← Chapters

အပိုင်း ၂၃၅

Vol. 16 Ch. 235

အပိုင်း ၂၃၅

Vol. 16 Ch. 235

"အဆင်ပြေပါတယ်! မကြောက်နဲ့!" ‌နျဉ်ယွိယွင်ရဲ့ ပွေ့ဖက်မှုက ခါတိုင်းလိုမျိုး နွေးထွေးနေပေမယ့် သူ့လက်တွေက နည်းနည်းတင်းကျပ်နေတာကြောင့် မော့ချူး အသက်ရှူ‌လို့ မရတော့ပေ။ နွေးထွေးတဲ့ အသက်ရှုသံက သူမ နားကို ရိုက်ခတ်နေသည်။ "မင်းကို ကိုယ်သေချာ‌ပေါက် ကုပေးမယ်!"

အနီးနားက လူတွေအားလုံး အံသြသွားကြသည်။

ဒီကောင်မလေးက ရောဂါကူးစက်ခံရသူတွေထားတဲ့စင်တာမှာရှိနေပြီး အဲဒီရောဂါပိုးရှိတဲ့ လူနာတွေနဲ့ အတူနေခဲ့တာလို့ ခုနက စစ်သားက ပြောခဲ့သည်။ သူ ဘယ်လိုလုပ်ရောဂါမကူးစက်ထားဘဲ နေမှာလဲ? မာရှယ်နျဉ်က သူမကို ဒီအတိုင်း ဖက်လိုက်တယ်? သူ ကူးစက်ခံရမှာကို လုံးဝ မစိုးရိမ်ဘူးလား?

“ဒီကလေးမလေးက…” လက်ထောက်ခရိုင်မှူးက သူ့ဘေးမှာ ရှိနေသည်။ ရောဂါစတင်ဖြစ်ပွားကတည်းက သူ တည်ငြိမ်တယ်လို့ အမြဲတမ်းထင်ခဲ့တာဖြစ်သည်။ သို့ပေမယ့် ယနေ့မြင်ကွင်းကတော့ သူ့ကို လုံးဝအံ့အားသင့်စေသည်။

ဒီကလေးမလေးက မာရှယ်နျဉ်ရဲ့ မိသားစုဝင်ဖြစ်များလား? ဒါကြောင့် ပုံမှန်အားဆိုရင် အေးခဲမာကျောနေတတ်တဲ့ ‌နျဉ်ယွိယွင်က ရုတ်တရက် ရေလို နူးညံ့လာတာလား?

လက်ထောက်ခရိုင်မှူးမှာ သူမကို တိတ်တိတ်လေး အကဲခတ်နေပေမယ့် တစ်ခုခု မှားနေတယ်လို့ သူ ခံစားနေရသည်။ မာရှယ်နျဉ်ရဲ့ စေးကပ်‌နေတဲ့အကြည့်အရဆို သူတို့တွေက မိသားစုတွေမဖြစ်နိုင်ပေ။

အဲ့ဒီအချိန် မရေမတွက်နိုင်တဲ့ လူတွေဆီကနေ စောင့်ကြည့်ခံနေရတဲ့ မော့ချူးမှာ ခေါင်းအသာ မော့လိုက်သည်။ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားတဲ့ လူကိုသူမ ကြည့်လိုက်သည်။ ‌နျဉ်ယွိယွင်ရဲ့ နက်ရှိုင်းတဲ့မျက်လုံးတွေထဲ သူမအတွက် စိုးရိမ်ပူပန်မှုတွေဖြင့် ပြည့်နှက်နေကာ သူ့လုံခြုံရေးကိုလည်း လုံးဝ ဂရုမစိုက်ပေ။

"ရှင်....မကြောက်ဘူးလား?"

“ဟင့်အင်း!” ဒီစကားလုံးနှစ်လုံးက ရှင်းရှင်းလင်းလင်းနှင့် ပြတ်သားလှသည်။

မော့ချူး ခေါင်းကို ပုတ်ပြီးနောက် ‌နျဉ်ယွိယွင် ခေါင်းမော့ကာ လူအုပ်ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ သူ့လေသံက နွေးထွေးမှုအချို့ကို သယ်ဆောင်လာသည်။ "ငါက သူ့ရဲ့စောင့်ရှောက်သူပဲ! မင်းတို့အားလုံးကို ဘာမှမဖြစ်စေချင်သလို သူ့ကိုလည်း သေချာပေါက်ဘာမှဖြစ်ခွင့်မပေးဘူး!"

'စောင့်ရှောက်သူ?' ဒီစကားကြားတော့ အားလုံးရဲ့မျက်နှာက ထိတ်လန့်တုန်လှုပ်သွားကြသည်။ အခုတလော သူတို့ ဦးနှောက်ခြောက်နေရင်တောင် မာရှယ်နျဉ်ကို ဒီကလေးမလေးရဲ့ စောင့်ရှောက်သူ ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ။

မော့ချူး ဆွံ့အသွားရသည်။ သူမ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သဘောမတူထားပေမယ့် ‌နျဉ်ယွိယွင်ကတော့ လူတိုင်းကို ဆွဲဆောင်တဲ့နေရာမှာ အတော်လေး တော်သည်။ စကားနည်းနည်းပြောလိုက်ရုံနဲ့ ဒီကိစ္စကို တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

အဲ့ဒီအခိုက်အတန့်မှာ စောစောက ပြင်းပြင်းထန်ထန်နာကျင်ကာ‌ မြေပြင်ပေါ်လဲ‌နေတဲ့ အမျိုးသားက အမှန်တကယ်ကို ပြန်သက်သာလာပြီဖြစ်သည်။ သူ့ခန္ဒာကိုယ်ထဲက အကြောတွေဟာ တဖြေးဖြေး ပြေလျော့သွားပြီး သူ့အသက်ရှုသံကလည်း အတော်လေး ပုံမှန်ဖြစ်လာသည်။

