← Chapters

အပိုင်း ၂၃၃

Vol. 16 Ch. 233

အပိုင်း ၂၃၃

Vol. 16 Ch. 233

ကြာရှည်စွာ ကြောက်ရွံ့နေခဲ့ရကာ၊ သနားညှာတာမှုကင်းသည့် ဖျားနာမှုတွေ၊ အသက်ရှင်လိုစိတ်တွေနှင့် လက်တွေ့ဘဝမီ ကူကယ်ရာမဲ့မှုတို့တွေဟာ သတင်းကြားလိုက်ရသည့်အချိန်တွင် လွှမ်းခြုံသွားပြီး ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

အခင်းဖြစ်ပွားရာနေရာသို့ ‌နျဉ်ယွိယွင် ရောက်လာချိန်တွင် အခြေအနေမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီဖြစ်သည်။

ရောဂါပိုးကူးစက်ခံထားရသော လူနာတွေရော၊ ကူးစက်မခံထားရသည့်လူများပါ အားလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ သူတို့အားလုံးရဲ့မျက်နှာပေါ်တွက် ထိတ်လန့်တကြားနှင့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေကာ သူတို့ရဲ့လက်တွေနဲ့ ပိတ်ထားသည့်စစ်သားတွေအား ပြင်းပြင်းထန်ထန် ရိုက်ပုတ်ကာ ဒဏ်ရာရလာစေသည်။

"ငါတို့သွားခွင့်ပေး! ဘေးဖယ်!”

"ငါတို့ကို ဘာလို့ချိတ်ပိတ်ထားရမှာလဲ? ငါတို့အားလုံးဒီမှာဘာလို့သေရမှာလဲ? ငါတို့ ဘာအမှားလုပ်မိလို့လဲ?"

"ငါ အသက်ရှင်ချင်တယ်။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးကြပါ!"

အသနားခံမှုတွေနှင့် ဒေါသတကြီး အော်ဟစ်သံတွေက ရောထွေးနေကာ သူတို့ရဲ့ အသံတွေဟာ သွေးပျက်လုမတတ် အော်ဟစ်နေကြသည်။

ဒါကိုမြင်လိုက်ရတော့ ‌နျဉ်ယွိယွင်ရဲ့ မျက်ခုံးတွေ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ပြီး ဘေးနားက ခပ်မြင့်မြင့်စင်ပေါ် တက်ကာ အော်လိုက်သည်။ "မင်းတို့‌တွေ အသက်ရှင်ရမယ်!"

သူ့ရဲ့ပြတ်သားတဲ့ စကားလုံးတွေ ထွက်ပေါ်လာသည်။ “ငါ ‌နျဉ်ယွိယွင်က အစွမ်းကုန်အကောင်းဆုံး လုပ်ပေးမယ်လို့ ကတိပေးတယ်! မင်းတို့အားလုံး အသက်ရှင်ရမယ်လို့ငါအာမခံတယ်!"

နက်ရှိုင်းပြီး အားကောင်းတဲ့ ယောက်ျားတစ်ယောက်ရဲ့အသံက လျှပ်စီးလက်သလိုပင်၊ ရက်ပေါင်းများစွာ ရှိနေခဲ့သည့် အမှောင်ထုကို ချက်ချင်း ပိုင်းခြားပစ်လိုက်သည်။

‌နျဉ်ယွိယွင်? တကယ် မာရှယ်နျဉ်လား?

ဒါကိုကြားတော့ လူအများစုက မလှုပ်မယှက် ဖြစ်သွားကြပြီး မိန်းမောစွာဖြင့် လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် စင်မြင့်ပေါ်မှ လူကို လှမ်းကြည့်လိုက်ကြသည်။ သူ့မျက်နှာက ချောမောလှပြီး မျက်လုံးတွေက ခိုင်မာနေသည်။ ထိုခပ်ဖြောင့်ဖြောင့်နှင့် မကြောက်မရွံ့ကိုယ်ဟန်အနေအထားက ဘယ်တော့မှ မကောက်ကွေးနိုင်သည့် ခိုင်မာသည့် မာနနှင့်တူသည်။

"တကယ်...တကယ်လား?" သူ့ဘေးရှိ ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်က မိန်းမောစွာဖြင့် မေးလိုက်သည်။ သူမဟာ ၁၁ နှစ်၊ ၁၂ နှစ်လောက်သာ ရှိသေးသည်။ သူမက ဖူးဖူးမှုတ်ကာ အချစ်ခံနေရသင့်ပေမယ့် ဒီရောဂါဆိုးကြောင့် သူမရဲ့ မိဘတွေနဲ့ မိသားစုအားလုံး သေဆုံးသွားခဲ့ကြသည်။ ယခုတော့ သူမတစ်ယောက်သာ ကျန်တော့သည်။ အတိတ်က ချိုမြိန်လှတဲ့ နေ့ရက်တွေဟာ တစ်ခဏချင်း ပျောက်ကွယ်သွားသလိုပင်။ သူမရှေ့တွင် တောင့်တင်း‌နေသည့် အလောင်းအချို့သာ ကျန်ခဲ့တော့သည်။

“ဟုတ်တယ်” အသက်မဲ့လုနီးပါးဖြစ်နေသည့် ကလေးမလေး၏ မျက်လုံးတွေကို ကြည့်ရင်း ကျုံးဝမ်ရဲ့ မျက်လုံးထောင့်တွေ ရုတ်တရက် နီရဲလာသည်။ သူ ရှေ့ကို ခြေတစ်လှမ်းတိုးကာ သူမကို တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ "အားလုံးအဆင်ပြေသွားမှာပါ"

"ဒါပေမယ့် သူတို့က ခရိုင်ကို ချိတ်ပိတ်ချင်တယ်လို့ပြောတယ်!" တိတ်ဆိတ်မှုထဲတွင် လူတစ်ယောက် ရုတ်တရက် အော်ပြောလာသည်။ သူ့မျက်နှာပေါ်တွင် ဖုံးကွယ်လို့မရသည့် ဒေါသများနှင့် ပြည့်နှက်နေသည်။ သူ့လည်ပင်းတွင် သွေးကြောများ ထောင်နေသည်။ “သူတို့မှာ ခရိုင်ကိုချိတ်ပိတ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ? ဘာလို့ သူတို့က ငါတို့ကို ဒီမှာသေစေချင်တာလဲ?"

