← Chapters

နှစ်ပေါင်းသုံးရာလား ၊အဲ့ဒီအချိန်ကျရင် ငါ့သမီးက စကြာဝဠာကို လွှမ်းမိုးနေလောက်ပြီ

Vol. 4 Ch. 46

နှစ်ပေါင်းသုံးရာလား ၊အဲ့ဒီအချိန်ကျရင် ငါ့သမီးက စကြာဝဠာကို လွှမ်းမိုးနေလောက်ပြီ

Vol. 4 Ch. 46

ကျိယွမ်သည် သင်္ချိုင်းသို့ပြန်လာပြီး သူ့အတွက်တွင်းတစ်တွင်း တူးနေသည်။

"ငါ မင်္ဂလာခန်းမထဲမှာ မအိပ်ဘူးနော်၊ မလွတ်မလပ်အိပ်ရတာ မကြိုက်ဘူး"

ကျိယွမ်က သူ့နောက်တွင် ရပ်နေသော သတို့သမီ​လေးကို ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

သတို့သမီးလေးက တိတ်ဆိတ်နေပြီး မတုန့်ပြန်ခဲ့ပါ။

ကျိယွမ်လည်း ဆက်ပြောမနေတော့ဘဲ တွင်းထဲသို့ ခုန်ဆင်းလိုက်ရာ ရုတ်တရက် တွင်းအပြင်ဘက်မှ " ဒုန်း"ဟူသောအသံကို ကြားလိုက်သဖြင့် မျက်မှောင်ကျုံ့သွား၏။

သူက သိချင်စိတ်ကြောင့် တွင်းပေါ်သို့ပြန်တက်လာကြည့်ရာ သတို့သမီးလေးသည် ကျောက်တုံးပေါ် ခလုတ်တိုက်မိကာ လဲကျနေသည်ကို တွေ့လိုက်ရ၏။

သူက သတို့သမီးလေးကို ထူပေးလိုက်ပြီး သူမ၏အဝတ်များမှ မြေမှုန့်များကို ဖယ်ရှားပေးလိုက်သည်။

"မျက်စိမပါတာက တော်တော်ဆိုးတယ် ၊ နင်က ခဏခဏလဲကျနေတော့တာပဲ"

အနေကြာလာသောအခါ ကျိယွမ်သည် သတိုးသမီးလေး၏ အမူအယာနှင့်အလေ့အကျင့်များကို တွေ့မြင်ခဲ့ရသည်။

အဖြစ်အများဆုံးက သူမသည် အိမ်ထဲတွင် ခလုတ်တိုက်ခြင်း၊ပစ္စည်းများကို လဲကျအောင်ပြုလုပ်မိတတ်ခြင်းတို့ ဖြစ်သည်။

ကျိယွမ်က သက်ပြင်းချလိုက်မိသည်။

"ငါ မိန်းမယူတဲ့အခါကျရင် မျက်စိပါတဲ့သူကိုပဲ သေချာပေါက် ရှာရမယ်"

သူသည် ခဏမျှစဉ်းစားပြီးနောက် သတို့သမီးလေးကို အဝတ်တစ်ထည်ကိုကောက်ယူသကဲ့သို့ ကောက်ယူကာ ပွေ့ဖက်လိုက်ပြီး တွင်းထဲသို့ ပြန်ဝင်သွားသည်။

..................

အခြားသော တားမြစ်နယ်မြေတစ်ခုဖြစ်သည့် ယင်ယန်တားမြစ်နယ်မြေတွင် အုတ်ဂူဒါဇင်အနည်းငယ်ခန့်ရှိသော ချိုင့်ဝှမ်းတစ်ခုတည်ရှိသည်။အုတ်ဂူများရှိနေသောကြောင့် ထိုနေရာကို သင်္ချိူင်းတစ်ခုဟုဆိုပါက ပို၍မှန်ပေမည်။

