အပိုင်း ၂၃၁
Vol. 16 Ch. 231
"တော်တယ်! ဒီသတင်းကို ဖုံးထားဖို့ ခင်ဗျားကိုဘယ်သူက သတ္တိပေးခဲ့တာလဲ? ခရိုင် ၁၂ မှာ ကြီးကြီးမားမား အရှုပ်အထွေးတွေ ဖြစ်နေတာကို မမြင်ဘူးလား?"
"မင်း... " ဘာပဲဖြစ်ဖြစ်၊ ဝမ့်လန်ကျင့်ဟာ ခရိုင် ၁၂ ရဲ့ ခရိုင်မှူးပင်။ အခု ဒီလိုမျိုး လက်ညိုးထိုးပြီး အကြိမ်းမောင်းခံနေရတာကို သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေပါ့မလဲ?
သူ့မျက်နှာက မည်းမှောင်သွားကာ စားပွဲကိုလက်ဖဝါးနဲ့ ရိုက်ချလိုက်တော့ စားပွဲပေါ်က ပစ္စည်းတွေမှာ လှုပ်ခါသွားသည်။ သူ့ကို ဒီလိုမျိုးဆက်ဆံရဲရအောင် ဒီကလေးတွေက ဘယ်သူမို့လို့လဲ? "လုံခြုံရေးတွေ ဘယ်မှာလဲ? သူ့ကို ဒီကနေ မောင်းထုတ်လိုက်ကြစမ်း!"
"ငါက နျဉ်ယွိယွင်ပဲ" ဒီစကားကိုကြားတဲ့အခါ ဝမ့်လန်ကျင့် အံ့အားသင့်သွားသည်။ ဒီစကားလုံး ၃ လုံးက သူ့ကို စကားမပီ ဖြစ်သွားစေသည်။ “အခုကနေစပြီး ကိစ္စအားလုံးကို ငါ တာဝန်ယူမယ်။ အခု ဒီကပ်ရောဂါနဲ့ ပတ်သက်တဲ့ တိကျတဲ့ အချက်အလက်တွေ ငါ့ဆီ ယူလာပေး"
နျဉ်... နျဉ်ယွိယွင်?
ဝမ့်လန်ကျင့်ရဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့သွားတော့သည်။ သူသည် ၁၂ ခရိုင်တစ်ခုလုံးရဲ့သတင်းကိုပိတ်ရန် လူတွေကို စေလွှတ်ထားပြီးပြီဖြစ်သည်။ သူကဘာလို့ ဒီကို ရုတ်တရက် ရောက်လာတာလဲ?
ဝမ့်လန်ကျင့်ဟာ နျဉ်ယွိယွင် အစစ်အမှန်ဖြစ်ကြောင်း သံသယမရှိပေ။ သူ ဒီရာထူးရလာသည်ဆိုကတည်းက သူ့တွင် လူတွေကို အကဲဖြတ်နိုင်သည့် အရည်အချင်းတချို့ရှိသည်။ အခု သူ သေချာကြည့်လိုက်တော့ သူ့ရဲ့ဒီအရောင်အဝါတွေက အဖွဲ့ချုပ်ရဲ့မာရှယ်နျဉ်ဖြစ်မှန်း သူ ပြောနိုင်သည်။
"မြန်မြန်လုပ်!" နျဉ်ယွိယွင် အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။အခု သူ့စိတ်ထဲတွင် ဝမ့်လန်ကျင့်အတွက် ပြစ်ဒဏ်ကို သတ်မှန်ထားပြီးပြီဖြစ်သည်။ အခု အရေးကြီးဆုံးကတော့ ခရိုင် ၁၂ ရဲ့ အခြေအနေကို အရင်ထိန်းချုပ်ဖို့ပင်။
"ဟုတ် ဟုတ်ကဲ့!" ခုနလေးကတင် ထောင်လွှားနေတဲ့ ဝမ့်လန်ကျင့်က ချက်ချင်း နောက်လိုက်တစ်ယောက်လို ပြုမူလာသည်။ သူက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြကာ အချက်အလက် အားလုံးကို နျဉ်ယွိယွင်ရှေ့တွင် တစ်ခုပြီးတစ်ခု ထုတ်ပေးလာသည်။
သူ့ရှေ့က လူက မတုန်မလှုပ်ဖြင့် လူသတ်နိုင်သည့်သူဆိုတာ သိထားရမည်ပင်။ တခြားသူသာဖြစ်ခဲ့ပါက ဝမ့်လန်ကျင့်တွင် လှည့်စားရဲသည့် သတ္တိရှိဦးမည်ပင်။ သို့ပေမဲ့ နျဉ်ယွိယွင်နဲ့ ရင်ဆိုင်ရရင်တော့ ဒါကို မေ့ထားလိုက်တာ ပိုကောင်းသည်။
ကျုံးဝမ်လည်း ဘေးမှာထိုင်ကာ သက်ဆိုင်ရာ အချက်အလက် အားလုံးကို ဖတ်လိုက်သည်။ သူ့မျက်နှာပေါ်က အမူအရာက ပိုပိုပြီး လေးနက်လာသည်။
" ဆေးဌာနက ရှန်းယိ အခုဘယ်မှာလဲ?" ရှန်းယိနဲ့ ကျုံးဝမ်တို့ဟာ တစ်ကျောင်းတည်းတက်ခဲ့သည့် အတန်းဖော်တွေပင်။ ထုံးစံအတိုင်း ကျုံးဝမ်က သူ့ရဲ့စွမ်းရည်ကို အနည်းငယ်သိသည်။ ထို့အပြင် သူက ခရိုင် ၁၂ တွင် အချိန်အတော်ကြာ နေခဲ့တာကြောင့် ဒီရောဂါအကြောင်း ပိုသိလောက်မည်။
“အမ်…” ဝမ့်လန်ကျင့် နဖူးပေါ်မှ ချွေးအေးတွေကို သုတ်လိုက်ကာ ပါးစပ်ဟလိုက်ပေမယ့် ဘာမှ မပြောနိုင်ပေ။ ဒီလိုဆေးပညာရှင်တစ်ဦးကို သူက ဘယ်လို ဂရုစိုက်မိမှာလဲ?
