အပိုင်း ၂၄၀
Vol. 16 Ch. 240
"ငါတို့နဲ့ အတူတူ မလေ့လာချင်တာ သေချာလား?" ရှန်းယိက မျှော်လင့်တကြီဖြင့် မော့ချူးအား ကြည့်လိုက်သည်။
“လုံလောက်ပြီ" ရုတ်တရက် နျဉ်ယွိယွင်က မော့ချူးကို သူ့အနောက်ဆီ ဆွဲပို့လိုက်ကာ သူတို့ရဲ့ဝံပုလွေလို အကြည့်တွေကို ပိတ်ဆို့လိုက်သည်။ "ချူးလေးက ငါ့အနားမှာ နေလိမ့်မယ်။ မင်းတို့ဘာသာ မင်းတို့ ဆက်လုပ်သင့်တယ်”
"ခင်ဗျားတို့တွေက ....တကယ်ဘဲ အဲ့ဒီလို ဆက်ဆံရေးမျိုးရှိတာလား?" နျဉ်ယွိယွင်ရဲ့ သဝန်တိုနေတဲ့ အမူအရာကို မြင်လိုက်ရတဲ့အတွက် ရှန်းယိမှာ အဲ့ဒါနဲ့အသားမကျသေးပေ။ ဒီလူက အရင်တုန်းကလို အေးတိအေးစက်မာရှယ်ပုံစံနဲ့ လုံးဝကိုမတူတော့ပေ။
နျဉ်ယွိယွင်ရဲ့ ကျယ်ပြန့်တဲ့ နောက်ကျောကြောင့် အမြင်တွေ ပိတ်ဆို့ခံထားရတဲ့ မော့ချူးမှာ အဲ့ဒီစကားကိုကြားတော့ မတတ်နိုင်ဘဲ နှုတ်ခမ်းမဲ့မိသည်။ သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းဖြူစင်ပြီးတော့ သာမာန်ပါဘဲနော်။ ဒီလို ရိုင်းပြတဲ့လေသံမျိုး မသုံးလို့မရဘူးလား?
"ဟုတ်တယ်!"မော့ချူးရဲ့ အတွေးနဲ့ဆန့်ကျင်ဘက် နျဉ်ယွိယွင်ကတော့ ချက်ချင်း သဘောတူလိုက်သည်။ သူက မျက်နှာပေါ်တွင် ရွှင်မြူးနေတဲ့အကြည့်နဲ့ မော့ချူးရဲ့ နူးညံ့တဲ့လက်ဖြူဖြူလေးကို ဆုပ်ကိုင်ထားသည်။
"လုံလောက်ပြီ!" ရှန်းယိနဲ့ ကျုံးဝမ်တို့မှာ စင်ဂယ်တွေဖြစ်နေကြဆဲပင်။ ဒီလို အရှက်မရှိ ချစ်ခြင်းမေတ္တာတွေကိုထုတ်ပြနေတာကြည့်ပြီး သူတို့ မျက်လုံးတွေဖောက်ပစ်ချင်စိတ်ပါပေါ်လာသည်။ သူတို့ကို မောင်းထုတ်ရုံဘဲ တတ်နိုင်တော့သည်။ “ကျွန်တော်တို့ သုတေသနလုပ်စရာတွေ ကျန်သေးတယ်။ မြန်မြန်ထွက်သွားကြပါတော့!”
ခရိုင် ၁၂ ရှိ အိမ်တစ်အိမ်တွင်
“အားး!” အခန်းတွင်းမှ စူးရှတဲ့ အမျိုးသမီး အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မှန်ထဲက သူမကိုယ်သူမကြည့်ရင်း ဟူချင်း မယုံနိုင်ဖြစ်နေသည်!
ဘာလဲ... ဒါက ဘာလဲ? သူမရဲ့ ညာလက်နဲ့ ပါးပြင်ကို ပွတ်သပ်လိုက်သည်။ သူမရဲ့နဖူးပေါ်က အရေပြားတစ်နေရာဟာ နီမြန်းလာပြီး အဲ့ဒီတစ်ဝိုက်တွင် နီရဲ ရောင်ရမ်းလာသည်။
အဲ့ဒါများလား..... သူမလည်း ကူးစက်ခံလိုက်ရတာလား?
ဟူချင်း ထိတ်လန့်တကြားဖြင့် မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူမ မယုံနိုင်ဘူး!
အပြင်ဘက်တွင် ပြန့်ကျဲနေတဲ့ အလောင်းတွေကို တွေးကြည့်ရင်း သူမစိတ်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုတွေ တိုးလာသည်။ မဟုတ်ဘူး၊ သူမ ဒီလိုမျိုးမသေချင်ဘူး!
"ချင်းချင်း၊ ဘာဖြစ်လို့လဲ?" ရုတ်တရက် ထွက်လာတဲ့ တံခါးခေါက်သံက ဟူချင်းကို လှုပ်နှိုးလိုက်သည်။ ဒီတော့မှ သူမ အသိပြန်ဝင်လာသည်။ သူမ မျက်နှာပေါ်က နီမြန်းနေတဲ့ အရေပြားကို ဖုံးအုပ်ရန် နဖူးပေါ်မှဆံမြိတ်တွေကိုသုံးလိုက်သည်။ "အဖေ ဘာမှမဖြစ်ဘူး၊ သမီးအဆင်ပြေတယ်!"
