နန်းမြို့တော်၏ အကျပ်အတည်း
Vol. 4 Ch. 47
ကျိယွမ်သည် ဖိတ်ကြားမှုကို မှတ်ထားလိုက်သည်။
သို့သော်နှစ်သုံးရာကြာမှ ကျင်းပမည့် နတ်ဆိုးသတ်ပွဲကို သူကမည်သို့တတ်ရောက်နိုင်မည်နည်းဟုလည်း တွေးမိ၏။နှစ်သုံးရာဆိုသည့်ကာလအတွင်း ချင်မင်းဆက်ကြီးတစ်ခုလုံးပင် ပျက်စီးသွားခဲ့သည် မဟုတ်ပါလား။ကျိယွမ်လို သာမန်လူတစ်ယောက်က မည်သို့တည်ရှိနိုင်တော့မည်နည်း။
"ဒီကောင်တွေ လူများမှားပို့မိသလား၊ထားတော့.....
သူသည် ဖိတ်စာကို ဆက်လက်အာရုံမပြုတော့ဘဲ ဂိမ်းထဲမှ လျင်မြန်စွာလော့အော့ဖ်လုပ်လိုက်ပြီး ည၏ကျန်ရှိသောအချိနိကို အိပ်စက်ရင်းဖြင့် အချိန်ကုန်ဆုံးစေခဲ့သည်။
မနက်ခင်းသို့ရောက်တိုင်း သူ့အားစိတ်အနှောင့်အယှက်ပေးနေကြဖြစ်သော သစ်သားကြောင်ရုပ်က အိပ်ရာထရန် အဆက်မပြတ် အော်နေ၏။ယခုတစ်ကြိမ်တွင် ကျိယွမ်က၄င်းပါးစပ်ထဲသို့ ငါးခြောက်သေးသေးလေးတစ်ကောင်ကို ပစ်မထည့်တော့ပါ။
သူသည် အိပ်ရာပေါ်မှ ပျင်းရိစွာထလိုက်ပြီး သစ်သားကြောင်ရုပ်၏ ခေါင်းကိုပုတ်လိုက်၏။ကောက်ရိုးအိမ်လေး၏ အပြင်ဘက်မှတော့ လှပသောနံနက်ခင်း၏ နုပျိုသောအလင်းရောင်က သူ့အားကြိုဆိုနေသည့်အလား တောက်ပလျှက်ရှိသည်။
"တစ်နေ့တာအတွက် အကောင်းဆုံးအချိန်က မနက်ခင်းမှာပဲ ရှိတယ်"
သူသည် အလိုလိုပင် အားအင်များ ပြန်လည်ပြည့်ဖြိုးလာသလိုခံစားရပြီး လန်းဆန်းတက်ကြွနေသည်။
ကျိယွမ်ကသူ၏ သိုလှောင်အိတ်ထဲသို့ စစ်ဆေးလိုက်သည်။ စာအုပ်များနှင့် ကျင့်ကြံခြင်းဆိုင်ရာ ကျောက်စိမ်းပြားများကို မြင်လိုက်ရသောအခါ သူ၏မျက်နှာကရှုံ့မဲ့သွားသည်။
"တခြားကမ္ဘာတစ်ခုကို ရောက်လာတာတောင် ၉၉၆ အလုပ်လုပ်ရတုန်းပဲ"
မဟူတောင်တန်းဂိုဏ်းကိုဖျက်ဆီးခဲ့စဥ်က ဝိညာဥ်ကျောက်တုံးများထက် စာကြည့်တိုက်ကို ဦးစားပေးမွှေနှောက်ပြီး ကျင့်ကြံခြင်းဆိုင်ရာ ကျောက်စိမ်းပြားများကို ရသလောက်ယူခဲ့ရန် ကျိယွမ်ကြိုးစားခဲ့သည်။
သူ့အတွက် ကျင့်ကြံခြင်းနည်းစနစ်များသည် အရေးအကြီးဆုံးအရာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာရှိ ကျင့်ကြံခြင်းနည်းစနစ်အများစုသည် သူ့အတွက် မသင့်လျော်ဟု ယူဆထားသောကြောင့် ဖြစ်သည်။ထို့ကြောင့် သူ့အတွက် သင့်လျော်သောနည်းစနစ်တစ်ခုကို သူကဖန်တီးနိုင်ရန်ကြိုးစားနေရသည်။
