← Chapters

အပိုင်း ၂၃၀

Vol. 16 Ch. 230

အပိုင်း ၂၃၀

Vol. 16 Ch. 230

"ဟုတ်တယ် ဒါက အသုံးမဝင်ဘူး" ကျုံးဝမ် မတ်တပ်ထရပ်လိုက်သည်။ သူ့မျက်လုံးတွေထဲ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေပေမယ့် သူ့လေသံကတော့ အလျင်လိုမှုတွေဖြင့် ပြည့်နှက်နေသည်။ "ကျွန်တော်တို့တွေ မြန်မြန် လှုပ်ရှားရမယ့်ပုံပဲ"

နောက်ထပ် နှောင့်နှေးကြန့်ကြာနေပါက နောက်ထပ်သေဆုံးသူ တစ်ယောက် ရှိလာလိမ့်မည်။

“ကောင်းပြီ!” မြေပြင်ပေါ်ရှိ သေဆုံးသွားသည့်လူကို စေ့စေ့ကြည့်ပြီးနောက် ‌နျဉ်ယွိယွင်နှင့် ကျုံးဝမ်တို့ ချက်ချင်း အရှိန်တင်လိုက်သည်။ သူတို့ရဲ့ မောင်းနှင်ခြင်းစက်ကိုထုတ်ကာ ခရိုင် ၁၂ ရှိ ခရိုင်ရုံးဆီ မောင်းသွားလိုက်သည်။

"‌ကျွန်တော့်ရဲ့ ပဏာမ စစ်ဆေးမှု အရဆို..." ကျုံးဝမ် ခလုတ်ခုံထဲရှိ ရောဂါရှာဖွေရေးပရိုဂရမ်ထဲ ဝင်လိုက်ကာ သူ့မျက်နှာက လေးလေးနက်နက် ဖြစ်သွားသည်။ "ဒီရောဂါက အသစ်ဖြစ်မယ်"

ရောဂါအသစ်တစ်ခုလို့ဆိုတာက ရောဂါရဲ့ဖြစ်ပွါးရသည့်အကြောင်းအရင်းနှင့် စတင်သည့်ဇစ်မြစ်အကြောင်း သူတို့ ဘာမှမသိဘူးဟု ဆိုလိုတာပင်။ သွယ်ဝိုက်သည့်နည်းဖြင့်ဆို ကုသဖို့အခက်အခဲ တိုးစေသည်ဟု ဆိုနိုင်သည်။

“လက်ရှိအခြေအနေကို ကြည့်ရရင် ရောဂါက အရမ်းမြန်တယ်။ မထိန်းချုပ်နိုင်ရင်တော့ မြန်မြန်သေလိမ့်မယ်"

စောစောကလူက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ရောဂါလက္ခဏာတွေ ခံစားခဲ့ရလိမ့်မည်ပင်။ အခုတော့ လမ်းပေါ်တွင် လဲကာသေဆုံးသွားပြီဖြစ်သည်။

သူတို့တွေ အရမ်းမြန်သည်။ ဆယ်မိနစ်မပြည့်ခင် ခရိုင် ၁၂ ရဲ့ ဗဟိုရုံးခန်းဆီ ရောက်သွားခဲ့သည်။ ရုံးစင်တာထဲ ဝင်လိုက်သည်နှင့် ‌နျဉ်ယွိယွင် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒါက ခါတိုင်းလို ပြင်းထန်တွေနှင့် မတူပေ။ အခု‌တော့ ကြည့်ရတာ ဗလာဖြစ်နေသလိုပင်။ ရုံးဝန်ထမ်းအနည်းငယ်သာ အလုပ်ကြိုးစားလုပ်နေကြပြီး သူတို့မျက်နှာတွေကလည်း ကျောက်ရုပ်တွေလိုပင်။

တစ်လ၊ နှစ်လအတွင်းမှာ သူတို့တွေဟာ တခြားကမ္ဘာတစ်ခုကို တွန်းပို့ခံလိုက်ရသလိုပင်။ ငိုကြွေးသံတွေနဲ့ လူသေအလောင်းတွေ ဝိုင်းရံထားပေမယ့် သူတို့ဘာမှ မတတ်နိုင်ပါချေ။

သူတို့ ပြေးလည်းမပြေးနိုင်သလို လူတွေကိုလည်း မကယ်တင်နိုင်ပေ။

“မင်းတို့ရဲ့ ခရိုင်မှူး ဘယ်မှာလဲ?" ရုတ်တရက် ခပ်နက်နက် ယောက်ျားတစ်ယောက်အသံ ထွက်ပေါ်လာသည်။ လှမ်းကြည့်လိုက်တော့ သူတို့ရှေ့တွင် ချောမောလှသည့် အမျိုးသားနှစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။

"ဒီမှာဘာလာလုပ်တာလဲ?" သူတို့ရဲ့ သန့်ရှင်းသပ်ရပ်တဲ့ အဝတ်အစားနဲ့ အသွင်အပြင်ကြောင့် သူတို့က ခရိုင် ၁၂ ကမဟုတ်ဘူးဆိုတာ လူတိုင်း ပြောနိုင်သည်။ သူတို့တွေ ပုန်းဖို့ အလျင်စလို မလုပ်ဘဲ ဘာလို့ နီးကပ်ဖို့ ကြိုးစားနေသေးတာလဲ? သူတို့ သေချင်နေကြတာလား?

