← Chapters

ဓာတ်ကြီးငါးပါးလုံးကို ကျင့်ကြံမလို့တဲ့လား...မဖြစ်နိုင်တာ

Vol. 4 Ch. 57

ဓာတ်ကြီးငါးပါးလုံးကို ကျင့်ကြံမလို့တဲ့လား...မဖြစ်နိုင်တာ

Vol. 4 Ch. 57

ကျိယွမ်သည် သတို့သမီးလေး၏ လက်ကိုဆွဲပြီး လေ့ကျင့်ရေးကွင်းပြင်ကို ဖြတ်လျှောက်နေသည်။

သူ၏ မျက်လုံးများကလည်း ပတ်ဝန်းကျင်ကိုအလွတ်မပေးတမ်းစစ်ဆေးကာအချက်အလက်များကို ရယူနေ၏။

[ ရွှေဓာတ်ဝိညာည်၊ အဆင့် ၄၈၊ ရွှေဓာတ်ချီစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။ ]

အဝါရောင်တောက်ပနေသောမကောင်းဆိုးရွားသည် ကျိယွမ်ဆီသို့ လျှင်မြန်စွာ ပြေးလာနေသည်။ ၎င်း၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် ရွှေဝါရောင်နေပြီး၊ အရိုးများမှာ ရွှေစိုင်များဖြစ်နေသလို၊ သွေးများမှာလည်း ရွှေအရည်များ ဖြစ်နေပုံရသည်။

ယုတ်စွအဆုံး ထိုသတ္တဝါထုတ်လွှတ်သော လေများကပင် ရွှေဓာတ်ငွေ့များ ဖြစ်နေသည်။ သို့သော် ရွှေဓာတ်ဝိညာဥ်၏ ပုံသဏ္ဌာန်မှာ အနည်းငယ် ရွံစရာကောင်းသည်ဟု ကျိယွမ်တွေးမိသည်။

"အဆင့် ၇၀ လေးနဲ့ မင်းကဘာလာလုပ်တာလဲ"

ကျိယွမ်က ရွှေဓာတ်ဝိညာဥ်ကို သူ၏ဓားဖြင့် ပေါ့ပေါ့ပါးပါး ခုတ်ချလိုက်သည်။

ရွှေဓာတ်ဝိညာဥ်သည် တစ်ချက်တည်းဖြင့်လဲကျသွား၏။

အတွေ့အကြုံရမှတ် +၁၀၀။

ရွှေဓာတ်ချီ +၁ (မျှင်)။

"မဆိုးဘူးပဲ ၊ ဒါပေမဲ့ ရွှေဓာတ်ပြည့်စုံဖို့ဆိုရင်ရွှေဓာတ်ချီ ဘယ်လောက်လိုမှန်း မသိတာခက်တယ်"

ရွှေဓာတ်ဝိညာဥ်တစ်ကောင်သည် ကျိယွမ်အတွက် ရွှေဓာတ်ချီတစ်မျှင်ကို ပေးနိုင်သောကြောင့် အဆင်ပြေလှသည်။

ရွှေဓာတ်ချီကို ရရှိပြီးနောက် သူ၏ တိုက်ခိုက်မှုစွမ်းအားသည် အနည်းငယ်ပိုမိုပြတ်သားလာသည်ဟု ခံစားရပြီး ထိုအရာမှာသေးငယ်သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုပင်။

ကျိယွမ် ပို၍ပင်တက်ကြွသွားသည်။ သူကဓားကို ကိုင်လျှက်သတို့သမီးလေး၏ လက်ကိုဆွဲကာ လေ့ကျင့်ရေးကွင်း၏ ပို၍နက်ရှိုင်းသော နေရာသိူ့ဦးတည်လိုက်သည်။ထိုနေရာမျိုးတွင် များပြားသောဓာတ်

ဝိညာဥ်များရှိနေမှာ သေချာ၏။

ဓာတ်ကြီးငါးပါးကို လုံးဝကျွမ်းကျင်နိုင်ရန်ဆိုလျှင် ဓာတ်ကြီးငါးပါးချီများကို ပိုမိုစုဆောင်းရန် လိုအပ်သည်။ထိုသို့ပြုလုပ်နိုင်ခဲ့လျှင် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတစ်ခုလုံးကသူ၏ထိန်းချုပ်မှုအောက်တွင် ရှိလာမည်ဖြစ်သည်။ထိုအခါ ကောင်းကင်ဘုံတာအို အစိတ်အပိုင်းများကိုလည်း ရရှိနိုင်လိမ့်မည်။

"သတ်"

ကျိယွမ်သည် သတို့သမီးလေးနှင့်အတူ ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးကွင်းတွင် သုံးနာရီကြာ တိုက်ခိုက်နေခဲ့သည်။ အစပိုင်းတွင် သူသည် သတို့သမီးလေးနှင့်ပေါင်းစည်းခြင်း မရှိဘဲ အလွတ်တိုက်နေခဲ့သည်။