သူကနည်းစနစ်စာအုပ်ပေါင်းများစွာကို စစ်ဆေးပြီး သူ၏မျက်လုံးများကိုအသုံးပြုကာ အသုံးဝင်သောအချက်အလက်များကို ရှာဖွေစုဆောင်းရမည် ။ ထို့နောက် သင့်တော်သောအချက်များကို အခြေခံ၍ သူ၏ကိုယ်ပိုင်နည်းစနစ်ကို ပြီးပြည့်စုံသွားအောင်လုပ်ရန်လိုအပ်သည်။
ပြီးခဲ့သည့်အကြိမ်က ညီမလေးကျန်းလင်းစုထံမှ ကျင့်ကြံခြင်းနည်းစနစ်များပါဝင်သောကျောက်စိမ်းပြားရရှိခဲ့ပြီး ကျိယွမ်သည် ၎င်းကိုနားလည်ရန် နှစ်ရက်တိတိဖတ်ရှုခဲ့ရသည်။
ယခုအခါမှာတော့ သူဖတ်ရမည့် နည်းစနစ်ပေါင်းက ၆၀၀ ကျော်နေပြီး အများစုက စာအုပ်များပေါ်တွင် ရေးထားခြင်းဖြစ်သည်။
"ဟူး....ဒီငမွဲဂိုဏ်းက နည်းစနစ်တွေကိုကျောက်စိမိးပြားနဲ့ရေးရတယ်ဆိုတာမသိဘူးလား၊အခုတော့ ငါကစုပ်ယူလို့မရတော့ဘူး၊တစ်အုပ်ချင်း ဖတ်ရတော့မယ်"
နည်းစနစ်ကျောက်စိမ်းပြားများမှအချက်အလက်များကို စုပ်ယူနိုင်သော်လည်း စာအုပ်များကမူ ထိုသို့မရချေ။
ထို့အပြင် ပြီးခဲ့သည့်အကြိမ်က ချီသန့်စင်ခြင်းအဆင့်အတွက် နည်းစနစ်များသာဖြစ်သောကြောင့် သူနားလည်းထားသော အချက်အလက်အများစုပါနေသဖြင့် လျှင်မြန်စွာဖတ်ရှုနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါမှာတော့ စာအုပ်များက အခြေတည်အဆင့်အတွက်နည်းစနစ်များဖြစ်နေသည်။ ထိုအဆင့်ကို သူမကျွမ်းကျင်ပါ ။ထို့ကြောင့် နည်းစနစ်များကို ပြီးပြည့်စုံအောင်နားလည်ရန်အတွက် သူသည် သေသေချာချာဖတ်ရှုရန်လိုအပ်သည်။
ကျိယွမ်က သူ့ရှေ့တွင်ရှိနေသော စာအုပ်ပုံကြီးကို ကြည့်ကာခေါင်းယမ်းမိလေ၏။
"တစ်လနဲ့တောင် ပြီးမှာမဟုတ်ဘူး၊ဒါပေမဲ့ ငါကလည်း ဒီလောက်နဲ့အရှုံးပေးမဲ့သူ မဟုတ်ဘူးကွ"
ဆုံးဖြတ်ပြီးလျှင် မဖြစ်ဖြစ်အောင်လုပ်တတ်သော ကျိယွမ်သည် စာအုပ်များကြားတွင် နစ်မြုပ်နေပြီး စိတ်နှစ်ကာ ကြိုးစားဖတ်ရှုနေသည်။
သူသည် စာအုပ်တိုင်းကို အလွန်အလေးအနက်ထား၍ ဖတ်၏။
စာအုပ်များအားလုံးသည် အခြေတည်အဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးရန်အတွက် အခြေခံအုတ်မြစ်များ ဖြစ်လေသည်။
