မျက်နှာမဲ့ မျက်နှာဖုံး
Vol. 4 Ch. 49
ဧရာမသွေးရောင်ဓားကြီးမှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါက နတ်ဘုံအဆင့်တစ်ယောက်ပင် မပေါ့ဆရဲလောက်အောင် ပြင်းထန်နေ၏။
သတို့သမီးလေးနှင့် ပေါင်းစပ်ထားသဖြင့် ကျိယွမ်သည် အဆင့် ၉၅ သို့ရောက်ရှိနေပြီး ဝမ်ယုတိုက်ကြီး၏ သတ်မှတ်ချက်များအရ နတ်ဘုံအဆင့်နှောင်းပိုင်းဟု သတ်မှတ်နိုင်သည့် အဆင့်ဖြစ်သည်။
ကြီးမားလှသည့်တုန်ခါမှုလှိုင်းကြောင့် သစ်ပင်များ အမြစ်ပါပြုတ်ထွက်ကုန်ပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များက မုန်တိုင်းအကြီးစားတစ်ခုအလား ရိကွမ်းတားမြစ်နယ်မြေကို ဖြတ်သန်းသွား၏။ ရာပေါင်းများစွာသော အဝတ်အစားမကောင်းဆိုးရွားများမှာ သူတို့၏ရဲရင့်မှုနှင့် စိတ်ဝိဉာဉ်များကို ဆုံးရှုံးသွားကာ သေဆုံးခြင်း၏အလင်းရောင်အတွက် အာဟာရများဖြစ်သွားကြသည် ။
ကမ္ဘာကြီးကိုပင်ကို ကွဲစေနိုင်လောက်သော ဓားချက်တစ်ချက်တည်းဖြင့် ကျိယွမ်၏ အတွေ့အကြုံရမှတ်များက အဆမတန်တိုးလာပြီး အကျည်းတန်ဝတ်စုံဘုရင်၏ အသွင်အပြင်သည်လည်း တစ်စစီဖြစ်သွားပုံရသည် ။
အကျည်းတန်ဝတ်စုံဘုရင်၏ တစ်ခုတည်းသောလက်တစ်ဖက်မှ အစွမ်းထက်အနက်ရောင်လက်သည်းများစွာသည် ကျိုးပဲ့သွားပြီး အောက်ဘက်တွင် အဖြူရောင်အသားများပေါ်နေသည်ကို တွေ့ရ၏။
သို့သော် အကျည်းတန်ဝတ်စုံဘုရင်ကြီးက အသိစိတ်ကင်းမဲ့နေသည့်အလားရှိကာ သူ၏ဒဏ်ရာများနှင့်နာကျင်မှုများကို လုံးဝ
ဂရုမစိုက်ဘဲ ကျိယွမ်ကို ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်နေသည် ။
“မင်းကဒီလောက်ပြင်းထန်နေမှတော့ ငါတို့ အနိုင်အရှုံးတင်မကဘူး၊ သေရှင် ရှင်ခြင်းကိုပါ ဆုံးဖြတ်ကြတာပေါ့”
ကျိယွမ်က ပေပေါင်းများစွာရှည်လျားသော ဓားကြီးကို ပေါ့ပါးစွာကိုင်ထားရင်းမှ မှတ်ချက်ချလိုက်သည်။
သူ၏ ခွန်အားများက ယုတ်လျော့သွားခြင်းမရှိဘဲ ဓားချက်တစ်ချက်တည်းဖြင့် တောင်တစ်လုံးကိုပင် ခုတ်ပိုင်းပစ်နိုင်သည်ဟု ခံစားနေရ၏ ။
သူ၏ ဓားတစ်ချက်လှုပ်ယမ်းလိုက်တိုင်း လေနှင့်မိုးသည် ရွေ့လျားသွားသည် ။
