← Chapters

ဂိုဏ်းတစ်ရာစုဝေးပွဲမှ ဆုလာဘ်များ

Vol. 5 Ch. 61

ဂိုဏ်းတစ်ရာစုဝေးပွဲမှ ဆုလာဘ်များ

Vol. 5 Ch. 61

နတ်ဓားဂိုဏ်းခေါင်းဆောင် လောင်ချောင်ထျန်းမှ အခြားဂိုဏ်း (၄) ခုခေါင်းဆောင်များကို တစ်ချက် လှမ်းကြည့်ကာ

“အားလုံးပဲ ဒီနေ့ ဂိုဏ်းတစ်ရာစုဝေးပွဲရဲ့ ထိပ်ဆုံး (၁၀) ယောက်ကို ချီးမြှင့်တဲ့ ဆုလာဘ်တွေကို ကြေညာပေးသွားပါမယ်”

နတ်ရေစင်ဂိုဏ်းခေါင်းဆောင် ကျန်းမိုမှ ပထမဆုံး မတ်တပ်ထရပ်၍

“ကျွန်မက ပထမဆုံးနမူနာအနေနဲ့ ရေခဲခြင်ဆီကျောက်တုံး (၁၀) ခု ပေးပါမယ်”

သူ လက်ဖျောက်တီးလိုက်သည်နှင့် ကျောက်တုံး (၁၀) ခု လေထဲဝဲလာသည်။

လူအုပ်ကြီးမှာ အလွန်အံ့ဩသွားကြ၏။

ထိုရတနာမှာ တာအိုအခြေခံနှင့် ရွှေအမြုတေ ဖွဲ့စည်းရန် အကောင်းဆုံး ဖြစ်သည်။

တန်ဖိုးအားဖြင့် အနည်းဆုံး အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး (၃) ထောင်ခန့် ရှိ၏။

တက်နေဝန်းဂိုဏ်းခေါင်းဆောင်မှလည်း

“ကျွန်တော်ကတော့ ခေါင်းဆောင်ကျန်းလောက် မချမ်းသာပေမဲ့ မီးတောက်နက်ကျောက် (၅) ခု ပေးပါ့မယ်”

လူအုပ်ကြီးမှာ လန့်ဖျပ်သွားပြန်၏။

မီးတောက်နက်ကျောက်မှာလည်း သိမ်မွေ့နက်နဲခြင်းအဆင့်ဖြစ်ပြီး တာအိုအခြေခံနှင့် ရွှေအမြုတေ ဖွဲ့စည်းရန် အလွန်အသုံးဝင်လေသည်။

ရှန်မိုလည်း ရင်တဒိတ်ဒိတ် ခုန်နေမိသည်။

သူ တာအိုအခြေခံ တည်ဆောက်ရန် ပြင်ဆင်ချိန်က မူယုံးယွဲ့မှ မီးတောက်နက်ကျောက် (၁) ခု ပေးခဲ့ဖူးသည်။

ယခုတော့ တက်နေဝန်းဂိုဏ်းမှ (၅) ခုအထိ ပေးမည် ဆိုသောကြောင့် ထိပ်တန်းဂိုဏ်းများနှင့် ချင်းရွှမ်ဂိုဏ်း၏ ကွာခြားမှုကို သဘောပေါက်လိုက်၏။

ထို့နောက် အဆိပ်နွယ်ဂိုဏ်းခေါင်းဆောင်မှ

“ကျွန်တော်တို့ဂိုဏ်းကနေ ပုလဲနွယ်စိမ်း (၃) ခုကို ထိပ်ဆုံးတပည့် (၃) ယောက်ဆီ ပေးအပ်သွားပါမယ်”

“ပုလဲနွယ်စိမ်းလား”

တပည့်များ မျက်လုံးပြူးကုန်၏။

ထိုရတနာမှာ မီးတောက်နက်ကျောက်နှင့် ရေခဲခြင်ဆီကျောက်တုံးတို့ထက်ပင် တန်ဖိုးကြီးသေးသည်။

ထိုရတနာဖြင့် ဒဏ်ရာများ လျင်မြန်စွာ သက်သာကာ အင်အားဖြစ်စေလိမ့်မည်။

ဘဝတွင် တစ်ကြိမ်သာ သုံးနိုင်သော ရတနာ ဖြစ်လေသည်။

များများသုံးလျှင် အကျိုးမရှိသည့်အပြင် အဆင့်ကိုပင် ပျက်စီးစေနိုင်၏။

ထို့အပြင် အဆိပ်နွယ်ဂိုဏ်းမှာ မြေအောက်တွင်သိမ်း၍ ဂိုဏ်းသားများကိုသာ ပေးသောကြောင့် ဈေးကွက်ထဲတွင် မမြင်ရပေ။