သူသည် ခက်ခဲသော ကျင့်ကြံခြင်းနည်းစနစ်စာအုပ်များဆိုလျှင် ယခင်ဘဝမှ အဆင့်မြင့်သင်္ချာစာအုပ်များထက်ပင် ပိုမိုအာရုံစိုက်၍ ဖတ်သည်။
ထို့ကြောင့်သူ၏ စာဖတ်နှုန်းက အလွန်နှေးကွေးနေတော့သည်။ စာအုပ်တစ်အုပ်တည်းကိုဖတ်ရန်ပင် အချိန်များစွာယူရပြီး ကျောက်စိမ်းပေလွှာများနှင့် လုံးဝကွာခြားလေသည်။
"ငါသာ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို အမြန်ဆုံး တည်ထောင်နိုင်ရင် နတ်ဘုရားအာရုံကို အပြင်ထုတ်နိုင်ပြီ၊ဒါဆိုရင် စာဖတ်ရတာ ဒီလောက်ပင်ပန်းတော့မှာ မဟုတ်ဘူး"
ကျိယွမ်သည် စာအုပ်တစ်အုပ်ကို လှန်လှောရင်း နတ်ဘုရားအာရုံသည် မည်မျှအသုံးဝင်ကြောင်း တွေးနေသည်။
သို့သော်အခြေတည်အဆင့်သို့ ရောက်ပြီးမှသာ စိတ်စွမ်းအားကို အပြင်ထုတ်နိုင်ပြီး စိတ်စွမ်အားဖြင့်စာဖတ်ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။
..............
ဤသို့ဖြင့် နေစဥ့်နေတိုင်း ကျိယွမ်သည် နေ့ဘက်တွင် စာအုပ်များကိုဖတ်ပြီး ညဘက်တွင် ဂိမ်းထဲသို့ဝင်ကာလေ့ကျင့်၏။
ယခုဆိုလျှင် သတို့သမီးလေး၏ အကူအညီဖြင့် ကျိယွမ်သည် ရိကွမ်းတားမြစ်နယ်မြေမှ မကောင်းဆိုးရွားများအားလုံးကို အနိုင်ယူနိုင်သလောက်ရှိပြီဖြစ်သည်။
အကျည်းတန်ဝတ်စုံမကောင်းဆိုးရွားဘုရင်ကြီးကို မသတ်နိုင်သေးသော်လည်း သူ၏လက်ရှိစွမ်းအားဖြင့် ၄င်းကိုဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။
တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းခဲ့သော အကျည်းတန်ဝတ်စုံဘုရင်ကြီးသည် ကျိယွမ်ကို တုံ့ပြန်ရန် နည်းလမ်းများ မရှိသလောက်နည်းလာ၏။
ကျိယွမ်က ရိကွမ်းတားမြစ်နယ်မြေတွင် စိတ်တိုင်းကျ တိုက်ခိုက်သတ်ဖြတ်တော့သည်။
"ခေါင်းခွံကွဲအက် ခုတ်ချက်"
"ငါ့မှာခေါင်းမှမရှိတာ ဘယ်လိုလုပ် ခေါင်းခွံကို ခွဲမှာလဲ"
"ရှောင်ရှင်းဓားမိုးရွာခြင်း စွမ်းရည်"
"အား...သေပါပြီ"
ကျိယွမ်သည် ရိကွမ်းရှိအဝတ်အစားမကောင်းဆိုးရွာများကိုသတ်တိုင်း စိတ်ကူးတည့်ရာ အသံများအော်ပေးပြီး သူ့ကိုယ်သူ ဖျော်ဖြေကာ ပျော်ရွှင်မှုရှာရသည်။
ထိုသို့မဟုတ်လျှင် နေ့စဥ်ရက်ဆက် အဝတ်အစားများကိုချည်း အမြဲခုတ်သတ်နေရသည့်ဘဝက အလွန်ပျင်းစရာကောင်းနေမည်ဖြစ်၏။