“ကြည့်အုံး!” ဒီအခြေအနေကို ပထမဆုံး သတိထားမိတဲ့ အမျိုးသားရဲ့ မိသားစုဝင်တွေက အံ့သြစွာဖြင့်အော်ဟစ်လိုက်ကြသည်။

ကျုံဝမ် လှည့်ကြည့်လိုက်ကာ အခြေအနေကို မြင်လိုက်ရတော့ ချက်ချင်း ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ အဲ့ဒီလူကို စစ်ဆေးကြည့်နေရင်း သူ့မျက်လုံးတွေ တောက်ပလာသည်။ ရောဂါကို တကယ် ထိန်းချုပ်လိုက်နိုင်သည်။ လုံးဝ ပျောက်ကင်းသွားအောင် မကုသနိုင်သေးပေမဲ့ အကျိုးသက်ရောက်မှုက အရမ်းတုန်လှုပ်စရာကောင်းနေဆဲပင်! တွန်းကန်နွယ်ပင်ဟာ ဒီရောဂါကို တကယ် ကုပေးနိုင်တာများလား?

ကျန်တဲ့လူတွေလည်း ဒီမြင်ကွင်းကို သဘာဝအတိုင်း မြင်လိုက်ရသည်။ သူတို့တွေ တောက်ပတဲ့ မျက်လုံးတွေနဲ့ မော့ချူးကို ကြည့်လိုက်ကြသည်။ ဒီကလေးမလေးက ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး!

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူတို့ ဒီရောဂါဝေဒနာကို တိတ်တဆိတ် သည်းခံခဲ့ရသည်။ ဆေးသောက်ရင်တောင် သက်ရောက်မှုက သိပ်မသိသာပေ။ ဒီကောင်မလေးရဲ့ တိုက်ခိုက်မှုက အကျိုးသက်ရောက်မှုတွေ သိသာထင်ရှားလာလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားပေ။

မော့ချူးကို ငေးကြည့်ရင်း သူတို့မျက်လုံးတွေ တောက်ပလာသည်။

ဒီကလေးမလေး ရောဂါကူးစက်ခံရသူတွေထားတဲ့စင်တာကနေ ဘယ်လိုထွက်လာသလဲဆိုတာ သူတို့တွေးမိလိုက်တဲ့အခါ သူမကိုသေချာကြည့်လိုက်ကြသည်။ သူမရဲ့ ခန္ဓာကိုယ်ပေါ်တွင် ယားနာလက္ခဏာတွေလည်း မရှိပါ‌ပေ။ ဒါ့အပြင် သူမရဲ့ မျက်နှာက ပန်းရောင်သန်းနေပြီး မျက်လုံးတွေဟာလည်း တောက်ပနေသည်။ သူမ လုံးဝကို ရောဂါကူးစက်ခံထားရပုံမပေါ်ဘူး!

သူမဘာသာသူမ ကုလိုက်တာများလား? ဒီလိုမှမဟုတ်ရင် ဒီလူလျှပ်တပြတ် ဖြစ်လာတဲ့အချိန် ဘယ်လိုလုပ် သူမက သက်သာအောင် လုပ်ပေးနိုင်လိုက်မှာလဲ? ဒါကို တွေးကြည့်လိုက်တော့ လူတိုင်းက မော့ချူးကို နတ်ဘုရားတစ်ပါးလို ယုံကြည်ကိုးကွယ်လိုမှုတွေအပြည့်ဖြင့် ကြည့်လာကြသည်။

အမ်း.... စိတ်ကူးစိတ်သန်းတွေရဲ့ သက်ရောက်မှုတွေက အရမ်းအားကောင်းတယ်လို့ ပြောရမှာပဲ။

အခြေအနေကို ခေတ္တထိန်းချုပ်ထားနိုင်ပြီးတဲ့နောက် ‌နျဉ်ယွိယွင်က သူ့အနားက ပါးစပ်ကြီးဟကာအံ့အားသင့်နေတဲ့လက်ထောက်ခရိုင်မှူးကို ချက်ချင်း အချက်ပြလိုက်သည်။ သူ့ရဲ့သွားဖုံးတွေကိုတောင် ဖျတ်ခနဲ မြင်လိုက်ရသည်။

လက်ထောက်ခရိုင်မှူးကလည်း တော်တော်ပါးနပ်သည်။ သူ ချက်ခြင်း သတိပြန်ဝင်လာကာ တစ်ဖက်မှနေ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး စီမံခန့်ကိန်းကို စတင်လမ်းညွှန်လိုက်သည်။

ခပ်မြန်မြန်ပင် စောစောက ဖရိုဖရဲဖြစ်‌နေခဲ့တဲ့မြင်ကွင်းက ချက်ချင်း စည်းစနစ်ကျကျဖြစ်သွားသည်။ လူအုပ်ကြီး ထွက်သွားပြီးတဲ့နောက် ‌နျဉ်ယွိယွင် သူ့ရင်ခွင်ထဲက မော့ချူးကို အသာလွှတ်ပေးလိုက်ပြီး ဂရုတစိုက်ခြုံကြည့်လိုက်သည်။ သူမရဲ့ မျက်နှာလေးက နည်းနည်းချောင်သွားပေမဲ့ အားအင်အပြည့် ရှိနေ‌သေးသည့်ပုံပင်။

All Chapters