"ဝုန်း" ခနဲအသံနှင့်အတူ သင်္ချိုင်းအတွင်းမှ ခေါင်းတလားအဖုံးများ ရုတ်တရက် ပွင့်သွားပြီး လူနှင့်တူသော သတ္တဝါများက အခေါင်းများအတွင်းမှ ထထိုင်လိုက်ကြသည်။

ထိုသတ္တဝါများတွင် ယောက်ျားများသာမက မိန်းမများလည်း ပါဝင်နေပြီး ပြင်းထန်သောအော်ရာများကို ထုတ်လွှတ်နေကြသည်။

ကျိယွမ်သာ သူတို့ကိုမြင်လိုက်လျှင် သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားမှာသေချာသည်။

သူတို့အားလုံးသည် အဆင့် ၉၀ ရှိသော NPC များဖြစ်နေပြီး အချို့မှာ အဆင့် ၉၅ ကိုပင်ကျော်လွန်နေ၏။

၎င်းတို့အနက် အားအကောင်းဆုံးသူမှာ နဖူးတွင် ဒေါင်လိုက်မျက်လုံးတစ်ခုရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။

သူသည် ယင်ယန်တားမြစ်နယ်မြေကို ဖြတ်ကျော်ပြီး ရိကွမ်းတားမြစ်နယ်မြေကို ထွင်းဖေါက်မြင်နေရသကဲ့သို့ ကြည့်နေလေသည်။သူ၏နဖူးအလယ်မှ ဒေါင်လိုက်မျက်လုံးသည် သေချာပေါက်ထူးခြားသော စွမ်းရည်ရှိရပေမည်။

သူက ရိကွမ်းတားမြစ်နယ်မြေဆီသို့ အတန်ကြာ ကြည့်နေပြီးမှ ​ဖြေးညင်းစွာစကားဆိုသည်။ ထူးဆန်းသည်မှာ သူ၏ အသံက ယောက်ျားသံလည်းမဟုတ်သလို၊ မိန်းမသံလည်းလည်းမဟုတ်ပေ။

"လူသားလောကထဲက နောက်ထပ်ကျင့်ကြံသူတစ်ယောက်ကတော့ မကြာခင်မှာ ငါတို့နဲ့

ပူးပေါင်းလာတော့မယ်"

"ဂုဏ်ယူစရာပဲ ၊ ပြင်ပနတ်ဆိုးတွေက ကောင်းကင်ဘုံနဲ့ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ပြီး လရောင်အောက်မှာ ငါးဖမ်းနေတာတောင် တစ်ယောက်ယောက်က ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ"

လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ကောင်းကင်ဘုံနတ်ဘုရားထွက်ခွာသွားပြီး ပြန်မလာနိုင်တော့သည်အချိန်မှစ၍ ဝမ်ယုကုန်းမြေသည် ကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

ကျင့်ကြံသူများက ပို၍သန်မာလာစေရန် အဆင့်အမျိုးမျိုးကို လေ့ကျင့်ခဲ့ကြသော်လည်း ဆုံးရွားသည့်အဆုံးသတ်များနှင့်သာ ရင်​ဆိုင်ခဲ့ရသည်။

ဝမ်ယုကုန်းမြေ၌ ကျင့်ကြံခြင်းအဆင့် ၇ဆင့်ရှိသည် ။မွေးဖွားခြင်းအဆင့်(၀-၉)၊ အရွယ်ရောက်အဆင့် (၁၀-၁၉)၊ မဟာဆရာအဆင့် (၂၀-၂၉)၊ ဘုရင်အဆင့်(၃၀-၄၉)၊ ဧကရာဇ်အဆင့် (၅၀-၆၉)၊ ကောင်းကင်ဘုံအဆင့် (၇၀-၈၉) နှင့် နတ်ဘုံအဆင့်တို့ ဖြစ်သည်။