သူ၏အတွေ့အကြုံရမှတ်များကလည်း တဟုန်ထိုးတက်လာသည်။
သူသည် အဆင့် ၉၀ သို့ ရောက်ရန် သိပ်မလိုတော့ဟု ခံစားမိလေသည်။
ထိုအခိုက် အဝေးမှချဉ်းကပ်လာသော အကျည်းတန်ဝတ်စုံမကောင်းဆိုးရွားဘုရင်ကို ကျိယွမ် တစွန်းတစမြင်လိုက်ရသည်။
"ပြန်ဖို့ အချိန်ရောက်ပြီ"
သူသည် ဘုရင်ကြီးနှင့် တိုက်ခိုက်ရသည်ကိုပျင်းရိနေသည်။အကြိမ်များစွာ တိုက်ခဲ့သော်လည်း ထိုမကောင်းဆိုးရွားကြီးကို သူက မသတ်နိုင်သေးပါ။ ထို့ကြောင့် အဆင့် ၉၀ သို့ ရောက်သည်အထိ စောင့်ဆိုင်းပြီးမှ ပိုမိုကောင်းမွန်သော အခွင့်အရေးကို ရယူလိုသည်။
ဆုံးဖြတ်ပြီးသည်နှင့် ကျိယွမ်သည် လျင်မြန်စွာ ထွက်ခွာခဲ့သည်။
ယနေ့အတွက် သူကလုံလောက်အောင် သတ်ပြီးခဲ့လေပြီ။ အချိန်ကြာမြင့်စွာ ဂိမ်းထဲ၌ဆက်နေလျှင် သူ၏စိတ်စွမ်းအားကလည်း ခံနိုင်တော့မည်မဟုတ်ပေ။
ကျိယွမ်သည် ထုံးစံအတိုင်း သင်္ချိုင်းမြေတွင်တွင်းတစ်တွင်းကို တူးသည်။
ရုတ်တရက် အနည်းငယ်ထူးခြားသောသစ်ပင်တစ်ပင်ကို သတိထားမိသွား၏။အပင်က တော်တော်ကြီးကို ကောက်ကွေးနေကာ အဖုအထစ်များကလည်း ထူထပ်လှသည်။အပင်ကတင်ထူးခြားသည်မဟုတ် အသီးကလည်း ခပ်ဆန်းဆန်းပင်။ စပျစ်သီးနှင့်ပန်းသီးကိုပေါင်းစပ်ထားသလိုဖြစ်နေသည်။
ကျိယွမ်စိတ်ဝင်စားသွား၏ ။ ထိုမျှထူးခြားနေပုံထောက်လျှင် ဒဏ္ဍာရီလာ အသီးတစ်မျိုးမျိုးများဖြစ်နေမလား။
သူကအသီးတစ်လုံးကို ခူးပြီးကိုက်ကြည့်လိုက်ရာ ချဥ်စူးသောအရသာက သူ၏လျှာပေါ်တွင် ယမ်းမီးတစ်မျိုးလို ပေါက်ကွဲသွားလေသည်။
"မဆိုးဘူး ၊ နင်ရော စမ်းကြည့်မလား"
သူက သတို့သမီးလေးကို တစ်လုံးကမ်းပေးလိုက်၏။
သူမက တုန့်ပြန်မှုမရှိပေ။
ကျိယွမ်သက်ပြင်းချမိသည်။
"နင့်မှာ ပါးစပ်မရှိတော့ မစားနိုင်ဘူးပေါ့၊ငါတို့တကယ်ပဲ ကွာရှင်းရတော့မယ် ထင်တယ်"
သတို့သမီးလေးက စိတ်ဆိုးသွားဟန်ရှိပြီး
"အတူတူနေမယ်" ဟု ရေးထားသော သစ်သားပြားတစ်ခုကို ထုတ်ပြလိုက်သည်။
ကျိယွမ်က သဘောကျသလို ပြုံးကာ သတို့သမီးလေးကို ဖက်ပြီး တွင်းထဲသို့ ခုန်ဆင်းသွားသည်။
သစ်သီးများက ဆန်းကြယ်သော်လည်း သာမန်ဖြစ်နေသည်။ယခင်ဘဝတွင် သိုင်းစာစဥ်များဖတ်ခဲ့ခြင်းကြောင့် သူ၏အတွေးတော်က ဘေးချော်သွားခြင်းဖြစ်ပုံရ၏။
