← Chapters

သေခြင်း၏အလင်းရောင်

Vol. 4 Ch. 48

သေခြင်း၏အလင်းရောင်

Vol. 4 Ch. 48

နောက်တစ်ရက်။

နန်းတော်တွင် တိမ်မည်းများ ရစ်သိုင်းနေ၏။

ညီလာခံတွင် ဓလေ့ထုံးတမ်းအမတ်ကြီး ကုန်းချီသည် နက်ရှိုင်းသောဝတ်စုံကို ဝတ်ဆင်ထား၏။ သူကအရပ်ရှည်ကာ ချောမောသူဖြစ်သည်။

ပုံမှန်အားဖြင့် ဂုဏ်သိက္ခာရှိစွာ နေတတ်ပြုမူသော အမတ်ကြီးကုန်းချီ၏မျက်နှာသည် ဒေါသအပြည့်ဖြင့် ရှိနေ၏။

သူကစစ်မာတျန်းကို တင်းမာစွာမေးလိုက်သည်။

"အမတ်ချုပ်၊ သုံးရက်ဆက်တိုက် တိုက်ပွဲဝင်နဂါးတပ် ၊ အလံနက်တပ်နဲ့ လျိုတုန်တပ်တွေက မြို့တော်ထဲကို ဘာကြောင့် ပြောင်ပြောင်တင်းတင်း ဝင်လာရတာလဲ။ ဒါ... မင်းက ပုန်ကန်ဖို့ ကြံစည်နေတာလား"

နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အရာရှိအနည်းစုမှလွဲ၍ ကျန်သောအရာရှိအများစုသည် စစ်မျာတျန်းကို လုံးဝနာခံကြ၏။

နန်းမြို့တော်အတွင်းသို့ တပ်သုံးတပ်လုံး ဝင်ရောက်လာခြင်းသည် သူတို့အားလုံးစိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည့် အရာဖြစ်သည်။

နန်းကန်တိုင်းပြည်သည် အပြောင်းအလဲတစ်ခုကို လိုအပ်နေခဲ့သည်မှာ ယခုမှမဟုတ်ပေ၊ ယခင်ဧကရာဇ်လက်ထပ်ကတည်းက လိုအပ်နေခဲ့ခြင်းဖြစ်၏။

သို့သော်မြို့ထဲသို့ဝင်လာသော တပ်များသည် အာဏာသိမ်းရန် မဟုတ်ဘဲ၊ယဇ်ကောင်များ ဖြစ်နေမှန်းကိုတော့ သူတို့လုံးဝမသိခဲ့ကြပါ။

ထို့ပြင် သူတို့ကိုယ်တိုင်သည်လည်း ယဇ်ကောင်များသာ ဖြစ်နေပြီး မကြာမီကြုံတွေ့ရမည် ရက်စက်လွန်း​သည့် သတ်ဖြတ်မှုကြီးက သူတို့အပေါ် ကျရောက်လာတော့မည်ကို စိုးစိမျှမရိပ်မိကြဘဲ အကြံအောင်ရန် နီးကပ်လာပြီးဟု ပျော်ရွှင်​နေကြလေသည်။

စစ်မာတျန်းက ကုန်းချီ၏စွပ်စွဲမှုကို အလေးမထားဟန်ဖြင့် ဟိန်းဟောက်လိုက်၏။

"တပ်သုံးတပ် ဝင်လာတာဟာ စစ်ဘက်ရေးရာဌာနရဲ့ အမိန့်အရဆောင်ရွက်တာဖြစ်လို့ နန်းကန်တိုင်းပြည်ရဲ့ ဥပဒေတွေနဲ့ ကိုက်ညီတယ်။ အမတ်ကြီး၊ မင်းက အခြေအမြစ်မရှိတဲ့ ထင်မြင်ချက်နဲ့ ငါ့ကိုတိုက်ခိုက်တာဟာ နန်းတော်ရဲ့ဥပဒေတွေကို လစ်လျူရှုတာပဲ၊ အဲဒါကမှာသာ တကယ်ကို အဓိပ္ပါယ်မရှိတာ"

အခြားအရာရှိများသည် စစ်မာတျန်းဘက်မှကျယ်လောင်စွာ ရယ်မောကြသည်။

ကိုယ်ကျင့်တရားကောင်းမွန်ပြီး စိတ်နေသဘောထား နူးညံ့သူအဖြစ် လူသိများသော မဟာပညာရှိကုန်းချီသည် အမြဲတမ်းတည်ငြိမ်သော အိန္ဒြေနှင့်နေထိုင်သူဖြစ်​သည်။

သို့သော် ယခုအခြေအနေ၌ ကုန်းချီသည် စစ်မာတျန်းကြောင့် ထိန်းမနိုင်အောင် စိတ်လှုပ်ရှားနေခဲ့သည်။

"စစ်မာတျန်း မင်းဘာကိုရည်ရွယ်နေတယ်ဆိုတာ ဒီနေရာမှာရှိတဲ့ လူတိုင်းသိတယ်၊ဒါပေမဲ့....."

