← Chapters

အားနည်းနေသော ချီယွမ်

Vol. 4 Ch. 51

အားနည်းနေသော ချီယွမ်

Vol. 4 Ch. 51

ယွီဘုရင်ကြီးနှင့် ကုန်းအမတ်ကြီးတို့ ထွက်ခွာသွားသည်ကို ကြည့်ပြီး ကျင်းလီသည် ရင်လေးစွာ သက်ပြင်းချလိုက်မိပြန်သည်။ နန်းကန်သမိုင်းတွင် သူမသည် သက်ပြင်းအချရဆုံးသော ဧကရာဇ်တစ်ပါးပင် ဖြစ်နေမည်လား မသိတော့ပေ။

သူကအလွန်ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားရသည်။တစ်ချိန်တည်းမှာပင် သူမသည် ဧကရီဘုရင်မအဖြစ် အမှန်တကယ်ပင် မသင့်တော်ကြောင်းကို ထပ်မံသဘောပေါက်မိ၏။

အကယ်၍... နန်းကန်တိုင်းပြည်၏

အခြေအနေများ ပြေလည်သွားပါက သူမသည် ဤနေရာမှ ထွက်ခွာပြီး ရှေးဟောင်းစီးချောင်သစ်ပင်ကြီးဆီသို့ သွားကာ ကျိယွမ်ကို တွေ့လိုသည့်ဆန္ဒသာရှိတော့သည်။

သို့သော် ယခုအချိန်ထိတော့ ထိုဆန္ဒကဖြစ်နိုင်ရန် ဝေးကွာနေဆဲပင်။

“အရှင်မင်းမြတ်”

ဒေါ်လေးချင်က ကျင်းလီ၏ အနားသို့ကပ်၍ တိုးတိုးလေး မေးလိုက်သည်။

“ပူဇော်ရာယဇ်ပလ္လင် တည်ဆောက်တာက ​ပုဂ္ဂိုလ်ကြီး၏အလိုတော်ပါလား”

ထိုစကားကိုကြားလျှင် ကျင်းလီ တွေဝေသွား၏။

ပြီးမှ တုန့်ပြန်လိုက်သည်။

“ဒေါ်လေးချင် ၊ ကျွန်မပြောတာကိုသာ ဆောင်ရွက်ပေးပါ"

ဒေါ်လေးချင်သည် ဆက်မမေးခဲ့

သော်လည်း သူမ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာသည်။

သူမသည် ကျင်းလီပေးခဲ့သော ပုံကြမ်းပေါ်မှ ယဇ်ပလ္လင်ပုံစံကို မှတ်မိနေသည်။ထိုအတူ ယွီဘုရင်လည်း မှတ်မိနေမည်ဟု သူမသိလေသည်။

ဒေါ်လေးချင်သည် ဧကရာဇ်နန်းဆောင်မှထွက်လာသောအခါ မလှမ်းမကမ်းတွင် နန်းဆောင်တစ်ခု၏ မီးခိုးရောင်ဖျော့ဖျော့လက်ရန်းတစ်ခုကိုမှီကာ တစ်ယောက်တည်းရပ်နေသော ယွီဘုရင်ကြီးကို တွေ့လိုက်ရသည်။

ယွီဘုရင်က ဒေါ်လေးချင်ကို မြင်သောအခါ အနားရောက်သည်အထိ မစောင့်နိုင်ဘဲ သူ၏စိတ်ထဲမှ သံသယမေးလိုက်သည်။

"ချင်သခင်မ ၊နင်လည်းပုံကြမ်းထဲက ပလ္လင်ကိုမှတ်မိမှာသေချာတယ်၊ မှန်လား ငါပြောတာ"

"အင်း"