.....
သူတို့နောက်လိုက်လာတဲ့ လက်ထောက်ခရိုင်မှူးက ဖြေလာသည်။ “ရှန်းယိက အခုလောလောဆယ် ဆေးစင်တာမှာ ကျောင်းတက်နေတုန်း ထင်ပါတယ်"
“ဒါဆိုလဲ ကောင်းပြီ” ကျုံးဝမ် ခေါင်းညိတ်ပြလိုက်ပြီး နျဉ်ယွိယွင်ကို ကြည့်လိုက်သည်။ "ဘော့စ် ကျွန်တော်အရင်သွားကြည့်လိုက်မယ်"
"ကောင်းပြီ၊ မင်း သွားလိုက်" ဆေးဘက်ဆိုင်ရာကိစ္စရပ်တွေကို ကျုံးဝမ်နဲ့ တခြားသူတွေဆီတွင် အပ်ထားနိုင်သည်။ နျဉ်ယွိယွင်အနေဖြင့် တခြားပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လိုသေးသည်။
ဒီခရိုင်မှူးဟာ ဦးနှောက်မရှိတာတော့ မဟုတ်ပေ။ ရောဂါပိုးမရှိသူတွေနှင့် ရောဂါပိုးရှိသူတို့အား ခွဲထားရန် သူ သိသေးသည်။ ဖြစ်ပွါးနေသည့် ဧရိယာဟာ အလွန်ကြီးမားတာကြောင့် စီမံခန့်ခွဲမှု ခက်ခဲတာကြောင့်ပင်။
"အရင်ဆုံး၊ ရောဂါပိုးမရှိတဲ့တပ်ကို အဖွဲ့သုံးဖွဲ့ ဖွဲ့လိုက်" ခဏလောက် စဉ်းစားပြီးနောက် နျဉ်ယွိယွင်ရဲ့အမိန့်တွေက လျင်မြန်ထိရောက်စွာဖြင့် ထွက်ပေါ်လာသည်။ " ရောဂါပိုးမရှိတဲ့ သူတွေ ဘေးကင်းအောင် ပိုးသတ်ဆေးတွေကို ဝေပေးမယ်"
“ပထမအဖွဲ့က လမ်းဘေးမှာ ပြန့်ကျဲနေတဲ့ လူနာတွေကို ကုသပေး။ အသက်ရှင်နေသေးတဲ့ သူတွေကို သီးခြားခွဲထားတဲ့ဌာနဆီ ချက်ချင်း ရွှေ့ပြောင်းပေး။ သေဆုံးသွားတဲ့ လူနာတွေကိုတော့ သူတို့ရဲ့ အထောက်အထားတွေကို အတည်ပြုပြီးမှ သဂြိုလ်တာ အကောင်းဆုံးပဲ"
ဤသည်မှာ ကြီးမားသည့် ကူးစက်ရောဂါကို ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
"ဒုတိယအဖွဲ့က ခရိုင် ၁၂ ခုမှာ ပြန့်ကျဲနေတဲ့ လူနာတွေကို စုစည်းပေးဖို့လိုတယ်။ သူတို့ကို ရောဂါပြင်းထန်ပုံအလိုက် သီးခြားစီ စီမံမယ်"
“နောက်ဆုံးအဖွဲ့က ခရိုင် ၁၂ မှာ ကျန်ရှိနေတဲ့ လုံခြုံရေးဝန်ထမ်းတွေကို စုစည်းရမယ်။ သူတို့ထဲမှာ ကူးစက်သူရှိမရှိ အချိန်မရွေး စစ်ဆေးဖို့ လိုတယ်။ တစ်ခုခု ဖြစ်ခဲ့ရင် သူတို့ကို သီးခြားခွဲထုတ်ရေးဌာနဆီ ချက်ချင်း ခေါ်သွားလိုက်”
နျဉ်ယွိယွင်ရဲ့ စည်းစနစ်ကျနတဲ့ အစီအစဉ်တွေနှင့် သူ၏ တည်ငြိမ်သည့် အမူအရာတို့ကို မြင်လိုက်ရတဲ့အခါ ရှုပ်ယှက်ခတ်နေတဲ့ အခြားဝန်ထမ်းတွေမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ အရင်က သူတို့ရဲ့ ထိတ်လန့်ကြောက်ရွံ့မှုတွေလည်း မရှိတော့ပေ။