မဟာပညာရှိ ကုန်းချီက စိတ်ထိခိုက်ကြေကွဲသော မျက်နှာဖြင့် အရာရှိများကို ကြည့်လိုက်သည်။

"ဒါကိုသိရဲ့သားနဲ့ ရုံးတော်တစ်ခုလုံးက ..၊မင်းတို့ထဲက တစ်ယောက်ကလေးကတောင်မှ...."

ကုန်းချီက သူ၏စကားကိုပင် ဆုံးအောင်မပြောနိုင်တော့ပါ ။သူက စိတ်ထိခိုက်လွန်း၍ မျက်ရည်များပင် ကျဆင်းလာခဲ့သည်။

"ငါ...ငါတို့ရဲ့ နန်းကန်တိုင်းပြည်က၊ မင်းတို့ကြောင့် ပျက်စီးရတော့မယ်"

သူ၏တိုင်းပြည်အပေါ်သစ္စာစောင့်သိစိတ်မှာ လေးစားစရာကောင်းလှသည်။

သို့သော် အခြားအရာရှိများကတော့ ကုန်းချီကို ပြောင်လှောင်သည့် အမူအရာများဖြင့် ကြည့်နေကြ၏။

ကုန်းချီသည် အရည်အချင်းရှိသော ပညာရှိတစ်ဦးဖြစ်သော်လည်း ရင့်ကျတ်မှုမရှိသလို အခြေအနေနှင့်အချိန်အခါကို မကြည့်တက်ပေ။

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ယွီဘုရင်က စစ်မာတျန်းအား မေးခွန်းထုတ်လိုက်သည်။

"အမတ်ချုပ်ကြီး ၊မြို့ထဲက်ုတပ်သုံးတပ်လုံး စုရုံးခိုင်းတဲ့ရည်ရွယ်ချက်ကို အရှင်မင်းကြီး သိရဲ့လား"

စစ်မာတျန်းက ယွီဘုရင်ကို အံ့သြသလို ကြည့်လိုက်သည်၊

ထိုလိပ်အိုကြီးက ကျင်းလီအတွက် စကားပြောပေးလိမ့်မယ်လို့ သူမမျှော်လင့်ထားပေ။

သို့သော်လည်း ထိုမျှလောက်က အရေးမကြီးတော့ပါ။

"အရှင်မင်းကြီးလား၊အရှင်မင်ကြီးကလည်း အခုဆိုရင် သိနေပြီ မဟုတ်လား"

စစ်မာတျန်းက ပလ္လင်ပေါ်တွင် ထိုင်နေသည့် ကျင်းလီကို ကြည့်လိုက်သည်။

သူ၏မျက်လုံးများ ရိသလိုလို ပြုံးနေပြီး လေးစားမှု လုံးဝမရှိပေ။

ယခင်ဧကရာဇ်သည် သူ၏ရုပ်သေးတစ်ရုပ်ဖြစ်ခဲ့သည်။

ယခုဧကရီကျင်းလီကိုလည်း သူကိုယ်တိုင် ပလ္လင်ပေါ်တင်ပေးခဲ့သည်။

နန်းတော်တစ်ခုလုံးသည် သူ့ခြေသူ့လက်ချည်း ဖြစ်နေသည်ဟုပင်ဆိုနိုင်၏။

သူက ပုံမှန်လေသံဖြင့် ဆက်ပြောလေသည်။

"မကြာသေးခင်က နန်းမြို့တော်ထဲမှာ နတ်ဆိုးတွေ အနှောင့်အယှက် ပေးခဲ့တယ်လို့ သတင်းရတယ်။ အရှင်မင်းကြီးရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကျွန်တော်မျိုးက တပ်သုံးတပ်ကို မြို့တော်ထဲမှာ စုရုံးထားတာပါ။ ဒီကာလအတွင်းမှာ မြို့တော်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဝင်ခွင့်ရှိပေမယ့် ထွက်ခွင့်မရှိပါဘူး။ တစ်လခွဲကြာပြီးရင် မကောင်းဆိုးရွားတွေကို ရှင်းထုတ်ပြီးတာနဲ့ တပ်သုံးတပ်ဟာ မြို့တော်ကနေ ထွက်ခွာသွားမှာဖြစ်လို့ စိုးရိမ်ပူပန်စရာ မလိုပါဘူး"

