← Chapters

ဉာဏ်အလင်းရခြင်း

Vol. 5 Ch. 66

ဉာဏ်အလင်းရခြင်း

Vol. 5 Ch. 66

စားပွဲထိုးလေးမှာ ခေါင်းကုတ်လျက်

“သခင်လေးဟုန် အဲ့ဝိုင်က အရမ်းဈေးကြီးတာ။ တစ်အိုးကို အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) ထောင်လောက် တန်တယ်။ ဒီနေ့ ပိုက်ဆံများများ ပါလာရဲ့လား”

ဟုန်ချီလုံ ရယ်မောနေရာမှ ရုတ်တရက် တန့်သွားသည်။

အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) ထောင်မှာ အတော်လေး ဈေးများပါသည်။

ကျောက်ချင်းကန် ခဏစဉ်းစား၍ အရောင်ကြည်ကြည် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခု ပေးကာ

“ဒီလောက်ဆိုရင် လောက်လား”

“ဒါ ဒါက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးမလား”

“သခင်လေးကျောက် ဒါက အရမ်းတန်ဖိုးကြီးပေမဲ့ မလောက်သေးပါဘူး။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံးက အလယ်အဆင့် (၁၀၀) နဲ့ပဲ လဲနိုင်ပါတယ်”

“ဪ”

ကျောက်ချင်းကန် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကြည့်၍ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး နောက်ထပ် (၉) ခု ထပ်ပေး၏။

“ဒီလောက်ဆိုရင်ရော လောက်ပြီလား”

“လောက်တာထက်ကို ပိုနေပါပြီ။ အခုပဲ သခင်လေးတို့အတွက် နတ်ဇာမဏီဝိုင် ပြင်ခဲ့ပါ့မယ်”

စားပွဲထိုးလေး စိတ်လှုပ်ရှားစွာဖြင့် ထွက်သွားသည်။

ဟုန်ချီလုံမှ

“မင်း အဲ့လောက်တောင် ချမ်းသာနေတာလား”

ကျောက်ချင်းကန် ခေါင်းယမ်းပြ၍

“သူသာ မပြောရင် သိမှာတောင် မဟုတ်ဘူး။ အဲ့တာတွေအကုန် ခေါင်းဆောင်ပေးထားတာလေ။ လက်ထဲမှာ တစ်ရာကျော်လောက် ကျန်သေးတယ်”

ဟုန်ချီလုံနှင့် ရှန်မိုတို့မှာ စွံ့အနေတော့သည်။

ရွှမ်ကျန်းဒေသ၏ ထိပ်တန်း (၅) ဂိုဏ်းထဲ ပါဝင်သော နတ်ဓားဂိုဏ်း ပီသပါပေသည်။

ရှန်မို ချောင်းဟန့်၍

“ဒီဝိုင်က အရမ်းဈေးကြီးလွန်းတယ်။ ကျွန်တော် မသောက်နိုင်ဘူး”

ဟုန်ချီလုံ သူ့ကို လှမ်းဆွဲ၍

“မဟုတ်တာ။ ငါတို့ ဒီနေ့ အတူတူ သောက်လိုက်ရင် မိတ်ဆွေတွေ ဖြစ်သွားပြီ။ ဒါကတော့ ငါတို့တိုက်တယ်ပဲ ထားပါ”

ကျောက်ချင်းကန် ဘာမှမပြောဘဲ ခေါင်းသာငြိမ့်ပြ၏။

“ကောင်းပြီလေ။ အဲ့တာဆိုလည်း သောက်ပါ့မယ်”

ရှန်မို ပြုံးပြလိုက်သည်။

မကြာမီ စားပွဲထိုးလေးမှ ဝိုင်ခရားတစ်အိုးယူ၍ ပြန်ရောက်လာသည်။

ရှန်မို လှမ်းကြည့်လိုက်သောအခါ ခရားသည် အလွန် သေးပြီး တစ်ပေမျှသာ မြင့်လေ၏။

စားပွဲထိုးလေးမှ ခရားအဖုံးကိုဖွင့်ကာ သူတို့ (၃) ဦးအတွက် ငှဲ့ပေးလိုက်သည်။

ဟုန်ချီလုံမှ ကြည့်၍

“ဒါက ဘာလဲ။ ခွက်ပိစိလေးနဲ့။ ဘယ်လိုလုပ် အဝသောက်ရမှာလဲ”

စားပွဲထိုးလေးမှ ရယ်ကျဲကျဲဖြင့် အမြန်ရှင်းပြလေသည်။

“သခင်လေးဟုန် မသိသေးလို့ပါ။ နတ်ဇာမဏီဝိုင်ဆိုတာ ပြင်းအား အရမ်းများတယ်။ သာမာန်လူတွေ သောက်ရင် ခွက်တစ်ဝက်နဲ့တင် မှောက်တာ။ သခင်လေးတို့က မနက်ဖြန် ပြိုင်ပွဲ ရှိသေးတယ်မလား။ အများကြီး မသောက်တာ ကောင်းပါတယ်”

