ဒြပ်စင်ငါးပါး၏ စွမ်းအား
Vol. 4 Ch. 56
ကြမ်းတမ်းသောအမျိုးသားက ထိုသို့ပြောပြီးနောက် သူ၏ပါးစပ်ထဲမှ သလိပ်ခဲကဲ့သို့သောအရာတစ်ခုကို ထွေးထုတ်လိုက်သည်။
ထိုအရာသည် အရောင်ငါးမျိုးပါဝင်သည့် ဓာတ်ငွေ့လုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ကျင်းကျူသည် ထိုဓာတ်ငွေ့ကို ဖမ်းယူလိုက်သည်။ သူကရှောင်လူကို စကားအနည်းငယ်ပြောပြီးနောက် ကျိယွမ်ကို ရှေ့သို့ ဆက်ခေါ်သွားခဲ့သည်။
သူတို့ထွက်ခွာသွားပြီး တစ်ခဏအကြာမှာပင် ထိုနေရာတွင်ရှိသော ခေါင်းတလားအဖုံးများအားလုံးက ရုတ်တရက် ပွင့်သွားခဲ့သည်။
လူနှင့်တူသောသတ္တဝါများသည် အခေါင်းများထဲမှ တစ်ယောက်ပြီးတစ်ယောက် ထထိုင်လာကြပြီး တစ်ဦးစီတိုင်းက ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို ထုတ်လွှတ်နေကြသည်။
ကြမ်းတမ်းသောအမျိုးသားက အံ့ဩနေဟန်ဖြင့် မှတ်ချက်ချသည်။
"မထင်ထားဘူး၊ သူကနတ်ဘုံအဆင့်ကိုတောင် ရောက်နေပြီပဲ။ တကယ်ကို ပါရမီရှင်ဖြစ်မယ် ၊ ယုပြီးရင် သူကဒုတိယမြောက်ပါရမီရှင်ပဲ"
ခေါင်းတလားများထဲမှလူတိုင်းသည် ယု ဆိုသူကိုကို ကြည့်လိုက်ကြ၏။
ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင် နတ်ဘုံအထွတ်အထိပ်အဆင့် အနည်းငယ်သာရှိ၏။
အမွေးအတောင်များပါသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ယုဆိုသူသည် အလွန်ခန့်ညားသောရုပ်ရည်ရှိပြီး အလွန်လှပသည့် အမျိုးသမီးနတ်ဘုရားတစ်ပါးနှင့် ပင်ဆင်တူနေသည်။
"နောက်ထပ် ထောင်စုနှစ်နည်းနည်းလောက် အချိန်ပေးလိုက်ရင် သူက နတ်မင်းကြီးတစ်ဦးဖြစ်လာနိုင်တယ်။စိတ်မကောင်းစရာပဲ၊ ဘယ်လောက်တောင် စိတ်မကောင်းစရာကောင်းလိုက်လဲ"
ယု၏အသံသည် အလွန်ညင်သာပြီး အမျိုးသမီးဆန်သည့်ဘက်သို့ပင် တိမ်းညွတ်နေသည်။
"နှစ်သုံးရာအတွင်းမှာ သူကဓာတ်ကြီးငါးပါးလေ့ကျင့်ရေးမြေမှာ တစ်ခုခုအောင်မြင်ခဲ့ပြီး သတို့သမီးမင်းသမီးရဲ့အကူအညီနဲ့ဆိုရင် နတ်မင်းကြီးတစ်ပါးရဲ့စွမ်းအားကိုတောင် ထုတ်သုံးနိုင်မှာပဲ"
နတ်မင်းကြီးဆိုသည်မှာ နတ်ဘုံ အထွတ်အထိပ်အဆင့်အောက်ရှိ အင်အားအကြီးဆုံးတိုက်ခိုက်နိုင်စွမ်း ရှိပြီး အလွန်ရှားပါးသည်။