သူ၏ အသေးစားစွမ်းရည်ဖြစ်သော အဝတ်ဖြဲခြင်းစွမ်းရည်သည် အကျည်းတန်ဝတ်စုံဘုရင်နှင့်အခြားအဝတ်အစားမကောင်းဆိုးရွားများ အပေါ်တွင် အားသာချက်ရှိ၏။
ထိုစွမ်းရည်သည် အဝတ်အထည်များနှင့် သံချပ်ကာများအပေါ်တွင် ထိုးဖောက်သည့် အစွမ်းရှိသောကြောင့် အဝတ်အစားမကောင်းဆိုးရွားများ၏ သံချပ်ကာများကို ဖြိုခွဲရုံသာမက သူတို့၏ ကိုယ်အင်္ဂါများကိုပါ ဆုတ်ဖြဲပစ်သည် ။
အကျည်းတန်ဝတ်စုံဘုရင်က သူ၏တစ်ဖက်တည်းသောလက်ကိုပင် ထပ်တလဲလဲအသုံးပြုကာ ကျိယွမ်၏တိုက်ခိုက်မှုများကို ပိတ်ဆို့၏။
သို့သော်ကျိယွမ်သည် ယခင်ကျိယွမ်မဟုတ်တော့ပါ ရန်သူများဒဏ်ရာရလေသူက ပိုသန်မာလေဖြစ်၏။
ကျိယွမ်၏ အဆက်မပြတ်သောဓားချက်ကြီးများကြောင့် အကျည်းတန်ဝတ်စုံဘုရင်၏ လက်သည်းများက အကြိမ်ကြိမ်ကျိုးပဲ့ကာ အသားများကွာကျပြီး အရိုးများဖြူဖြူဖွေးဖွေးပေါ်လာသည် ။
“မင်းမှာ အရိုးတွေရှိတာလား”
ကျိယွမ်သည် အနည်းငယ်အံ့အားသင့်သွားသည် ။အဝတ်အစားမကောင်းဆိုးရွာအများစုသည် အင်္ကျီအခွံလွတ်များချည်းဖြစ်သည်။သတို့သမီးလေးမှာပင် မည်သည့်အရိုးအသားမှ မရှိပေ။
အကျည်းတန်ဝတ်စုံဘုရင်က သူ၏ကြောက်မက်ဖွယ်ကောင်းသော မျက်နှာဖုံးအောက်မှ ဟောင်းလောင်းဖြစ်နေသော မျက်လုံးများဖြင့် ကျိယွမ်ကို မုန်းတီးစွာ စိုက်ကြည့်နေသည် ။
ထိုနောက် သူတို့နှစ်ဦးသည် ထပ်မံ၍ ထိပ်တိုက်ရင်ဆိုင်ကြသည် ။
ရိကွမ်းတားမြစ်နယ်မြေတစ်ခုလုံးတွင်ရှိနေသော မရေမတွက်နိုင်အောင်များပြားသည် အဝတ်အစားများသည်တိုက်ပွဲမှ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများကြောင့် မခံစားနိုင်ဘဲ သေဆုံးသွားသည် ။
အကျည်းတန်ဝတ်စုံဘုရင်၏ ဒဏ်ရာများသည် ပို၍ပြင်းထန်လာပြီး ပို၍ ဆိုးရွားလာသည် ။
ကျိယွမ်ကတော့ တိုက်ပွဲကြာလာသည်နှင့်အမျှ ပို၍ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည် ။သူ၏အင်အားများက ကုန်ခမ်းနိုင်ခြင်းမရှိတော့သည့်အလားပင်။
ပြင်းထန်သောဓါးချက်တစ်ခုကြောင့် ရိကွမ်းနယ်မြေမှ တောအုပ်တစ်ခုသည် အမြစ်မှပြုတ်ထွက်သွား၏။