ပြောပြီးသည်နောက် စစ်မာတျန်းသည် ဟန်ဆောင်မှုပင်မရှိဘဲ လှည့်ထွက်သွား၏။

အခြားအရာရှိများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

အရာရှိငယ်များစွာကလည်း ကျင်းလီကို အရိုအသေပေးပြီးနောက် အလျင်အမြန် ထွက်ခွာသွားကြပြန်သည်။

ကြီးမားသောနန်းတော်ထဲတွင် အရာရှိအနည်းငယ်နှင့် စိတ်ရှုပ်ထွေးနေသည့် ကျင်းလီသာ ကျန်ခဲ့သည်။

ကျင်းလီက နေရာမှတိတ်ဆိတ်စွာထလျှက် ညီလာခံမှ ထွက်ခွာသွားတော့သည်။သူမက အရာအားလုံးကို လက်လွှတ်ထားသည့်အလား လျစ်လျူရှုခဲ့၏။

ကျန်ရစ်ခဲ့သောအရာရှိအနည်းငယ်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှင် ဧကရီအတွက် စိတ်မကောင်းဖြစ်ကျန်ခဲ့တော့သည်။

......................

ကျင်လီသည် သူမ၏ အိပ်ဆောင်သို့ ပြန်ရောက်သောအခါ သူမ၏လက်ထဲတွင် ရှိနေသည့် လှပသောကျောက်စိမ်းချပ်ကို အသက်မဲ့စွာ ကြည့်လိုက်၏။

တိုင်းပြည်ပျက်စီးပြီး သူမသေဆုံးခဲ့လျှင် တစ်ယောက်သောသူအား ပေးခဲ့သော ကတိကို သူမတည်နိုင်ဦးမည်လား။

သူမက နန်းတော်ပြတင်းပေါက်အနီးတွင် ရပ်ကာ မြင့်မားသောရှေးဟောင်းစီးချောင်သစ်ပင်ကြီးကို မော့ကြည့်ရင်း အတွေးထဲတွင် နစ်မြုပ်နေခဲ့သည်။

ထိုအချိန်မှာပင် အိပ်ဆောင်ထဲသို့ ဒေါ်လေးချင် ဝင်လာသည်၊ သူမ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုနှင့် ဒေါသအရိပ်အယောင်များ ပေါ်နေ၏။

"အရှင်မင်းကြီး၊ တပ်သုံးတပ်လုံးက မြို့ထဲမှာအခိုင်အမာ နေရာယူထားပြီ၊ မြို့တံခါးတွေကိုလည်း ပိတ်ထားပြီ။ စစ်မာတျန်းက သူ့ရဲ့အကြံအစည်မှန်ကို ဖော်ထုတ်ခဲ့မယ်ဆိုရင် ကျွန်မ အသက်ကိုစွန့်ပြီး အရှင်မင်းကြီးကို ဒီကနေ ခေါ်ထုတ်သွားပါမယ်"

လက်​ရွေးစင်အစောင့်တပ်မှူး ဟွာရှင်းကလည်း ဒူးတစ်ဖက်ထောက်လျက် သူမ၏ရပ်တည်ချက်ကို ပြတ်သားစွာထုတ်ဖော်လိုက်သည်။

"အရှင်မင်းကြီးအတွက် ကျွန်မတို့အသက်ကို ပေးဖို့ဆန္ဒရှိပါတယ်"

ကျင်းလီသည် သူမ၏ဂုဏ်ယူဖွယ်သစ္စာခံများကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"အားလုံးကို တောင်းပန်ပါတယ်"

သူမသည် အရည်အချင်းရှိသော ဧကရီတစ်ပါး မဟုတ်ခဲ့ပါ။

သူမ၏ကျင့်ကြံမှုပင်လျှင် စစ်မာတျန်း၏လူများက တိတ်တိတ်ကလေး ဖျက်ဆီးထားခဲ့သောကြောင့် တိုးတက်မှုကသာမန်လူများထက်ပင် နှေးကွေးနေခဲ့သည်။