သို့သော်လည်း ယုသည် သတို့သမီးမင်းသမီး၏အမည်ကို ထည့်ပြောလိုက်သောအခါ ထိုနေရာတွင် ရှိနေသူ အများစုက တစ်ခုခုကို ပြန်သတိရဟန်ဖြင့် မျက်လုံးများ အရောင်တောက်သွားခဲ့သည်။
အတိတ်ကာလတွင် ကောင်းကင်ဘုံနတ်ဘုရားသည် သတို့သမီးမင်းသမီးကြောင့်ခေတ်တစ်ခုကို အောင်နိုင်ခဲ့သည်။
သူတို့သာ သတို့သမီးမင်းသမီးကို ရရှိခဲ့ပါက ထုတ်သုံးနိုင်သည့် စွမ်းအားသည် အနည်းဆုံး နတ်မင်းကြီး၏ စွမ်းအားနှင့် ညီမျှမည်ဖြစ်ပြီး နတ်ဘုံအထွတ်အထိပ်တစ်ဦး၏ စွမ်းအားကိုပင် ထုတ်သုံးနိုင်ဖွယ်ရှိသည်။
ယု သို့မဟုတ် လုံပန်တို့ကသာ သူမကို ရရှိခဲ့ပါက ကောင်းကင်ဘုံနတ်မင်း၏ စွမ်းအားကိုပင် ကျော်လွန်သွားနိုင်မည်ဖြစ်သည်။
ထိုသို့အင်အားကြီးလာလျှင် ပြင်ပနတ်ဆိုးများကို ရင်ဆိုင်ရာတွင် သူတို့၏ အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ သို့သော်လည်း သတို့သမီးမင်းသမီးကို ရရှိရန်မှာလည်း မလွယ်ကူကြောင်းကိုလည်း သူတို့အားလုံး နားလည်ပါသည်။
ယုက သူတို့၏အတွေးများကို သိနေသကဲ့သို့
ညင်သာစွာ ပြောလိုက်သည်။
"အချင်းချင်း စိတ်ဝမ်းမကွဲစေနဲ့"
ညင်သာသောအသံတွင် သတိပေးမှုတစ်ခု ပါဝင်နေသည်။
အခေါင်းများထဲမှလူတိုင်းသည် ယု၏ စိတ်နေသဘောထားကို သိထားကြသည်။ သူကစကားနည်းလေလေ ကိစ္စကပိုမိုပြင်းထန်လေလေဖြစ်သည်။
လူတိုင်း တိတ်ဆိတ်သွားကြပြီး သူတို့၏ အတွင်းစိတ်အတွေးများကို ဖုံးကွယ်ထားလိုက်သည်။
ထိုအချိန်တွင် အစိမ်းရောင်ဝတ် မိန်းကလေးသည် မနေနိုင်တော့ဘဲ သူမ၏မကျေနပ်ချက်ကိုထုတ်ဖော်၏။
"အဲဒီ အဝတ်အထည်ဌာနသခင်ရဲ့ရည်ရွယ်ချက်တွေက အလွန်ဆိုးရွားတယ်။ သူက... ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို လိုချင်နေတာ"
"ဘာ"
ပထမဆုံးထလာသည့် ကြမ်းတမ်းသော အမျိုးသားက မယုံနိုင်သလို ထအော်မိသည်။
အစိမ်းရောင်ဝတ်စုံမိန်းကလေးသည် ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန် ပြန်ပြောပြလိုက်သည်။
သူမ၏စကားအဆုံးတွင် သူတို့၏မျက်နှာအမူအရာများ အမျိုးမျိုး ပြောင်းလဲသွားသည်။
"သူက ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ချင်တာလား။ သူ့ရဲ့ ရည်မှန်းချက်က မသေးပါလား"