ဒေါ်လေးချင်က ခေါင်းညိတ်ပြလိုက်၏။

“ဒါက ပူဇော်ရာယဇ်ပလ္လင်တစ်ခုပဲ ။ ရှေးခေတ်တုန်းက ဝမ်ယုကုန်း​မြေတိုက်ကြီးတစ်ခုလုံးကို ကောင်းကင်ဘုံနတ်ဘုရားရဲ့ တရားရုံးတစ်ခုက အုပ်စိုးခဲ့တယ်၊​တိုင်းပြည်ဧကဇ်တွေအနေနဲ့ ကပ်ဘေးကြီးကြုံလာခဲ့ရင် ယဇ်ပလ္လင်တစ်ခု တည်ဆောက်ပြီးတော့ နတ်ဘုရားစစ်တပ်ကို ဆင့်ခေါ်နိုင်တယ်လို့ ရာဇဝင်စကားရှိတာပဲ ။ ဒါပေမဲ့အခုချိန်မှာ အဲ့ဒါတွေက ဒဏ္ဍာရီသပ်သပ်ပဲ ရှိတော့တာ၊ကောင်းကင်ဘုံရုံးတော် ပျက်သုဥ်းသွားခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီပဲ နတ်ဘုရားစစ်တပ်က ဘယ်လိုလုပ် လာတော့မှာလဲ၊လွန်ခဲ့တဲ့နှစ် ၂၀ လောက်က ချင်ပြည်နယ်မှာရှိတဲ့ ကျင်းကျိုးမြို့ကို နတ်ဆိုးတွေဝိုင်းခံရတော့ မြို့စားက ရှေးဟောင်းယဇ်ပုလ္လင်တစ်ခု တည်ဆောက်ခဲ့တာပဲလေ၊ရလဒ်က ဘယ်လိုလဲဆိုတာ ရှင်လည်းမှတ်မိမှာပါ"

ဒေါ်လေးချင်၏စကားများကို ကြားပြီးနောက် ယွီဘုရင်က ခေါင်းငြိမ့်ကာသက်ပြင်းချ၏။

"အရှင်မင်းကြီးက ဒီပုံကြမ်းကိုဘယ်ကရခဲ့တာလဲတော့ ငါမသိဘူး၊ဒါပေမဲ့ ယဇ်ပလ္လင်ကို အားကိုးနေတာထက် အရှင်မင်းကြီးက နန်းတော်ကနေ အန္တရာယ်ကင်းကင်းနဲ့ထွက်နိုင်လိမ့်ဖို့ ကြိုးစားတာက ပိုပြီးအသုံးမဝင်ဘူးလား "

ယွီဘုရင်သည်လည်း ယဇ်ပလ္လင်သည် နတ်ဘုရားစစ်တပ်ကို ဆင့်ခေါ်နိုင်သည်ဟု မယုံကြည်ပါ။သူက ဧကရီအား ယူတ္တိရှိပြီး ပို၍စိတ်ချရသောနည်းလမ်းကိုသာ စဥ်းစားစေချင်၏။

ယခုတော့ဧကရီသည် အခြေအမြစ်မရှိသော ကိစ္စတစ်ခုအပေါ် အကျိုးအကြောင်းမဲ့စွာ အာရုံစိုက်နေခဲ့သည်။

ဒေါ်လေးချင်၏ မျက်နှာသည်လည်း မှိုင်းညို့သွားရှာသည်။

"ကျွန်မတို့တတ်နိုင်သမျှလုပ်ဆောင်ပြီး ကျန်တာကို ကံကြမ္မာအပေါ်ယုံကြည်ထားရုံပဲ ရှိတော့တယ်"

.....................

“ပူဇော်ရာယဇ်ပလ္လင်တစ်ခုလား။ ရယ်စရာပဲ”

စစ်မာတျန်းသည် ယဇ်ပလ္လင်သတင်းကို ကြားသောအခါ သူ၏မျက်လုံးများတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

နတ်ဆိုးမျိုးနွယ်မှ နတ်ဆိုးဧကရာဇ်က သူ၏လက်ထဲတွင် ပုံကြမ်းတစ်ခုကို ကိုင်ထားပြီး ပြုံးနေသည်။

“ရှေးဟောင်းကောင်းကင်ဘုံရုံးတော်ရဲ့ဓားကိုသုံးပြီး ခေတ်သစ်နတ်ဆိုးတွေကို သတ်ဖို့တဲ့။ ဒီဧကရီကျင်းလီက တော်တော်ချစ်ဖို့ကောင်းတာပဲ၊ဟားဟား ဟားဟား"

နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် သူသည်ကောင်းကင်ဘုံရုံးတော်ကို ကောင်းစွာသိပါသည်။ ရှေးခေတ် လူသားမျိုးနွယ်များနှင့် နတ်ဆိုးမျိုးနွယ်စုများ တိုက်ပွဲဖြစ်ပွားစဥ်က နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်ခံရသော ထိပ်တန်းလူသားကျင့်ကြံသူတစ်ဦးက ကောင်းကင်ဘုံတရားရုံးကို တည်ထောင်ခဲ့ပြီး ဌာနကြီးလေးခုကို ဦးဆောင်ခဲ့သည်။ ထိုစဥ်က ယဇ်ပလ္လင်တစ်ခု တည်ဆောက်ခြင်းသည် နတ်ဘုရားစစ်တပ်ကို ဆင့်ခေါ်နိုင်၏။ နတ်ဘုရားရုံးတော်သည် သူတို့နတ်ဆိုးမျိုးနွယ်စုကို ရေခဲပြင်သို့ပင် မောင်းထုတ်ခဲ့ဖူးသည်။ ဤအဖြစ်အပျက်များကို နတိဆိုးမျိုးနွယ်၏ ဘိုးဘွားခန်းမတွင် ကောင်းစွာ မှတ်တမ်းတင်ထားသည်။

“သူမကို လွှတ်ထားလိုက်ပါ။ ဒါက သေခါနီး ရုန်းကန်မှုလေး တစ်ခုပါပဲ”

တိန့်ယန်အထွတ်အမြတ်ဂိုဏ်းမှ ပိန်သွယ်သောဧကရာဇ်က အရေးမကြီးသလို ပြောလိုက်သည်။

နတ်ဆိုးမျိုးနွယ်စုမှ နတ်ဆိုးဧကရာဇ်က သူ၏မျက်လုံးများကို မှေးကာ သတိပေးလေသည်။

“အခုအရေးကြီးတာက အမြင့်ဆုံးတော်ဝင်မျိုးနွယ်ကို ပုံသွင်းနိုင်ဖို့ပဲ။ ကျန်တာအားလုံး က စောင့်လို့ရတယ်”

“မှန်တယ် ၊ ဧကရီကျင်းလီကို သေချာစောင့်ကြည့်ခိုင်းထား။ သူမကို ထွက်ပြေးသွားလို့ လုံးဝမရဘူး"

ပိန်သွယ်သောဧကရာဇ်ကလည်း စစ်မာတျန်းကို ထပ်မံသတိပေးသည်။သူတို့၏အစီအစဥ်များအတွက် ဧကရီကျင်းလီမှာ အရေးအကြီးဆုံးဖြစ်၏။

စစ်မာတျန်းက “စိတ်ချပါအရှင်တို့ ၊ နန်းတော်တစ်ခုလုံးကို သေချာဝိုင်းထားပါတယ်။ ဧကရီ ကျင်းလီ ဘယ်နည်းနဲ့မှ ထွက်ပြေးလို့မရပါဘူး” ဟု လျင်မြန်စွာ အာမခံလိုက်သည်။

“အင်း ၊ မြို့အပြင်မှာလည်း ငါတို့နွယ်စုရဲ့ ဧကရာဇ်ခုနစ်ပါး ရှိတာပဲ။ သူမဘယ်လိုမှ ပြေးလို့မလွတ်ပါဘူး”

ယခုတစ်ကြိမ်တွင် နတ်ဆိုးမျိုးနွယ်သည် အင်အားများစွာကို ဖြန့်ကျက်ထားသည်။ သူတို့တွင် ဧကရာဇ်ခုနစ်ပါးနှင့် ဘုရင်အချို့ရှိနေသဖြင့် နန်းမြို့တော်တစ်ခုလုံးကိုပင် အတင်းအကျပ် သန့်စင်ပစ်နိုင်သည်။

စစ်မာတျန်း၏ နောက်လိုက်အရာရှိများသည် ထီးနန်းကို သူတို့အကျိုးအတွက်သိမ်းယူနိုင်တော့မည်ဟု ထင်နေကြပြီး သူတို့အားလုံးနှင့် မြို့သူမြို့သားများသည် နတ်ဆိုးမျိုးနွယ်အတွက် ပန်းကန်ပေါ်မှ ငါးများသာ ဖြစ်ကြောင်းကို သဘောမပေါက်ကြချေ။

...............

