← Chapters

ဝမ်ရန်ကျဲ အဆင့်အသစ် နားလည်ခြင်း

Vol. 5 Ch. 63

ဝမ်ရန်ကျဲ အဆင့်အသစ် နားလည်ခြင်း

Vol. 5 Ch. 63

စင်မြင့်ပေါ်၌။

ရှန်မိုနှင့် ဝမ်ရန်ကျဲတို့ အချင်းချင်း စိုက်ကြည့်နေကြသည်။

ပြောရလျှင် ဝမ်ရန်ကျဲမှာ လေ့လာနေခြင်း ဖြစ်၏။

သို့သော် ရှန်မိုမှာ တစ်ဖက်လူ၏ ကံကြမ္မာကို ကြည့်နေသည်။

“ကံကြမ္မာ: ဂိုဏ်းတပည့်၊ ကံကောင်းသူ၊ လက်သီးနှင့် လက်ဝါးသိုင်း ကျွမ်းကျင်သူ၊ အင်အားကြီးသူ”

သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့်ကြည့်ရင်း နားလည်လာ၏။

ထို့နောက် ဆက်၍ ကြည့်မိသည်။

[လတ်တလောအခွင့်အရေး: ယနေ့ ဂိုဏ်းတစ်ရာ စုဝေးပွဲ ဒုတိယအကျော့တွင် ရှန်မိုကို အနိုင်ရရှိမည်။ ရုတ်တရက် ရှုံးခါနီးတွင် မိုးကြိုးမီးတောက်သိုင်း တတိယအဆင့်ကို နားလည်ပြီး အခြေအနေ ပြောင်းလဲနိုင်မည်]

ရှန်မို မျက်မှောင်ကြုတ်မိ၏။

တကယ်ကြီးလား။ ပြိုင်ပွဲအတွင်း နားလည်သွားတယ်လား။

သူ လေးလေးနက်နက် စဉ်းစား၏။

သူ မိုးကြိုးမီးတောက်ဂိုဏ်း၏ ထိုသိုင်းကို သိထားပါသည်။

ရွှမ်ကျန်းဒေသ၏ ထိပ်တန်းဂိုဏ်းကြီးများတွင် ကိုယ်ပိုင်ကျင့်စဉ်များ ရှိကြ၏။

သို့သော် နားလည်ရန်လည်း အလွန်ခက်ခဲသည်။

ကောင်းကင်အဆင့်ခန္ဓာကိုယ်ရှိသော သခင်လေးများပင် မလွယ်ပေ။

မိုးကြိုးမီးတောက်သိုင်းမှာ အဆင့် (၆) ခု ရှိ၏။

အဆင့်တစ်ခုကို နားလည်ပြီးမှ နောက်တစ်ဆင့် တက်နိုင်သည်။

ပထမအဆင့်: မိုးကြိုးလက်ဝါး။

ဒုတိယအဆင့်: မီးလက်သီး။

တတိယအဆင့်: မိုးကြိုးမီးတောက် စပ်တူတိုက်ကွက်။

တတိယအဆင့်မှာ ပထမနှင့် ဒုတိယတို့ ပေါင်းထားပြီး အတော် အင်အားကြီး၏။

ကျင့်ကြံမှုအဆင့်ချင်းတူလျှင်ပင် မယှဉ်နိုင်ပါ။

သို့သော် ရှန်မိုသည် ကံကြမ္မာစနစ်ကို ကြိုကြည့်ထား၍ ပြင်ဆင်နိုင်ပါသည်။

စနစ်အရ ရုတ်တရက် သတိလွတ်ချိန်တွင် ရှုံးမည်ဟု ပြနေသည်။

လျှို့ဝှက် ဝှက်ဖဲများကိုတော့ ထုတ်သုံးနိုင်သေး၏။

ထိုစဉ် နတ်ဓားဂိုဏ်းအကြီးအကဲမှ အော်လိုက်သည်။

“စမယ်”

ဝမ်ရန်ကျဲ နှာခေါင်းရှုံ့လျက်

“မင်းက ဓားသိုင်းကျွမ်းတယ်လို့ ကြားတယ်။ သုံးလေ။ ငါကတော့ လက်သီးနဲ့ဆို အားအပြင်းဆုံးပဲ”