"အဲဒီကလေးက အပြင်နတ်ဆိုးတွေ စေလွှတ်လိုက်တဲ့ သူလျှိုများဖြစ်နေမလား"
"ဒြပ်စင်ငါးပါးတားမြစ်နယ်မြေက ပြင်ပနတ်ဆိုးလက်ထဲ ရောက်သွားရင် နှစ်သုံးရာစောင့်နေရတဲ့ နတ်ဆိုးသတ်ပွဲမတိုင်ခင်မှာပဲ ငါတို့တွေအားလုံး သေချာပေါက် ပျက်စီးသွားနိုင်တယ်"
"မင်းတို့အားလုံး အတွေးလွန်နေကြတာပဲ။ ဘိုးဘေးငါးပါးရှိနေတာကို ဘာကိုကြောက်နေကြတာလဲ။ မင်းတို့တွေ တကယ်ပဲ အဲဒီကလေးရဲ့ အရည်အချင်းက... ကောင်းကင်ဘုံနတ်ဘုရားရဲ့ အရည်အချင်းကိုကျော်လွန်ပြီး ဘိုးဘေးငါးပါးရဲ့ အသိအမှတ်ပြုခြင်းကို ခံရမယ်လို့ ထင်နေတာလား"
ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင် ကျင်းကျူ၊ မုကျူ၊ ရှုကျူ၊ ဟူကျူနှင့် တုကျူ ဟူသော ဘိုးဘေးငါးပါးရှိကြသည်။
ဘိုးဘေးငါးပါးသည် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ထိန်းချုပ်ရန်အတွက် အဓိကသော့ချက်များပင်။
ဘိုးဘေးများရှိနေခြင်းကြောင့်ပင် ရိကွမ်းတားမြစ်နယ်မြေကဲ့သို့ ပြင်နတ်ဆိုးများမကျူးကျော်နိုင်ခဲ့ခြင်းဖြစ်၏။
ဘိုးဘေးများအကြောင်းတွေးမိသောအခါ အားလုံးစိတ်ချလက်ချဖြစ်သွားပြီး ကျိယွမ်၏အကြံမှာ ရယ်စရာကောင်းသလိုအလေးအနက်ထားစရာ မလိုဟု သဘောပေါက်သွားကြသည်။
ကြမ်းတမ်းသောအမျိုးသားက အစိမ်းရောင်ဝတ်မိန်းကလေးကို နှစိသိမ့်ပေးလိုက်သည်။
"ရှောင်လူ၊ ကျင်းကျူအတွက် နင်စိုးရိမ်နေတာကို ငါသိပါတယ်။ ဒါပေမဲ့ စိုးရိမ်ဖို့မလိုဘူး။ အဲဒီကလေးက ထူးချွန်ထက်မြက်ပေမယ့် ငါတို့တားမြစ်နယ်မြေကို တကယ်ကြီး ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။
ရှောင်လူ၏ မျက်လုံးများ အရောင်တောက်သွားသည်။
ဟုတ်တယ် ၊သူက အကြွားသန်နေတာပဲ၊ကောင်းကင်ဘုံနတ်ဘုရားပြန်လားရင်တောင် ဘိုးဘေးငါးပါးလက်ထဲကနေ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး၊သူက အပိုတွေပြောနေတာပဲ။
ရှောင်လူစိတ်သက်သာရာရသွားသည်။
တားမြစ်နယ်မြေကို ထိန်းချုပ်ရန်မှာ ခွန်အားနှင့်မသက်ဆိုင်ဘဲ အရည်အချင်းနှင့်သာသက်ဆိုင်နေသည် မဟုတ်ပါလား။
...................