သတို့သမီးလေးသည် ကောင်းစွာ အနားမယူရသေး၍ ပေါင်းစည်းခြင်းက သူမ၏ စွမ်းအင်ကိုပိုကုန်ခမ်းစေမည်ကို စိုးရိမ်သောကြောင့်ပင်။

သို့သော် နောက်ပိုင်းတွင် ကျိယွမ်က သတို့သမီးလေးနှင့် ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့သည်။

သူမကို အချိန်ပြည့်ဆွဲထားရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။သို့သော် တိုက်ပွဲလွတ်ရာတွင် တစ်ယောက်တည်း ထားခဲ့လျှင်လည်း အန္တရာယ်ကရှိပြန်သည်။ကလေးတစ်ယောက်လို သွားလေရာမှာ အရာရာနှင့်အကြောင်းကြောင်းဖြစ်နေသော သူမသည် ရေထဲသို့ ပြုတ်ကျသွားနိုင်၏။ဒြင်စင်တစ်မျိုးမျိုးဆီ တိုးဝင်သွားမိလျှင် ပျက်စီသွားနိင်၏။

"ရန်သူတွေက အဆင့်နိမ့်လေးတွေဆိုတော့ ပေါင်းစည်းလိူက်ရင်တောင် စွမ်းအားနည်းနည်းလောက်ပဲကုန်မှာ၊အဲဒီတော့ ပေါင်းစည်းလိုက်မယ်"

သတို့သမီးလေးနှင့်ပေါင်းစည်းပြီးနောက် ကျိယွမ်သည် သက်ပြင်းချမိသည်။ "

"ငါတို့ လက်ထပ်ပြီးတာ ကြာလာလို့လားမသိဘူး ၊ ငါက သူ့ကိုနည်းနည်းချင်းပိုသဘောကျမိလာသလိုပဲ"

ရိကွမ်းနယ်​မြေကို ကျိယွမ်အနိူင်ယူရာတွင် သတို့သမီးလေးသည် အဓိကနေရာမှာ ရှိခဲ့သည်။သူမကြောင့် ရိကွမ်းတားမြစ်နယ်မြေကို အနိူင်ယူနိုင်ခဲ့သည်ဟုပင် ပြောနိုင်၏။

ထိုသို့သော လက်တွဲဖော်တစ်ယောက်ကို မည်သူက သဘောမကျနိုင်ဘဲရှိမည်နည်း။

ဆယ်မီတာအထိကြီးမားနေသောကျိယွမ်သည် ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးကွင်းတွင် မည်သူမှ မယှဥ်နိုင်အောင် စွမ်းအားကြီးနေသည်။

အူကြောင်ကြောင်ပြေးလာသော မြေဓာတ်ဝိညာဥ်နှစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်ပေးလိုက်သည်။

"ကံမကောင်းတာက ဒီမှာက ဓာတ်စင်ဝိညာဥ်တွေက အရမ်းနည်းတာပဲ၊တစ်ကောင်သတ်ရဖို့ကို အကြာကြီးလိုက်ရှာနေရတာ အဆင်မပြေဘူး"

ကျိယွမ်ပေးရသောအချိန်နှင့် သတ်ရသောအကောင်က မမျှသလိုဖြစ်နေ၏။သူက ဓာတ်စင်ဝိညာဥ်များရှာခြင်းဖြင့် ဂိမ်း၏အချိန်များစွာကို ဖြုန်းတီးနေရသည်။

"ရှာနေရတာနဲ့ပဲ ဂိမ်းကနေ ထွက်ရတော့မယ်"

ယနေ့ ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးကွင်းတွင် ကျိယွမ်သည်အကျိုးအမြတ်များစွာ ရရှိခဲ့သည်၏။ နောက်ဆုံးအကြိမ် အကျည်းတန်ဝတ်စုံဘုရင်ကို အနိုင်ခဲ့စဥ်က သူသည် အဆင့် ၉၂ ကို ရောက်လုနီးနီး ဖြစ်သည်။ ယနေ့လေ့ကျင့်လိုက်သောအခါ သူက အဆင့် ၉၂ ကို ရောက်သွားလေပြီ။

သတို့သမီးလေးနှင့်ပေါင်းစည်းလိုက်လျင်အဆင့် ၉၇ သို့ရောက်ရှိသွားမည်ဖြစ်သည်။

အပိုဆုအနေဖြင့် ဓာတ်ကြီးငါးပါးချီစွမ်းအင်များကိုလည်း ရရှိခဲ့သည်။

ရွှေဓာတ်ချီစွမ်းအင် ၂၀ မျှင်နှင့် သစ်သားဓာတ်ချီစွမ်းအင် ၁၁ မျှင်ကို ရရှိခဲ့သည်။ ကျန်သုံးမျိုးမှာလည်း အခြေအနေမဆိုးဟုပြောနိုင်သည်။