"စစ်မာတျန်းက ရည်မှန်းချက်ကြီးသူဖြစ်လို့ တစ်လခွဲအတွင်းမှာ သေချာပေါက် ပုန်ကန်မှာပဲ။ ကျွန်မက... မြို့တော်ကနေ ထွက်လို့မရနိုင်ဘူး။ ဒါပေမယ့် ဒေါ်လေးတို့မှာ... အခွင့်အရေးရှိပါသေးတယ်။ မြို့တော်ကနေ ထွက်ပြီး ရွှမ်းဟွမ်တားမြစ်နယ်မြေကို သွားပါ၊ ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်မယ်"

ကျင်းလီသည် သူမကြောင့် အခြားသူများအသက်ဆုံးရှုံးပေးရတာမျိုးကို မဖြစ်စေချင်တော့ပါ။ ထို့ကြောင့် ဒေါ်လေးချင်နှင့် အခြားသောသစ္စာခံများအတွက် အဆင်ပြေဆုံးလမ်းကို စီစဉ်ပေးခဲ့သည်။

ဒေါ်လေးချင်၏ မျက်လုံးများက လေးနက်သွား၏။ကျင်းလီသိသင့်သည်ဟု ယူဆကာ သူမတွေ့ရှိထားသည်များကို အသိပေးရန်ဆုံး​ဖြတ်လိုက်သည်။

"အရှင်မင်းကြီး၊ စစ်မာတျန်းရဲ့ ရည်မှန်းချက်က ရာဇပလ္လင်ကို သိမ်းပိုက်ရုံသက်သက် မဖြစ်နိုင်ပါဘူး။ အမတ်ချုပ်ရဲ့အိမ်တော်မှာအလွန်ရှုပ်ထွေးပြီး အင်အားကြီးတဲ့ စွမ်းအားတွေ၊ နတ်ဆိုးမျိုးနွယ်စုတွေရဲ့ စွမ်းအားတွေကိုပါ ကျွန်မတွေ့ခဲ့ရတယ်"

"နတ်ဆိုးမျိုးနွယ်စုလား"

ကျင်းလီ အံ့ဩသွားသလို ရေရွတ်သည်။

ဒေါ်လေးချင်က ဆက်ပြော၏။

"မြို့ပြင်မှာရှိတဲ့ နတ်ဆိုးတွေရဲ့ စွမ်းအားတွေက ပိုတောင်အင်အားကြီးပုံရတယ်၊ ဘုရင်အဆင့်သုံးယောက်ထက်မနည်း ရှိနေတယ်"

"ဘာ"

ကျင်းလီသည် လုံးဝကို ထိတ်လန့်သွားခဲ့သည်။စစ်မာတျန်း မည်သည့်အရာများကြံစည်နေသည်ကို သူမလုံးဝမသိခဲ့ပါတကား။

..................

လရောင်အောက်တွင်၊ ကျိယွမ်သည် သွေးနီရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်၏။

သူသည် အင်အားကြီးမားသော ဒိုင်နိုဆောကြီးတစ်ကောင်ကဲ့သို့ အဝတ်အစားမကောင်းဆိုးရွားများကို တိုက်ခိုက်နေသည်၊အနိုင်ကျင့်နေသည်ဟုပြောလျှင် ပိုမှန်လိမ့်မည်။

​သွေးနီရောင်​ဓားကြီးကို ဝှေ့ကာတအားကုန်ခုတ်လိုက်လျှင် အဖွဲ့လိုက်တန်းစီတိုက်ခိုက်နေသော အဝတ်အစားများ စိစိညက်ညက်ကျေသွားကြ၏။

ယခင်က ၄င်းတို့အုပ်စုဖွဲ့မိသွားမည်ကို ကျိယွမ်အလွန်ကြောက်၏။ယခုတော့ အုပ်စုမဖွဲ့မှာကိုပင် သူကစိုးရိမ်နေလေပြီ။

"တစ်ကောင်ချင်းလိုက်ခုတ်နေရင် ကြာတယ်၊အခုလို တစ်အုပ်တစ်မကြီးလာတော့ ၊ ဟောဒီလို ခုတ်လိုက်ရုံပေါ့"

ဓားရောင်တစ်ချက်အလက်တွင် အဝတ်အစားများထွေးခနဲ ပုံကျသွားပြန်သည်။

သူ၏ အတွေ့အကြုံဘားတန်းကလည်း ရုတ်တရက် မြင့်တက်လာသည်။

"အဆင့် ၉၀ "