သို့​​သော်ကောင်းကင်ဘုံနတ်ဘုရားမရှိတော့သည် အချိန်မှစ၍ကျင့်ကြံသူများမှာ ဧကရာဇ်အဆင့်၏အထက်ကို ချိုးဖြတ်ခွင့်မရှိတော့ချေ။အကယ်၍ ကျင့်ကြံသူတစ်ယောက်ယောက်က ဧကရာဇ်အဆင့်ကို ကျော်ဖြတ်ကာ ကောင်းကင်ဘုံအဆင့်သို့ဝင်ရောက်လိုက်သည်နှင့် ကောင်းကင်ထက်မှ အမည်မသိငါးမြှားတံကြီးတစ်ချောင်းကျဆင်းလာကာ ထိုကျင့်ကြံသူ၏ ခန္ဓကိုယ်ကို ထိုးဖောက်ကာ ဦးနှောက်နှင့်သွေးသားများကို စုပ်ယူပစ်လေ့ရှိသည်။

ကျင့်ကြံသူများမှာ ခုခံရှောင်တိမ်းခြင်းမပြုနိုင်ဘဲ အရေပြားသပ်သပ်အခွံချည်းကျန်သည်အထိ စုပ်ယူခြင်းခံရ၏။

ထို့ကြောင့်လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း ဝမ်ယုကုန်းမြေတွင် ကောင်းကင်ဘုံအဆင့်ရှိသော အစွမ်းထက်သူအသစ်များ မပေါ်ပေါက်နိုင်ခဲ့တော့ပေ။

"သူ့ရဲ့ ဇာစ်မြစ်ကို သိတဲ့သူ ရှိလား"

အဖြူရောင် နတ်သမီးတစ်ပါးက ကျိယွမ်အကြောင်းကို စိတ်ဝင်စားစွာ မေးသည်။

"သင်္ချိုင်းပန်းနတ်သမီး၊ သူက ရိကွမ်းတားမြစ်နယ်မြေက လာတာဆိုတော့။ သတို့သမီးမင်းသမီးရဲ့ အရင်းအမြစ်တွေနဲ့ ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်နိုင်တယ်"

အဘိုးအိုတစ်ဦးက နတ်သမီးကို ခိုးကြည့်ရင်း ပြောလိုက်သည်။

"ဟွန့်၊ ရွှေချပ်ဝတ်က အဲ့ဒီမိန်းမဆိုးအတွက် ကောင်းမွန်တဲ့အရာတွေ အများကြီး ထားခဲ့ပုံရတယ်"

သင်္ချိုင်းပန်းနတ်သမီးက မကျေနပ်သလိုလှောင်ပြောင်လိုက်၏။ ရွှေချပ်ဝတ်သည် ကောင်းကင်ဘုံနတ်ဘုရား၏ နာမည်ဖြစ်လေသည်။

ကျန်သောသူအားလုံးက သင်္ချိုင်းပန်းနတ်သမီး၏ ဒေါသကိုလည်း မဆွချင်သောကြောင့် ခပ်ဆိတ်ဆိတ်သာနေလိုက်သည်။

နဖူးတွင် ဒေါင်လိုက်မျက်လုံးရှိသော အရပ်မြင့်မြင့်အမျိုးသားက အရေးကြီးသောအချက်ကို သတိပေးလိုက်သည်။

"ဘာပဲပြောပြော သူက နတ်ဘုံအဆင့်ထဲကို ဝင်တော့မှာ၊ သတို့သမီးမင်းသမီးအသစ်ရဲ့ ခင်ပွန်းလည်းဖြစ်တဲ့အတွက် သူနဲ့ငါတို့က တစ်ဖွဲ့တည်းပဲ ဖြစ်သင့်တယ်"

"နောက်ထပ် အနှစ်သုံးရာကြာပြီးရင် ကောင်းကင်ဝါးမျို ခွေးနက်ကြီးက လကိုဝါးမျိုလိမ့်မယ် ၊အဲဒီအချိန်က ပြင်ပနတ်ဆိုးတွေ အားအနည်းဆုံးအချိန်ပဲ ၊အဲဒီအချိန်က သီးခြားကမ္ဘာတားမြစ်နယ်မြေကို ငါတို့တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ"