အထဲ၌ သက်တောင့်သက်သာရှိသော အနေအထားအတိုင်း လှဲလိုက်ပြီး အေးစက်နေသော သတို့သမီးလေးကို ဖက်ထားရင်း မှ ကျင်းလီထံ စာပို့လိုက်သည်။
သို့သော် သူသည် တိတ်ဆိတ်ပြီး ချစ်စရာကောင်းသော သတို့သမီးလေးကို နှစ်သိမ့်သလို ငုံ့ကြည့်လိုက်မိ၏။
ထိုအခိုက်ကျိယွမ်က တစ်စုံတခုကိုတွေးမိသွားသဖြင့် ခေတ္တရှုပ်ထွေးသွားသည်။
"ငါ့မှာမိန်းမရှိရဲ့သားနဲ့ လိုင်းပေါ်မှာ နောက်ထပ်တစ်ယောက်နဲ့ စကားပြောနေတာက ဖောက်ပြန်တာပဲ မဟုတ်လား "
သို့သော်က သူကကျင်းလီနှင့်အရင်ဆုံတွေ့ခဲ့ပြီးမှ သတို့သမီးလေးနှင့်လက်ထပ်ခဲ့ခြင်းဖြစ်သည်။ထို့အပြင် လက်ထပ်ပွဲကလည်း တရားဝင်မဟုတ်ခဲ့ပေ။
"ငါကလည်း ဘာတွေတွေးမိမှန်းမသိဘူး။"
သူကသတို့သမီးလေးအပေါ်၌ တင်နေသောဖုန်စများကို ခါပေးလိုက်ပြီး ကျင်းလီနှင့် နေ့စဉ်စကားပြောခြင်းကို ပြန်လည်စတင်၏
"စစ်မာတျန်းဆီက ဘာလှုပ်ရှားမှုများ ရှိသေးလဲ"
"သတိထားပါ"
"ငါ ရိကွမ်းတားမြစ်နယ်မြေကို သိမ်းနိုင်ဖို့နီးနေပြီ။ မင်းကို ငါကူညီနိုင်မယ်ထင်တယ်"
"ကောင်းသောညပါ၊ အရမ်းပင်ပန်းနေလို့ ဂိမ်းဆက်မဆော့နိုင်တော့ဘူး။ စာအုပ်တွေဖတ်ဖို့ မနက်အစောကြီးထရမယ်"
ဆက်တိုက်ဝင်ရောက်လာသော စာများကိုမြင်ပြီးနောက် ပိုးသားဝတ်ရုံဝတ်ထားသော ကျင်းလီက "ကောင်းသောညပါ" ဟုပြန်လည်နှုတ်ဆက်လိုက်သည်။သူမက အေးအေးဆေးဆေးစကားပြောချင်နေသော်လည်း ကျိယွမ်က ပင်ပန်းနေပြီဟုဆိုသဖြင့် မနှောက်ယှက်ချင်တော့ပါ။
အမှန်ပြောရလျှင် သူမ၏မျက်နှာသည် စိုးရိမ်မှုများဖြင့် ဖုံးလွှမ်းနေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က အမတ်ချုပ်အိမ်တော်မှ ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦး ပဟေဋိဆန်စွာ သေဆုံးခဲ့သည်။
ကျင်းလီအတွက် သတင်းကောင်းဖြစ်သင့်သော်လည်း သူမသည် လုံးဝပျော်ရွှင်ခြင်းမရှိပေ။
စစ်မာတျန်းသည် ယနေ့အထိ နန်းတွင်းလုပ်ထုံးအချို့ကို ထိန်းသိမ်းခဲ့သည်။သူက အလျင်လိုခြင်းမရှိဘဲ စိတ်ရှည်စွာ ဆောင်ရွက်ခဲ့၏။