ဒီနေရာ၌ လူတိုင်းနှင့်အတူ ပိတ်မိနေရမည့်အစား သူ့လမ်းသူဖောက်ထွက်နိုင်သည်။ ရှင်သန်နိုင်ဖို့ နည်းလမ်းကို သူ ရှာနိုင်သေးသည်။ ဒါ့အပြင် သူ ဒီနေရာတွင်သာ ပိတ်မိပြီးအမှန်တကယ် သေဆုံးသွားတာထက်စာလျှင် အပြင်တွင်သာ သေလိုကာ သူနှင့်အတူ လူအနည်းငယ်ကိုပါ ဆွဲချသွားလိုသည်။

“အခု ဒီနေရာကို ချိတ်ပိတ်ဖို့ အမိန့်မရှိဘူးဆိုတဲ့အချက်ကို မပြောနဲ့" ‌နျဉ်ယွိယွင်ရဲ့ ချောမောတဲ့ မျက်နှာဟာ အနည်းငယ် မော့လာပြီး သူ့တစ်ကိုယ်လုံးတွင် အားမာန်အပြည့်နှင့်ပင်။ သူ့မျက်လုံးတွေဟာ အရမ်းယုံကြည်ချက်ခိုင်မာနေသည်။ "သူတို့ဒီနေရာကို တကယ် ချိတ်ပိတ်ချင်တယ်ဆိုရင်တောင် ငါ မင်းတို့ကို အသက်ရှင်လျက်နဲ့ ကယ်ထုတ်ပေးနိုင်တယ်!"

ဒီစကားတွေဟာ ‌နျဉ်ယွိယွင်ရဲ့အာမခံချက်ဟု ယူဆနိုင်သည်။ ၎င်းဟာ အနည်းငယ် စိတ်ကြီးဝင်မှု‌တွေပါဝင်နေသော်လည်း ယုံကြည်မှုအပြည့်ရှိနေသေးသည်!

အကယ်၍ တစ်စုံတစ်ယောက်သာ ထိုစကားကို ပြောခဲ့ပါလျှင် ခရိုင် ၁၂ မှ လူတွေအနေဖြင့် လုံးဝ ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။ သို့သော် စင်မြင့်ပေါ်တွင် ရပ်နေသည့် လူကို ကြည့်ရင်း သူတို့တွေ တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။ အကယ်၍ သူတို့တွေအနေဖြင့် အဖွဲ့ချုပ်မှ တစ်စုံတစ်ဦးကို ယုံကြည်ရန် ရွေးချယ်ရမည်ဆိုပါက မာရှယ်နျဉ်သာလျှင် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်မှာ သေချာ‌ပေါက်ပင်။

"သ သမီး ယုံတယ်!" ကျုံးဝမ် ဖက်ထားတဲ့ ကလေးမလေးက မျက်တောင်အသာခတ်လိုက်သည်။ သူမရဲ့အသံဟာ နူးညံ့နေကာ နွေးထွေးမှုအချို့ကို သယ်ဆောင်လာသည်။

အခုလေးတင် ရုန်းရင်းဆန်ခတ်နေသည့် မြင်ကွင်းများကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်လိုက်သည်။ အခိုးအငွေ့များ တဖြည်းဖြည်း ကင်းစင်သွားကာ နံနက်ခင်းအလင်းရောင် အချို့ကို ပေါ်ထွက်လာသည်။

“အား အား-”

ရုတ်တရက် နာကျင်စွာ အော်ဟစ်သံက ကောင်းကင်တစ်ခုလုံး ဖောက်ထွင်သွားသည်။

အခုလေးတင် မေးခွန်းမေးခဲ့တဲ့သူက ရုတ်တရက် မြေပြင်ပေါ်တွင် လဲကျသွားတော့သည်။ အဲ့ဒီအချိန်မှာ သူဟာ နာကျင်စွာဖြင့် အော်ဟစ်နေသည်။ သူ့လက်တွေ ခြေထောက်တွေက ပြင်းပြင်းထန်ထန် တုန်ရီနေပြီး နီရဲနေတဲ့ သူ့မျက်နှာကလည်း ပြင်းထန်စွာ တုန်ရီနေသည်!

ဒါဟာ ရောဂါ၏ အလယ်အလတ်ဆင့်မှ နောက်ဆုံးအဆင့်သို့ ကူးပြောင်းသွားသည့် လက္ခဏာဖြစ်သည်။

ငြိမ်သက်နေတဲ့ လူအုပ်ကြီးဟာ ချက်ချင်းဘဲ တုန်လှုပ်သွားကြပြန်သည်။ သူတို့ရဲ့ အဖော်တွေ သေဆုံးခြင်းဆီလှမ်းသွားကြတာကို ရပ်ကြည့်နေရုံသာ တတ်နိုင်ကြသည်။ အထိတ်တလန့်နှင့် စိတ်ပျက်အားငယ်မှုတွေ ရောထွေးနေသည့် ခံစားချက်က လူတိုင်းကို ရူးသွပ်သွားစေသည်။

All Chapters