← Chapters

ဇာမဏီအဆောင်ရှိ အခွင့်အရေးအသစ်

Vol. 5 Ch. 64

ဇာမဏီအဆောင်ရှိ အခွင့်အရေးအသစ်

Vol. 5 Ch. 64

သူတို့ ရှန်မို့ကို အားပေးသည်ဖြစ်စေ၊ အရှုံးပေးစေချင်သည် ဖြစ်စေ အားလုံး သူ့ကိုသာ စောင့်ကြည့်နေကြသည်။

အတိအကျဆိုရသော် သူ့လက်ထဲမှ စာရွက်အပိုင်းကို ဖြစ်သည်။

အဆိပ်နွယ်ဂိုဏ်းခေါင်းဆောင် မှင်တက်လျက်

“သိမ်မွေ့နက်နဲခြင်း စိတ်ဝိညာဉ်လက်နက်လား။ မဟုတ်သေးဘူး။ ပျက်စီးနေတဲ့ လက်နက်ပဲ”

မိုယုဟုန်၏ မျက်လုံးဝိုင်းဝိုင်းများမှာ အရောင်တောက်၍

“ချင်းရွှမ်ဂိုဏ်းက တကယ်ကြီး သိမ်မွေ့နက်နဲခြင်းအဆင့် လက်နက်ကို ဝှက်ဖဲအနေနဲ့ ပေးထားတာလား”

သူ့အဖေ ခေါင်းယမ်းပြ၍

“မဖြစ်နိုင်တာ။ ချင်းရွှမ်ဂိုဏ်းက သိမ်မွေ့နက်နဲခြင်းအဆင့် စိတ်ဝိညာဉ်လက်နက်တွေ အကုန်နီးပါး ပျက်စီးသွားပြီလေ။ ကျန်တာကလည်း ရွှေအချက်အချာအဆင့်တွေဆီပဲ ရှိမှာ။ ခြေတည်အဆင့်ကို ဘယ်ပေးပါ့မလဲ”

“ရှန်မို ကံကောင်းပြီး သူ့ဟာသူ ရှာတွေတာ ဖြစ်မယ်။ ကံဆိုတာ အင်အားတစ်မျိုးပဲလေ”

ကျန်းမို ဒေါသများထွက်ကာ ထိုင်နေသည့်ခုံကို ထုမိ၏။

ဒီကောင်လေးမှာ ပျက်စီးနေတဲ့ သိမ်မွေ့နက်နဲခြင်းအဆင့် စိတ်ဝိညာဉ်လက်နက် ရှိနေတာပဲ။

ယုံချင်စရာကို မရှိဘူး။

အဲ့လက်နက်ကြောင့်သာ မဟုတ်ရင် ရှန်မို အခုချိန် လဲနေပြီ။

ချင်းရွှမ်ဂိုဏ်းထဲ၌။

ကျောက်ရူ မျက်လုံးများရဲလျက် ထအော်သည်။

“နိုင်သွားပြီ”

ကျောက်ထင်တို့လည်း ပျော်ရွှင်စွာ ဝိုင်းအော်ကြလေ၏။

“ရှန်မို ရှန်မို သူ နိုင်သွားပြီ”

မူယုံးယွဲ့ပင် အလွန် ရင်ထဲထိသွားသည်။

အားလုံး သူ့ကို ရှုံးတော့မည် ထင်ပြီးမှ နိုင်သွားလေ၏။

ခံစားချက် အနိမ့်အမြင့်များမှာ မြန်ဆန်စုံလင်လှသည်။

ရွှေအချက်အချာအဆင့်ဖြစ်သူပင် ခံစားချက်ကို မထိန်းချုပ်နိုင် ဖြစ်သွား၏။

တကယ် နိုင်သွားပြီ။

သူ့တပည့်မှာ သခင်လေး (၅) ဦးထဲပါဝင်သူကို အနိုင်ရကာ တတိယအကျော့ ရောက်တော့မည်။

ရှောင်ဖန် ခပ်တိုးတိုး ရေရွတ်မိ၏။

“စိတ်ဝိညာဉ်လက်နက် သုံးလိုက်လို့လေ။ သူ့ကိုယ်ပိုင်အင်အားမှ မဟုတ်တာ။ ဘာလုပ်ရ…”

ဖောင်း!

