← Chapters

(၆) ယောက်နှင့်ယှဉ်၍

Vol. 5 Ch. 69

(၆) ယောက်နှင့်ယှဉ်၍

Vol. 5 Ch. 69

တိုက်ခိုက်သူ (၃) ဦးတွင် ဦးဆောင်လာသူမှာ ခြေတည်အဆင့်ထိပ်တန်းရှိပြီး သခင်လေး (၅) ဦးကို မမှီသော်လည်း ရွှမ်ကျန်းဒေသတွင် နာမည်ကြီးသည်။

နောက်ထပ် (၂) ဦးမှာတော့ ခြေတည်အဆင့် ပြီးပြည့်စုံခြင်းအဆင့်ရှိပြီး (၃) ဦးလုံးမှာ သူ့ဂိုဏ်းအသီးသီးတွင် ထိပ်တန်းများ ဖြစ်၏။

ယခုအခါ တစ်ယောက်ပြီးတစ်ယောက် ပြေးလာပြီး ရှန်မို နောက်ထပ် ဓာတ်လုံးများ မရစေရန် ခုခံနေကြသည်။

ရှန်မို သူတို့ကိုလှမ်းကြည့်၍ ပြုံးကာ

“အဲ့တာတွေလည်း မင်းတို့ မိတ်ဖက်တွေမလား။ အကုန်ခေါ်လိုက်လေ”

သူ တတိယအကျော့စတင်စဉ်တည်းက အချို့လူများ သူ့ကိုကြည့်နေကြသည်ဟု သတိထားမိပါသည်။

ပြိုင်ကွင်း၏ မည်သည့်နေရာရောက်ပါသေ တိတ်တဆိတ် ကပ်ပါလာလေ၏။

သူ့အနားတွင် အနည်းဆုံး (၃) ယောက်ခန့် အမြဲရှိသည်။

ယခုအခါ ရှန်မို့ကို လူအချို့ဝိုင်းထားပြီး သူ ပိတ်မိလေလေ လူများပိုရောက်လာကြလေ ဖြစ်သည်။

“မင်း ပထမအကျော့မှာ နတ်ရေစင်ဂိုဏ်းကို မငဲ့ညှာဘဲ ယင်ရွှယ်ကျဲကို အနိုင်ယူခဲ့သလိုပဲ။ မင်းအတွက်နေ့လည်း ရောက်လာပြီသာ မှတ်လိုက်တော့”

တပည့်တစ်ဦးမှ နှာခေါင်းရှုံ့ကာ ပြော၏။

ဝှစ် ဝှစ် ဝှစ်!

တပည့် (၃) ဦး ပြေးဝင်လာပြီး တိုက်ခိုက်သောကြောင့် ရှန်မို ရှောင်စရာနေရာမရှိ ဖြစ်သွားသည်။

သူ့ အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုကို သုံးသော်လည်း မထိုးဖောက်နိုင်ဘဲ ရှိသည်။

တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ထိပ်တိုက်ရင်ဆိုင်ရန် ဖြစ်၏။

ခပ်လှမ်းလှမ်း၌ အခြားတပည့်များလည်း ပြေးလာကြသည်။

ရှန်မို (၆) စက္ကန့်အတွင်း မထိုးဖောက်နိုင်လျှင် လူပို၍ ဝိုင်းလာတော့မည်။

ပရိသတ်များလည်း ထိုအခြေအနေကို ရိပ်မိကြ၏။

“ဝါး တတိယအကျော့က စရုံပဲရှိသေးတယ်။ ဓာတ်လုံးတွေလည်း ကျန်သေးတာကို။ တိုက်ပွဲက ပြင်းထန်နေပြီ”

“ဟုတ်ပါ့။ သူတို့က ဓာတ်လုံးကို စိတ်မဝင်စားဘူး။ ရှန်မို့ကိုပဲ တိုက်ခိုက်ချင်တာ”

“နတ်ရေစင်ဂိုဏ်းရဲ့ လွှမ်းမိုးမှုတွေ အများကြီး ပါမယ်ထင်တယ်။ အဲ့ဂိုဏ်းတွေကို စည်းရုံးပြီး ရှန်မို့ကို တိုက်ခိုက်ခိုင်းတာ နေမှာပေါ့”