ပြင်ပနတ်ဆိုးများသည် သီးခြားကမ္ဘာတားမြစ်နယ်မြေကို သိမ်းပိုက်ခဲ့ပြီး လူ့လောကတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူများနှင့် နတ်ဘုံအဆင့်မှ အစွမ်းထက်သူများသည် ကုန်းမြေတိုက်ကြီးများတွင် မနေရဲတော့ဘဲ ယင်ယန်တားမြစ်နယ်မြေနှင့် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင် ပုန်းအောင်းနေခဲ့ကြရသည်။

ထိုသို့ပုန်းအောင်းရင်းမှ သူတို့သည် နှစ်ထောင်ပေါင်းများစွာ လျှို့ဝှက်စွာလေ့ကျင့်ပြီး စွမ်းအားများကို ရနိုင်သမျှစုဆောင်းနေခဲ့ကြ၏။ထို့နောက် နတ်ဆိုးများ ခွန်အားအနည်းဆုံးဖြစ်မည့် အချိန်ကိုစောင့်ကာ တိုက်ခိုက်ရန် ကြံစည်ခဲ့သည်။

ထိုအချိန်တွင် နတ်ဆိုးများကို တညီတညွှတ်တည်း စုပေါင်းသတ်ဖြတ်ရန်အတွက် အစည်းဝေးပွဲတစ်ခုကျင်းပပြီး စုပေါင်းအင်အားဖြင့် သီးသန့်ကမ္ဘာတားမြစ်နယ်မြေရှိ နတ်ဆိုးများကို တိုက်ခိုက်ရန်အစီအစဥ်ဆွဲထားပြီးဖြစ်လေသည်။

နတ်ဆိုးများကသာ ပြင်ပကမ္ဘာတားမြစ်နယ်မြေကို အပြည့်အဝသိမ်းပိုက်နိုင်သွားလျှင် ဝမ်ယုကုန်းမြေ၌ နတ်ဆိုးများလွတ်လပ်စွာလှုပ်ရှားသွားနိုင်တော့မည်ဖြစ်၏။ထိုအချိန်သို့ရောက်လျှင် ယင်ယန်တားမြစ်နယ်မြေနှင့် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေများကပင် သူတို့ကိုတားဆီးန်ိင်မည်မဟုတ်တော့ပေ။အားလုံးက ပျက်ဆီးဆုံးရှုံးခြင်းသို့ရောက်ရှိသွားမှာ သေချာသည်။

"နတ်ဆိုးသတ်ပွဲအတွက် ဖိတ်စာကို သူ့အတွက် ပို့ပေးသင့်တယ်လို့ ငါကတော့ထင်တယ်"

နဖူးတွင် ဒေါင်လိုက်မျက်လုံးရှိသော အမျိုးသားက အကြံပြုလိုက်သည်။

"ဒါပေမယ့် သူက နတ်ဘုံအဆင့်ထဲကို မရောက်သေးဘူးလေ။အကျည်းတန်ဝတ်စုံဘုရင်ရဲ့စမ်းသပ်မှုကိုတောင် မအောင်နိုင်သေးဘူးထင်တယ်"

အမျိုးသားတစ်ဦးက သင်္ချိုင်းပန်းနတ်သမီး၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးစားရင်း ပြောလိုက်သည်။

သင်္ချိုင်းပန်းနတ်သမီးသည် သတို့သမီးမင်းသမီးကို မကြိုက်သောကြောင့် သူမ၏ခင်ပွန်းဖြစ်လာသူကိုလည်း မကြိုက်သည်က သဘာဝပင် ဖြစ်သည်။ ကျိယွမ်အား ဖိတ်ခေါ်ရန်အကြံကို ကန့်ကွက်လိုက်သောအမျိုးသားက သင်္ချိုင်းပန်းနတ်သမီးကို လေးစားသူဖြစ်သည်။ထို့ကြောင့်သူမ၏ခံစားချက်များကို မဆန့်ကျင်လိုပေ။

"သတို့သမီးမင်းသမီးရဲ့ အကူအညီနဲ့ ဆိုရင်

အကျည်းတန်ဝတ်စုံဘုရင်ကိုသတ်တာက အချိန်မကြာလောက်ပါဘူး၊ဒါပေမဲ့ ငါစဥ်းစားမရတာက......"