ကျင်းကျူနှင့်ကျိယွမ်တို့သည် ဓာတ်ကြီးငါးပါး လေ့ကျင့်ရေးမြေအနီးသို့ ရောက်ရှိလာသည်။
ကျင့်ကျူက လေ့ကျင့်ရေးမြေထဲသို့မဝင်မီ ရှင်းပြနေသည်။
"ဓာတ်ကြီးငါးပါး လေ့ကျင့်ရေးမြေမှာ သတ္တု၊ သစ်၊ ရေ၊ မီးနဲ့ မြေဆိုတဲ့ အနှစ်သာရ ငါးမျိုး ရှိတယ်။ဒီအနှစ်သာရ ငါးမျိုးမှာ ငါတို့ရဲ့ ကျင့်ကြံမှုအတွက် အကျိုးရှိတဲ့ ဒြပ်စင်ငါးမျိုးရဲ့စွမ်းအင်တွေ ပါဝင်တယ်။
ကိုယ့်အတွက်လိုအပ်တဲ့ အနှစ်သာရတွေကို နားလည်ပြီး သတ်ဖြတ်ခြင်းက နတ်လမ်းစဥ်ကိုနားလည်သဘောပေါက်စေပြီး ကျင့်ကြံမှုကို တိုးမြှင့်ပေးဖို့အတွက်လည်း အသုံးပြုလို့ရတယ်"
နတ်ဘုံအဆင့် သို့မဟုတ် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူတိုင်းတွင် အများအားဖြင့် ဒြပ်စင်ဂုဏ်သတ္တိတစ်မျိုးတည်းသာ နားလည်နိုင်စွမ်းရှိကြသည်။၄င်းတို့၏ ကျင့်ကြံမှုသည် ဒြပ်စင်ငါးပါးထဲမှ တစ်ခုသို့မဟုတ်နှစ်ခုနှင့်ကိုက်ညီနိုင်သည်။
မိမိတို့နှင့်ကိုက်ညီသောဒြပ်စင်များကိုလေ့ကျင့်ပါက ကျင့်ကြံမှုကိုပို၍မြန်ဆန်စေသည်။
သို့သော် လောဘတကြီးဖြင့် ဒြပ်စင်ငါးပါးလုံးကို ကျင့်ကြံမည်ဆိုလျှင်တော့ တိုးတက်မှုက အလွန်နှေးကွေးသွားမည်ဖြစ်၏။
ထို့ကြောင့် နတ်ဘုံအဆင့် အများစုသည် ဒြပ်စင်တစ်မျိုးတည်းကိုသာ လေ့ကျင့်ကြပြီး ခြွင်းချက်အနေဖြင့် တစ်ခုထက်ပို၍ကျင့်ကြံသူ အနည်းငယ်တော့ ရှိလေသည်။
ကောင်းကင်ဘုံနတ်မင်းကတော့ ရှားပါးသည့်ပါရမီရှင်တစ်ဦးဖြစ်ကာ အဓိကဒြပ်စင်တစ်ခုကျင့်ကြံသည့်အပြင် အခြားလေးမျိုးကိုလည်း အထောက်အကူအဖြစ်သုံးနိုင်သည်။
ကျင်းကျူ၏စကားများကိုနားထောက်ပြီးနောက် ကျိယွမ်ကအရေးကြီးဆုံးအချက် မပါသေးသည်ကို သတိထားမိလိုက်၏။
ဒြပ်စင်များကျင့်ကြံခြင်းနှင့် ကောင်းကင်ဘုံနတ်မင်း၏ ပါရမီထူးခြင်းမထူးခြင်းက သူ့အတွက်အရေးမကြီးပါ ။
သူသိလိုသည်ကို မေးလိုက်၏။
"ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ကျွန်တော်က ဘယ်အဆင့်ထိ တတ်မြောက်ဖို့ လိုအပ်လဲ"
"ဒြပ်စင်ငါးပါးတားမြစ်နယ်မြေမှာ ဘိုးဘေးငါးပါး ရှိတယ်။ မင်းက သတ္တုဓာတ်ကို ကျွမ်းကျင်ပိုင်နိုင်ရင် ငါ့ရဲ့အသိအမှတ်ပြုခြင်းကို ရလိမ့်မယ်"
"ရေဓာတ်ကို ကျွမ်းကျင်ပိုင်နိုင်ရင် ရှုကျူရဲ့ အသိအမှတ်ပြုခြင်းကို ရမယ်"
"ဓာတ်ငါးမျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်ရင်တော့ မင်းကတားမြစ်နယ်မြေရဲ့ သခင်ဖြစ်လာလိမ့်မယ်"
ကျင်းကျူက မဖြစ်နိုင်သောကိစ္စဖြစ်နေသော်လည်း ကျိယွမ်စိတ်ကျေနပ်စေရန် ရှင်းပြပေးလိုက်သည်။
