အပိုင်း ၂၃၂
Vol. 16 Ch. 232
ဒါက မရေမတွက်နိုင်သးတဲ့ အံ့သြဖွယ်ရာတွေကို ဖန်တီးခဲ့တဲ့ မာရှယ်နျဉ်ပဲ! သူနဲ့သာဆိုရင် ဒီကအခြေအနေတွေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်ဆိုတာ သေချာတယ်!
သူတို့ရဲ့ ရင်ထဲ တည်ငြိမ်သွားတဲ့အခါ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကလည်း ချက်ချင်း တိုးတက်လာသည်။ နျဉ်ယွိယွင် ချမှတ်ထားသည့် အစီအစဉ်တွေအား ချက်ချင်းဖြန့်ဝေကာ အကောင်အထည်ဖော်လိုက်ကြသည်။
မာရှယ်နျဉ်ဟာ ခရိုင် ၁၂ ရဲ့ ကိစ္စတွေကို လွှဲပြောင်းယူလိုက်ပြီဆိုသောကြောင့် ယခင်က လုံးဝပူးပေါင်းဆောင်ရွက်မှုမရှိသည့် နိုင်ငံသားများကြားတဲ့အခါ ချက်ခြင်းဘဲ နာခံလာကြသည်။
အချိန်တို တစ်ရက်နှစ်ရက်လေးအတွင်းတွင် ခရိုင် ၁၂ တစ်ခုလုံး လုံးဝပြောင်းလဲသွားတော့သည်။ ယခင် အထိတ်တလန့်နှင့် ကူကယ်ရာမဲ့ဖြစ်နေရာမှနေ စည်းစနစ်ကျကာ ငြိမ်းချမ်းလာခဲ့သည်။
ယခုအချိန်တွင် နျဉ်ယွိယွင်မှာ စိတ်မအေးနေပါချေ။
ကျုံးဝမ်၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုဟာ အသင်းချုပ်တွင် အကောင်းဆုံးများထဲမှ တစ်ယောက်ဟု သတ်မှတ်ခံထားရသည်။ ရှန်းယိနှင့်ပါဆိုလျှင် အတောင်ပါသည့်ကျားတစ်ကောင်လို ဖြစ်နေသင့်တဲ့ အတွဲဟာ ယခုအခါတွင်တော့ စိတ်ဓာတ်ကျနေသည့်အထဲ နစ်မြုပ်နေသည်။ အချိန်များစွာကုန်ပြီးနောက် ထိရောက်သည့်ဆေးကို မတီထွင်နိုင်သေးကာ ရောဂါဖြစ်ရသည့်အကြောင်းအရင်း အတိအကျကိုပင် မဖော်ထုတ်နိုင်ခဲ့ကြသေးပေ။
"ဘော့စ်၊ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ?" ကျုံးဝမ် မျက်ခုံးကြားနေရာအား ပွတ်သပ်လိုက်သည်။ သူဟာ အချိန်တိုင်းတွင် ဆုံးရှုံးသွားရသည့်ဘဝတွေအကြောင်း တွေးမိပါက ဝမ်းနည်းပူဆွေးကာ အားကိုးရာမဲ့သလိုခံစားခဲ့ရသည်။
“စိတ်မပူပါနဲ့” ယခုအချိန်အထိ နျဉ်ယွိယွင်က ထူးထူးခြားခြား အေးဆေးတည်ငြိမ်နေဆဲပင်။ “မင်းရဲ့ သုတေသနကို ဆက်လုပ်ဖို့ လိုတယ်။ အရေးပေါ် အစီရင်ခံစာကို တင်ပြပြီးပြီ။ မကြာခင်မှာ သူတို့တွေ အဆင်ပြေသွားမှာ သေချာတယ်”
“ကောင်းပါပြီ” ကျုံးဝမ်နဲ့ ရှန်းယိတို့်မှာ ဘော့စ်ရဲ့ အေးဆေးတည်ငြိမ်သည့် မျက်နှာကို ကြည့်ပြီး သူတို့စိတ်ထဲက မကျေမနပ်ဖြစ်နေတာတွေအား ဖိနှိပ်ရန်ကြိုးစားလိုက်ကြသည်။ ဟုတ်တယ်၊ သူတို့သာ မျှော်လင့်ချက်မဲ့နေရင် ဒီလူနာတွေလဲ မျှော်လင့်ချက်မဲ့သွားလိမ့်မယ်!
အဲ့ဒီအချိန် နျဉ်ယွိယွင်ရဲ့ ခလုတ်ခုံက ရုတ်တရက် အသံထွက်လာသည်။ ဖွင့်ကြည့်လိုက်ပြီး သူချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
"ဘာဖြစ်လို့လဲ ဘော့စ်?" ကျုံးဝမ်မှာ သူ့ရဲ့ထူးဆန်းတဲ့အပြုအမူကို အမြန်သတိပြုမိလိုက်ကာ မေးလိုက်သည်။
"ကျောလင်က နောက်ဆုံးရသတင်းကို ပို့လိုက်တာ" နျဉ်ယွိယွင်၏ မျက်လုံးတွေက အနည်းငယ် အေးစက်သွားသည်။ “အထက်လူကြီးတွေက ခရိုင်ကို ပိတ်ချင်နေတယ်တဲ့"
"ဘယ်လို?" အမြဲတမ်း တည်တည်ငြိမ်ငြိမ်ရှိနေတတ်တဲ့ ကျုံးဝမ်တောင် မနေနိုင်ဘဲ အမူအရာတွေပြောင်းလဲသွားသည်။ သူ ပြင်းပြင်းထန်ထန် အော်ပြောလိုက်သည်။ “အထက်လူကြီးတွေ ရူးသွားပြီလား? သူတို့က ခရိုင် ၁၂ တစ်ခုလုံးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေချင်နေတာလား?"