ဟုန်ချီလုံ ထပ်ပြောရန် ပြင်သော်လည်း ကျောက်ချင်းကန် ခေါင်းငြိမ့်ပြ၍

“သူပြောတာ ဟုတ်တယ်ကွ။ တစ်ခွက်လောက်ဆို တော်ပါပြီ”

“ကောင်းပြီလေ။ ဒါပေမဲ့ ခရားကိုတော့ ထားခဲ့နော်။ ငါ့အစ်ကိုကြီး ဝယ်တိုက်ထားတာ”

“ဒါပေါ့ ဒါပေါ့”

စားပွဲထိုးလေး ဦးညွှတ်၍ ထွက်သွား၏။

ဟုန်ချီလုံမှ ပထမဆုံး ခွက်ကိုမြှောက်၍

“ကဲ လာ ခွက်တိုက်ကြမယ်”

ရှန်မိုနှင့် ကျောက်ချင်းကန်တို့လည်း ခွက်မြှောက်ကာ တိုက်လိုက်ကြသည်။

ခွမ်!

(၃) ယောက်သား တစ်ပြိုင်တည်း သောက်လိုက်ကြသည်။

ဝိုင်မှာ ပါးစပ်ထဲ ဝင်သွားသည်နှင့် ရှန်မို့အနေဖြင့် ချော်ရည်ပူ သောက်လိုက်ရသလို ခံစားရလေ၏။

အလွန်ပူ၍ ကိုယ်တွင်းအင်္ဂါများ လောင်သွားမလိုပင် ထင်ရသည်။

သို့သော် ခံစားချက်မှာ အလွန်လျင်မြန်စွာဖြင့် ညင်သာသော နွေးထွေးမှုသို့ ပြောင်းသွား၏။

ထိုနွေးထွေးမှုမှာ အစာအိမ်မှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။

ထို့နောက် ပန်းချီကားကို ပြန်ကြည့်လိုက်သောအခါ အသက်ဝင်နေသော ဇာမဏီငှက်ကို တွေ့ရလေသည်။

အော်သံမှာ ကောင်းကင်ယံအထိ ညံ၍ မီးတောက်များ လျှံညီးနေ၏။

မီးလျှံကြားမှ ပြန်လည်မွေးဖွားလာသည်နှင့် တူလှသည်။

ရှန်မို သေချာကြည့်ရင်း ခန္ဓာကိုယ်မှာ အသိစိတ်လွတ်၍ လှုပ်ရှားမိသည်။

သူကိုယ်တိုင် မီးလျှံကြားမှ မွေးဖွားလာသည့် ဇာမဏီငှက်နှင့် တူနေ၏။

ထိုမြင်ကွင်းမှာ အားလုံး၏ အာရုံကို ဆွဲဆောင်မိလေသည်။

မူယုံးယွဲ့ အလွန်အံ့ဩစွာ ငေးကြည့်နေမိ၏။

ဟုန်ချီလုံနှင့် ကျောက်ချင်းကန်တို့လည်း ပန်းချီကို စိုက်ကြည့်နေ၏။

ကျောက်ချင်းကန် မည်သို့မျှ မခံစားရသော်လည်း ဟုန်ချီလုံမှာတော့ ရှန်မိုကဲ့သို့ ခံစားရသည်။

ထို့ကြောင့် မကြာမီ သူလည်း မီးလျှံကြားမှ ပြန်လည်မွေးဖွားလာသော ဇာမဏီငှက်အသွင် ဖြစ်လာ၏။

ကျောက်ချင်းကန် ကြည့်နေရင်း လေးစားအားကျကာ သဘောပေါက်သွားသည်။

သူသည် ရေခဲခန္ဓာကိုယ်ဖြစ်၏။

“ဒီနေရာမှာ ငါ့အတွက် အခွင့်အရေး မရှိပေမဲ့ နောက်ပိုင်း တခြားအခွင့်အရေးတွေ ရနိုင်ပါသေးတယ်”

ကျောက်ချင်းကန် မနာလိုဝန်တိုခြင်း မရှိဘဲ ရှန်မိုတို့ အနှောင့်အယှက် မဖြစ်စေရန် အနည်းငယ် ဖယ်ပေးလိုက်သည်။

မူယုံးယွဲ့ဘေးတွင် အဆိပ်နွယ်ဂိုဏ်းခေါင်းဆောင်လည်း ရောက်လာ၏။

မူယုံးယွဲ့မှ

“ခေါင်းဆောင်မို ဒီတပည့် (၂) ယောက်တော့ ဉာဏ်အလင်းရနေပြီ။ ဟုန်ချီလုံက ကျွန်မတို့ဂိုဏ်းက မဟုတ်ပေမဲ့ သူ့ကိုလည်း ပြင်ပအနှောင့်အယှက်တွေ မရှိအောင် ကာကွယ်ပေးသင့်တယ်”