“ဟင်း ဂိုဏ်းငယ်လေးတွေအတွက်တော့ ခက်ခဲမှာပဲ။ ရှန်မို ထိပ်တန်း (၁၀) ယောက်ထဲ မပါတော့ဘူး ထင်ပါတယ်။ နှမျောလိုက်တာ။ သူ့ကို ထိပ်ဆုံး (၅) ယောက်အထိတောင် ပါမယ်လို့ မှန်းထားတာ”

ချင်းရွှမ်ဂိုဏ်းထဲတွင်။

မူယုံးယွဲ့ နတ်ရေစင်ဂိုဏ်းမှ ကျန်းမိုကို လှမ်းကြည့်မိသည်။

မိန်းမလှ (၂) ဦး အကြည့်ချင်းဆုံသွားပြီး လေထဲတွင် မီးပွါးများ တောက်မလို ခံစားရသည်။

မူယုံးယွဲ့ သူ့အေးစက်စက်အပြုံးကို တွေ့လိုက်၏။

ထို့နောက် တည်ငြိမ်စွာဖြင့် ပြိုင်ကွင်းကို ပြန်၍ အာရုံစိုက်လိုက်သည်။

သို့သော် ကျန်းမို မျက်ခုံးပင့်လျက်

“မူယုံးယွဲ့က ပုံမှန်တော့ သူ့ခံစားချက် ဖုံးကွယ်တဲ့နေရာမှာ ညံ့တယ်။ ဒီပုံကိုတွေ့ရင် လန့်သွားမယ်လို့ ထင်ပေမဲ့ ငြိမ်နေတာပဲ”

“သူ ရှန်မို့ကို ဝှက်ဖဲတစ်ခုခု ပေးထားတာများလား”

“ဒါပေမဲ့ ချင်းရွှမ်ဂိုဏ်းမှာ ဘာဝှက်ဖဲရှိမှာလဲ”

ပြိုင်ကွင်းထဲ၌ တိုက်ခိုက်ခံနေရသော ရှန်မိုသည် ကြောက်ရွံ့ပုံမပေါ်ဘဲ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းကာ လက်သီးတွင် ဇာမဏီပုံစံမီးတောက် ဖြစ်လာ၏။

နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ် လက်သီးသိုင်း။

ရှန်မို ရုတ်တရက် ထိုးချလိုက်၏။

ဘုံး!

ပြင်းထန်သော မီးတောက်ကြောင့် တိုက်ခိုက်လာသော (၃) ဦးစလုံး ထိခိုက်သွားသည်။

ထို့နောက် ခြေတည်အဆင့် ထိပ်ဆုံး တပည့်ကိုလည်း ဆက်၍ တိုက်ခိုက်လေ၏။

ဘုံး!

သူ မီးတောက်များအရှိန်ဖြင့် လွင့်ထွက်ကာ ဝတ်ရုံလည်း လမ်းတစ်ဝက်၌ပင် အကုန် လောင်ကျွမ်းသွားသည်။

မြေပြင်ပေါ် ပြန်ကျလာသည်နှင့် သွေးများအန်သော်လည်း အလွန်ပူပြင်းသောကြောင့် အငွေ့ပျံသွားလေ၏။

သူ ပြင်းပြင်းထန်ထန်ထိခိုက်ကာ ဆက်မတိုက်ခိုက်နိုင်တော့မှန်း ရှင်းလင်းနေသည်။

“အကြီးအကဲ ကျွန်တော် ကျွန်တော်… အရှုံးပေးပါပြီ”

သူ ကြောက်လန့်တကြား လှမ်းအော်၏။

စောင့်ကြပ်နေသော အကြီးမကဲမှာ လက်ယမ်းပြရင်း သူ့ကို ချက်ချင်း ပြိုင်ကွင်းထဲမှ ထုတ်လိုက်သည်။