“အရမ်းပင်ပန်းတာပဲ”

ကျိယွမ်သည် လုံးဝပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားရပြီး နိုးလာသည်။ သူသည် အကျည်းတန်ဝတ်စုံဘုရင်ကို တိုက်ပွဲအတွင်း၌ ထိခိုက်မှုမရှိဘဲ ဖိနှိပ်နိုင်ခဲ့သော်လည်း သူ၏စိတ်စွမ်းအားပေါ်တွင် ကြီးမားသောသက်ရောက်မှုကို ခံစားခဲ့ရသည်။

သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ရေမှန်တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာ၏။ ကျိယွမ်သည် မှန်ထဲတွင် သူ၏ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာကိုပြန်မြင်ရပြီး ပြင်းထန်သောအားနည်းမှု၏ လက္ခဏာဖြစ်ကြောင်း ညွှန်ပြနေသည်။

“ငါ့ကိုယ်ခန္ဓာက လုံးဝခြောက်သွေ့သွားသလို ခံစားရတယ်၊ဘာကြောင့်ပါလိမ့်”

“ငါအခု ရှန်းပေါင်အချိုရည်တစ်ဘူးသောက်ချင်လိုက်တာ”

“တခြားဘာမှမရှိရင်တောင် အရသာခြောက်မျိုးပါတဲ့ တိယွမ်ဆေးပြားဆိုလည်း မဆိုးဘူး"

ဂိမ်းအတွင်း စိတ်စွမ်းအင်ကုန်ဆုံးမှု အလွန်​များသွားခဲ့သော်လည်း ကျိယွမ်ရရှိခဲ့သော အကျိုးအမြတ်များမှာ အလွန်ကြီးမား၏။

အထူးသဖြင့် အဆင့် ၉၀ သို့ရောက်ပြီးနောက် ပို၍သိသာလာသည်။

ထိုတိုးတက်မှုက လက်တွေ့ဘဝတွင်လည်း ထင်ဟပ်ခဲ့ပြီး သူ၏ကျင့်ကြံမှုသည် သိသိသာသာ တိုးတက်လာခဲ့သည်။

ယခင်ကသူ၏မီးဖိုချောင်သုံးဓားက်ို မသုံးဘဲ သူ၏စွမ်းရည်များကိုပဲ အသုံးပြုလျှင် အခြေတည်အဆင့်နှင့် ကိုက်ညီခဲ့၏။

ယခုသူ၏ကျင့်ကြံမှုတိုးတက်လာသောကြောင့် မည်သည့်စွမ်းရည်များကိုမှ မသုံးဘဲ ကိုယ်ခံအားသပ်သပ်ဖြင့်တိုက်ခိုက်လျှင်ပင် အခြေတည်အဆင့်များကို ဖိနှိပ်နိုင်နေပြီဖြစ်လေသည်။

အမှန်တကယ်ပင် ကြီးမားသောတိုးတက်မှုပင် ဖြစ်သည်။

"ဒါပေမဲ့ ငါ့ရဲ့စိတ်ဝိညာဥ်က အားနည်းနေတုန်းပဲ၊ဘာကြောင့်လဲ ငါ့ရဲ့ဝိညာဥ်ကအားနည်းလွန်နေလို့လား"

ကျိယွမ်က ထိုသို့စဥ်စားမိသဖြင့် သူ့ကိုယ်သူစစ်ဆေးကြည့်လိုက်သည်။သို့သော် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများသည် သူတို့၏ ဝိညာဥ်ကို ခံစားနိုင်ခြင်းမရှိကြသေးပေ။အခြေတည်အဆင့်သို့ရောက်မှသာ ထိုစွမ်းရည်ကို ရရှိမည်ဖြစ်၏။

"အခြေတည်အဆင့်ကိုရောက်ရင်တော့ ဝိညာဥ်ကိုအားကောင်းစေမယ့် နည်းစနစ်နည်းနည်းပါးပါး သင်ရမယ်၊အဲဒါဆိုရင် ငါဂိမ်းထဲမှာ ပိုပြီးကြာကြာနေနိုင်လိမ့်မယ်"

ကျိယွမ်သည် သူ၏သိုလှောင်အိတ်ထဲမှ စာအုပ်များကို ထုတ်လိုက်သည်။ သူက ပင်ပန်းနွမ်းနယ်နေသော်လည်း ကြိုးစားနေဆဲဖြစ်သည်။

သို့သော် သူစာစဖတ်လိုက်သည်နှင့် သူ၏ခေါင်းသည် ဆိုးရွားစွာကိုက်ခဲလာ၏။ တစ်ညလုံးဂိမ်းကစားခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။

“ဒီပုံဆိုစာဖတ်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ငါအနားယူပြီး နည်းနည်းပါးပါးအနှိပ်ခံဖို့ လိုနေပြီ”

