← Chapters

အပိုင်း ၂၃၇

Vol. 16 Ch. 237

အပိုင်း ၂၃၇

Vol. 16 Ch. 237

သူမသာ ဒီလူတွေနဲ့ တကယ်တိုက်ပါက ဘယ်သူအနိုင်ရမလဲဆိုတာ ဘယ်သူသိမှာတဲ့လဲ?

အဲ့ဒီလူနာတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ ဒေါသဖြစ်သွားကြသည်။ သို့သော်လည်း သူမလက်ထဲက မီးတောက်တွေကို ကြည့်လိုက်ကာ သူတို့တွေမှာ သူမကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး လူစုခွဲလိုက်ရုံသာတတ်နိုင်တော့သည်။ ဒီတော့မှ ဟူချင်းလဲ သက်ပြင်းတစ်ချက်ချကာ ထိတ်လန့်စွာဖြင့် အိမ်ပြေးပြန်တော့သည်။

ရေချိုးရမည်။ ဟုတ်တယ်၊ သူမ ရေမြန်မြန် ရေချိုးရမည်! ဒီလူတွေက ရောဂါကူးစက်ခံထားရတာ။ ဒါကို တွေးလိုက်မိတော့ ဟူချင်းရဲ့ မျက်နှာဟာ စာရွက်တစ်ရွက်လို ဖြူစုတ်သွားသည်။ သူမပြေးနေတုန်းမှာ ခြေထောက်တွေတောင် တုန်နေသည်။

အဲ့ဒီအချိန် မော့ချူးမှာ ကျုံးဝမ်နဲ့ တခြားသူတွေဆီကနေ နိုင်ငံ့ရတနာလို စိုက်ကြည့်ခံနေရသည်။

"မော့ချူး၊ တွန်းကန်နွယ်က ထိရောက်မယ်ဆိုတာ မင်းဘယ်လိုသိတာလဲ?" သူ့ရှေ့က ကောင်မလေးကို ကြည့်နေတဲ့ ကျုံးဝမ်ရဲ့ မျက်လုံးတွေက တောက်ပနေသည်။

ရှန်းယိလည်း ဘေးနားကနေ သိချင်စိတ်ဖြင့် ငေးစိုက်ကြည့်နေသည်။ "ဟုတ်တယ်၊ ငါလဲ သိချင်နေတာ၊ အရေးပေါ် သွေးရည်ကြည်ကို မသုံးဖို့ မင်းဘာလို့တားခဲ့တာလဲ?"

"အကြောင်းရင်းကို ငါလဲ မသိဘူး၊ ဒါပေမယ့် အရင်က လူနာကို ကယ်ဖို့ အရေးပေါ်သွေးရည်ကြည်ကို ငါသုံးခဲ့လို့ပါ" ဒီအချက်ကို ပြောရလျှင် ကျုံးဝမ်ရဲ့ မျက်နှာမှာ မတတ်နိုင်ဘဲ အနည်းငယ် မှုန်မှိုင်းသွားသည်။ “အဲဒီတုန်းက အခြေအနေက မကောင်းပေမဲ့ ခဏကြာတော့ ပိုပြီးတော့တောင်ဆိုးလာတယ်။ အဲ့ဒါကြောင့်မို့လို့…”

"အင်း၊ ငါသိပြီ" အဲဒါကိုကြားတဲ့အခါ ရှန်းယိရဲ့ မျက်ခုံးတွေက ပြေလျော့မသွားပေ။ အဲဒီအစား ပိုလို့တောင်မျက်မှောင်ကြုတ်လာသည်။ ဒါက ဘယ်လိုရောဂါမျိုးလဲ? အရေးပေါ်သွေးရည်ကြည်ကိုတောင် သုံးလို့မရဘူးတဲ့လား?

"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မ ရောဂါကူးစက်ခံရသူတွေကို ထားတဲ့စင်တာမှာ ရှိနေတုန်းမှာ ရှာဖွေမှုတချို့လုပ်ခဲ့တယ်" မော့ချူး မတ်တပ်ထရပ်လိုက်သည်။ သူမရဲ့ မျက်လုံးတွေက တောက်ပနေပြီး ပန်းနုရောင် နှုတ်ခမ်းလေးဟာ အနည်းငယ်ပွင့်ဟလာသည်။ သူမရဲ့ လေးနက်တဲ့အကြည့်ကိုတော့ ဖျောက်ဖျက်လို့မရပေ။ "ဒီရောဂါက လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တဲ့ မှော်သားရဲအသေးစားတစ်ကောင်ကြောင့် ဖြစ်တဲ့ရောဂါလို့ ကျွန်မထင်တယ်!"

ဘယ်လို?!

မှော်သားရဲအသေးစား?

အဲ့ဒါကိုကြားတဲ့အခါ ကျုံးဝမ်နဲ့ ရှန်းယိတို့ အမူအရာတွေက မြန်မြန်ဆန်ဆန် လေးနက်သွားသည်။ "ဘာကိုဆိုလိုတာလဲ?"