တတိယအကျော့ပြိုင်ပွဲကြီးတွင် ပထမဆုံး အထုတ်ခံရသည့် တပည့်ဖြစ်လာ၏။

ရှန်မို သုံးခဲ့သည့် ပြင်းထန်သည့် မီးတောက်များမှာ အားလုံးအတွက် စိတ်ဝင်စားစရာ ဖြစ်နေသည်။

အခြားသူများမှာ သိုင်းစဉ်များသာ သုံးကြသော်လည်း ရှန်မိုသည် ပြိုင်ဘက်ကို အလွယ်တကူပင် အနိုင်ယူခဲ့၏။

ထို့အပြင် ဇာမဏီမီးတောက်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ အားလုံး မျက်လုံးပြူးကုန်ကြလေသည်။

မိုးကြိုးမီးတောက်ဂိုဏ်းခေါင်းဆောင် ရုတ်တရက် မတ်တပ်ထရပ်၍ အံကြိတ်ကာ

“ဇာမဏီပန်းချီကားကို နားလည်သွားတာ သူကိုး”

“တကယ်ပါပဲ။ ဒီကျင့်စဉ်ကို နတ်ဘုရားပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူက ထားခဲ့တာ။ နှစ်ပေါင်းတစ်ရာကျော်တဲ့အထိ ဘယ်သူမှ နားမလည်ခဲ့ဘူး။ အခုမှ လုပ်နိုင်သွားတဲ့သူက ရှန်မို ဖြစ်နေတာပဲ”

“ကျွန်တော် မှတ်မိပြီ။ မနေ့ညက ဇာမဏီစားသောက်ဆိုင်မှာ ရှန်မို့ကိုလည်း တွေ့လိုက်တယ်။ ကျောက်ချင်းကန်နဲ့ ဟုန်ချီလုံ တစ်ယောက်ယောက်လို့ ထင်နေတာ”

“အံ့ဩစရာပဲ။ ရှန်မိုက ယင်ရွှယ်ကျဲနဲ့ ဝမ်ရန်ကျဲကို နိုင်သင့်ပါတယ်”

“ဟိုမှာကြည့်ဦး။ ဟုန်ချီလုံလည်း အဲ့လိုသိုင်းကွက် သုံးနေပြီ”

ပရိသတ်များ အံ့ဩတကြီး ရေရွတ်၏။

အမှန်ပင် ဟုန်ချီလုံသည်လည်း ထိုသိုင်းကွက်ဖြင့် တိုကင်များ လိုက်ယူနေသည်။

“သိပြီ။ မနေ့ညက ဇာမဏီပန်းချီကားကို နားလည်သွားတာ ရှန်မိုရော ဟုန်ချီလုံရောပဲ”

“နှစ်ယောက်စလုံး ကြည့်ရတာ မီးခန္ဓာကိုယ်တွေဆိုတော့ ဇာမဏီပန်းချီကားကို နားလည်သွားတာ ထင်တယ်”

ပရိသတ်များမှာ အလွန် လေးစားအားကျနေကြသည်။

ထိုအခွင့်အရေးမျိုး သူတို့ထံ အဘယ်ကြောင့် မရောက်လာသနည်း။

ဟုန်ချီလုံ နှုတ်ခမ်းစူလျက်

“ဟာ ရှန်မိုက အရင် ဆွဲဆောင်လိုက်နိုင်တာပဲ”

ကျောက်ချင်းကန် အရှိန်မြင့်တိုကင်ကို အသာလှမ်းဖမ်းရင်း တည်ငြိမ်စွာဖြင့်

“ဘာမှမစိုးရိမ်နဲ့။ မကြာခင် ပိုပြီး အာရုံစိုက်ခံရဦးမှာ။ ကြည့်ဦး။ သူ့နားမှာ လူတွေ ဝိုင်းနေတာပဲ”

ဟုန်ချီလုံ ရယ်မောလျက်

“သူ့ဘေးမှာ ဘယ်လောက်ဝိုင်းဝိုင်း အလကားပါပဲ။ သူ့လက်ဝါးဓားအင်အားကို ဘယ်သာမာန်လူမှ ခံနိုင်ရည် မရှိဘူးလေ”

ဝှစ် ဝှစ် ဝှစ်!