ကျိယွမ်ဝမ်းသာအားရထအော်လိုက်သည်။

နောက်ဆုံးတွင် သူသည် အဆင့် ၉၀ ကို ရောက်ရှိခဲ့လေပြီ။

အဆင့် ၉၀ သည် ဝမ်ယုတိုက်ကြီး၏ အဆငိ့သတ်မှတ်ချက်များအရ ကောင်းကင်ဘုံအဆင့်အထက်တွင်ရှိသော နတ်ဘုရားအဆင့်ဖြစ်သည်။

နတ်ဘုရားအဆင့်သည် ​ ကောင်းကင်ဘုံအဆင့်နှင့် အရည်အသွေးပိုင်းတွင် သိသိသာသာကွာခြားမှုရှိ၏။

ကျိယွမ်သည် သူ၏ခွန်အား၊ အရှိန်၊ ခန္ဓာကိုယ်နှင့် အခြားစွမ်းရည်များအားလုံး အရှိန်အဟုန်ကြီးစွာ မြင့်တက်လာသည်ကို ခံစားမိသည်။

သူသည် ယခုအခါ နေ့ဘက်တွင်ပင် အဝတ်အစားများကို အမဲလိုက်နိုင်လေပြီ၊ လာသမျှသော အဝတ်အစားမကောင်းဆိုးရွားများကို သူက သေချာပေါက်သတ်ဖြတ်နိုင်ပြီဖြစ်သည်။

"စွမ်းရည် အသစ်နှစ်ခု"

အဆင့် ၉၀ သို့ ရောက်ရှိပြီးနောက် သူသည် စွမ်းရည်အသစ်နှစ်ခု ရရှိခဲ့သည်။

သတို့သမီးလေးကို ဝတ်ဆင်ခြင်းကသူ၏အဆင့်ကို ငါးဆင့်တိုးပေးရုံသာမကဘဲ စွမ်းရည်နှစ်ခုကိုလည်း အခမဲ့ပေးသည်။ သို့သော်ထိုစွမ်းရည်များက သတို့သမီးလေးကြောင့်ရသောစွမ်းရည်များဖြစ်၏။

ယခုက သူ၏ကြိုးစားမှုကြောင့်ရလာသော စွမ်းရည်ဖြစ်သည်။

စွမ်းရည်အသစ်နှစ်ခုကို သူစစ်ဆေးကြည့်လိုက်၏။

"တည်ငြိမ်ဝိညာဥ်"

အငယ်စားစွမ်းရည်ကို တည်ငြိမ်ဝိညာဥ်ဟုခေါ်ပြီး သူ၏စိတ်ဝိညာဥ်ကို တည်ငြိမ်စေ၏။ပုံရိပ်ယောင်တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်ပြီး အတွေးများကို ကြည်လင် ပြတ်သားစေသည်။

"သေခြင်း၏အလင်းရောင် ဆိုပါလား"

အကြီးစားစွမ်းရည်၏အမည်ကို ကြည့်လိုက်ရာ ကျိယွမ်မျက်မှောင်ကျုံ့သွား၏။

"အလင်းတန်းနဲ့သေအောင်သတ်တာထင်တယ်"

သေလုနီးပါး သို့မဟုတ် သေခါနီးအချိန်တွင် အတောက်ပဆုံးအလင်းရောင်ကိုထုတ်လွှတ်နိုင်၏။

"ဟမ် ၊သေခါနီးမှ အလင်းရောင်ထုတ်တာလေးပဲလား၊ ဘာလုပ်ဖို့လဲ နှစ်သစ်ကူးပွဲတော်လုပ်ဖို့လား"

အဆင့် ၉၀ ၏အကြီးစားစွမ်းရည်မှာ သူထင်ထားသလို မဟုတ်သဖြင့် ကျိယွမ်စိတ်ပျက်သွားသည်။သူက စွမ်းရည်အကြောင်းက်ု ဆက်ပြီးလေ့လာလိုက်၏။

ထိုအလင်းရောင်သည် အစွမ်းထက်ဆုံးသော တိုက်ခိုက်ရေးစွမ်းအားများ ပါဝင်သည်။

သေဆုံးခြင်း၏အလင်းရောင်စွမ်းရည်က တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်ပေးသည့်အပြင် မိမိကိုယ်ကို ကုသပေးနိုင်သည့်စွမ်းရည်တစ်ခုလည်းဖြစ်သည်။

ရန်သူကို ဒဏ်ရာရစေခြင်းဖြင့် ၎င်းတို့၏ အသက်စွမ်းအားကို စုပ်ယူ၍ စွမ်းရည်ပိုင်ရှင်၏ ဒဏ်ရာများကိုကုသပေးနိုင်သည်။