ရွှေဓာတ်ကိုပြည့်စုံစွာကျွမ်းကျင်ရန်ဆိုလျှင် သူလက်ရှိပိုင်ဆိုင်ထားသည်ထက် အဆ ၅၀ လောက်ပိုလိုအပ်မည်ဟု ကျိယွမ်ယူဆမိသည်။

ဓာတ်စင်တစ်ခုကိုကျွမ်းကျင်ရန်ဆိုလျှင် သူကအနည်းဆုံးဓာတ်စင်ဝိညာဥ် တစ်ထောင်ခန့်ကို သတ်ရမည်ဟုဆိုလိုသည်မဟုတ်ပါလား။

"ဓာတ်ကြီးငါးပါးကိုကျွမ်းကျင်ဖို့ အနည်းဆုံး ရက်ပေါင်း ငါးဆယ်လောက် ကြာလိမ့်မယ်။ ဒါက အရမ်း နှေးလွန်းတယ်"

"ဒီဂိမ်းကို Netease ကများ ဒီဇိုင်းထုတ်တာလား။ လူတွေကို နေ့တိုင်း အပိုင်းအစတွေ စုခိုင်းတယ်။ ပိုက်ဆံသုံးရင်တောင် ပိုကြမ်းမလာဘူး "

"ငါရဲ့အရှိန်ကို မြှင့်မှရမယ်"

"အကြီးမားဆုံး ပြဿနာက လေ့ကျင့်ရေးကွင်းမှာ ဓာတ်စင်ဝိညာဥ်တွေ သိပ်မရှိတာပဲ။ သူတို့ အများဆုံးရှိတဲ့နေရာက ဘယ်မှာလဲ မသိဘူး။ အများကြီးသာရှိရင် လေးငါးဆယ်ရက်လောက် ကြိုးစားလိုက်ရင် ဓာတ်စင်ငါးပါးကိုအပြည့်အဝ ကျွမ်းကျင်ပြီး တားမြစ်နယ်မြေကို ထိန်းချုပ်နိုင်လိမ့်မယ်"

"ငါ မှတ်မိသလောက်ဆိုရင် ဒီလေ့ကျင့်ရေးကွင်းမှာ တခြားပါရမီရှင်တွေလည်း ရှိသေးတယ်။ သူတို့ဒီမှာ ကြာနေပြီဆိုတော့ ဒီနေရာကို အကျွမ်းဆုံး ဖြစ်လိမ့်မယ်။ မနက်ဖြန် သူတို့ကိုရှာပြီး ဓာတ်ကြီးငါးပါးဝိညာဥ်တွေ အများဆုံးရှိတဲ့နေရာကို မေးရမယ်"

ကျိယွမ်သည် ထုံးစံအတိုင်းတွင်းတစ်တွင်းတူးပြီး သတို့သမီးလေးကို ပွေ့ကာ တွင်းထဲတွင် နေရာယူလိုက်၏။

ထို့နောက်​ဂိမ်း၏စကားပြောစာမျက်နှာကိုဖွင့်ကာ ကျင်းလီနှင့်စကားပြောလိုက်သည်။

"ငါ ဒီအခန်းကို မကြာခင်ပြီးတော့မယ်လို့ ခံစားရတယ်"

"ရိကွမ်းတားနယ်မြေက စစ်သည်တွေ နင့်ဆီ ရောက်ပြီလား"

"သူတို့က ခွန်အားတော်တော်ကောင်းတယ်။ နင့်ဘက်မှာ အခြေအနေတွေ ငြိမ်သွားရင်ငါတို့ တွေ့ကြတာပေါ့"

ဂိမ်းထဲထွက်လိုက်သောအခါ အပြင်ဘက်တွင် နေရောင်ခြည် ရှိနေဆဲဖြစ်သည်ကိုတွေ့ရသည်။ ရိကွမ်းတားမြစ်နယ်မြေတုန်းကလို

ညဘက်မှ တိုက်ခိုက်ရန်မလိုအပ်သဖြင့် ဂိမ်းကိုအချိန်မရွေးကစားနိုင်သည်။

ကျိယွမ်က ကျိစယ်တောင်ထွတ်ကို လှမ်းကြည့်လိုက်မိသည်။တောင်ထွတ်ဖျားဆီမှနန်းတော်သည် နတ်သမီးနန်းတော်တစ်ခုအလား ခမ်နားလှပနေသည်။မမှောင်သေး​သော်လည်း လပြည့်ဝန်းကို ချိတ်ဆွဲထားသကဲ့သို့ပင် ထင်မှတ်ရ၏။