ယခုအခါမှာတော့ သူအားထားရသော ဧကရာဇ်အဆင့်တစ်ဦး သေဆုံးသွားခြင်းကြောင့် စစ်မာတျန်းသည် အများအမြင်နှင့်တရားဝင်မှုကို ဂရုမစိုက်တော့ဘဲ အတင်းအဓမ္မ အာဏာသိမ်းရန် ကြံစည်လာနိုင်သည်ဟု ကျင်းလီတွေးမိနေသည်။
လက်တလောတွင်လည်း စစ်မာတျန်း၏ သြဇာခံ စစ်တပ်များကလည်း သိသိသာသာလှုပ်ရှားနေကြသည်ဟု ကျင်းလီစုံစမ်းမိထားလေပြီ။
မြို့အပြင်မှ စစ်တပ်၏သတ်ဖြတ်လိုသော အငွေ့အသက်များသည် နန်းမြို့တော်ကို ဖုံးလွှမ်းနေသည်ဟုပင် သူမ ခံစားနေရသည်။
သူမဘက်မှာတော့ အားကိုးနိုင်သည်မှာ နန်းတွင်းအစောင့်တပ် ထောင်ဂဏန်းမျှသာရှိသည်။
သူမသည် အခြေအနေကို မည်သို့ပြောင်းလဲနိုင်မည်နည်း။
စိတ်ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် တဖြည်းဖြည်းအိပ်ငိုက်လာသော ကျင်းလီသည် သတိမထားမိလိုက်ခင်မှာပဲ လင်လုံယွီရှီကို ကိုင်လျှက်သားမှ အိပ်ပျော်သွားတော့သည်။
................
ထိုအချိန်တွင် အမတ်ချုပ်အိမ်တော်၌ အရေးကြီးသော ကိစ္စကြီးတစ်ခုကို ကြံစည်နေကြသည်။
တစ်ချိန်က မာနကြီးပြီး ဂုဏ်ရှိန်မြင့်ခဲ့သော အမတ်ချုပ်ကြီး စစ်မာတျန်းသည် ယခုအခါ ခွေးတစ်ကောင်ကဲ့သို့ ကုန်းကုန်းကွကွ ဖြစ်ကာ ဦးချနေရသည်။
သူ၏အနီးတွင် လူနှစ်ဦးရှိနေသည်။ တစ်ဦးက ဝပြီး တစ်ဦးက ပိန်၏။
ဝသောသူသည် စစ်မာတျန်းမတွေ့ချင်ဆုံးသူဖြစ်သော နတ်ဆိုးတစ်ပါး ဖြစ်သည်။
လွန်ခဲ့သောနှစ်များက သူအာဏာရလာရန်ကြိုးစားစဥ်က ထိုနတ်ဆိုး၏ အင်အားကို ငှားရမ်းခဲ့ဖူးသည်။သူကအဆက်အသွယ်ဖြက်တောက်ခဲ့သော်လည်း နတ်ဆိုးက အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေပြီ။
ပိန်သောသူကတော့ တိန့်ယန်အထွတ်အမြတ်ဂိုဏ်းမှ ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထိုနှစ်ဦးသည် ယခုကဲ့သို့ပူးပေါင်းသွားလိမ့်မည်ဟု စစ်မာတျန်း မျှော်လင့်မထားခဲ့ပေ။
ယခုတော့ အင်အားအကြီးဆုံး အဖွဲ့အစည်းကြီးနှစ်ခုသည် နန်းကန်တိုင်းပြည်ကို ပစ်မှတ်ထားနေလေပြီ။
တိန့်ယန်အထွတ်အမြတ်ဂိုဏ်းမှ ပိန်သွယ်သော ဧကရာဇ်အဆင့်ကျင့်ကြံသူက သူ၏မျက်လုံးများကို မှေးကာကြည့်လိုက်သည်။သူက အလိုမကျဖြစ်နေသည်မှာ သေချာ၏။