ယခုအချိန်၌ သင့်တော်သော အနားယူမှုတစ်ခု လိုအပ်ကြောင်း သူကောင်းကောင်းသိလိုက်သည်။

ကျိယွမ် သူ၏ကောက်ရိုးတဲအိမ်လေးထဲမှထွက်လာသောအခါ ကျန်းလင်းစုသည် စာရွက်စာတမ်းအချို့ကို လှန်လှောကြည့်နေသည်ကို တွေ့လိုက်ရ၏။

သူမသည် ရေခဲပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏အသွင်အပြင်က စိတ်အေးချမ်းစေသော်လည်း ဝေးကွာသောအဆင့်အတန်းတစ်မျိုးကို ခံစားမိစေသည်။

ကျိယွမ်ကို မြင်သောအခါ သူမက မျက်မှောင်ကြုတ်ကာ စူးစမ်းသည်။

“ဆရာတူအစ်ကိုကြီး၊ အစ်ကို့ရဲ့ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး တစ်ခုခုများမှားနေလား”

ကျိယွမ်၏ပုံစံမှာ လုံးဝဖျော့တော့နေပြီး အင်အားမရှိတော့ဘဲ ပုံလဲသွားတော့မလိုဖြစ်နေ၏။

“မမှားပါဘူး၊ တစ်ညလုံး ဂိမ်းကစားထားလို့ပင်ပန်းနေတာပါ။ ပြန်လည်သက်သာအောင် အနှိပ်ခံဖို့လိုနေတာ”

တစ်လက်စတည်း ကျိယွမ်က ကျန်းလင်းစုကိုမေးလိုက်၏။

​ “ညီမလေး၊ ငါ့ကို နှိပ်မပေးချင်ဘူးလား။ ငါနင့်ကို ဝိညာဉ်ကျောက်တုံးသုံးတုံး ပေးမယ်လေ"

"သွားလိုက်တော့”

ကျိယွမ်၏ ပေါ့ပေါ့တန်တန်ပြောဆိုမှုကြောင့် ကျန်းလင်းစု၏ စိုးရိမ်ပူပန်မှုသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

သူမက မျက်စိနောက်ဟန်ဖြင့် သူ့ကို နှင်ထုတ်၏။

ကျိယွမ်က ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး တောင်အောက်သို့ ဖြည်းဖြည်းချင်းဆင်းသွားသည်။

သူမ သဘောမတူခဲ့ခြင်းကပင် သူ့အတွက်ကံကောင်းခြင်းဖြစ်သည်ဟု ကျိယွမ်တွေးမိသည်။ မဟုတ်ပါက သူသည် ဝိညာဉ်ကျောက်တုံးသုံးတုံးကို ဖြုန်းတီးမိမည်ဖြစ်သည်။ မြို့ထဲတွင်ဖွင့်ထားသော နာမည်ကြီး အနှိပ်ခန်းများပင် ဝိညာဉ်ကျောက်တုံးများ ကုန်ကျခြင်းမရှိပေ။ သူမသာ ချမ်းသာသောသူမဟုတ်ပါက သူသည် ထိုမျှများပြားသော ကျောက်တုံးများကို ကမ်းလှမ်းမည်မဟုတ်ပါ။

တောင်အောက်သို့ ဆင်းသွား​သော ကျိယွမ်၏ကျောပြင်ကို ကြည့်ကာ ကျန်းလင်းစုသည် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။

ငါခုနက ရိုင်းသလိုများဖြစ်သွားလာမသိဘူး၊ဆရာတူအစ်ကိုကြီးအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိသွားတယ်။

မြို့ထဲ၌ အနှိပ်ခံပြီးနောက် ချီယွမ်သည် အနည်းငယ် ပိုကောင်းလာသည်။ သူသည် အရသာရှိသော ဝိညာဉ်စွပ်ပြုတ်ကိုလည်း ဝိညာဉ်ကျောက်တုံးတစ်တုံးဖြင့် ဝယ်ယူခဲ့သည်။

ဤသို့ဖြင့် တစ်ရက်တာအနားယူပြီးနောက် ကျိယွမ်သည် အတော်အတန်ပြန်လည်ကောင်းမွန်လာသည်ဟု သူ့ကိုယ်သူခံစားရသည်။