ယခုတော့ မထင်မှတ်စွာဖြင့် အားလုံးအတွက် အခွင့်အရေး ရှိလာလေပြီ။

ရှန်မို မျက်ခုံးပင့်လျက် လှမ်းကြည့်မိသည်။

ထိုအဖိုးတန်ရတနာကို သူ လိုအပ်ပါသည်။

ထိုစဉ် မိုးကြိုးမီးတောက်ဂိုဏ်းခေါင်းဆောင်မှ

“ဒါက မိုးကြိုးမိုင်းကျောက်တွေပဲ။ ထိပ်တန်းတပည့် (၃) ယောက်ကို တစ်ခုဆီ ချီးမြှင့်ပါမယ်”

သူ တည်ငြိမ်စွာ ပြော၏။

“ဘုရားရေ”

တပည့်များ အသက်ကို မနည်းဝအောင် ရှူနေရ၏။

မိုးကြိုးခန္ဓာကိုယ်ပိုင်ရှင်များသာမက သိုင်းပညာ၌ပါ အားလုံး အသုံးပြုနိုင်ပါသည်။

နောက်ဆုံးအနေဖြင့် ပရိသတ်များမှာ နတ်ဓားဂိုဏ်းခေါင်းဆောင်ကို မျှော်ကြည့်နေကြသည်။

လောင်ချောင်ထျန်း လက်ဖျောက်တစ်ချက် တီးလိုက်ပြီး ရွှေရောင်လက်နေသော ပစ္စည်းတစ်ခု ပေါ်လာ၏။

မြေအဆင့်ဆေး။ ထိုက်ရိ စိတ်ဝိညာဉ်အားဆေးပဲ”

“ဒီဆေးကို အဂ္ဂိရက်ဆရာကြီးဆီက ရထားတာ။ ဆေး (၂) လုံးရှိပြီး တစ်လုံးကို ကျောက်ချင်းကန် သောက်ပြီးပြီ။ အဲ့တာကြောင့် မြေအဆင့်ကနေ ကောင်းကင်အဆင့်ကို တက်သွားခဲ့တယ်။ ဒါကတော့ ကျန်တဲ့ဆေးတစ်လုံးပေါ့”

လောင်ချောင်ထျန်းမှ ခပ်အေးအေး ရှင်းပြနေသည်။

သူ့စကားသံကြောင့် အားလုံး စိတ်လှုပ်ရှားစွာဖြင့် တိတ်ဆိတ်နေကြ၏။

ခန္ဓာကိုယ်အင်အားတိုးစေသော ဆေး။

အလွန်ရှားပါး၍ တန်ဖိုးကြီးလှသည်။

ပရိသတ်များမှာ ပြိုင်ကွင်းထဲမှ တပည့် အယောက် (၁၀၀) ထံ အကြည့်ရောက်သွားကြ၏။

အားလုံး အားကျမနာလိုစိတ်များ ပြည့်သွားသည်။

တပည့်များကိုယ်တိုင်မှာမူ ပို၍ပင် စိတ်အားထက်သန် တက်ကြွနေကြသေးသည်။

လူတိုင်း ပထမနေရာ လိုချင်၏။

သို့သော် ရှန်မိုမှာတော့ အခြေအနေကို လေးလေးနက်နက် စဉ်းစားလိုက်မိသည်။

နတ်ဓားဂိုဏ်းက ဘာတွေ စီစဉ်နေတာလဲ။

ဒီလိုဆေးကောင်းမျိုးကို ဆုပေးမယ်တဲ့။

“အပြင်လူ ရသွားမှာ မကြောက်ဘူးလား”

မကြာမီ သူ သဘောပေါက်လာ၏။

ကျောက်ချင်းကန်မှာ အားလုံးထဲတွင် အင်အားအကြီးဆုံးဟု နာမည်ကြီးပြီး ပထမနေရာရရန် ၇၀% ခန့် သေချာသည်။

ကျောက်ချင်းကန် မဟုတ်လျှင်ပင် သခင်လေး (၅) ဦးထဲမှ ဖြစ်လိမ့်မည်။ ထိုအခါ နတ်ဓားဂိုဏ်းအတွက် နာမည်ကောင်း ရနိုင်၏။