“စစ်မာတျန်း၊ သူတို့က သေမျိုးစစ်သည်တွေပဲလေ။ ဘာလို့ တုံ့ဆိုင်းနေရတာလဲ။ ဒါက မင်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်လာမှာပါ။ သုံးနှစ်အတွင်း ဂိုဏ်းအရှင်သခင်ရဲ့ အစီအစဉ်အောင်မြင်သွားရင် တိုင်းပြည်ပေါင်းများစွာထဲက မင်းကြိုက်တဲ့တိုင်းပြည်ကို ရွေးချယ်နိုင်ပြီ”
စစ်မာတျန်း၏ လက်တွဲဖော်ဟောင်း နတ်ဆိုးကြီးကတော့ ကျယ်လောင်စွာ ရယ်မောကာ ကောက်ချက်ချလိုက်သည်။
"ကြီးမြတ်တဲ့အရာတွေကို လုပ်ဆောင်ဖို့ဆိုရင် သေးငယ်တဲ့စိတ်ထားနဲ့ မဖြစ်နိုင်ဘူး"
လွန်ခဲ့သော ရက်အနည်းငယ်က သူ၏နတ်ဆိုးမျိုးနွယ်စုသည် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းအရှင်သခင်အစစ်ဖြစ်သော အမြဲစိမ်းအင်မော်တယ်လိပ်ကြီးကို လုပ်ကြံရန်အတွက် တိန့်ယန်အထွတ်အမြတ်ဂိုဏ်း၏ ဂိုဏ်းသခင်အတုနှင့် ပူးပေါင်းခဲ့သည်။
အဖိုးအခအနေဖြင့် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းက နန်းကန်တိုင်းပြည်ကို နတ်ဆိုးမျိုးနွယ်စုထံ ပေးအပ်ခဲ့သည်။
ထို့ကြောင့် နတ်ဆိုးသည် နန်းကန်တိုင်းပြည်ကို အမြန်ဆုံးစီမံရန်အတွက် အမြင့်ဆုံးတော်ဝင်အမိန့်ကို ယူဆောင်လာခဲ့သည်။
အမိန့်က အလွန်ရိုးရှင်ပါသည်။နန်းကန်တိုင်းပြည်၏ စစ်အင်အားကို အားနည်းအောင်လုပ်ပြီး သွေးမဲ့ဧကရာဇ်တောင်ဝှေးဟုခေါ်သော ထိပ်တန်းဧကဇ်အဆင့်လက်နက်ကို သန့်စင်ရန်ဖြစ်သည်။
သို့သော် သွေးမဲ့ဧကရာဇ်တောင်ဝှေးကို သန့်စင်ရန်မှာ ထင်သလောက်မလွယ်ကူပါ။လူမဆန်အောင် ပြင်းထန်သောအခြေအနေများလိုအပ်၏။
ထို့ကြောင့် သူက စစ်မာတျန်းကို ဖိအားပေးရန် တိန့်ယျန်ဂိုဏ်းထံ ထပ်မံအကူအညီတောင်းခဲ့ရသည်။
အဓိကအနေဖြင့် စစ်မာတျန်းအား သူ၏တပ်များကို မြို့တော်ထဲသို့ စုစည်းခိုင်းရန် လိုအပ်သည်။
ထို့နောက် ကြီးမားသောအစီအရင်တစ်ခုဖွဲ့စည်းကာ စစ်တပ်၏ ရက်စက်သောသတ်ဖြတ်ခြင်းအရှိန်အဝါကို စုဆောင်းရမည်။ထို့နောက် မြို့တော်တစ်ခုလုံးကို သတ်ဖြတ်ကာ သွေးနှင့်ဖုံးလွှမ်းစေပြီး ထိပ်တန်းဧကရာဇ်သွေးမဲ့တောင်ဝှေးကို သန့်စင်မည်ဖြစ်သည်။
ထိုသို့ပြုလုပ်ရန်အတွက် စစ်မာတျန်း၏စစ်တပ်နှင့် နန်ကန်းတိုင်းပြည်၏ နန်းမြို့တော်တစ်ခုလုံးကို လိုအပ်လေသည်။