"သတို့သမီးမင်းသမီးက ဘာလို့သူ့ကိုခင်ပွန်းအဖြစ်ရွေးချယ်ခဲ့တာလဲ၊သူမက တုန်ကိုရွေး

ရွေးချယ်ခဲ့မယ်ဆိုရင်...တုန်မ​ဟုတ်ရင်တောင် ငါတို့ထဲကအခြားတစ်ယောက်ကို

ရွေးခဲ့မယ်ဆိုရင်တောင် ငါတို့အင်အားကအများကြီးတိုးလာဦးမယ်၊အဲဒါဆိုရင် နတ်ဆိုးသတ်ပွဲအတွက် ပိုပြီးအာမခံချက်ရှိမှာ"

အဘိုးအိုက ဆက်လက်ညည်းညူနေ၏။သတို့သမီးမင်းသမီးက အဆင့်နိမ့်သောအပြင်လူတစ်ဦးကို ရွေးချယ်ခဲ့ခြင်းအပေါ် အလွန်စိတ်ပျက်နေကြောင်း သိသာလှသည်။

"အခုတော့ ဒီနှစ်ပေါင်းသုံးရာအတွင်းမှာ သတို့သမီးမင်းသမီးရဲ့အထောက်အပံ့ကိုရရင်တောင် သူ့ရဲ့တိုကိခိုက်ရေးစွမ်းအားက ဒုတိယခေါင်းဆောင်အဆင့်နဲ့နီးစပ်ရုံပဲရှိမယ်၊အလကားပဲပေါ့ "

တုန်ဆိုသူမှာ နဖူးတွင်ဒေါင်လိုက်မျက်လုံးရှိသောအမျိုးသားဖြစ်ပြီး လက်ရှိအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည်။သူက နတ်ဘုံအဆင့်အထွတ်အထိပ် ကျင့်ကြံသူဖြစ်သည်။

သို့သော် သူတို့အဖွဲ့ထဲ၌ နတ်ဘုံအထွတ်အထိပ်အဆင့်က တုန်တစ်ယောက်တည်းတော့ မဟုတ်ပါ။ယခုယင်ယန်တားမြစ်နယ်မြေတွင် တစ်ဦးရှိပြီး ဒြပ်စင်ငါးပါးတားမြစ်နယ်မြေမှာဆိုလျှင် နှစ်ဦးရှိ၏။

တစ်ချိန်က ကောင်းကင်ဘုံနတ်ဘုရားသည်လည်း နတ်ဘုံအဆင့်အထွတ်အထိပ်တစ်ဦးဖြစ်သည်။

သင်္ချိုင်းပန်းနတ်သမီးနှင့် အခြားသူများမှာ အဆင့် ၉၅ မှ ၉၈ ကြားတွင်ရှိကြပြီး နတ်ဘုံခေါင်းဆောင်အဆင့်များ ဖြစ်သည်။

သတို့သမီးမင်းသမီး၏ခင်ပွန်းကတော့ နတ်ဘုံအဆင့်သို့ပင် မရောက်သေးသူဖြစ်သည်။သတို့သမီး၏ ထောက်ပံ့မှုကြောင့် နတ်ဘုံအဆင့်သို့တက်နိုင်ခဲ့လျှင်တောင် နှစ်သုံးရာအတွင်း ဒုတိယခေါင်းဆောင်အဆင့်တစ်ဦးသာ ဖြစ်လာမှာသေချာသည်။