ဂိုဏ်း၏ ကြွယ်ဝမှုကို ဖော်ပြပြီးဖြစ်ကာ လူတိုင်း စိတ်ဝင်စား အာရုံစိုက်ကြလိမ့်မည်။

လောင်ချောင်ထျန်းမှာ ပွဲကြည့်စင်၏ထိပ်ဆုံးတွင် ရပ်ကာ အခြေအနေကို ကျေနပ်စွာ ကြည့်နေသည်။

ထို့နောက် လက်တစ်ချက် ယမ်းလိုက်သည်နှင့် ဂေါ်လီလုံး (၁၀၀) လေထဲလွင့်သွားသည်။

“ဒီဓာတ်လုံးတွေမှာ (၁) ကနေ (၁၀၀) အထိ နံပါတ်စဉ်တပ်ထားတယ်”

“တစ်ယောက်စီ ကျပန်း ယူလိုက်ကြပါ”

“နံပါတ် (၁) နဲ့ (၂)၊ (၃) နဲ့ (၄)။ တစ်တွဲစီ အစဉ်လိုက် သွားပါမယ်”

“စမယ်”

ထိုသို့ပြော၍ သူက ခုံတွင် ပြန်ထိုင်နေလေသည်။

တပည့်များ တစ်ယောက်ချင်းစီ ဓာတ်လုံးကို ယူလိုက်ကြ၏။

ရှန်မိုလည်း တစ်ခု လှမ်းယူ၍ နံပါတ်ကို ကြည့်လိုက်သောအခါ (၁၁) ဖြစ်နေသည်။

“ပြိုင်ဘက်က (၁၂) ပေါ့”

ထိုစဉ် နတ်ဓားဂိုဏ်းအကြီးအကဲမှ

“ပြိုင်ကွင်းကို အပိုင်း (၁၀) ခု ခွဲပါမယ်။ တပည့် (၁၀) တွဲဟာ တစ်ပြိုင်တည်း တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ အားလုံး ကိုယ့်အတွဲလိုက် နေရာယူပေးကြပါ”

ရှန်မို၏ ပြိုင်ဘက်မှာ လင်းရှီဂိုဏ်းမှ တပည့် ဖြစ်၏။

ပရိသတ်များမှာ ရှန်မို့ကိုသာ စိတ်ဝင်စားနေမိသည်။

“သူ့ပြိုင်ဘက်က ခြေတည်အဆင့် အောင်မြင်မှုကြီးပဲ ရှိသေးတာ။ သူနဲ့ ယှဉ်စရာကို မဟုတ်ဘူး”

“သူ့ပုံစံနဲ့ ရှန်မို့ကို ထိခွင့်တောင် ရလိုက်မှာ မဟုတ်ဘူး”

“ဟုတ်တယ်။ ယင်ရွှယ်ကျဲကိုတောင် (၂) ချက်တည်းနဲ့ အလဲထိုးခဲ့တာလေ”

အားလုံး ရှန်မို့ကိုသာ ယုံကြည်ထားကြသည်။

မနေ့က နတ်ရေစင်ဂိုဏ်းသားများကို တိုက်ခိုက်ခဲ့သည့် ပုံရိပ်သည် မှတ်ဉာဏ်ထဲ၌ စွဲထင်နေဆဲ ဖြစ်၏။

“အဆင်သင့်ပဲလား”

အကြီးအကဲမှ မေး၏။

“အဆင်သင့်ပါပဲ”

“စမယ်”

အကြီးအကဲမှ အချက်ပေးလိုက်သည်နှင့် လင်းရှီဂိုဏ်းတပည့်လေးသည် အားကုန်အော်ဟစ်ကာ ပြေးလာ၏။

ရှန်မို မျက်မှောင်ကြုတ်မိလေသည်။

လင်းရှီဂိုဏ်းမှ လျှို့ဝှက်သိုင်းကွက်ဖြစ်၏။

အသေအကျေတိုက်ခိုက်ရမည့်ပွဲမျိုးတွင်သာ သုံးလေ့ရှိပါသည်။

ပြိုင်ပွဲတစ်ခု၌ မြင်ရမည်ဟု မထင်ထားကြချေ။

ဒိုင်အဖြစ် တာဝန်ယူထားသည့် အကြီးအကဲပင် လန့်သွား၏။

All Chapters