သတ္တုဓာတ်တစ်ခုတည်းကို ကျွမ်းကျင်ပိုင်နိုင်ရန်အတွက် ပါရမီရှင်ကောင်းကင်ဘုံနတ်ဘုရားကိုယ်တိုင်ပင် ရာစုနှစ်ပေါင်းများစွာ ကြာခဲ့သည်။
ဓာတ်ငါးမျိုးလုံးကို ကျွမ်းကျင်ဖို့ဆိုလျှင်တော့......။
ထိုအချိန်ထိသာစောင့်နေလျှင် နတ်ဆိုးသတ်ပွဲအစည်းအဝေးပင်ရှိတော့မည်မဟုတ်ပါ။
ထို့အပြင် ကျင့်ကြံသူတိုင်းသည် အခြားသော ဓာတ်များနှင့် လိုက်လျောညီထွေဖြစ်အောင် မနေနိုင်ကြပေ။မဆိုင်သော အနှစ်သာရများကို သတ်ဖြတ်နိုင်လျှင်တောင် ဓာတ်ငါးပါး၏ စွမ်းအားကို ရရှိနိုင်မည် မဟုတ်ပေ။
"ကျွန်တော် နားလည်ပြီ"
ကျိယွမ် စိတ်လှုပ်ရှားစွာတွေးလိုက်သည်။
ဒါက ဂိမ်းတစ်ခုမှာ အိုင်တမ်တွေကို စုဆောင်းတာနဲ့အတူတူပဲကို၊ သူတို့ ဓာတ်ကြီးငါးပါးလို့ခေါ်တဲ့ အစိတ်အပိုင်းငါးခုလုံးကို စုဆောင်းပြီး လဲလှယ်လိုက်ရင် တားမြစ်နယ်မြေရဲ့ သခင်ဖြစ်လာပြီပေါ့။
သူကသတို့သမီးလေး၏ လက်ကို ကိုင်လိုက်ကာ ကျင့်ကျူကို ကြည့်လိုက်ပြီး "ကျွန်တော် သွားတော့မယ်" ဟုပြောကာ လေ့ကျင့်ရေးမြေထဲသို့ တတ်ကြွစွာပြေးဝင်သွားသည်။
ကျင်းကျူသည် ကျိယွမ်တက်ကြွစွာဝင်သွားသည်ကို ကြည့်ပြီး ရယ်မောလိုက်ကာ "ဓာတ်ကြီးငါးပါး လေ့ကျင့်ရေးမြေမှာ အခြား လူငယ်ပါရမီရှင်တွေလည်း ရှိတယ်။ သူတို့နဲ့ တွေ့ရင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြပါ" ဟု သတိပေးလိုက်သည်။
"ကောင်းပါပြီ"
ကျိယွမ်က ခြေလှမ်းများကို မရပ်ဘဲပြန်ဖြေလိုက်ပြီး သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ကျင်းကျူအနီး၌ ရေပုံရိပ်တစ်ခု ပေါ်လာပြီး အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
သူမသည် ရှုကျူ ဖြစ်လေသည်။
ကျင်းကျူက သူမကိုကြည့်ကာ ထင်မြင်ချက်ပေးလိုက်သည်။
"သူလုပ်နိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။
ဒီလိုဆိုရင် နတ်ဆိုးသတ်ပွဲအစည်းအဝေးမှာ ငါတို့အတွက် နတ်ဘုံအထွတ်အထိပ်နောက်တစ်ယောက် ရလာမယ်။ ငါတို့ရဲ့ အခွင့်အလမ်းတွေ ပိုကောင်းလာမှာပဲ"
ရှုကျူက သက်ပြင်းချကာပြောလိုက်သည်။
"ဒါဆိုရင်တောင် အခွင့်အလမ်း နည်းနည်းလေးပိုကောင်းလာရုံလောက်ပါပဲ"
"ဟွန့်၊ မင်းတို့အားလုံး သူကတားမြစ်နယ်မြေရဲ့ သခင်ဖြစ်လာမယ်လို့ မျှော်လင့်နေတာလား။ ကံကောင်းလို့ ဖြစ်လာခဲ့ရင်တောင် ပြင်ပနတ်ဆိုးတွေကို အနိုင်ရနိုင်မယ်မထင်ပါဘူး။ ငါတို့အားလုံးလည်း သေဆုံးသွားမှာပဲ"
မီးတောက်တစ်ခု ကောင်းကင်သို့ တက်သွားပြီး စိတ်ဆတ်သည့် ဟူကျူ ပေါ်လာသည်။
