည်။ သူမရဲ့ မျက်နှာက ဖြူဖွေးကာ နီမြန်းနေပြီး သူမရဲ့အဝတ်အစားတွေကလည်း အသစ်အတိုင်း သန့်ရှင်းနေသည်။ ပိုအရေးကြီးတာက သူမရဲ့ စိတ်အခြေအနေက ကြည်လင်နေကာ သူမပတ်ဝန်းကျင်က လူတွေနဲ့ လုံးဝမတူပေ။ သူမလက်ကို ကြည့်လိုက်တော့ ဝဝတုတ်တုတ် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ချီထားသည်။ သေစမ်း၊ သူမ ဒီကို အားလပ်ရက် အပန်းဖြေဖို့ လာတယ်ထင်နေတာလား?
"နင် အခုမှ ရောက်တာလား?" ဟူချင်းရဲ့ မျက်လုံးတွေဟာ သိသိသာသာ တောက်ပသွားသည်။ ဒီကောင်မလေးက အရမ်းတုံးအလွန်းတယ်။ ဒီအချိန်မှာ သူက သေခြင်းတရားကို ရှာဖို့ တကယ်ကြီးဒီနေရာကို ရောက်လာတာလား?
......
"ဒီတော့ဘာဖြစ်လဲ?" မော့ချူးလည်း ဟူချင်းရဲ့ မျက်လုံးထဲက မနာလိုမှုများကို သဘာဝအတိုင်း မြင်လိုက်ရသည်။ မော့ချုးတွင် သူမအပေါ် ဆိုးရွားသည့်အမြင်ရှိကာ ဒုက္ခခံပြီး အာရုံစိုက်မနေတော့ပေ။
"နင်!" မော့ချူးက သူမကို အေးစက်စက်ဆက်ဆံတဲ့အခါ ဟူချင်းရဲ့ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။ သူက အမှိုက်လို ကောင်မလေးတစ်ယောက်သာသာကို သူမကို တကယ် ဒီလိုဆက်ဆံရဲတယ်! အရင်တုန်းက သူ့အဖေသာ မော့ယန်ကို ခေါ်လာခဲ့တာ မဟုတ်ရင် ဒီကောင်မလေးလည်း ဟိုးအရင်ကတည်းက တစ်နေရာရာမှာ သေနေလောက်ပြီ။
ဟူချင်းရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။ ဒီနေ့ရက်တွေအတွင်း သူမ ပိုမိုထက်မြက်လာစေရန် သင်ယူခဲ့ရသည်။ သူမ ခေါင်းအသာငုံ့လိုက်တော့ သူမရဲ့ ဆံမြိတ်ရှည်ရှည်တွေက သူမမျက်လုံးထဲရှိ ရွံရှာမုန်းတီးမှုတွေကို ကောင်းကောင်း ဖုံးသွားသည်။ "အိုး ဟုတ်သားဘဲ၊ အစ်ကိုကြီး မော့ယန်ရော နင်နဲ့အတူ မလိုက်လာဘူးလား?"
“ဟင့်အင်း” မော့ချူး ခေါင်းအသာခါလိုက်သည်။
"ဆိုးတာပဲ!" ဟူချင်း ခေါင်းမော့လာကာ မျက်မှောင်ကြုတ်သွားသည်။ သူမကို ကြည့်ရတာ တကယ်ဘဲ စိုးရိမ်နေသည့်ပုံပင်။ “သူ့မှာပေးစရာတစ်ခုခုရှိနေတယ်လို့ ငါ့အဖေ ပြောတယ်။ နောက်ဆုံး နင်တို့တွေထွက်သွားတော့ လိပ်စာလေးတောင် မချန်ခဲ့ဘူး။ ဒီကိစ္စက မဖြေရှင်းရသေးဘဲ ကျန်ခဲ့တာ"