"ဒါဆို ငါကသေခါနီးလေ ပိုပြီးအားကောင်းလေပေါ့၊ ပြီးတော့ ရန်သူတွေရဲ့အသက်စွမ်းအားနဲ့ချီကိုလည်း စုပ်ယူနိုင်မယ်"

"ဒါကနည်းနည်းတော့ အန္တရာယ်များသလိုပဲ"

"ဒါပေမယ့် သာမန်အချိန်မှာ သေဆုံးခြင်း၏အလင်းရောင်စွမ်းရည်ကို သုံးရင် တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆလောက် ထုတ်ဖော်နိုင်သေးတယ်ဆိုတော့ မဆိုးဘူးပဲ"

လက်ထဲမှ သွေးနီရောင်ဓားရှည်ကြီးကို တစ်ချက်ကြည့်ပြီးနောက် ကျိယွမ်၏ အကြည့်

သည် ရိကွမ်းတားမြစ်နယ်မြေနယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်သွား၏။

"ဒီနေ့တော့ မင်းနဲ့ငါ တွေ့ကြပြီပေါ့ကွာ"

ယုံကြည်ချက်ပြင်းထန်နေသော ကျိယွမ်သည် တားမြစ်နယ်မြေအတွင်းပိုင်းသို့ တဟုန်ထိုးပြေးဝင်သွားသည်။

တားမြစ်နယ်မြေအတွင်းပိုင်းတွင်ရှိနေသော အကျည်းတန်ဝတ်စုံဘုရင်ကလည်း ကြမ်းတမ်းသောအရှိန်အဝါများကို ထုတ်လွှတ်လျှက် လျှင်မြန်စွာပြေးထွက်လာ၏။

ရန်သူနှစ်ယောက်က လမ်းခုလတ်တွင် မျက်နှာချင်းဆိုင်မိသည်နှင့် အပြင်းထန်ဆုံးသော တိုက်ကွက်များကိုထုတ်ကာ အသေအကြေတိုက်ခိုက်ကြတော့သည်။

"ယား..."

မာန်သွင်းအော်ဟစ်သံနှင့်အတူ ကျိယွမ်၏သံချပ်ကာပေါ်မှ သွေးရောင်စွမ်အားများက ဖိတ်ဖိတ်တောက်လာပြီး ဓားကြီးဆီသို့ စီးဝင်သွားကြ၏။ မူလကပေအနည်းငယ်သာရှည်လျှားသော ဓားသည် ရုတ်တရက်ပေတစ်ထောင်ကျော်အထိ ရှည်လျှားသွားသည်။

"ငါ့ဓားချက်ကို ခံကြည့်လိုက်"

သေဆုံးခြင်း၏အလင်းရောင်စွမ်းရည်​ကြောင့် ကျိယွမ်၏ တိုက်ခိုက်မှုသည် လုံးဝပြောင်းလဲသွားသည်။

သူကအပြင်းထန်ဆုံးတိုက်ခိုက်မှုနှင့် အကြီးမားဆုံးသော ဖျက်ဆီးမှုလှိုင်းလုံးကြီးများကို ဖြစ်ပေါ်သွားစေသည်။

ကျိယွမ်၏တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားများသည် အကျည်းတန်ဝတ်စုံဘုရင်ကို ထိခိုက်စေခြင်းမပြုနိုင်သော်လည်း အခြားသော အဝတ်အစားမကောင်းဆိုးရွားများကို လွယ်ကူစွာ သတ်ဖြတ်ပစ်လေသည်။

ယခုအခါမှာတော့ ကျိယွမ်က အဝတ်အစားကောင်များထံမှ အတွေ့အကြုံရမှတ်များသာမကဘဲ အသက်စွမ်းအားများနှင့်အတူ ချီစွမ်းအင်များကိုပါ စုပ်ယူပစ်သည်။

အရေးအကြီးဆုံးအချက်မှာ သူသည် ချီစွမ်းအင်ကုန်သွားမှာကို စိုးရိမ်စရာမလိုတော့သောကြောင့် သူ၏စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ပြီဖြစ်သည်။

ကျိယွမ်က သူ၏ဓားကြီးကို နောက်တစ်ကြိမ် မြှောက်လျှက် ဝမ်းခေါင်သံ​ကြီးဖြင့် ကြိမ်းဝါးလိုက်၏။

"ဒီနေ့ မင်းကို ငါ သတ်မယ်"

----------

All Chapters