မိုဟန်ရှန် ခေါင်းငြိမ့်ပြ၍

“ပုံမှန်တော့ ကျွန်တော်လည်း ကပ်သပ်တတ်တဲ့သူ မဟုတ်ပါဘူးဗျာ”

“ကောင်းပြီလေ”

မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၍

“အားလုံးပဲ နောက်ဆုတ်နေကြ”

ခေါင်းဆောင် (၂) ဦးမှ အင်အားကြီးအရှိန်အဝါ ပြုလုပ်၍ ရှန်မိုနှင့် ဟုန်ချီလုံတို့အား ကာကွယ်ပေးထားသည်။

ခပ်လှမ်းလှမ်း၌ ကျောက်ချင်းကန်နှင့် မိုယုဟုန်တို့ လှမ်းကြည့်ရင်း စိတ်ဝင်စားနေ၏။

လျှိုယွန်းရွှမ်မှာတော့ အလွန်ဒေါသထွက်နေတော့၏။

နှစ်ပေါင်း တစ်ရာကျော် မည်သူမျှ နားမလည်နိုင်ခဲ့သော ပန်းချီကားကို ရှန်မိုမှာ ချက်ချင်း အလင်းရသွားသည်။

ဘာလို့ ငါ မဟုတ်တာလဲ။

သူ မနာလိုဝန်တိုလွန်း၍ ပူလောင်နေ၏။

သူသာ နားလည်နိုင်ခဲ့လျှင် သခင်လေး (၅) ဦးထဲဝင်ရန် အသိအမှတ်ပြုခံရပြီး မိုယုဟုန်မှလည်း လေးစားလာမည်။

လျှိုယွန်းရွှမ်တွေးရင်း အလွန်ဒေါသထွက်ကာ ချက်ချင်း လှည့်ထွက်သွားတော့၏။

မကြာမီ ဇာမဏီစားသောက်ဆိုင် အပေါ်ထပ်၌ ပန်းချီကားနားလည်သူ ရှိနေပြီူသော သတင်းများ ပျံ့သွားကာ အများအပြား လာကြည့်ကြလေသည်။

သို့သော် အစောင့်များမှ ပတ်ပတ်လည် ကာဆီးပေးထား၏။

အချိန်တဖြည်းဖြည်း ကုန်ဆုံးပြီးနောက် ဟုန်ချီလုံမှ အရင်ဆုံး မျက်လုံးပွင့်လာသည်။

ပါးစပ်မှ မီးများမှုတ်နိုင်ပြီး သူ အလွန်စိတ်လှုပ်ရှား ပျော်ရွှင်ကာ အော်ဟစ်မိ၏။

သို့သော် မူယုံးယွဲ့နှင့် မိုဟန်ရှန်တို့ အရှိန်အဝါကြောင့် ကိုယ်လေး ပြန်ကျုံ့သွားသည်။

ရှန်မိုမှာ ကျင့်ကြံနေဆဲဖြစ်ကြောင်းတွေ့ပြီး ငြိမ်သွားလေ၏။

ထို့နောက် အရှိန်အဝါအောက်မှ ဖြည်းဖြည်းချင်း ထွက်လာသည်။

သူ ထွက်လာသည်နှင့် မိုဟန်ရှန်မှ

“မင်း ဘာကို နားလည်သွားတာလဲ”

အားလုံး စိတ်ဝင်တစား ဝိုင်းကြည့်နေ၏။

ဟုန်ချီလုံ ဂုဏ်ယူဝင့်ကြွားစွာဖြင့်

“နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်လေ။ ပထမပုံစံကို နားလည်သွားတာ”

မူယုံးယွဲ့ မျက်မှောင်ကြုတ်လျက်

“ပထမပုံစံလား။ အဲ့တာ ဘယ်လောက်အဆင့်လဲ”

ဟုန်ချီလုံ ခေါင်းကုတ်လျက်

“အဲ့တာတော့ မပြောတတ်ပေမဲ့ တော်တော် အားကောင်းတယ်”

မိုဟန်ရှန် ခေါင်းတငြိမ့်ငြိမ့်ဖြင့်

“ရှန်မိုပါ ပြီးသွားရင် နေရာတစ်ခုရှာပြီး နှစ်ယောက်သား လေ့ကျင့်ကြပေါ့”

“ဟုတ်ကဲ့ပါ”

နောက်ထပ် (၂) နာရီကြာပြီးနောက်

ရှန်မ်ု့အရှိန်အဝါများ အလွန်တောက်ပလာပြီး ပတ်ဝန်းကျင်၌လည်း အပူရှိန်အလွန်မြင့်လာ၍ အားလုံး လန့်သွားသည်။

ရှန်မို နိုးလာတော့မယ်။

All Chapters