ရှန်မို ပြိုင်ဘက်ကို အထင်သေး၍ မရသောကြောင့် ချက်ချင်း ဓားထုတ်လိုက်သည်။

လက်ရှိ သူ့တွင် လက်သီးနှင့် လက်ဝါးသိုင်းများ

အင်အားမကြီးသေးချေ။

မိုးကြိုးအရိပ်ဓားသိုင်းသာ အကျွမ်းဆုံး ဖြစ်သည်။

မကြာမီ နှစ်ဦးလုံး လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားရင်း သတ္ထုချင်း ရိုက်ခတ်သံများ ထွက်လာသည်။

ချွင် ချွမ်!

ဓားနှင့် လက်သီးတို့ချင်း တိုက်ခတ်သံမှာ သတ္ထုကဲ့သို့ ဖြစ်လေ၏။

ဝမ်ရန်ကျဲ၏ လက်သီးသည် သံမဏိကဲ့သို့ မာကြောလွန်းသည်။

ထိုမြင်ကွင်းကြောင့် အားလုံး လန့်ဖျပ်ကုန်၏။

“သခင်လေး (၅) ယောက်ထဲက ဝမ်ရန်ကျဲကတော့ တကယ် အင်အားကြီးတာပဲ”

“ရှန်မိုတော့ ဝမ်ရန်ကျဲကို နိုင်နိုင်ရှုံးရှုံး၊ ရွှမ်ကျန်းဒေသမှာ နာမည်ကြီးပြီ”

“တကယ်ပါ။ သခင်လေး (၅) ယောက်ကိုတောင် ယှဉ်နိုင်တဲ့ ရှန်မိုဆိုပြီး”

“ဒီနေ့တော့ ကြည့်ရတာ တကယ် တန်သွားပြီ”

မျက်စိတစ်မှိတ်အတွင်း ပြိုင်ပွဲမှာ အကျော့ (၃၀) ကျော်လာလေပြီ။

ဝမ်ရန်ကျဲ အတော်မော၍ စိတ်ဝိညာဉ်စွမ်းအင်များ နည်းလာသည်။

သို့သော် ရှန်မိုမှာ အတော်တည်ငြိမ်နေ၏။

ချွေးတစ်စက်ပင် မထွက်သေးချေ။

ဝမ်ရန်ကျဲ အသက်ကိုဝအောင်ရှူ၍

“စိတ်ဝင်စားစရာပဲ။ မင်းလည်း တာအိုအခြေခံ တည်ဆောက်ထားတာလား”

“သာမာန်ပါပဲ”

ရှန်မို ခပ်အေးအေး ဖြေသည်။

“မင်းခန္ဓာကိုယ်က ဘာလဲ။ ငါ့အင်အားထက်တောင် ကြီးနေသလိုပဲ”

ရှန်မို ပြုံး၍

“မနက်ဖြန်ဆို သိရမှာပေါ့”

မနက်ဖြန် တတိယအကျော့တွင် ရှန်မိုမှာ ကျောက်ချင်းကန်၊ မိုယုဟုန်တို့နှင့် တွေ့ရတော့မည်။

ထိုအခါမှ ဝှက်ဖဲကို ထုတ်မည် ဖြစ်၏။

“ဘဝင်ရူးကောင်။ မင်း ငါ့ကို နိုင်မယ် ထင်နေတာလား”

“မိုးကြိုးလက်ဝါး”

သူ အော်ရင်း လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ရိုက်ချလိုက်သည်။

ရှန်မိုမှာ အရပ် (၈) မျက်နှာ မိုးကြိုးသိုင်းဖြင့် အလွယ်တကူ ရှောင်လိုက်လေ၏။

“မီးတောက်လက်သီး”

ဝမ်ရန်ကျဲမှာ ရှန်မို ရှောင်သည့်ဘက်သို့ အသင့်စောင့်၍ ထိုးချလိုက်၏။

ရှန်မိုမှလည်း ဓားဖြင့် ပြန်ခုခံလေသည်။

ချွင်!