"ဆရာ့ဘေးနားမှာဆို လတောင် ထူးထူးခြားခြား တောက်ပနေတာပဲ"

ကျိယွမ်သည် နားမလည်နိုင်သလို ရေရွတ်လိုက်သည်။

မည်သို့ဖြစ်သည်ကို မသိရသော်လည်း ဂိမ်းထဲမှ ထွက်ပြီးနောက် သူ၏ရင်ထဲ၌ အနည်းငယ် လစ်ဟာနေသည်ဟု ခံစားရသည်၏။

ထိုစဥ်သူက ထူးဆန်းသောခံစားချက်တစ်မျိုးကို ရလိုက်၏။

"ဟင်... ဓာတ်ကြီးငါးပါးချီစွမ်းအင်တွေက လက်တွေ့ဘဝထဲအထိများ ပါလာတာလား"

ထိုသို့စဥ်းစားမိသောအခါ ကျိယွမ်သည် သူ၏လက်ရှိအခြေအနေအကြောင်းကို စဥ်းစားမိသွားသည်။

သူလေ့ကျင့်ခဲ့သော နည်းစနစ်အများစုသည်မီးဓာတ်နှင့်သက်ဆိုင်နေကြသည်။ ထို့ကြောင့် သူအသုံးပြုနိုင်သည့် စွမ်းရည်များကလည်း မီးနှင့်ဆက်စပ်နေ၏။ ယခုအခါတွင် သူသည် ရေဓာတ်နှင့်သစ်သားဓာတ်ကိုပါ ထိန်းချုပ်နိုင်သည်ဟု ခံစားနေရသည်။

"ရေဓာတ်နဲ့ သစ်သားဓာတ်တွေ ရှိလာပြီဆိုတော့ ငါဆေးဆရာများဖြစ်နေပြီလား"

"အရင်ကဆိုရင် ငါကလက်နက်တွေရဲ့စိတ်ဝိညာဥ်ပျိုးထောင်သူတစ်ယောက်နဲ့ လျှို့ဝှက်ဓားကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ခဲ့တာ။ ဒါကတင် နှစ်မျိုးပေါင်းစပ်ကျင့်ကြံသူလို့ ပြောလို့ရတယ်"

"အခုတော့ ဆေးဆရာကိုပါ ထပ်ပေါင်းလိုက်တော့ သုံးမျိုး..."

ကျိယွမ်သည် ကျင့်ကြံခြင်းလောကတွင် "အထိန်းချုပ်ရခက်ဆုံး" ကျင့်ကြံမှုသုံးမျိုးကို စုစည်းရန်နီးစပ်လာသည်ဟုပင် ခံစားရသည်။

ဤသို့ဖြင့် သုံးရက်ဆက်တိုက် ကျိယွမ်၏နေ့စဥ်ဘဝသည် ရိုးရှင်းစွာ ပုံမှန်လည်ပတ်နေခဲ့သည်။

နေ့ခင်းဘက်တွင် သူက ဂိမ်းကစား၏။ ဂိမ်းမှ ထွက်ပြီးလျှင် သူသည်မဟူရာတောင်တန်းဂိုဏ်းမှယူလာသော စာအုပ်များကို ဖတ်ရှုသည်။

နေ့ရက်များက မသိမသာသွာဖြင့် ဖြည်းဖြည်းချင်းကုန်ဆုံးသွားသည်။

ကျိယွမ်အတွက် စိတ်ညစ်စရာတစ်ခုမှာ ယခုအချိန်ထိ ဓာတ်ကြီးငါးပါးလေ့ကျင့်ရေး​ကွင်းတွင် အခြားပါရမီရှင်တစ်ယောက်နှင့်မှ မဆုံရသေးခြင်းပင်ဖြစ်သည်။သူက ဓာတ်စင်ဝိညာဥ်များကို ခက်ခက်ခဲခဲရှာဖွေနေရသဖြင့် သူ၏တိုးတက်မှုနှုန်းက အလွန်နှေးကွေးနေ၏။

အများဆုံးစုဆောင်းထားနိုင်သောရွှေဓာတ်စင်ချီကပင် ၇ ရာခိုင်နှုန်းသာရှိသေးသည်။

"ဒီနှုန်းနဲ့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး"

...................