ကျိယွမ်က ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်သော ရိကမ်တားမြစ်နယ်မြေကို သတိထားမိသွားပြီး သူ၏ဧရာမဓားကို သေးငယ်သွားအောင် ပြုလုပ်လိုက်သည် ။
“ဒီနေရာက မကြာခင် ငါ့အပိုင်ဖြစ်လာတော့မှာ၊ ဒါကို ငါဖျက်ဆီးပစ်လို့မရဘူး”
သူက အဓိပ္ပါယ်မရှိတော့သည့် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
တိုက်ပွဲကကြာရှည်လေ ရိကွမ်းကပျက်စီးလေးဖြစ်သွားနိုင်သည်မဟုတ်ပါလား ။
သူက ဓားကိူတင်းကျပ်စွာကိုင်လျှက် ဖိနှိပ်နိုင်သောခွန်အားစွမ်းရည်နှင့်ကောင်းကင်ပိုင်းဖြတ် ဓားချက်ကို တပြိုင်တည်းအသုံးပြုလိုက်၏။
ထိုစွမ်းရည်နှစ်ခုသည် သာမန်အခြေအနေတွင် သူ၏အစွမ်းအထက်ဆုံး တိုက်ခိုက်မှုဖြစ်သည် ။
"ဝှီး "
"ဒုတ်"
သွေးရောင်ဓားက အကျည်းတန်ဝတ်စုံဘုရင်ကြီးဆီသို့ လျှင်မြန်စွာ ထိုးစိုက်သွားသည်။
အံ့သြစရာကောင်းစွာပင် အကျည်းတန်ဝတ်စုံဘုရင်က ရှောင်တိမ်းခြင်းမရှိခဲ့ပေ။ သို့မဟုတ် မရှောင်တမ်းနိုင်တော့သည်လည်း
ဖြစ်နိုင်၏။ရလဒ်အနေဖြစ် ကျိယွမ်၏သွေးရောင်ဓားရှည်က အကျည်းတန်ဝတ်စုံဘုရင်၏ ရင်ဘက်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားတော့သည်။
အကျည်းတန်ဝတ်စုံဘုရင်၏ ဟောင်းလောင်းပေါက်မျက်လုံးများက ကျိယွမ်အားကြည့်နေပြီး အနည်းငယ်စိတ်သက်သာရာ ရသွားဟန် ပေါ်လာခဲ့သည်။
ကျိယွမ်၏ဓားချက်က သူ၏ အသက်စွမ်းအားအားလုံးကို ချုပ်ငြိမ်းသွားစေပြီး
သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းပြိုကျသွားသည် ။
လေထဲတွင် လူသားအရေပြားတစ်လွှာ ပျံဝဲနေပြီး ၄င်၏မျက်နှာဖုံးသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားရာ ပကတိမျက်နှာကို ကျီယွမ်မြင်လိုက်ရ၏ ။
ထိုအရာက လူသားအရေခွံတစ်ခုသာဖြစ်ပြီး မျက်နှာဟူ၍ ပီပီသသမရှိတော့ပါ။
ကျိယွမ်သည် ထိုလူအရေခွံကို ကြည့်လိုက်ရာ မရှင်းပြနိုင်သော ဝမ်းနည်းမှုတစ်ခုကို ခံစားမိသည် ။
သူကအမှတ်တမဲ့ဖြင့် မျက်နှာမဲ့မျက်နှာဖုံးကို ကောက်ကိုင်လိုက်ရာ ပုံရိပ်များစွာသည် သူ၏စိတ်ထဲသို့ လျင်မြန်စွာဝင်ရောက်လာသည် ။