ထိုသူ့ကိုရွေးမည့်အစား အဖွဲ့၏လက်ရှိထိပ်တန်းလူများကိုသာ သတို့သမီးမင်းသမီး၏အကူအညီပေးလိုက်ပါက နတ်ဘုံအထွတ်အထိပ်အဆင့် သို့မဟုတ် ထိုအဆင့်ထက်ပင်ပို၍မြှင့်တင်ပေးနိုင်ပြီး နတ်ဆိုးများကိုအနိုင်ယူရန် ပိုကောင်းသောအခွင့်အရေးကို ပေးနိုင်မည်မဟုတ်ပါလား။ယခုတော့ အခွင့်အရေးကို ဖြုန်းတီးပစ်သလိုပင်။

"ဒါတွေပြောနေလို့ ဘာအသုံးဝင်မှာလဲ။ မင်းတို့ထဲမှာဘယ်သူက သတို့သမီးမင်းသမီးကိုရှာဖို့အတွက် ယင်ယန်တားမြစ်နယ်မြေအပြင်ကိုတောင်ထွက်ရဲ့လို့လဲ။ပြီးတော့ သတို့သမီးမင်းသမီးအသစ်တစ်ပါး မွေးဖွားလာတယ်ဆိုတာ ငါတို့တောင် မသိခဲ့ဘူး"

ခပ်ဝဝသော အမျိုးသားတစ်ဦးက စိတ်မရှည်သလို ထပြောလိုက်လေသည်။ပြီးပြီးသားကိစ္စများကို ညည်းညူနေ၍ ဘာအကျိုးရှိမည်နည်း။

အချို့က သိပ်မကျေနပ်သော်လည်း အချို့က စဥ်းစားသလို အသံတိတ်သွားကြသည်။

"ငါက သတို့သမီးမင်းသမီးသူ့ကို လက်ထပ်လိုက်တာက အကျိုးမရှိဘူးလို့ ထင်မိလို့ပါ"

သတို့သမီးမင်းသမီး၏ ခင်ပွန်းဖြစ်သူအကြောင်းကို ဆက်မပြောတော့သော်လည်း အဘိုးအိုက အခြားတစ်မျိုးကို စိုးရိမ်သွားပြန်၏ ။

"ပြင်ပနတ်ဆိုးတွေက အရမ်းကြောက်စရာကောင်းတယ်။ ကောင်းကင်ဘုံနတ်ဘုရားတောင် သူတို့ရဲ့ ပြိုင်ဖက်မဟုတ်ခဲ့ဘူး။ နောက်နှစ်သုံးရာမှာလုပ်မဲ့ နတ်ဆိုးသတ်ပွဲကိုရော ငါတို့ကအနိုင်ရနိုင်ပါ့မလား"

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတွင် ပေါ်ထွက်ခဲ့သည့် ကောင်းကင်ဘုံနတ်ဘုရားသည် အလွန်သန်မာခဲ့သည်။ယခုလက်ရှိတွင် အမြင့်ဆုံးဖြစ်သော တုန်နှင့် အခြားတားမြစ်နယ်မြေမှ နတ်ဘုံအထွတ်အထိပ်များပင် သူ့ကိုအနိုင်မယူနိုင်ပါ။

ထိုမျှအစွမ်းထက်သော ကောင်းကင်ဘုံနတ်ဘုရားပင် ပြင်ပမိစ္ဆာများကို ရှုံးနိမ့်ခဲ့ရသည်။ယခုလက်ရှိ သူတို့၏အင်အားလေးဖြင့်မည်သို့ အနိုင်ယူနိုင်မည်နည်း။

အဘိုးအိုက ရင်လေးစွာ သက်ပြင်းချလိုက်၏။

"တိုက်ပွဲမစခင်ကတည်းက အရှုံးပေးနေတာလား၊အဘိုးကြီးတန် မင်းကကြောက်နေတာလား ၊ မင်းအချစ်ဆုံး မြေးမလေးကို နတ်ဆိုးတွေရဲ့ငါးမြှားတံက ထိုးဖောက်ပြီး သူ့ရဲ့အသားနဲ့ဦးနှောက်တွေကို စားပစ်တာ ငါမှတ်မိသေးတယ်"