"မင်းတို့ရဲ့ ခရိုင်မှူး ဘယ်မှာလဲလို့ မေးနေတယ်လေ" ‌နျဉ်ယွိယွင်ရဲ့အသံဟာ အနည်းငယ် ဩရှနေပြီး သူရဲ့ စီးပိုးတင်စီးသည့် အရောင်အဝါတွေ ထွက်လာသည်။ အခုတော့ ဒီလူတွေဟာ အကူအညီတောင်းချင်စိတ်တောင် မရှိကြသလိုပင်။ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုတွေဟာ ၁၂ ခရိုင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

‌နျဉ်ယွိယွင်ရဲ့ စီးပိုးတင်စီးသည့် အရောင်အဝါတွေကြောင့် ထိတ်လန့်သွားကြပြီး နောက်ဆုံးတွင် ဝန်ထမ်းတစ်ဦးမှာ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်ကာ အသံတိုးတိုးဖြင့်ပြောလာသည်။ "သူ အထပ် ၃၀ မှာ ရှိနေပါတယ်"

ယခုအချိန်တွင် ၁၂ ခရိုင်မှ ခရိုင်မှူးသည်လည်း အလွန်ကြောက်လန့်နေသည်။

သေးငယ်သည့် ကပ်ရောဂါဟာ ယနေ့ချိန်ကဲ့သို့ အခြေအနေမျိုး အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူဘယ်သောအခါမှ မထင်ခဲ့မိပေ။ တိုတောင်းသည့်ရက်အနည်းငယ်အတွင်း၊ ခရိုင် ၁၂ ခုလုံးရှိ လူများ၏ ခြောက်ပုံတစ်ပုံခန့် သေဆုံးသွားကြပြီး ၎င်းဟာ တစ်ထောင်တွင် တစ်ရာသောဘဝတွေဖြစ်သည်။ ကျန်တဲ့လူ တစ်ဝက်လောက်က ကူးစက်ခံထားရသည်။ အခြေအနေကို ဆိုးရွားသည်ဟု ဖော်ပြနိုင်သည်!

ခရိုင် ၁၂ က မလုံခြုံတော့တာကို မြင်တော့ သူ ထိတ်လန့်သွားခဲ့သည်။ ဒီလိုသာဆက်ဖြစ်နေပါက သူ့ရဲ့ ခရိုင် 12 ခရိုင်မှူးဆိုတဲ့ရာထူးကို မပြောနှင့် သူ့အသက်ကိုတောင် ကာကွယ်နိုင်မည် မဟုတ်ပေ!

ဤရက်အနည်းငယ်အတွင်း သူ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။ ခရိုင်အသီးသီးရှိ စီမံခန့်ခွဲမှုဝန်ထမ်းများနှင့် ကုသရေးအစီအမံများကို ဆွေးနွေးခဲ့သော်လည်း ဖြစ်နိုင်ခြေမှာ မမြင့်မားသေးပေ။ ဖျားနာသူဦးရေဟာ ဆက်လက်တိုးမြင့်လာကာ သေဆုံးမှု အရေအတွက်ဟာလည်း တိုးလာနေသည်။ ထိုသို့ထိတ်လန့်ဖွယ်ရာ ကိန်းဂဏန်းများသည် ရိုးရှင်းစွာပင် ကြောက်စရာကောင်းလှသည်။

ထိုအချိန်တွင် ရုတ်တရက် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာခဲ့သည်။

“ဆန္ဒရှိသလို ဝင်လို့မရပါဘူး။ ဝင်လို့မရဘူးလို့ ပြောနေတယ်လေ..."

ခရိုင်ရုံးရဲ့ လုံခြုံရေး ဝန်ထမ်းတွေလည်း ရှုပ်ထွေးနေသည်။ ‌နျဉ်ယွိယွင်နဲ့ ကျုံးဝမ်တို့ကို တားဖို့ အခုမှသူတို့ထွက်လာကြသည်။ သို့ပေမဲ့ သူတို့ရဲ့ အခြေခံအရည်အချင်းတွေနဲ့ ဘယ်လိုလုပ်နိုင်မှာတဲ့လဲ?

သူတို့နှစ်ဦးသည် ခရိုင် ၁၂ မှ ခရိုင်မှူးရုံးခန်းအား အမြန်ရှာတွေ့လိုက်သည်။

'ဘမ်း' ခနဲဖြင့် တံခါးကတွန်းပွင့်လာသည်။

"မင်းတို့ဘာလုပ်တာလဲ... ?" ခရိုင်မှူး စကားမဆုံးခင်မှာဘဲ ‌နျဉ်ယွိယွင်က အရင်လှုပ်ရှားလိုက်သည်။ သူ့မျက်နှာမှာ မှိုင်းညို့နေပြီး အေးစက်တဲ့ အငွေ့အသက်တွေက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။ "ခင်ဗျားက ခရိုင် ၁၂ ရဲ့ ခရိုင်မှူး ဝမ့်လန်ကျင့် မဟုတ်လား?"

All Chapters