ဓာတ်ကြီးငါးပါး လေ့ကျင့်ရေးကွင်းတွင် နှင်းခဲများကြား၌ လူသုံးယောက် ရပ်နေသည်။

အဖြူရောင်ဝတ်စုံနှင့် ရုပ်ရည်ပြေပြစ်သော အမျိုးသားတစ်ဦးသည် ရေဓာတ်ဝိညာဥ်တစ်ကောင်နှင့် တိုက်ခိုက်နေသည်။

ကျန်သောသူနှစ်ဦးက ဘေးမှ စောင့်ကြည့်ပေးနေပြီး အခြား ရေဓာတ်ဝိညာဥ်များ ဝင်ရောက်နှောင့်ယှက်ခြင်းမှ ကာကွယ်ပေးထားကြသည်။

အမှန်တွင် အဖြူရောင်ဝတ်စုံနှင့်အမျိုးသား၏အစွမ်းသည် ဧကရာဇ်အဆင့်ရေ​ဓာတ်ဝိညာဥ်ကို အလွယ်တကူ အနိုင်ယူနိုင်၏။

သူက တမင်အချိန်ဆွဲ၍ ဖြည်းဖြည်းချင်း တိုက်ခိုက်နေရသည့်အကြောင်းရင်းမှာ တိုက်ခိုက်နေစဉ်အတွင်း ရေဓာတ်စင်ချီကို နားလည်သဘောပေါက်ရန်အတွက်ဖြစ်သည်။ရေဓာတ်စင်အပေါ်နားလည်သဘောပေါက်မှသာ ရေဓာတ်စင်ချီကိုရပြီး သူ၏ခွန်အားကို မြှင့်တင်နိုင်မည်ဖြစ်သည်။

နာမလည်ဘဲ သတ်လိုက်လျှင် ဘာမှရမည်မဟုတ်ပေ။

အချိန်များစွာတိုက်ခိုက်ပြီးနောက် အဖြူရောင်အမျိုးသား၏ မျက်လုံးများတွင်အပြာရောင်အလင်းတန်း လင်းလက်သွားသည်။ သူသည် အင်အားထုတ်လျှက် ရေဓာတ်ဝိညာဥ်ကို လက်ဝါးဖြင့် ရိုက်လိုက်ရာ ရေဓာတ်စင်ချီတစ်မျှင်ကို ရရှိသွားလေ၏။

သူက ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး အားပါးတရ အော်ဟစ်လိုက်သည်။

ဘေးတွင်ရပ်နေသူနှစ်ဦးသည် ထိုအမျိုးသားကို မနာလိုသလိုပင် ခံစားမိကြသည်။

အနီရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက မနေနိုင်စွာပြောလိုက်သည်။

"ညီလေး တန် ။ သခင်မယုက မင်းကို ပါရမီရှင်လို့ ချီးကျူးနေတာ အံ့သြစရာမဟုတ်ဘူး။ မင်းရဲ့အရည်အချင်းက သူ့နောက်မှာဒုတိယပဲ။ တစ်နှစ်အတွင်းမှာ ရေဓာတ်ချီတစ်မျှင်ကို ရအောင်စုဆောင်းနိုင်ခဲ့တယ်။ နတ်ဆိုးသတ်ပွဲကြီးမစခင် မင်းက ပိုမြင့်တဲ့အဆင့်ကိုရောက်ပြီး နတ်မင်းကြီးတစ်ပါးတောင် ဖြစ်လာနိုင်တယ်"

ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးကွင်းတွင် ဓာတ်စင်ဝိညာဥ်ငါးမျိုးရှိသည်။ သို့သော် ထိုဝိညာဥ်များထံမှ ဓာတ်စင်ချီကို ထုတ်ယူရန် မှာ အလွန်ခက်ခဲလှသည်။

ပထမအချက်အနေဖြင့် ဓာတ်စင်ဝိညာဥ်များနှင့် တိုက်ခိုက်နေစဉ်အတွင်းမှာပင် ဓာတ်စင်ချီအပေါ်နားလည်သဘောပေါက်ရန် ကြိုးစားရမည်ဖြစ်သည်။ထို့ကြောင့် တိုက်ခိုက်နေစဥ်အနှောင့်အယှက်မရှိရန်အလွန်အရေးကြီး၏။

ဒုတိယအချက်မှာ အသတ်ခံရသော ဓာတ်စင်ဝိညာဥ်တိုင်းကလည်း ဓာတ်စင်ချီမျှင်မထုတ်ပေးနိုင်သဖြင့် ရရှိနိုင်သည့် အခွင့်အရေးမှာ အလွန်နည်းပါးလေသည်။

ထို့ကြောင့် သူတို့သည်အနှောက်အယှက်နည်းနိုင်သမျှနည်းစေရန် ဓာတ်စင်ဝိညာဥ်များ စုဝေးနေတတ်သောနေရာမျိုးကိုရှောင်ရှားပြီး ဝိညာဥ်များအလွန်နည်းသောနေရာများကိုရှာကာ လေ့ကျင့်ကြသည်။

ထိုသို့ဂရုစိုက်သည့်တိုင်အောင် လိုအပ်သော ဓာတ်စင်ချီမျှင်ကိုရရှိရန် အလွန်ခက်ခဲနေဆဲ ဖြစ်သည်၏။