ခပ်ဝဝအမျိုးသား၏ စကားကိုကြားသောအခါ တန်ဟူသော အဘိုးအို၏မျက်နှာက မခံစားနိုင်သလို ပြောင်းလဲသွားသည်။

"အခုချိန်မှာ ခွန်အားတစ်စက်စီတိုင်းက ငါတို့အတွက် အရေးကြီးတယ်။ ဘာပဲဖြစ်ဖြစ် သတို့သမီးမင်းသမီးရဲ့ခင်ပွန်းက ငါတို့လူသားလောကထဲက ကျင့်ကြံသူပဲလေ၊တစ်ဖွဲ့တည်းသားအချင်းချင်း ဘယ်လိုများမကောင်းကြောင်း ပြောနိုင်ရတာလဲ"

"ဘာကိုတစ်ဖွဲ့တည်းသားလဲကွ"

"သတို့သမီးမင်းသမီးက သူ့အတွက် အလဟဿဖြုန်းတီးခဲ့တာပဲ။ သူမကသာ တုန်ကို ရွေးချယ်ခဲ့မယ်ဆိုရင် ဒုတိယ ကောင်းကင်ဘုံနတ်ဘုရားကို ဖန်တီးနိုင်ပြီး ပိုတောင် အစွမ်းထက်နိုင်သေးတယ်"

လူတိုင်းက မိမိတို့ကိုယ်ပိုင်အတွေးအမြင်အရ အားသန်ရာဘက်ကိုဆွဲကာ ငြင်းခုံနေကြပြီး စကားဝိုင်းကဆူညံလာ၏။

ထိုအခါ တုန်သည် ကြောက်မက်ဖွယ်ကောင်းသော ခေါင်းဆောင်လေသံဖြင့် စိတ်မရှည်တော့သလို ထိန်းသိမ်းလိုက်သည်။

"တော်ကြတော့၊ ရန်သူက တံခါးဝမှာရောက်နေပြီး၊ အတွင်းပိုင်းပြဿနာတွေ မဖြစ်သင့်ဘူး။ မိုလီ၊ သတို့သမီးမင်းသမီးရဲ့ ခင်ပွန်းဆီကို နတ်ဆိုးသတ်ပွဲအတွက် ဖိတ်စာ ပို့လိုက်"

"ဟုတ်ကဲ့ပါ အရှင်"

မိုလီက ရိုသေစွာ ပြန်ဖြေလိုက်ပြီး လက်ဟန်အချို့ပြုလုပ်ကာ ဖိတ်စာတစ်စောင်ကိုဖန်တီးလိုက်သည်။

..................

ချိကွမ်းတားမြစ်နယ်မြေတွင် ဂိမ်းထဲမှထွက်ခွာလုဆဲဆဲရှိနေသော ကျိယွမ် အံ့သြသွား၏။

"ဒါက ဘာလဲ၊ဖိတ်စာလား"

သတို့သမီးလေးထံမှ ဖိတ်စာတစ်စောင်ထွက်ကျလာသည်။သစ်သားပြားမဟုတ်ဘဲ ရှေးဟောင်းအပြင်အဆင်နှင့် ဖိတ်စာတစ်စောင်ဖြစ်နေ၏။

"ယနေ့မှစ၍ အနှစ်သုံးရာကြာလျှင်ကျင်းပ

မည့် နတ်ဆိုးသတ်ပွဲဆိုပါလား"

"ငါမတတ်ဘူး"

"အနှစ်သုံးရာလို့ပဲ ၊အနှစ်သုံးရာကြာရင် ငါ့သမီးက စကြာဝဠာကို လွှမ်းမိုးနေလောက်ပြီ"

-------------

All Chapters