လောင်ရှန်နန်၏ ကြီးမားသော လက်သီးမှာ သူ့မျက်နှာပေါ် ကျရောက်လာသည်။

ရှောင်ဖန် ယိုင်၍ မြေပြင်ပေါ် လဲမလိုဖြစ်သွားပြီး ပါးလေးကို အုပ်လျက် စီနီယာအစ်မအား လှမ်းကြည့်နေမိသည်။

ထို့နောက် ကိုယ်ကိုရို့ကာ အနောက်ဆုတ်သွား၏။

လောင်ရှန်နန် တကယ်လုပ်လျှင် ထိခိုက်နိုင်သောကြောင့် သူ ရန်မစရဲပါ။

သူ ရေရွတ်သည်ကို မည်သို့ကြားသွားမှန်းသာ အံ့ဩနေ၏။

“ရှန်မိုကတော့ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေတာကို။ မင်းက စော်ကားတဲ့စကားကို ပြောထွက်တယ်နော်။ မရှက်ဘူးလား”

လောင်ရှန်နန်မှ ဆူ၏။

ရှောင်ဖန် မျက်နှာငယ်ဖြင့် ငြိမ်နေလေသည်။

လက်ထောက်ခေါင်းဆောင် လျှိုယွမ်ဖုန်မှလည်း ဝင်ဆူပြန်၏။

“ဘယ်လိုတွေ ဖြစ်နေတာလဲ။ လူတွေရှေ့မှာ ကိုယ့်ဂိုဏ်းသားအချင်းချင်း တိုက်ခိုက်တယ်လား။ ချင်းရွှမ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မတွေးတော့ဘူးလား”

ထိုအခါ မူယုံးယွဲ့မှ ဝင်ထိန်းပေးလိုက်၏။

“ရှန်နန် ကိုယ့်နေရာကိုယ် ပြန်ထိုင်နေတော့”

“ဟုတ်ကဲ့”

လောင်ရှန်နန် ရှောင်ဖန်၍ အင်္ကျီအနားစကို လွှတ်ကာ ပြန်ထိုင်နေသည်။

ထိုအခြေအနေကြောင့် ပတ်ဝန်းကျင်မှဂိုဏ်းများ စိတ်ဝင်တစား လှမ်းကြည့်လေသည်။

ချင်းရွှမ်ဂိုဏ်းထဲမှာ တကယ် အဆင်မပြေကြဘူးလား။

ထိုစဉ် စင်မြင့်ပေါ်ရှိ အကြီးအကဲမှ

“ရှန်မိုနဲ့ ဝမ်ရန်ကျဲတို့ရဲ့ ပြိုင်ပွဲမှာ ရှန်မို နိုင်သွားပါပြီ”

ထိုအခါ လောင်ရှန်နန်တို့ တရားဝင် အောင်ပွဲခံကြတော့သည်။

“ရှန်မို ရှန်မို ရှန်မို”

သူတို့အသံမှာ ရောဂါကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မကြာမီ ဘေးမှ ဂိုဏ်းငယ်လေးများပါ ပါဝင်လာပြီး တဖြည်းဖြည်း ပွဲလာကြည့်သော ပရိသတ်များလည်း တက်ကြွစွာ ဝိုင်းအော်၏။

“ဟွန့်”

ကျန်းမို နှာခေါင်းရှုံ့ကာ အင်္ကျီလက်အဖျားကို ခါ၍ ထွက်သွားလေသည်။

ယင်ရွှယ်ကျဲနှင့် နတ်ရေစင်ဂိုဏ်းမှ တပည့်များမှာမူ ရှက်ရွံ့ထိတ်လန့်မှုများ ရောထွေး၍ စင်ပေါ်သို့ လှမ်းကြည့်နေကြ၏။

ဤသို့ဖြင့် ဒုတိယအကျော့ ပြီးဆုံးသွားပြီး ရှန်မို၏ တိုက်ပွဲမှာ ပြောစမှတ်တွင်ကျန်ခဲ့ပြန်သည်။

အခြာပွဲများမှာ နိုင်မည်ဟု သိသာသည်က များပြီး ထူးထူးခြားခြား မရှိပေ။

ထိုတစ်နေ့လုံး လမ်းများ၊ စားသောက်ဆိုင်များအထိ ရှန်မို့အကြောင်းသာ ပြည့်နေသည်။

အချို့မှာ မနာလို၍ ပြောပြီး အချို့မှာ လေးစား၍ ပြောကြသည်။

နဂါးအဆောင်။

ရှန်မိုမှာ နဂါးအဆောင် ပြန်ရောက်ပြီးသောအခါ ချင်းရွှမ်ဂိုဏ်းသားများ ဝန်းရံလျက် ရှိ၏။