“မင်းဟာ မျိုးနွယ်စုထဲမှာ အတော်ဆုံးဖြစ်ပြီး ကောင်းကင်ဘုံအထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်တဲ့ စွမ်းရည်ရှိသူပဲ”
"ဒါပေမဲ့ဝမ်ယုတိုက်ကြီးကို နတ်ဆိုးကပ်ဘေးက လှည့်လည်နေတာကြောင့် မင်းရဲ့ပါရမီကိုဖုံးကွယ်ပြီးနေပါ၊မင်းရဲ့ စွမ်းရည်ကို ဖော်ထုတ်ပြလို့မရဘူး
"ဒါကိုမျက်နှာမဲ့မျက်နှာဖုံးလို့ခေါ်တယ်၊ဒီနေ့ကစပြီး ဒီမျက်နှာဖုံးနဲ့အတူ မျိုးနွယ်စုကနေထွက်သွားရမယ်"
"မင်း ဧကရာဇ်အထွတ်အထိပ်အဆင့်ကိုရောက်တဲ့အခါ တားမြစ်နယ်မြေကြီးလေးခုထဲကို ရောက်အောင်ဝင်"
"မင်းနှလုံးသားထဲမှာ မှတ်ထားရမှာက အပြင်လောကထဲမှာ ကောင်းကင်ဘုံအဆင့်ကို ဘယ်တော့မှမချိုးဖြတ်မိစေနဲ့"
"အမြန်ဆုံးသွားတော့"
ကျိယွမ်သည် ရိုးရှင်းသောရုပ်ရည်ရှိသော်လည်း ချောမောသည်ဟုဆိုနိုင်သော ကောင်လေးတစ်ယောက်က မျက်နှာမဲ့မျက်နှာဖုံးကို ဝတ်ဆင်ကာ သူ၏အမည်ကို စွန့်လွှတ်၍ သူ၏အတိတ်ကိုပါ မေ့ပစ်လိုက်သည်ကို မြင်လိုက်ရသည် ။
သို့သော် သူသည် ရိကွမ်းတားမြစ်နယ်မြေသို့ ရောက်ရှိလာပြီး ဧကရာဇ်အဆင့်မှကောင်းကင်ဘုံအဆင့်သို့ချိုးဖြတ်ဝင်ရောက်လာသည်နှင့် ကောင်းကင်မှငါးမြှားကြိုးတစ်ချောင်းက ကြောက်မက်ဖွယ်ဆင်းသက်လာခဲ့သည်။
သူ၏အသက်စွမ်းအားနှင့်သွေးသားများအားလုံးစုပ်ယူခြင်း ခံလိုက်ရလေ၏။
နောက်ဆုံးတွင် သူ၏လူသားအရေပြားတစ်လွှာသာ ကျန်ရှိပြီး မကောင်းဆိုးရွားတစ်ကောင်နှင့်တွဲလျှက် ရှိနေခဲ့တော့သည်။
ကျိယွမ်က အလိုလိုပင် ကောင်းကင်ကို မော့ကြည့်မိသွားသည်။
“ငါးမျှားကြိုးလား”
“နတ်ဆိုးကပ်ဘေးဆိုတာကရော ဘာလဲ ”
သူ့အား နတ်ဆိုးသတ်ပွဲသို့ ဖိတ်ကြားထားသော ဖိတ်စာကို သတိရသွားသည် ။
ထိုဖိတ်စာထဲမှ နတ်ဆိုးနှင့်ယခုနတ်ဆိုးများက သက်ဆိုင်နေလေသလား။
ကျိယွမ်က ခေါင်းယမ်းကာလူသားအရေပြားခွံကို ကြည့်လိုက်သည် ။
“NPC တွေက. လူတွေနဲ့ တော်တော်လေး တူတာပဲ၊နောက်ခံဇာတ်လမ်းတွေဘာတွေဆင်ထားတာကလည်း တော်တော်ကောင်းတယ်"
“ထားတော့....သူ့ကို သတ်လိုက်တော့ ငါ့အဆင့်က ၉၁ ကို ရောက်သွားပြီ၊မဟုတ်ဘူး ၉၂ နီးပါးကို ရောက်သွားတာပဲ”