ဟုတ်တယ်၊ သူမ ပေါ်သွားလို့မရဘူး။ သေချာပေါက် ပေါ်သွားလို့်ရဘူး။ မဟုတ်ရင် သူမ ကူးစက်ခံထားရသူတွေထားတဲ့စင်တာကို အပို့်ခံရမှာ သေချာပေါက်ပင်။ အဲ့ဒါကတကယ်ပဲ သူမရဲ့အဆုံးသတ်ဖြစ်သွားလိမ့်မယ်!
"ကောင်းပြီ ဒါဆို မြန်မြန်ထွက်လာ" ဟူထျန်းမှာ ဒီတလော အရမ်းစိုးရိမ်နေရသည်။ သူ့နဖူးမှာ အရေးအကြောင်း အနည်းငယ် ပေါ်လာရုံတင်မက သူ့မျက်လုံးထဲက ဘဝလောကဓံခံရတာတွေဟာလည်း ပိုအားကောင်းလာသည်။
မော့ယန် ထွက်သွားပြီးကတည်းက သူတို့အဖွဲ့ရဲ့တိုက်ခိုက်ရေးအင်အားဟာ တစ်ဆင့် ကျဆင်းသွားခဲ့သည်။ သူတို့အနေဖြင့် ပထမနေရာ၌ အရင်းအမြစ်ကောင်းများစွာကို မစုဆောင်းနိုင်တော့ပေ။ နောက်ဆုံးတွင်၊ သူတို့ဟာ ဒီလို ကူးစက်ရောဂါကို ကြုံနေရကာ နေရာတွင်တိုက်ရိုက်ပိတ်မိနေသည်။
“ကောင်းပြီ!” ဟူချင်းက တုန်လှုပ်နေတဲ့အသံနဲ့ ပြန်ဖြေလိုက်သည်။ နောက်တော့ သူမ မှန်ကို သေသေချာချာကြည့်လိုက်ပြီး ထူးထူးခြားခြားဖြစ်နေတာ ဘာမှ မရှိကြောင်း ခံစားလိုက်ရသည်။ ဒီတော့မှ သူမ နှလုံးသားထဲက ထိတ်လန့်ကြောက်ရွံ့မှုတွေကို တွန်းလှန်နိုင်လိုက်သည်။ သူမ တံခါးဖွင့်ကာ ခြေလှမ်းကျဲတွေဖြင့် ထွက်လာလိုက်သည်။
အဲ့ဒီအချိန် သူမသည် လဲလှယ်စင်တာမှ ပြန်လာသည့်ဝေ့ယွမ်နှင့် ဝင်တိုးသည်။ ခရိုင် ၁၂ ဟာ ကပ်ရောဂါထဲကျရောက်နေကတည်းက ဈေနှုန်းတွေဟာ အစစအရာရာ ဈေးတက်လာခဲ့သည်။ အထူးသဖြင့် ဆေးဝါးမျိုးစုံနဲ့ စားသောက်ကုန် ဈေးနှုန်းတွေဟာ ယခင်ကထက် ဆယ်ဆတိုးလာသည်။ လူများစွာသည် ရောဂါကြောင့် သေတာမဟုတ်ဘဲ ဆာလောင်မှုဒဏ်ကြောင့် သေဆုံးကြရသည်။
"ဒီမှာ ဟူချင်း၊ မင်းအတွက်" ဝေ့ယွမ်က ဟူချင်းကို ဆေးပုလင်းတစ်ပုလင်း ပေးလိုက်သည်။ ဒီဆေးကို ကူးစပ်ရောဂါကာကွယ်ဖို့ သုံးနိုင်ပေမဲ့ ဈေးနှုန်းကတော့ ကြောက်စရာကောင်းလောက်အောင် ဈေးကြီးလှသည်။ ဒါတောင်မှ ဒီဆေးကို မိတ်ဆက်ပြီးတာနဲ့ ချက်ချင်း လုဝယ်ကြတော့သည်။ သက်ရောက်မှုက အစစ်မှန်လား အတုလားဆိုတာ မသိပေမဲ့ သူတို့အသက်ကို ကယ်ဖို့အတွက်ဆိုလျှင် ဂရုမစိုက်နိုင်တော့ပါချေ။
"အိုး... ကောင်းပြီ!" ဟူချင်း လုံးဝ စိတ်အေးသွားသည်။ ဝေ့ယွမ် ဆေးကို သူမလက်ထဲ ထည့်ပေးပြီးလာပြီးမှ သူမသတိပြန်ဝင်လာသည်။ သူမက ကြောင်တက်တက်နဲ့ ခေါင်းမော့ကာ ပြောလိုက်သည်။ "ကျေးဇူးပဲ!"
"...ဟင်?" ဒီတစ်ကြိမ်ကတော့ တခြားသူတွေ အံ့အားသင့်ရမယ့် အလှည့်ပင်။ ဟူချင်းရဲ့ မာနကြီးပြီး ရိုင်းစိုင်းတဲ့ စရိုက်ဟာ အဖွဲ့ထဲတွင် သတင်းထူးကြီးမဟုတ်ပါချေ။ သူက 'ကျေးဇူးပဲ' လို့ ပြောလိုက်တာလား?
ဒီနေ့ နေ အနောက်ကနေ ထွက်တော့မှာပဲ!