စစ်မာတျန်းက ဆန့်ကျင်ချင်ခဲ့သော်လည်းကမ္ဘာပေါ်ရှိ အင်အားအကြီးဆုံး အဖွဲ့အစည်းနှစ်ခုကို သူရင်ဆိုင်နေရခြင်းဖြစ်သည်။
မတတ်နိုင်စွာပင် သူအရှုံးပေးခဲ့ရ၏။
ယခုအချိန်၌ စစ်မာတျန်း၏အသက်သည် သူတို့၏လက်ထဲတွင် ရှိနေသည်မဟုတ်ပါလား။
"အရှင်တို့ရဲ့ အမိန့်အတိုင်းပါပဲ၊တပ်တွေက မြို့ထဲကို တဖြည်းဖြည်းချင်းဝင်လာနေပါပြီ"
ယခင်က စစ်မာတျန်းသည် သူ၏တပ်များကို မြို့တော်အပြင်ဘက်တွင်သာ ချထားခဲ့သည်။
"အရမ်းကောင်းတယ်။ စစ်မာတျန်း မင်းကရည်မှန်းချက်ကြီးသလို ဘယ်အချိန်မှာ ရှေ့တိုးသင့်ပြီး ဘယ်အချိန်မှာ နောက်ဆုတ်ရမယ်ဆိုတာ သိတယ်။ တိန့်ယန်အထွတ်အမြတ်ဂိုဏ်းက မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး"
တိန့်ယန်အထွတ်အမြတ်ဂိုဏ်းမှ ပိန်သွယ်သွယ်သောဧကရာဇ်က စစ်မာတျန်း၏ ပခုံးကိုပုတ်ပြီး အလွန်ကျေနပ်နေလေသည်။
"ဒါပြီးရင် မင်းကို နန်းဆောင်အကြီးအကဲအဖြစ် ဘွဲ့ပေးမယ်။ တိန့်ယန်အထွတ်အမြတ်ဂိုဏ်းမှာ မင်းရဲ့ အဆင့်အတန်းက ငါ့ထက် မနိမ့်ပါဘူး"
အနည်းငယ်မကျေမနပ်ဖြစ်နေသော စစ်မာတျန်းသည် ထိုစကားများကိုကြားသောအခါ ပျော်ရွှင်သွားသည်။
ထိုအခွင့်အရေးမှာ သူတောင့်တခဲ့သောအရာ ဖြစ်သည်။
နန်းဆောင်အကြီးအကဲဖြစ်လျှင် သူသည်တိုင်းပြည်ပေါင်းများစွာကို အပေါ်စီးမှ ကြည့်နိုင်မည့် အရေးပါသောပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည်မှာ သေချာ၏။
"ကျေးဇူးတင်ပါတယ်၊ အရှင်"
တော်ဝင်အမိန့်ကို သယ်လာသူနတ်ဆိုးက တစ်စုံတခုကို သတိရလိုက်ပြီး စစ်မာတျန်းအား မေးလိုက်သည်။
"နန်းကန်တိုင်းပြည်ဘုရင်မက အသက်ရှုမှားလောက်အောင်လှပတယ်လို့ ငါကြားတယ်။
ငါကလည်း လှပတဲ့ အရက်ခွက်တွေကို စုဆောင်းရတာ သဘောကျတဲ့သူပဲ။ မြို့တော်ကျသွားရင် အဲဒီဘုရင်မရဲ့ ခေါင်းကို ငါ့အတွက် ချန်ထားလိုက်၊ အလှပဂေးတစ်ဦးရဲ့ ခေါင်း၊ အထူးသဖြင့် ဘုရင်မတစ်ဦးရဲ့ ခေါင်းက ငါ့အရက်ကို အရသာပိုရှိစေပြီး ငါ့အဆင့်အတန်းနဲ့ အသင့်တော်ဆုံးပဲ"
စစ်မာတျန်သည် ရင်ထဲ၌ကြောက်လန့်ပြီးတုန်လှုပ်သွားသော်လည်း ကမန်းကတမ်းခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"အမိိန့်အတိုင်းပါ အရှင်မြတ်"
-----------