ထို့အပြင် ထိုအရာက အရည်အချင်းနှင့်လည်း သက်ဆိုင်နေသည်ဟု ဆိုနိုင်သည်။

အနီရောင်ဝတ်စုံနှင့် အမျိုးသား၏ အရည်အချင်းသည် အပြင်ဘက်တွင် ထူးချွန်သည်ဟု ယူဆနိုင်သော်လည်း တန်ယန်နှင့် နှိုင်းယှဉ်ပါက အရာရာအောက်ကျသည်။

သူသည် ဓာတ်စင်ချီမျှင်တစ်ခုကို စုဆောင်းရန် သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်အောင် ကြိုးစားရသည်။

တန်ယန်ကမူ တစ်နှစ်သာ လိုအပ်ပြီး တစ်ခါတစ်ရံ တစ်နှစ်ထက်ပင် လျော့နည်းသည်။

အရည်အချင်းကြောင့် သူတို့နှစ်ဦးကြား ကွာဟချက်က ကြီးမားနေခြင်း ဖြစ်သည်။

ဆံပင်များကိုသေသပ်စွာထုံးထားသော အမျိုးသမီးကလည်း တန်ယန်ကို မနာလိုသလို ကြည့်မိသည်။

"လေ့ကျင့်ရေးကွင်းမှာရှိတဲ့ ထူးချွန်သူတွေထဲမှာ မောင်လေးတန်ရဲ့ အရည်အချင်းက တော့ အမြင့်ဆုံးပါပဲ"

ထိုအခိုက် အနီရောင်ဝတ်စုံနှင့်အမျိုးသားသည် တစ်စုံတစ်ခုကို သတိရသွားပြီး "ငါ ရှောင်လူဆီကနေကြားလာတာတစ်ခုရှိတယ်၊ လေ့ကျင့်ရေးကွင်းထဲကို နောက်ထပ်အသစ်တစ်ယောက် ရောက်လာတယ်တဲ့။ သူ့ကို အဝတ်အထည်ဌာနသခင်လို့ ခေါ်တယ်ဆိုလားပဲ" ဟု ပြောလိုက်သည်။

တန်ယန်က အံ့သြသွားကာ မျက်ခုံးကျုံ့သွား၏။

"အဝတ်အထည်ဌာန သခင်တဲ့လား၊ ဒါဆို သတို့သမီးမင်းသမီးရဲ့ ခင်ပွန်းပေါ့၊သူ့နာမည်က ဘယ်သူတဲ့လဲ၊ ငါတို့ထဲမှာ နောက်ထပ် ပါရမီရှင်တစ်ဦး ရှိလာပြီ ထင်တယ်"

တန်ယန်သည် အံ့သြသွားသော်လည်း မနာလိုမဖြစ်သလို စိတ်အနှောက်အယှက်ဖြစ်သွားပုံလည်း မရှိပေ။ထိုအစား ဝမ်းသာပီတိဖြစ်နေဟန်ပင်ရှိသည်။

အရည်အချင်းကောင်းသော ပါရမီရှင်များ ပိုမိုများပြားလာခြင်းသည် ပြင်ပနတ်ဆိုးများကို အနိုင်ယူရန် အခွင့်အလမ်း ပိုမိုကောင်းမွန်သည်ဟု သူကခံယူထားသည်။

"သူက ငါတို့ရဲ့တားမြစ်နယ်မြေတွေက မဟုတ်ဘူးလို့ ထင်ရတယ်။ အပြင်လူတစ်ယောက်က ရိကွမ်းတားမြစ်နယ်မြေထဲကို အမှတ်မထင်ရောက်သွားပြီးတော့ အဝတ်အထည်ဌာနရဲ့အမွေအနှစ်ကို ရရှိခဲ့တာ"

အနီရောင်ဝတ်စုံနှင့် အမျိုးသားက အနည်းငယ် ခါးသီးသော လေသံဖြင့်ရှင်းပြလိုက်သည်။

"ဒီလူက... ငါတို့နဲ့ မတူဘူး။ သူက အရည်အချင်းရှိပေမဲ့ တကယ့် ဆုံးရှုံးမှုတွေနဲ့ ကြုံဖူးပုံမရဘူး။ ဒါကြောင့် သူက မာနကြီးနေတယ်။ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ရောက်တဲ့ ပထမဆုံးနေ့မှာပဲ သူက ဒီနယ်မြေကို ထိန်းချုပ်ပြီး အားလုံးရဲ့ခေါင်းဆောင် ဖြစ်လာရမယ်လို့ ကြွေးကြော်ခဲ့တယ်တဲ့"

တန်ယန်မှာ မယုံနိုင်သလို ဆွံ့အသွားသည်။

"ဒါကရယ်စရာအဖြစ်ပြောတာ မှတ်လား၊ တကယ်မဟုတ်လောက်ပါဘူး"

ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ထိန်းချုပ်ရန်ဆိုလျှင် ဓာတ်ကြီးငါးပါးလုံးကို ပြီးပြည့်စုံစွာ ကျွမ်းကျင်အောင် လုပ်ရမည်ဖြစ်သည်။ ထောင်စုနှစ်တစ်ခုအတွင်းမှာ တစ်ကြိမ်သာတွေ့နိုင်သော ပါရမီရှင်တစ်ယောက်ဟုသတ်မှတ်ခံထားရသော ရေဓာတ်ပါရမီရှင် တန်ယန် ကိုယ်တိုင်ပင် ရေဓာတ်စင်ချီတစ်မျှင်ကို စုဆောင်းဖို့ တစ်နှစ်လောက် အချိန်ယူရသည်။ သူကများများစုဆောင်းလေလေ ပိုမိုခက်ခဲလေလေ ဖြစ်၏။

ထို့ကြောင့် ရေဓာတ်ကိုပြည့်စုံရန်အတွက်ပင်အနည်းဆုံး နှစ်ပေါင်း သုံးထောင်ခန့်ကြာနိုင်သည်။ ကျန်သော ဓာတ်စင်လေးမျိုးကိုပါ ကျင့်ကြံမည်ဆိုလျှင်တော့ ပြောစရာပင် မရှိတော့ပါ။

အဝတ်အထည်ဌာနသခင်သည် ဓာတ်စင်ငါးမျိုးလုံး၌ တန်ယန်၏အရည်အချင်းနှင့် နှိုင်းယှဉ်နိုင်သော ပါရမီရှိနေလျှင်ပင် ငါးမျိုးလုံးကို ပြည့်စုံအောင်လုပ်ရန် နှစ်ပေါင်းတစ်သောင်းကျော်အချိန်ယူရမည်။

မည်သို့မှ ဖြစ်မလာနိုင်သော အရာပင်ဖြစ်လေသည်။

"ဒါကြောင့် ငါကအဝတ်အထည်ဌာနသခင်ဟာ အတွေ့အကြုံ မရှိသေးဘူးလို့ ပြောတာပေါ့။ တကယ့်ပါရမီရှင်တွေနဲ့ ဘယ်တုန်းကမှ မကြုံဖူးလို့ သူက အခုလို မာနကြီးနေတာပဲ"

အနီရောင်ဝတ်စုံနှင့်အမျိုးသား၏ စကားအဆုံးတွင် ဆံထုံးနှင့်အမျိုးသမီးက ရယ်မောလိုက်ပြီး "ဒီလိုမျိုး စကားတွေကို ငါတို့ကြားထဲမှာပဲ ပြောလို့ရတယ်။ အဝတ်ဌာန သခင်ရှေ့မှာတော့ မပြောနဲ့ပေါ့" ဟုသတိပေးလိုက်သည်။

အနီရောင်ဝတ်စုံအမျိုးသားက ရယ်မောလိုက်ပြီး "ဟုတ်တာပေါ့။ ငါက အဲ့လောက်လည်း မအပါဘူး။ ငါတို့ အားလုံး နတ်ဆိုးသတ်ပွဲအတွက် ဒီမှာစုနေကြတာပဲ။ သူနဲ့မျက်နှာချင်းဆိုင်မိရင်တော့ ငါ ချီးမွမ်းပေးမှာပါ ။ နောက်ကွယ်မှာတော့ ပြောချင်ပြောမှာပေါ့ " ဟုပြောလိုက်သည်။

တန်ယန်နှင့် ဆံထုံးထုံးထားသောအမျိုးသမီးတို့က ဘာမှမတတ်နိုင်သလို လက်လျှော့လိုက်ကြသည်။အနီရောင်ဝတ်စုံနှင့်အမျိုးသား၏ ပါးစပ်အကြောင်းကို သူတို့က သိပြီးသားပင်။

ထိုအချိန်တွင် ပျင်းသွဲ့သွဲ့ရှိသော အသံတစ်သံက သူတို့နောက်မှထွက်ပေါ်လာသည်။

"မင်းရဲ့အမေက နောက်ကွယ်မှာ သူများမကောင်းကြောင်းမပြောရဘူးလို့ မသင်ပေးထားခဲ့ဘူးလား"

သူတို့သုံးဦးလုံး အံ့သြသွားကြပြီး အနီရောင်ဝတ်စုံအမျိုးသား၏ အသံထွက်ပေါ်လာသောနေရာကို လျင်မြန်စွာ ကြည့်လိုက်သည်။

ထိုအခိုက် မြေကြီးထဲမှ လက်တစ်ဖက်ထွက်လာပြီး အနီရောင်ဝတ်စုံအမျိုးသား၏ ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။