"ငါတို့တွေက သေပြီးသားတွေပဲလေ။အခုက ကျန်ရှိနေတဲ့ ဝိညာဉ်တွေပဲ။ ဘယ်လိုလုပ်ပြီး ထပ်သေနိုင်ဦးမှာလဲ"
မုကျူဆိုသော ဘိုးဘေးတစ်ဦးပေါ်လာကာ ပြောလိုက်ခြင်းဖြစ်သည်။
မုကျူသည် ခြေဗလာနှင့်ဖြစ်ကာ ငြိမ်းချမ်းပြီးစွမ်းအင်များကိုပြန်လည်ပြည့်ဖြိုးစေသောအော်ရာများကို ထုတ်နေသည်။
"တော်စမ်း ၊ မင်းတို့ သေပြီသားအဘိုးကြီးတွေ။ ငါသေပြီးပြီဆိုတာကို မင်းတို့က သတိပေးနေရတာလား။ ငါတောင်မှ မေ့နေပြီကို အခုမင်းတို့ပြောလို့ ပြန်သတိရသွားပြီ"
ဟူကျူက မကျေမနပ်ဖြစ်သွားပြီး မီးခိုးတန်းလေးတစ်ခုလို ပြေးထွက်သွားရင်မှ အော်ခဲ့လေသည်။
"မင်းတို့ကြောင့် ဒီညအိပ်လို့ရတော့မှာ မဟုတ်ဘူး၊အသုံးမကျတဲ့ အဘိုးကြီးတွေ"
ကျန်နေခဲ့သော ဘိုးဘေးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက်သူတို့အားလုံးက အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွားကာ လေ့ကျင့်ရေးမြေကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိကြသည်။
ထိုအချိန်တွင် ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးနယ်မြေတွင် ကျိယွမ်သည် သတို့သမီးလေး၏ လက်ကိုကိုင်ကာ အဝေးသို့ကြည့်နေသည်။
"ဒီက မကောင်းဆိုးရွားတွေက အဆင့်အရမ်းမမြင့်ဘူးပဲ။အဆင့်က လေးဆယ်ငါးဆယ်လောက်ပဲ ရှိတယ်။ ပိုပြီးတော့ အားကောင်းတဲ့သူတွေက ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိတယ်။ မဟုတ်ဘူး၊ တချို့ကောင်တွေကတော့ ကိုးဆယ်တော့ ရှိတယ်"
သူက ဒြပ်စင်ငါးပါးနယ်မြေမှ မကောင်းဆိုးရွားများကိုကြည့်ရင်း အတွေးနက်နေမိသည်။
"ငါ့ရဲ့ကျင့်ကြံမှုကို ကောင်းကင်ဘုံ တာအိုအပေါ်မှာပဲ အခြေတည်မယ်ဆိုရင် ငါ့ရဲ့အုတ်မြစ်က သိပ်မခိုင်ခံ့သလိုများဖြစ်နေမလား"
"ဒြပ်စင်ငါးပါးရဲ့စွမ်းအားကို ဓာတ်ကြီးငါးပါးစွမ်းအင်အဖြစ် ပြောင်းလဲလိုက်ရင် ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ပိုကောင်းအောင်တည်ဆောက်လို့ရမလားမသိဘူး"
"ငါသာ အောင်မြင်ခဲ့ရင် ငါ့ရဲ့အုတ်မြစ်က အဆင့်တူတွေထက် အများကြီး သာလွန်နေမှာပဲ၊ဟုတ်တယ် မှတ်လား "
ကျိယွမ်သည် သူ့၏ကောင်းကင်ဘုံတာအိုအုတ်မြစ်သည် မလုံလောက်သေးဟု စဉ်းစားမိခဲ့သည်။ သူကသာ ဓာတ်ကြီးငါးငါးစွမ်းအားဖြင့် အားဖြည့်လိုက်လျှင် ပိုကောင်းသွားမည် မဟုတ်ပါလား။
"ဒါဆိုငါက လူမနေတဲ့စွန့်ပစ်ဂြိုဟ်တစ်လုံးကိုတွေ့ရင် မြေ၊ရေ၊လေ၊မီးတွေကို ပြန်ပြီးဖန်တီးနိုင်မလား"
--------------------