သူက ကျေနပ်သွားပြီးနောက် မျက်နှာမဲ့မျက်နှာဖုံးကို ကောက်ကိုင်လိုက်ပြီး ဝတ်ဆင်ကြည့်လိုက်၏ ။
ထိုအချိန်တွင် ကျိယွမ်၏နား၌ အလိုအလျှောက် အချက်ပေးသံတစ်ခု ထွက်ပေါ်လာသည် ။
[ရိကွမ်းတားမြစ်နယ်မြေကို ရှင်းလင်းနိုင်ခဲ့သောကြောင့် ဆုလာဘ်များ ရရှိသည်]
[ဆုလာဘ် ၁ -မသန့်စင်သော ကောင်းကင်ဘုံတာအိုအစိတ်အပိုင်း ၁၀ ခု]
[ဆုလာဘ် ၂ - ရိကွမ်းတားမြစ်နယ်မြေ၏ လက်ရွေးစင်အစောင့်တပ်သားများကို ထိန်းချုပ်နိုင်ခြင်း]
ကျိယွန် ထိတ်လန့်သွားလေ၏။
"မသန့်စင်တဲ့ ကောင်းကင်ဘုံတာအို အစိတ်အပိုင်းတွေလားတဲ့လား ၊ဘယ်လိုကြီးလဲ"
ရွှမ်းဟွမ်တားမြစ်နယ်မြေတွင် သူသည်ထိုပြဿနာမျိုး မကြုံခဲ့ရပေ။
ထိုအချိန်ကဆုရခဲ့သော ကောင်းကင်ဘုံတာအိုအစိတ်အပိုင်းများက အပြစ်အနာအဆာကင်းခဲ့သည်။
ကျိယွမ်က ရုတိတရက်မြင်ကွင်းတစ်ခုကို သတိရလိုက်၏။ကောင်းကင်မှဆင်းလာသော ငါးမြှားကြိုးက မျက်နှာမဲ့မျက်နှာဖုံးပိုင်ရှင်ကို အသွေးအသားများတစ်စက်မကျအောင် စုပ်ယူသွားသော မြင်ကွင်းပင်။
“ဒါဆို ဒီတားမြစ်ထားတဲ့ နယ်မြေက..."
"နတ်ဆိုးကပ်ဘေးလို့ခေါ်တဲ့ အရာကြောင့် ညစ်ညမ်းသွားတာလား”
ကျိယွမ်၏ မျက်ခုံးများက ကျုံ့သွားလေသည်။သူက အလိုမကျတော့ပါ။
“ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံတာအိုအစိတ်အပိုင်းတွေ ရဖို့အတွက် နတ်ဆိုးကပ်ဘေးဆိုတာကို သတ်ပစ်ရမယ်”
သူ၏ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ခြင်းကို လာနှောက်ယှက်လျှင်သူကသည်းခံမည်မဟုတ်ပါ။
"မင်းတို့ကဘာလို့ ငါ့ကိုအနိုင်ကျင့်ရတာလဲ"
"နေဦး ဖိတ်စာထဲမှာပြောထားတာ နတ်ဆိုးတွေက အသူရာချောက်နက်ကြီးထဲမှာ ဆိုလား"
ကျိယွမ် သက်ပြင်းချလိုက်၏။
"ပြီးပြည့်စုံတဲ့ကောင်းကင်ဘုံတာအိုအစိတ်အပိုင်းတွေရဖို့ ငါကအသူရာချောက်နက်ကြီးထဲကို သွားရမယ်"
ကျိယွမ်က တိုက်ပွဲကြောင့်ပျက်စီးနေသော ရိကွမ်းတားမြစ်နယ်မြေကို စိတ်ပျက်သလိုကြည့်မိ၏။
"ဒီတစ်ခါတော့ ငါကရိကွမ်းတားမြစ်နယ်မြေကို စိတ်ကြိုက်ထိန်းချုပ်လို့ မရနိုင်ခဲ့ဘူးပဲ"
