← Chapters

အပိုင်း ၂၃၆

Vol. 16 Ch. 236

အပိုင်း ၂၃၆

Vol. 16 Ch. 236

"သူ့ကို စစ်ဆေးခွင့်ပြုပါ" ရှန်းယိသည် စစ်ဆေးရေးကိရိယာများကိုယူကာ မော့ချူးရဲ့ကိုယ်ကို သေချာစစ်ဆေးလိုက်သည်။ "မင်း ရောဂါကူးစက်ခံရသူတွေထားတဲ့စင်တာမှာ ဘယ်လောက်ကြာကြာနေခဲ့လဲ?"

သူ့တွင် မော့ယန်၏ ညီမအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ရှိနေဆဲပင်။ မည်သို့ပင်ဆို‌ဆို သူမ၏ ကြီးကြီးမားမားအလက်ဂျစ်ဖြစ်တတ်သည့် ပုံစံကြောင့် သူမအား အဖွဲ့ချုပ်တစ်ခုလုံးတွင် အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

"နှစ်ရက်ပါ" မော့ချူးရဲ့ နှုတ်ခမ်းထောင့်တွေ အသာ ကွေးသွားသည်။ “ဒါပေမယ့် ကျွန်မ အရင်ကလဲ မကူးစက်ထားပါဘူး။ မတော်တဆ လှည့်စားခံလိုက်ရပြီး ဝင်မိသွားတာပါ"

"အိုး?" အဲ့ဒီစကားကိုကြားတဲ့အခါ ရှန်းယိရဲ့လက်တွေ ခဏလောက်ရပ်သွားသည်။ ‌နျဉ်ယွိယွင်ရဲ့ မျက်နှာဟာလည်း အနည်းငယ် မည်းမှောင်သွားသည်။ 'လှည့်စားခံလိုက်ရတာလား? ဘယ်သူက ဒီလိုလုပ်ရဲတာလဲ?'

ဆက်တိုက်စမ်းသပ်ပြီးသည့်နောက် ရှန်းယိမှာ မနေနိုင်ဘဲ အံ့အားသင့်နေသည့်အကြည့်ကို ထုတ်ပြလာသည်။ ဒီရောဂါက တော်တော်ကူးစက်တတ်ကြောင်း သူတို့အားလုံး မျက်မြင်တွေ့ခဲ့ရသည်။ သို့သော် အံ့သြစရာကောင်းသည်မှာ ဒီကောင်မလေး မော့ချူးကျ ရောဂါကူးစက်ခံရသူတွေ ထားတဲ့ စင်တာတွင် နှစ်ရက်လုံးနေထိုင်ခဲ့တာတောင်မှ ယခုအထိ ရောဂါကူးစက်မှု လုံးဝမရှိကြောင်း သိလိုက်ရသည်။ ဒါဟာ ရိုးရိုးရှင်းရှင်းကို အံ့ဩဖွယ်ရာပင်။

"ဘယ်လိုနေလဲ?" ‌နျဉ်ယွိယွင် မော့ချူးပခုံးပေါ် လက်တင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ရှန်းယိ စစ်ဆေးပြီးသွားတာကို သူမြင်လိုက်ရတဲ့အခါ ချက်ခြင်း ရှေ့တိုးကာမေးလိုက်သည်။

"တကယ်ပဲ ကူးစက်ထားတဲ့ လက္ခဏာ မရှိဘူး!" ရှန်းယိမှာ စစ်‌ဆေးတဲ့ကိရိယာတွေကို သပ်သပ်ရပ်ရပ်ထားဖို့ အချိန်တောင်မရှိပေ။ သူက မော့ချူးကို အံ့ဩစရာကောင်းကာ တောက်ပတဲ့ အကြည့်တွေနဲ့ ငေးစိုက်ကြည့်နေသည်။ ဒီကောင်မလေးရဲ့ ခုခံနိုင်စွမ်းက တကယ်မယုံနိုင်စရာပင်။ ဒါ့အပြင် မော့ချူးဟာ ခုနတုန်းက လူနာကို ဘယ်လို ကယ်တင်ခဲ့သလဲဆိုတာကို သူတွေးမိလိုက်တဲ့အခါ ရှန်းယိရဲ့ အကြည့်တွေ မီးတောက်လာသည်။

တစ်ချိန်တည်းမှာဘဲ လူအုပ်တွေကြားထဲ အရှေ့ကိုသွားနေတဲ့ဟူချင်းမှာ ထိတ်လန့်စွာဖြင့် မျက်လုံးပြူးသွားသည်။

သူမ... သူမ ဘာကြားလိုက်ရတာလဲ?

မာရှယ်နျဉ်က တကယ်တော့ မော့ချူးရဲ့ စောင့်ရှောက်သူတဲ့လား? ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? သူမသာ မော့ချူးကို ရောဂါကူးစက်သူတွေထားတဲ့စင်တာထဲ ဝင်မိသွားအောင် လှည့်ဖြားခဲ့မှန်း သူ သိသွားပါက...