ပြင်းထန်သော သတ္ထုအသံ ထွက်လာပြန်၏။

ဝမ်ရန်ကျဲ စည်းနှင့် နီးကပ်သည်အထိ လွင့်သွားပြီး ဝတ်ရုံမှာ စုတ်ပြတ်နေသည်။

ရှန်မိုသည် ယုံကြည်ချက်အပြည့်ဖြင့် အရှေ့ကို တိုးလာ၏။

ထိုမြင်ကွင်းမှာ ကြည့်ရှုသူများအတွက် မှင်တက်စရာပင်။

“နှစ်ယောက်လုံး ခြေတည်အဆင့် ထိပ်ဆုံးချင်း တူတာတောင် ရှန်မိုက ပိုအင်အားကြီးတာလား”

“အံ့ဩစရာပဲ”

“ဝမ်ရန်ကျဲ ရှုံးတော့မှာလား။ ရှန်မို နောက်ထပ် သခင်ျလးကို နိုင်တော့မှာပေါ့”

“နေဦး ဟိုမှာကြည့်။ ဝမ်ရန်ကျဲ အရှိန်အဝါ ပြောင်းလာတယ်။ ဘာဖြစ်တာလဲ”

“ကျင့်စဉ် နားလည်မှု ထင်တယ်”

ရှန်မိုလည်း အံ့ဩသလို ကြည့်နေသော်လည်း အမှန်တော့ သစ်တောဓားသိုင်းကို စတင်လေသည်။

“ဟားဟား ဒီအချိန်မှ မိုးကြိုးမီးတောက် တတိယအဆင့်ကို နားလည်သွားမယ်လို့ မထင်ထားဘူး”

“မိုးကောင်းကင်က ကူညီပေးတာပဲ”

ဝမ်ရန်ကျဲ စိုက်ကြည့်ရင်း ပြော၏။

သူ့အရှိန်အဝါလည်း အလွန် အားကောင်းလာသည်။

“ဒါ မိုးကြိုးမီးတောက်ဂိုဏ်းရဲ့ ကျင့်စဉ်ပဲ”

“ဒီလို ခက်ခဲတာမျိုးကို ပြိုင်ပွဲအတွင်း နားလည်သွားတာလား”

မိုယုဟုန် မျက်မှောင်ကြုတ်လျက်

“ဒီလောက်ဆိုရင်တော့ ရှန်မို ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး”

အဆိပ်နွယ်ဂိုဏ်း ခေါင်းဆောင်မှ

“သူ နည်းနည်းတော့ အားနည်းနေသေးတာပဲ”

ရှန်မို့ကို ထောက်ခံသူအများအပြား စိတ်ပျက်လက်ပျက် သက်ပြင်းချမိကြသည်။

ကြည့်မရကြသော ကျန်းမိုနှင့် ယင်ရွှယ်ကျဲတို့မှာတော့ အလွန်ပျော်ရွှင်ကြ၏။

ပြိုင်ပွဲတစ်လျှောက်လုံး ရိုလာကိုစတာစီးနေရသလို အလွန် စိတ်လှုပ်ရှားစရာ ဖြစ်သည်။

ယခုတော့ နောက်ဆုံးရလဒ် ထွက်လာတော့မည် ဖြစ်၏။

“မိုးကြိုးမီးတောက် စပ်တူတိုက်ကွက်”

ဝမ်ရန်ကျဲ ဒေါသတကြီးအော်၍ လက်သီးနှင့် လက်ဝါးကို တစ်ပြိုင်တည်း သုံးလိုက်သည်။

ရှန်မို့တုံ့ပြန်မှုမှာ စကားလုံးအချို့ ရေးထားသော စာရွက်အပိုင်းအစသာ ဖြစ်၏။

ထိုစက္ကူမှ အပြာရောင်ဓားအလင်း ထွက်လာသည်။

ချွမ်!

ထို့နောက် ပေါက်ကွဲသံနှင့်အတူ မိုးကြိုးနှင့် မီးတောက် စွမ်းအင်များ ပျောက်ကွယ်သွားတော့သည်။

ဝမ်ရန်ကျဲရင်ဘက်တွင်လည်း ဒဏ်ရာကြီးဖြစ်၍ သွေးများ အန်လာ၏။

ပရိသတ်များအားလုံးမှာ အံ့ဩလွန်း၍ တိတ်ဆိတ်နေကြလေသည်။

All Chapters