ရှန်မို ဘေးဘီကိုကြည့်လိုက်သောအခါ လူ (၆) ယောက် ဝိုင်းနေ၏။

သူ (၅) ယောက်အထိ တစ်ပြိုင်တည်း ရှင်းနိုင်သည်ဟု တွေးထားသော်လည်း ယခုအခါ (၆) ယောက်ဖြစ်နေ၍ အနည်းငယ် ခက်နေသည်။

“မင်းက ငါ့အစ်ကိုကို ပြိုင်ပွဲက ထုတ်လိုက်တာပဲ။ ဒီနေ့ မင်းကို လက်စားချေမယ်”

ဗလတောင့်တောင့် မျက်နှာမာမာလူမှ မကျေမနပ် ဆိုလေသည်။

“ငါ ထုတ်လိုက်တဲ့သူတွေမှ အများကြီးပဲ။ မင်းအစ်ကိုက ဘယ်သူတုန်း”

ရှန်မို နားမလည်နိုင်စွာ ပြန်မေး၏။

ထိုလူ အံကြိတ်၍

“ဝမ်ရန်ကျဲပဲ။ ငါက သူ့ညီ ဝမ်ရန်ရွှမ်”

“ကောင်းပြီလေ။ ဒါဆိုလည်း လာခဲ့ပေါ့”

ရှန်မိုပြုံး၍ ပြော၏။

“မင်းက ဘဝင်မြင့်လှချည်လား”

ဝမ်ရန်ရွှမ် နှာခေါင်းရှုံ့၍ပြောကာ အော်လိုက်သည်။

“တိုက်ခိုက်ကြ”

ဝမ်ရန်ရွှမ် ဦးဆောင်သောအဖွဲ့မှာ ဆက်တိုက် တိုက်ခိုက်လေသည်။

ဓားအရိပ်၊ လျှပ်စီးဓား၊ လှံ၊ မီးတောက်၊ ရေခဲ…

စသဖြင့် တိုက်ခိုက်မှုမျိုးစုံဖြင့်လာသောကြောင့် သူ့ကို လုံးဝ ရှင်းပစ်တော့မလို ထင်ရသည်။

ရှန်မို အသက်ကိုဝအောင်ရှူကာ ညာလက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။

ဝမ်ရန်ရွှမ် လှမ်းကြည့်နေရင်း ထိုလက်မှာ ဓားပုံစံ မြင်လာသည်။

ထို့နောက် လက်တွင် မီးများပါ တောက်လာပြီး လက်ဝါးဓားပုံစံ ပီပြင်လာသည်။

ထိုမျှမကသေး။

ရှန်မို လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ထူးဆန်းသော မီးတောက်ပြာပါ ထပ်ပေါ်လာသည်။

ကြောက်စရာပဲ။

ပြင်းထန်သောအင်အားမှာ ပြိုင်ဘက် (၆) ဦး၏ တိုက်ခိုက်မှုနှင့် တိုက်ဆိုင်သွား၏။

ဘုံး ဘုံး ဘုံး!

ပေါက်ကွဲသံများ ပဲ့တင်ထပ်၍ ထွက်လာသည်။

ထို့နောက် (၆) ယောက်စလုံး လွင့်ထွက်၍ သွေးများအန်ကာ ပြိုင်ကွင်းအပြင်ဘက်သို့ ပြုတ်ကျသွားသည်။

ကျန် (၃) ယောက်မှာ ကွင်းနယ်နိမိတ်ထဲ ရှိသေးသော်လည်း အလွန်ကြောက်ရွံ့ကာ ဆက်မတိုက်ခိုက်နိုင်ကြတော့ပေ။

ထိုတိုကင်များအားလုံး ရှန်မိုမှ တစ်ချီတည်း ရလိုက်လေ၏။

ချက်ချင်းပင် ရှန်မို၌ တိုကင် (၃၀) ရရှိပြီး အများဆုံး ပိုင်ဆိုင်သူ ဖြစ်သွားသည်။

ကွင်းပြင်တစ်ခုလုံးလည်း တိတ်ဆိတ်သွားကြ၏။

All Chapters