သူကရိကွမ်းတားမြစ်နယ်မြေ၏စည်းမျဥ်းဥပဒေသများကို စိတ်ကြိုက်သတ်မှတ်နိုင်ခြင်း မရှိပေ။
"ဒါက နတ်ဆိုးကပ်ဘေးကြောင့်များဖြစ်နေမလား"
"ထားတော့ ဒီနေ့ ငါအရမ်းပင်ပန်းနေပြီ၊ဂိမ်းထဲကမြန်မြန်ထွက်မှ ရတော့မယ်"
ကျိယွမ်သည် တိုက်ပွဲတွင်ဒဏ်ရာမရှိခဲ့ပါ။သို့သော်အကြောင်းရင်းမသိရဘဲ သူ၏စိတ်စွမ်းအင်ကတော့ အကြီးအကျယ်ကုန်ဆုံးသွားသလို ခံစားရသည်။
ကြည့်ရသည်မှာ သေခြင်း၏အလင်းရောင်က ချီစွမ်းအင်ကိုပြည့်လည်ပြည့်ဝလာနိုင်သော်လည်း ဂိမ်းကစားခြင်းကြောင့်ဆုံးရှုံးသွားသော စိတ်စွမ်းအင်ကိုတော့ ပြန်လည်ဖြည့်ဆည်းပေးနိုင်ပုံမရချေ။
ဂိမ်းထဲတွင်အချိန်ကြာမြင့်စွာနေခြင်းက သူ၏လက်တွေ့ဘဝက်ု သိသိသာသာထိခိုက်နိင်သည်။
ကျိယွမ်က သတို့သမီးလေးကို နီးကပ်စွာဖတ်ထားလိုက်သည်။ယခုအချိန်မှာတော့ သူက မြေတွင်းမတူးတော့ပါ။တွင်းတူးမည့်အစား သူကသတို့သမီးလေးအားဖတ်လျှက်
နှစ်ယောက်အတူလှဲလျောင်းလိုက်လေသည်။
..................
နန်းကန်တိုင်းပြည်၏နန်းတော်ထဲတွင် မီးများလင်းနေသည် ။
တော်ဝင်အစောင့်တပ်များက နန်းဆောင်အပြင်ဘက်ကို ဝိုင်းရံကာစောင့်ရှောက်နေပြီး နန်းတော်တစ်ခုလုံးတွင် တင်းမာမှုနှင့် ရက်စက်ကြမ်းကြုတ်သောလေထုက ပြည့်နှက်နေသည် ။
ကျင်းလီ အံ့သြခဲ့ရသည်မှာ နေ့ဘက်တွင် ကုန်းချီကို ဆင့်ခေါ်ပြီးနောက် ယွီဘုရင်ရောက်လာပြီး တွေ့ဆုံခွင့်တောင်းဆိုခဲ့သည်။ထို့နောက် ယွီဘုရင်က စစ်မာတျန်းနှင့်ပတ်သတ်၍ အလွန်မကျေမနပ်ဖြစ်နေကြောင်းကို ပြသခဲ့လေ၏။
တဆက်တည်းမှာပင် သူက ကျင်းလီကို ဖြစ်နိုင်ပါက ထွက်ပြေးသင့်သည်ဟု သိမ်မွေ့စွာ အကြံပြုလေသည် ။
ကျင်းလီသည် သူမ၏အန္တရာယ်ကို နားလည်ပါသည် ။သို့သော် သူမသည်ထွက်ပြေး၍မရ
နိုင်မှန်း အလိုလိုသိနေသည်။
"ဟင်း"
ကျင်းလီက သက်ပြင်းတစ်ခုကို လေးပင်စွာချလိုက်မိသည်။
ညဥ့်နက်နေပြီဖြစ်ပြီး သူမသည် အိပ်မပျော်ဖြစ်နေသည် ။
ယခုအချိန်တွင် သူမ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သော တစ်ခုတည်းသောအရာမှာ ကျိယွမ်နှင့် စကားပြောခြင်းဖြစ်သည် ။