လမ်းတစ်လျှောက်လုံးလည်း ကျောက်ရူတို့ ပျော်ရွှင်စွာ စကားပြောရင်း ပြန်လာကြသည်။

မူယုံးယွဲ့မှာ သူ့တပည့်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း ပြုံးမိ၏။

ရှောင်ဖန်နှင့် လျှိုယွမ်ဖုန်တို့သည် လူအုပ်နှင့် ခပ်လှမ်းလှမ်းသို့ ရှောင်ဖယ်ရင်း တိတ်ဆိတ်စွာ ပါလာသည်။

ရှန်မို သူတို့၏ ကံကြမ္မာကို လှမ်းကြည့်ရင်း မျက်နှာအခြေအနေကို တွေ့လိုက်ရသည်။

“ရှောင်ဖန့်မျက်နှာက ဘာလို့ ယောင်နေတာလဲ”

လောင်ရှန်နန် ဂုဏ်ယူဝင့်ကြွားစွာဖြင့်

“ကျွန်မ ရိုက်လိုက်တာလေ။ မင်းက ကိုယ်ပိုင်အင်အားကြောင့် မဟုတ်ဘဲ စိတ်ဝိညာဉ်လက်နက် ပါနေလို့ ဝမ်ရန်ကျဲကို နိုင်တာတဲ့ လာပြောနေလို့”

ကျောက်ထင်မှ

“အင်အားရှိတဲ့လက်နက်ဆိုတာ ကိုယ်ပိုင်အင်အားပဲလေ။ ဝမ်ရန်ကျဲမှာ အင်အားကြီးလက်နက်မရှိတာ အားနည်းချက်ပဲပေါ့”

“ဟုတ်တယ်။ ရှိလည်း သုံးဖို့ အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး”

ကျောက်ရူမှ ဝင်ပြော၏။

“ခေါင်းဆောင် ကျွန်မတို့လည်း ဒီည ဆိုင်တစ်ခုခု သွားပြီး အောင်ပွဲခံကြမလား”

လောင်ရှန်နန်မှ ပြောသည်။

“ဟုတ်တယ်။ အောင်ပွဲခံသင့်တာပေါ့။ ချင်းရွှမ်က တပည့် (၂) ယောက်တောင် တတိယအဆင့် တက်သွားတာ”

ဒုတိယအကျော့တွင် ရှန်မိုနှင့် လျှိုယွန်းရွှမ်တို့သာ အောင်မြင်ခဲ့သည်။

မူယုံးယွဲ့ပြုံး၍ ခေါင်းငြိမ့်ပြကာ

“ကောင်းပြီလေ။ ဇာမဏီအဆောင်ဘက် သွားတာပေါ့”

လောင်ရှန်နန် မျက်လုံးပြူးသွားပြီး

“အဲ့တာ နတ်ဓားမြို့မှာ နာမည်အကြီးဆုံးဆိုင်မလား။ ခေါင်းဆောင် အကောင်းဆုံးပဲ”

ရှန်မို ရင်ခုန်သွားသည်။

ထိုနေရာမှာ ရှောင်ဖန်၏ အခွင့်အရေး ရှိနေသည်။

ထို့ကြောင့် ယခုတစ်ခါတည်း ယူလိုက်လျှင် ကွက်တိ ဖြစ်လေပြီ။

[လတ်တလော အခွင့်အရေး: ဇာမဏီအဆောင်တွင် ကောင်းကင်အဆင့် ကျင့်စဉ် နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်ကို ရရှိမည်]

“ရှောင်ဖန့်အခွင့်အရေးက တော်တော် မိုက်တာပဲ။ ရအောင် ယူမှ ဖြစ်မယ်”

…

ထိုညနေ၊ ဇာမဏီအဆောင်တွင်။

မူယုံးယွဲ့ ဦးဆောင်၍ ချင်းရွှမ်တပည့်များ စားသောက်ဆိုင်သို့ ထွက်လာသည်။

သူတို့ ရောက်လာသည်နှင့် ပတ်ဝန်းကျင်မှ အာရုံများ အားလုံး ကျရောက်လာလေသည်။

အထူးသဖြင့် အပြာနှင့် ခရမ်းစပ်ထားသော ဂါဝန်ဖြင့် ကျက်သရေရှိနေသည့် မူယုံးယွဲ့ကို မျက်စိမခွါနိုင်အောင် ဖြစ်ရသည်။

ထို့နောက် ရှန်မိုကိုပါ တွေ့နိုင်၏။

All Chapters