“ကျွန်မ အရင်က လေ့လာတွေ့ရှိခဲ့တာတွေကို အခြေခံရရင်” မော့ချူးက ခပ်ဖြည်းဖြည်းပြောလာသည်။ “လူတစ်ယောက်မှာ စွမ်းအင်တွေ ပိုရှိလာလေ၊ သူ့ရောဂါကပိုဆိုးလာလေဆိုတာ ကျွန်မ သိခဲ့ရတယ်။ ဒါက အရေးပေါ်သွေးရည်ကြည်သုံးမှာကို တားရတဲ့အကြောင်းရင်းတစ်ခုလဲ ဖြစ်တယ်"

"ဖျားနာသူတွေမှာ စွမ်းအင်တွေ ပိုများလာရင်၊ သူတို့ရဲ့ ဖျားနာမှုနှုန်းက ပိုမြန်လာတယ်လား?" ရှန်းယိ အသက်ပြင်းပြင်းရှူကာ သူတို့လုပ်ခဲ့တဲ့ စမ်းသပ်မှုတချို့ကို ဂရုတစိုက် ပြန်သုံးသပ်လိုက်သည်။ ၎င်းက အမှန်ဖြစ်သည့်ပုံပင်! အဲ့ဒီအချိန်တုန်းက သူတို့တွေ ဒီအသေးစိတ်အချက်ကို သတိမပြုမိသလို ဒီရှုထောင့်ကနေလဲ တစ်ခါမှ မတွေးခဲ့မိတာကြောင့်ပင်!

ဘာဘဲဖြစ်ဖြစ် ဒါက မယုံနိုင်စရာပင်။ ပုံမှန်အခြေအနေမှာဆိုပါက ဖျားနာသူတစ်ဦးဟာ ရောဂါပိုးကို တိုက်ဖျက်နိုင်ရန် သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ကို အချိန်မီ ဖြည့်တင်းရန် လိုအပ်သည်။ သို့သော်၊ဒီရောဂါကတော့ ဆန့်ကျင်ဘက်ဖြစ်နေသည်။

“ဟုတ်တယ် မော့ချူး ခေါင်းညိတ်လိုက်သည်။ “အဲဒီတုန်းကတော့ ဒီအခြေအနေက လုံးဝယုတ္တိမရှိဘူးလို့ ကျွန်မလဲ ထင်ခဲ့တာ။ ဒါပေမဲ့ လူနာရဲ့ခန္ဓာကိုယ်မှာ နတ်ဆိုးအပင်တွေ ဒါမှမဟုတ် နတ်ဆိုးသားရဲတွေရှိမယ်ဆိုရင်၊ သူတို့က လူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို စုပ်ယူနိုင်ပြီး လူ့ခန္ဓာကိုယ်ရဲ့အခြေအနေကို ဆိုးဆိုးရွားရွားကျဆင်းသွားစေတယ်!”

“ပြီး‌တော့ ကူးစက်မှုက သူတို့တွေ လူသားတွေမှာ ကပ်ပြီး မျိုးပွားနိုင်လို့ပဲ။ လူ လူချင်း ထိတွေ့ရာကနေတစ်ဆင့် သာမန်လူတွေကို ရောဂါပိုးရှိတဲ့ လူနာတွေအဖြစ်သို့ ပြောင်းလဲပေးနိုင်တယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ နတ်ဆိုးအပင်တွေနဲ့ နတ်ဆိုးသားရဲ နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့နဲ့ယှဉ်ရင် နတ်ဆိုးတွေက မျိုးပွားနိုင်စွမ်း ပိုအားကောင်းတယ်။ အဲ့ဒါကြောင့် ကျွန်မက အနောက်ကတစ်ချက်ကို ပိုထင်မိတယ်"

ဒီနည်းဖြင့် ပြဿနာ တစ်ခုလုံးကို ရှင်းပြနိုင်လိုက်သည်။ ဒါကိုကြားတော့ ရှန်းယိနဲ့ ကျုံးဝမ်တို့ရဲ့ မျက်လုံးတွေရှေ့မှာ ထူထပ်တဲ့ မြူခိုးတွေ ပျောက်ကွယ်သွားပြီး လင်းလက်တောက်ပလာသလို ခံစားလိုက်ရသည်။

“ဒါဆို လူနာကို အရေးပေါ် သွေးရည်ကြည် ပေးလိုက်ရင်…” မော့ချူးရဲ့ အကြောင်းပြချက်တွေနောက်လိုက်ကာ ကျုံးဝမ်ရဲ့ မျက်လုံးတွေ မနေနိုင်ဘဲ တောက်ပလာသည်။ “ဒီနတ်ဆိုးသားရဲမျိုးစိတ်က စွမ်းအင်ကို ပိုစုပ်ယူလေ ပိုပြီးသန်မာလာမှာ။ သူတို့ မျိုးပွားတာမြန်လေ၊ လူနာရဲ့အခြေအနေက ပိုပြင်းထန်လာလေပေါ့!"

"အမှန်ပဲ!" မော့ချူး ခေါင်းညိတ်သဘောတူလိုက်သည်။

"ဒါပေမယ့် အခုအချိန်မှာ ဒုက္ခအရောက်ဆုံးက ဒီမှော်သားရဲက ဘာလဲဆိုတာ ကျွန်မတို့ မသိနေတာပဲ" မော့ချူးက မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ “သဘာဝအတိုင်း အဲဒါကို လုံးလုံး ဖျက်ဆီးနိုင်တဲ့အရာကို သုတေသနလုပ်ဖို့ နည်းလမ်းမရှိဘူး။ ရောဂါတွေကိုကုသဖို့ ကျွန်မရဲ့နည်းလမ်းကိုပဲ အားကိုးရမှာ။ ဒါပေမဲ့ ပြဿနာရဲ့အဓိကအမြစ်ကို ကျွန်မတို့ မကုသနိုင်ဘူး။ ပြင်းထန်တဲ့ရောဂါကို ယာယီပဲ ဖိနှိပ်ထားနိုင်တယ်!”

All Chapters