ဒီအကြောင်းကို သူမတွေးကြည့်လေ သူမ ပိုပြီး ပျာယာခတ်လာ‌လေပင်။ ဟူချင်းသည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ရှေ့ကို ခြေလှမ်းအနည်းငယ် အပြေးသွားလိုက်သည်။ နောက်ဆုံးတွင် သူမခလုတ်တိုက်ကာ မြေပေါ်လဲလုမတတ်ဖြစ်သွားသည်။

ကံကောင်းထောက်မစွာနှင့် သူမအနားရှိ အမျိုးသမီးတစ်ဦးက အချိန်မီ ကူညီပေးလာသည်။ "ကောင်မလေး မင်း... မင်းအဆင်ပြေရဲ့လား?"

“ကျွန်မ…” သူမ စကားမဆုံးခင်မှာဘဲ ဟူချင်းရဲ့အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားကာ သူမဘေးနားမှ အမျိုးသမီးလက်ကို ပြင်းပြင်းထန်ထန် ခါထုတ်လိုက်သည်။ သူမက စက်ဆုပ်ရွံရှာစွာဖြင့် ကျိန်ဆဲလိုက်သည်။ “ရှင်က ရောဂါကူးစက်ထားတာကို၊ ကျွန်မကို လာထိရဲတယ်လား? မြန်မြန်ထွက်သွားစမ်း!”

သူမကို ကူညီပေးခဲ့တဲ့ အမျိုးသမီးတွင် လှပသည့်မျက်နှာနှင့် နူးညံ့သိမ်မွေ့သည့် ရုပ်ရည်ရှိသည်။ သို့သော် သူမရဲ့ပါးနှစ်ဖက်စလုံးတွင် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရှိနေသည်။ ဒါဟာ ကူးစက်ခံထားရတဲ့ လက္ခဏာတစ်ခုဆိုတာ သိသာလှသည်။

အဲ့ဒီနားတွင် ရောဂါပိုးကူးစက်ခံရသူ အနည်းငယ်လည်း ရှိနေသည်။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ သူတို့ရင်ထဲ ချက်ချင်း အေးခဲသွားသည်။ တစ်ဖက်လူက သူမကိုကြင်ကြင်နာနာနဲ့ ကူညီပေးခဲ့ပေမဲ့ နောက်ဆုံးမှာ သူမကတခြားသူတွေကို အထင်သေးရှုံ့ချခဲ့သည်။ ဒီကောင်မလေးက တကယ်ကျေးဇူးကန်းတာပဲ!

"ဘာလဲ? မင်းက ငါတို့ကို အထင်လာသေးနေတာလား?" တချို့လူနာတွေကတော့ အဲ့ဒီလောက်ထိ မကြင်နာပေ။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ သူတို့တွေ စိတ်တိုဒေါသထွက်မိတာ သဘာဝပင်။ သူတို့တွေ ဟူချင်းဆီ လျှောက်သွားကြသည်။ သူတို့အခြေအနေက ခုနတုန်းက မိန်းမထက် ပိုဆိုးသည်။ သူတို့မျက်နှာတွေက ပုပ်လုပုပ်ခင်ပင်။ တချို့တွေက ပြည်တွေ တစက်စက်ကျနေသည်။ မြင်ရတာ ကြောက်စရာကောင်းလှသည်!

"ရှင်၊ ရှင်... ရှင်တို့ ဘာလိုချင်လို့လဲ" ဟူချင်းဟာ အနိုင်ကျင့်တဲ့သူဖြစ်သည်။ ဒီလူနာတွေ သူမဆီ ဝိုင်းအုံလာတာကို မြင်တော့ သူမမျက်နှာက ဖြူဖျော့သွားသည်။

"ငါတို့ လိုချင်တာဘာများလဲ?" ယောက်ျားလေးတစ်ယောက်က တခစ်ခစ်ရယ်ကာ သူမဆီ လျှောက်လာသည်။ သူ့မျက်နှာပေါ်က ကြွက်သားတွေဟာ တွန့်လိမ်သွားပြီး အရေပြားတွေဟာလဲ နီရဲနေသည်။ သူ့ကိုကြည့်ရတာ အရမ်းထိတ်လန့်စရာကောင်းကာ စိတ်မချမ်းသာစရာပင်!

ဝူး!

ဟူချင်း သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တော့ သူမလက်ထဲတွင် ပြန့်ကျဲနေတဲ့ မီးတောက်တွေ ထွက်လာသည်။ "ကျွန်မ ရှင်တို့ကို ပြောမယ်၊ ကျွန်မက အထူးစွမ်းရည်ရှိတဲ့သူဘဲ။ ရှင်တို့တွေ ကျွန်မကို လာထိရင် မီးရှို့ပစ်မယ်!"

အဲ့ဒီအခိုက်အတန့်တွင် ဟူချင်းရဲ့ကျောပေါ်မှ ချွေးတွေဟာ သူမရဲ့အဝတ်အစားတွေကိုပါ စိုစွတ်လာစေသည်။ အဲ့ဒီစကားတွေဟာ ဟန်ပြသာဖြစ်ကြောင်း သူမကိုယ်တိုင်သာ သိသည်။ သူမရဲ့ အထူးစွမ်းရည်ဟာ အဆင့် ၁၊ ၂ လောက်တွင်သာရှိသည်။ ဒါ့အပြင်၊ သူမသည် အချိန်အကြာကြီး မကျင့်ကြံခဲ့ရတာကြောင့် သူမရဲ့ကျင့်ကြံမှုအခြေခံက မသိနိုင်သည့် အဆင့်ကို ကျဆင်းသွားခဲ့သည်။

All Chapters