ကံမကောင်းစွာဖြင့် ညဥ့်နက်နေပြီဖြစ်သောကြောင့် ကျိယွမ်သည် မည်သည့်စာမှ မပို့လာသေးပေ ။
"ရိကွမ်းတားမြစ်နယ်မြေမှာ သူအဆင်ရောပြေရဲ့လားမသိဘူး"
ထိုအချိန်တွင် လှပသောကျောက်စိမ်းချပ်ပေါ်တွင် မှိန်ဖျော့သောအလင်းရောင်တစ်ချက် လက်သွား၏ ။
“နင့်ကို ပြောစရာ သတင်းကောင်းတစ်ခုရှိတယ်၊ ငါရိကွမ်းတားမြစ်နယ်မြေ
ကို အနိုင်ရသွားပြီ”
“အခုချိန်ကစပြီး ရိကွမ်းတားမြစ်နယ်မြေက ငါ့ရဲ့ပိုင်ဆိုင်မှု ဖြစ်သွားပြီ”
“ငါ အခု ထွက်ရတော့မယ်၊ ဒီနေ့ စွမ်းအင်တွေ အရမ်းကုန်သွားပြီ၊ မနက်ဖြန်ကျမှ တခြားတားမြစ်နယ်မြေကို ဆက်သွားတော့မယ်”
ထိုစာများကိုမြင်လိုက်ရသောအခါ ကျင်းလီအနည်းငယ် စိတ်သက်သာသွားသလို ခံစားရသည်။
နောက်ဆုံးတွင် ရိကွမ်းတားမြစ်နယ်မြေကို ကျိယွမ်ကသိမ်းပိုက်သွားနိုင်ခဲ့လေပြီ။
“ဂရုစိုက်ပါ”
စာပို့ပြီးနောက် ကျင်းလီသည် သူမ၏မျက်နှာအနည်းငယ် နွေးသွားသည်ကို ခံစားလိုက်ရသည် ။
အမျိုးသမီး နန်းတွင်းအစောင့်အရှောက်များက သူတို့၏ခင်ပွန်းများကို အလားတူစကားများ တိုးတိုးလေးပြောနေသည်ကို သူမ သတိရလိုက်၏ ။
အမှန်တွင် သူမသည် သူ့မ၏အခက်အခဲများကို ကျိယွမ်အားပြောပြချင်ခဲ့သည်။
သို့သော် ကျိယွမ်သည်အလွန်ပင်ပန်းနေပုံရသည်ကို တွေ့လိုက်ရသဖြင့် သူမကထိုစကားများကို မျိုသိပိထားရန်ဆုံးဖြတ်လိုက်သည်။
သူအနားယူပြီးမှ ပြောပြတော့မယ်၊ဒါပေမဲ့ ငါပြောပြဖို့ရော အခွင့်အရေးရှိပါဦးမလား။
ဒါကငါတို့ရဲ့ နောက်ဆုံးစကားပြောခြင်း ဖြစ်သွားနိုင်တာပဲလေ။
ကျင်းလီသည် လင်လုံယွီရှီကျောက်စိမ်းပြားကို ငေးကြည့်ကာ မျက်ရည်များဝိုင်းလာ၏။
သူမက တုန်ရင်သောလက်များဖြင့်ကျောက်စိမ်းပြားကို ရင်ခွင်ထဲတွင်မြတ်နိုးစွာပိုက်လျှက် ပြန်လည်အိပ်စက်ရန်
ပြင်လိုက်သည်။
သို့သော်လည်း လှပသောကျောက်စိမ်းပြားသည် ထပ်မံ၍ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည် ။
"ကျင်းလီ၊နင့်ရဲ့နန်းကန်တိုင်းပြည်ကို တည်ငြိမ်သွားစေမဲ့ အကောင်းဆုံးအစီအစဥ်တစ်ခု ငါ့မှာရှိတယ်၊နင်နားထောင်ချင်လား"
----------------