“ငါ့ဝိညာဉ်က အားနည်းနေတုန်းပဲ။ ကံဆိုးတာက ဝိညာဉ်နဲ့ပတ်သတ်တဲ့ နည်းစနစ်တို့ဆေးပင်တို့ကလည်း တော်တော်လေးရှားပါးတယ်"

မဟူရာတောင်တန်းဂိုဏ်း၏ ကြီးမားသောစာကြည့်တိုက်တွင်ပင် ဝိညာဉ်နှင့်ဆိုင်သော နည်းစနစ်များကို မတွေ့ခဲ့ပေ။ ဆေးပင်များဆိုလျှင်တော့ ပို၍ပင်ပြောစရာပင် မလိုတော့ပါ။

ဝိညာဉ်နှင့်ပတ်သက်သော မည်သည့်အရာမဆို ရှားပါးပြီးအလွန်တန်ဖိုးကြီးမားသည်။စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများက ၄င်းတို့၏စိတ်ဝိညာဥ်ကိုအဆင့်တတ်နိုင်ရန် ထိုအရာများကို လက်ဝါးကြီးအုပ်ထားလေ့ရှိသည်။

ထို့ကြောင့် ချီသန့်စင်ခြင်းအဆင့်၊အခြေတည်အဆင့်နှင့်အမြုတေအဆင့်ကျင့်ကြံသူများအနေဖြင့် ထိုအရင်းအမြစ်များကိုရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ဒါပေမဲ့ ဒါကပြဿနာကြီးတော့ မဟုတ်ဘူး၊ငါအခြေတည်အဆင့်ရောက်မှပဲ ဝိညာဥ်ကိုစွမ်းအားမြှင်တင့်တဲ့နည်းကို စဥ်းစားတာပေါ့"

ဂိမ်းထဲသို့ဝင်ရောက်နိုင်ပြီးနောက် ချီသန့်စင်ခြင်းအဆင့်သို့ရောက်သောအခါ ကျိယွမ်သည် ဖုံးကွယ်ထားသောအချက်အလက်များကိုမြင်နိုင်သည့်စွမ်းရည်ရရှိခဲ့သည်။

အကယ်၍ အခြေတည်အဆင့်သို့ရောက်ရှိပါက နောက်ထပ်စွမ်းရည်အသစ်တစ်ခု မရနိုင်ဟု မည်သူပြောနိုင်သနည်း။

ထို့ကြောင့်ကျိယွမ်သည် စိတ်ပူပန်နေခြင်းမရှိတော့ပါ။

ကျိစယ်တောင်ထိပ်သို့ ပြန်လာရာလမ်းတွင် ဂိမ်ထဲသို့ပြန်မဝင်မီ သေချာအနားယူပြီး ပြန်လည်သက်သာစေရန် ဂရုစိုက်ရမည်ဟု သူတွေးနေခဲ့သည်။

ကျိယွမ်သည် တောင်ထိပ်နံဘေးရှိ သစ်ပင်ကြီးတစ်ပင်ကို ဖြတ်သွားစဉ် ခဏရပ်ပြီး အောက်သို့ ကြည့်မိ၏။

[ဒါက ထူးခြားတဲ့ မြက်လေးတစ်ပင်ပါ။ ထိုအရာမှ လမင်း၏ရနံ့ကို ရနေသည်]

ချီယွမ်သည် အံ့သြစွာနှင့် မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။

“လမင်းရဲ့ရနံ့လား။ အဲဒါက ဘာလဲ"

သူက မြက်ပင်ကို ပြန်ကြည့်ရင်း "မင်းကလမင်းရဲ့ရနံ့ကို မှတ်မိတယ်ဆိုတော့ ကျိယွမ်ရဲ့ရနံ့ကိုရော မှတ်မိလား" ဟုမေးလိုက်၏။

သို့သော် မြက်ပင်လေးက ငြိမ်သက်နေပြီး မတုန့်ပြန်ခဲ့ပါ။

ကျိယွမ်သည် မြက်ပင်လေးကိုနှိုးကာ ၄င်းက အဘယ့်ကြောင့်ထူးခြားသောမြက်ပင်ဖြစ်လာသနည်းဟု မေးလိုက်ချင်သည်။ထိုသို့ထူးခြားလာအောင် မြက်ပင်လေးက မည်သို့ကြိုးစားခဲ့လေသနည်း။

"ငါလည်းထူးခြားတဲ့သူတစ်ယောက်ဖြစ်ချင်လို့ပါ"

--------------------

All Chapters