သူပိုပြောလေ ဒေါသပိုဖြစ်လာလေပင်။ ကျုံးဝမ်မှာ သု့မျက်နှာပေါ်က အမုန်းတရားတွေကို ဖုံးကွယ်မထားနိုင်တော့ပေ။ “ဒီမှာ သန်းနဲ့ချီတဲ့ ဘဝတွေရှိတယ်။ သူတို့အားလုံးကို စကားလေးတစ်ခွန်းနဲ့ သင်္ဂြိုဟ်ပစ်လိုက်တော့မှာလား?"
ဒီတစ်ကြိမ် ကပ်ရောဂါက ဒီလောက်ထိပြင်းထန်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါချေ။ နျဉ်ယွိယွင် အခြေအနေကို သတင်းပို့လာတဲ့အခါ အထက်အရာရှိတွေလည်း နောက်ဆုံးတော့ ပြဿနာရဲ့ လေးနက်မှုကို သတိပြုမိလာကြသည်။ လူအချို့က ချက်ချင်းကုသပေးရန် လူများစေလွှတ်ရန် အဆိုပြုခဲ့ကြပြီး အချို့ကတော့ ၎င်းနေရာအား ချိတ်ပိတ်ရန် အဆိုပြုခဲ့ကြသည်။ ယခုတွင်တော့ နှစ်ဖွဲ့စလုံးဟာ နောက်ဆုံးရလဒ်အတွက် အပြိုင်အဆိုင်ဖြစ်နေကြသည်။
"သူတို့အိပ်မက်ထဲမှာပဲရမယ်!" နျဉ်ယွိယွင် နှာမှုတ်လိုက်သည်။
၎င်းအကြံသည် နျဥ်မိသားစုနှင့် အဆင်မပြေသည့် မိသားစုများမှ လက်ရှိအခြေအနေအား အခွင့်ကောင်းယူကာလုပ်နေကြတာ ဖြစ်နိုင်သည်။ ၎င်းဒေသအား ချိတ်ပိတ်တာ အောင်မြင်နေသရွေ့ နျဉ်ယွိယွင်တစ်ယောက်ထဲ ထွက်လာနိုင်မည်တဲ့လား?
“ကောင်းပြီ၊ လောလောဆယ်တော့ မင်းတို့တွေ ဒီဟာအတွက် စိတ်ပူနေစရာမလိုဘူး” ရှင်းရှင်းလင်းလင်းကိုဘဲ ၎င်းဟာ အလွန်အရေးကြီးသည့် အခြေအနေဖြစ်ကြောင်း ထင်ရှားသော်လည်း နျဉ်ယွိယွင်က တည်တည်ငြိမ်ငြိမ်နှင့် ချုပ်တည်းထားနိုင်သေးသည်။ ဗိုလ်ချုပ်တစ်ယောက်ရဲ့ရောင်ဝါက သူ့အလိုလို ထွက်လာသည်။ "အဲ့ဒါကို ငါ ကိုင်တွယ်လိုက်မယ်"
ယခင်က တိုင်းတာမှုတွေဟာ ရလဒ်အချို့ အောင်မြင်နေပြီဖြစ်သည်။ ကုသဆေးများ မထုတ်လုပ်ရသေးသော်လည်း အနည်းဆုံးတော့ လူနာများ၏ သေဆုံးမှုနှုန်းဟာ ယခင်ကထက်တော့ မများလှပေ။
"မကောင်းတော့ဘူး မာရှယ်နျဉ်!" ရုတ်တရက် ခရိုင်မှူးက စိုးရိမ်မှုအပြည့်နဲ့ ဆေးစင်တာထဲ အပြေးဝင်လာသည်။ သူက အမောတကောဖြင့် အခြေအနေတွေကို နျဉ်ယွိယွင်ဆီ အမြန် သတင်းပို့လာသည်။ " ကူးစက်... ကူးစက်ထားတဲ့သူတွေကို သီးသန့်ထားထားတဲ့ စင်တာနဲ့ မကူးစက်ထားတဲ့လူတွေကို ထားထားတဲ့စင်တာ နှစ်ခုလုံး ရုန်းရင်းဆန်ခတ်တွေဖြစ်နေကြတယ်!"
၎င်းဟာ တစ်စုံတစ်ယောက်ထံမှ 'ခရိုင် ၁၂ တစ်ခုလုံးချိတ်ပိတ်တော့မည်' ဟူသော သတင်းပေါက်ကြားလာတာကြောင့်ပင်။
ယခင်က ငြိမ်သက်နေကြတဲ့ လူအုပ်ကြီးက ချက်ချင်း ပေါက်ကွဲထွက်လာသည်။
မာရှယ်နျဉ် ရောက်ရှိလာခြင်းဟာ အစပိုင်းတွင် သူတို့အား ရှင်သန်ရန် မျှော်လင့်ချက်တွေ ပေးနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ထိုကဲ့သို့ သတင်းဆိုးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ခရိုင်ကို ချိတ်ပိတ်လိုက်ရင် သူတို့အားလုံး အထဲမှာ သေကြရတော့မှာ!