သူတို့အားလုံး ထူးဆန်းသွားသော်လည်း ဆိုးဆိုးဝါးဝါးကြီးတော့ ကြောက်လန့်မသွားကြပါ။

မြေကြီးကလှုပ်ရှားသွားပြီး သတို့သမီးဝတ်စုံတစ်ထည်ကိုကိုင်ထားသည့် ချောမောသော အမျိုးသားတစ်ဦးက မြေကြီးထဲမှ ထွက်ပေါ်လာ၏။

"အဝတ်အထည်ဌာန သခင်"

တန်ယန်သည် ကျိယွမ်၏ထူးခြားသော ပုံစံကြောင့် မည်သူဖြစ်နိုင်သည်ကို ချက်ချင်းမှတ်မိသွားသည်။ သူက သတို့သမီးလေးကိုခေတ္တကြည့်လိုက်ပြီးနောက် ကျိယွမ်ကို အကဲခတ်လိုက်သည်။

အနီရောင်ဝတ်စုံအမျိုးသားကလည်း ကျိယွမ်မှန်းသိလိုက်သောအခါ ရှက်ရွံ့သွားလေသည် ။ တစ်စုံတစ်ယောက်ကို မကောင်းပြောပြီးမှ သူနှင့်မျက်နှာချင်းဆိုင် ရင်ဆိုင်ရခြင်းမှာ အလွန်အနေရခက်လှသည်မဟုတ်ပါလား။

သူကအပြုံးတစ်ခုကို အတင်းအကျပ်ပြုံးလိုက်ပြီး "အဟမ်း၊ တောင်းပန်ပါတယ်၊ ကျွန်တော်မှားသွားတာပါ" ဟုတောင်းပန်လိုက်၏။

သို့သော် သူကကျိယွမ်ကို နားမလည်သလိုကြည့်နေ၏။

အဝတ်အထည်ဌာနသခင်က ဓာတ်စင်တွေကိုမစုဆောင်းဘဲ မြေကြီးထဲမှာ ဘာဝင်လုပ်နေတာလဲ။

ဆံထုံးနှင့်အမျိုးသမီးက သိချင်စိတ်ကို ထိန်းမထားနိုင်သောကြောင့် ထုတ်မေးမိလေ၏။

"အဝတ်အထည်ဌာနသခင်၊ရှင်ဘာလို့ ရှင့်ကိုယ်ရှင် မြေကြီးထဲမှာမြှုပ်ထားရတာလဲ"

"သြော်... အိပ်နေတာပါ"

ကျိယွမ်သည်သူ၏ရှေ့မှ NPCs များကို သူ၏လျှို့ဝှက်ချက်များကို ထုတ်​မပြောရန် ဆုံးဖြတ်လိုက်သည်၏။

NPCs များ နိုးထလာလျှင် ဘာဖြစ်တတ်သနည်း။

ဂိမ်း NPC တစ်ဦး နိုးထလာပြီး လူသားအမျိုးသမီးပလေယာတစ်ဦးကို ချစ်မိသွားသည့် နာမည်ကြီးရုပ်ရှင်ကို သူကြည့်ဖူးပါသည်။ ထို့ကြောင့် NPCsများကိုလည်း စိတ်ချထား၍ မရချေ။

"အိပ်နေတာလား"

အနီရောင်ဝတ်စုံနှင့် အမျိုးသား၏မျက်လုံးများ ပြူးသွားသည်။

"ဘုံအဆင့်ကျင့်ကြံသူတွေက အိပ်ဖို့မလိုတော့ဘူးမဟုတ်လား"

ကောင်းကင်ဘုံအဆင့်ကို ရောက်ရှိသောအခါ အိပ်စက်ရန် မလိုအပ်တော့ပေ။ အိပ်စက်ခြင်းဖြင့်အနားယူခြင်းသည် အကျိုးမရှိသော နည်းလမ်းဖြစ်၏။

"ငါက နည်းနည်းဆက်အိပ်ဦးမလို့ပဲ။ ဒါပေမဲ့ မင်းတို့အသံက အရမ်းဆူညံပြီး ငါ့အိပ်မက်ကို နှောင့်ယှက်လိုက်တော့ လန့်နိုးသွားလို့ တက်လာခဲ့ရတာ။ငါအိပ်နေတာကို နှောင့်ယှက်တဲ့အတွက် မင်းတို့က ငါ့ကိုမေးခွန်းတစ်ခု ဖြေပေးရမယ်"

ကျိယွမ်က အလျော်အစားဆန်ဆန်ပြောလိုက်ပြီးနောက် သူ့ကိုယ်သူ ပိုမိုပါးနပ်လာသည်ဟုပင် ဂုဏ်ယူစွာ ခံစားမိသည်။

"ငါက ဘယ်လိုဖြစ်ပြီး ဒီလောက်တော်နေရတာလဲ"

-----------

All Chapters